[Zawgyi]
တရားအားကုိးပါ
အတ္တာဟိ အတ္တနော နာထော ..
သူတစ်ပါးအား မကိုးစား၊
အမြဲတမ်းဉာဏ်ရှိရမယ်..။
အေးချမ်းနေတယ်..။ ချမ်းသာနေတယ်..။
Credit - မူရင်း
[Unicode]
တရားအားကိုးပါ
တရားသဘော ကတော့ ဘယ်သူ့ ဘယ်သူမှ အားကိုးလို့မရဘူး။
အတ္တာဟိ အတ္တနော နာထော ..
သူတစ်ပါးအား မကိုးစား၊
ကိုယ့်အားကိုယ် ကိုးပါ။….တဲ့
မိမိဆိုတာ တစ်ခြားမဟုတ်ဘူး၊ ဓမ္မ ပရမတ်ပဲ။
ဓမ္မ တရားသာ လျင် အားကိုးရာ အားထားရာအစစ်ပဲ..။
တရားမှတပါး မှီခိုကိုးစားရာ၊ အားထားရာ မရှာပါနဲ့..။
မြတ်စွာဘုရားက ဆုံးမထားတယ်..။
သူတစ်ပါးအားမကိုးစား၊ ကိုယ့်အားကိုယ် ကိုးပါ..။
အခြားတစ်ပါး မကိုးစား တရားအားကိုးပါ..။
တရားအားကိုး နေကြလို့ရှိရင် …ဒိဋ္ဌိ အနှောင် အဖွဲ့ က လွတ် သွားမယ်..။
နိဗ္ဗာန်တည်းဟူသော အေးငြိမ်းရာ ဘုံဌာန သန္တိသုခ သို့ ကျရောက် သွားမယ်..။
ဒီလို ကျရောက် သွားဘို့ရာ …ယောဂီများ အမြဲတမ်းသတိ သမ္ပဇဉ် မပျက်ရအောင်..
အမြဲတမ်းဉာဏ်ရှိရမယ်..။
အဲဒီလို..သမ္ပဇဉ် ဉာဏ် ယှဉ်တဲ့ ပုဂ္ဂိုလ် ဟာ အချိန်တိုင်း၊ အချိန်တိုင်း
သူ့မှာ အသိမှန် အမြင်မှန် ရနေတယ်..။
အသိမှန် အမြင်မှန် ရတဲ့ အချိန်တိုင်း စင် ကြယ်နေတယ်၊ လွတ်မြောက်နေတယ်..။
အေးချမ်းနေတယ်..။ ချမ်းသာနေတယ်..။
-ရွှေကျင်နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ
Credit - မူရင်း
No comments:
Post a Comment