Wednesday, August 17, 2016

သူမ်ားအေၾကာင္း ကိုယ့္အေၾကာင္း မလုပ္နဲ႔ (သူများအကြောင်း ကိုယ့်အကြောင်း မလုပ်နဲ့)

[Zawgyi]
သူမ်ားအေၾကာင္း ကိုယ့္အေၾကာင္း မလုပ္နဲ႔
(သဲအင္းဂူ ဆရာေတာ္ ဦးပုညေသ႒)

ဗုဒၶအလိုေတာ္က် ေက်းဇူးေတာ္ရွင္ သဲအင္းဂူဆရာေတာ္ဘုရားၾကီး၏ မဂ္ေလးပါးတရားဟာ ငါ့ေျခ၊ ငါ့လက္၊ ငါေခါင္း၊ ငါျမင္တယ္ ငါၾကားတယ္လို႔ တငါငါ စြဲလမ္းေနတဲ့စိတ္ကေန ေဟာဒီခႏၶာကိုယ္ၾကီး တစ္ခုလံုးမွာ ငါမပိုင္ဘူး၊ ငါမရွိဘူး၊ ငါနဲ႔ဘာမၽွ မပက္သက္ဘူး၊ အတၱမရွိဘူးဆိုတဲ့ စိတ္ေတြေျပာင္းသြားေအာင္... ဆိုလိုတာကေတာ့ တို႔... ရပ္ကြက္ထဲေတြမွာ သံုးၾကတယ္။ သူမ်ားအေၾကာင္း ကိုယ့္အေၾကာင္းမလုပ္ပါနဲ႔။

သူမ်ားအေၾကာင္း ကိုယ့္အေၾကာင္းမလုပ္ပါနဲ႔။ ေဟာဒီ ရုပ္နာမ္ေတြဟာလည္းပဲ သူမ်ားအေၾကာင္းေတြ၊ ကိုယ့္အေၾကာင္း တခုမၽွမပါဘူး။ အျမဲတမ္း ငါမပိုင္တဲ့ တရားေတြ။ ငါမရွိတဲ့ တရားေတြ။ ဒီရုပ္နာမ္ေတြဟာ တပါးသူရုပ္နာမ္ေတြပါ။ ငါနဲ႔ ဘာမွ မပါတ္သက္တဲ့ တရားေတြ။ ရုပ္တရားေတြဟာလည္း အခ်ိန္တိုင္းေဖါက္ျပန္ေနတာ။ ဓါတ္ၾကီးေလးပါးဟာ အျမဲတမ္းေဖါက္ျပန္ေနတာ။ ေတာ္ၾကာပူလာလိုက္၊ ေတာ္ၾကာေအးလာလိုက္၊ ေခၽြးေတြထြက္လာလိုက္၊ ေခါင္းေတြမူးလိုက္၊ ရင္ထဲမွာ ဆို႔က်ပ္လိုက္၊ ေမာလိုက္၊ ထံုလိုက္ က်င္လိုက္၊ ကိုက္လိုက္ ခဲလိုက္။ အဲသလို ရုပ္တရားေတြဟာလည္းပဲ အခ်ိန္တိုင္း အခ်ိန္တိုင္း... စကၠန္႔တိုင္း စကၠန္႔တိုင္း ေဖါက္ျပန္ေနၾကတာ။ နာမ္တရားဟာလည္း အခ်ိန္တိုင္း အခ်ိန္တိုင္း... စကၠန္႔တိုင္း ခံစားေနတာေလ။ ျမင္တဲ့ အေပၚမွာလညး္ ခံစားတာပဲ။ ၾကားတဲ့အေပၚ နံတဲ့အေပၚ စားတဲ့အေပၚ ထိတဲ့အေပၚ သိတဲ့အပၚမွာလည္းပဲ ခံစားေနတာ။

ေဟာဒီ ေဖါက္ျပန္တဲ့တရားနဲ႔ ခံစားေနတဲ့ တရားဟာ သူ႔အလုပ္သူလုပ္ေနၾကတာ။ သူ႔အလုပ္သူလုပ္ေနၾကတာေတြ။ ဒီအထဲမွာ ငါမပါနဲ႔။ ေဟာဒီေဖါက္ျပန္ေနတဲ့ ခံစားေနတဲ့ တရားဟာ သူမ်ားအေၾကာင္းေတြ။ ကိုယ့္အေၾကာင္း တခုမၽွမပါဘူး။ အခ်ိန္တိုင္း ေဖါက္ျပန္ေနတဲ့ တရားကလညး္ သူ႔အလုပ္သူလုပ္ေနသလို၊ နာမ္တရားက ခံစားေနတဲ့တရားကလည္း သူ႔အလုပ္သူလုပ္ေနတာ။ သူမ်ားအေၾကာင္းေတြ၊ ကိုယ့္အေၾကာင္းမဟုတ္ဘူး။ ကိုယ္မပိုင္တဲ့ သူမ်ားအေၾကာင္းေတြ။ ကိုယ္နဲ႔ဘာမၽွမပက္သက္တဲ့ သူမ်ားအေၾကာင္းေတြ။ ဒီရုပ္ ဒီနာမ္ေတြဟာေလ...

ဒါေၾကာင့္ ဒါကို ပိုျပီးရွင္းလင္းသြားေအာင္ ေျပာခ်င္တာက... ပင္လယ္ကူးသေဘၤာၾကီး တစ္စင္း တကယ့္ကို သမုဒၵရာေတြက္ု ျဖတ္ျပီးသြားေနတဲ့ ပင္လယ္ကူးသေဘၤာၾကီးတစ္စင္း။ အထပ္ေပါင္းမ်ားစြာ လူေပါင္းမ်ားစြာပါတဲ့ ပင္လယ္ကူးသေဘၤာၾကီးတစ္စင္း။ ဟိုးေအာက္ဆံုးထပ္နားမွာ ကမာၻေက်ာ္ စစ္တုရင္ခ်မ္ပီယံၾကီးတစ္ေယာက္ပါလာတယ္။ အေပၚဆံုးထပ္နားမွာလည္း သူ႔လိုပဲ ကမာၻေက်ာ္ စစ္တုရင္ခ်မ္ပီယံၾကီးတစ္ေယာက္ပါလာတယ္။ သေဘၤာၾကီးကလည္း အၾကီးၾကီး၊ လူေတြကလည္း ေထာင္ေပါင္းမ်ားစြာ။ ဒါအတြက္ေၾကာင့္ သူတို႔ ႏွစ္ေယာက္ပါတာလည္း သူတို႔ခ်င္းေတာင္မသိလိုက္ဘူး။ ဒါေပမယ့္လို႔ တစ္စံုတေယာက္ေသာ ပုဂၢိဳလ္က သိလိုက္တယ္။ အဲ့ဒီေတာ့ သူဘာလုပ္သတံုးဆိုေတာ့ အေပၚက စစ္တုရင္ခ်မ္ပီယံၾကီးကို သြားစိမ္ေခၚတယ္။ တျပိဳင္တည္းေအာက္က စစ္တုရင္ခ်မ္ပီယံၾကီးကိုလည္း သူသြားစိမ္ေခၚတယ္။ ခင္ဗ်ားနဲ႔ က်ေတာ္ စစ္တုရင္ထိုးမယ္။ ခင္ဗ်ားက တကယ့္ကို ကမာၻေက်ာ္စစ္တုရင္ခ်မ္ပီယံမာစတာၾကီး၊ ကၽြန္ေတာ္က ဘာမၽွအဆင့္မရွိတဲ့ပုဂၢိဳလ္တေယာက္။ ခင္ဗ်ားနဲ႔ ကၽြန္ေတာ္ထိုးတဲ့ အခါ ကၽြန္ေတာ္ရွံုးမွာ က်ိမ္းေသတယ္။ သို႔ေသာ္ ငါးကြက္ေရႊ႕ႏိုင္ရင္ ေလာင္းေၾကးကဘယ္ေလာက္၊ ဆယ္ကြက္ေရႊ႕ႏိုင္ရင္ ေလာင္းေၾကးကဘယ္ေလာက္.. အဲသလို ေလာင္းေၾကးေတြထပ္တာေပါ့။ ခရီးသြားေတြနဲ႔ အတူ တကယ့္ကိုေပ်ာ္စရာပြဲ ျဖစ္သြားတာေပါ့။ အေပၚထပ္မွာေကာ ေအာက္ထပ္မွာပါ အဲသလို သြားစိမ္ေခၚတာ။

တကယ္လည္း စစ္တုရင္ထိုးတဲ့ အခါၾကေတာ့ သူဘာလုပ္တံုး... အေပၚထပ္က အကြက္ကို ယူျပီး ေအာက္ကိုေရႊ႕ေပးတယ္။ ေအာက္ထပ္ကျပန္ေရႊ႔တဲ့အကြက္ကို မွတ္ျပီးေတာ့ အေပၚမွာ ျပန္ျပီးေတာ့ ေရႊ႕တယ္။
- သူမပါဘူး... သူမပါဘူး။ ကမာၻေက်ာ္စစ္တုရင္ ခ်မ္ပီယံၾကီး ႏွစ္ေယာက္ကို ထိုးခိုင္းလိုက္တာ။ သူမပါဘူး -
အဲသလိုပါပဲ တို႔ရုပ္နာမ္ေတြဟာလည္းပဲ တစ္သံသရာလံုးက ေဟာဒီရုပ္တရားဟာလည္း သူ႔အလုပ္သူလုပ္ေနတာ၊ ေဖါက္ျပန္ေနတာ။ ဓါတ္ၾကီးေလးပါး အခ်ိန္တိုင္း စကၠန္႔တိုင္း ေဖါက္ျပန္ေနသလို၊ နာမ္တရားဟာလည္းပဲ အခ်ိန္တိုင္း စကၠန္႔တိုင္း ခံစားေနတာေလ။ သူ႔အလုပ္ သူလုပ္ေနၾကတာ။ ေဟာဒီ စစ္တုရင္ခ်မ္ပီယံၾကီး ႏွစ္ေယာက္ထိုးေနသလို တို႔မ်ားရဲ႕ ရုပ္နာမ္ေတြ၊ တပါးသူ ရုပ္နာမ္ ေတြဟာ..
ေဖါက္ျပန္တယ္၊ ခံစားတယ္။
ေဖါက္ျပန္တယ္၊ ခံစားတယ္။
ေဖါက္ျပန္တယ္၊ ခံစားတယ္။
အဲသလို စစ္တုရင္ခ်မ္ပီယံၾကီးႏွစ္ေယာက္ထိုးေနသလို အဲဒီအထဲမွာ ငါမပါနဲ႕ေလ။ အဲဒီအထဲမွာ ငါနဲ႔ ဘာမၽွမပက္သက္ဘူးေလ။ သူမ်ားအေၾကာင္းေတြ ကိုယ့္အေၾကာင္း မလုပ္နဲ႔ေလ။

ဒါေၾကာင့္ ေဟာဒီပုဂၢိဳလ္ဟာ ေနာက္ဆံုးေတာ့ အေပၚဘက္က ေလာင္းေၾကးေငြလည္း အကုန္လံုး သူႏိုင္သြားတယ္ေလ။ သူမပါဘူး... သူမပါဘူး။ ေအာက္ဘက္က ေလာင္းေၾကးေတြကိုလည္း သူႏိုင္သြားတယ္ေလ။ သူမပါဘူး။

ဒီသေဘာပါပဲ တို႔မ်ားဟာေလ ဒီရုပ္ဒီနာမ္ေတြဟာ ငါမပိုင္တဲ့ အတြက္ေၾကာင့္၊ ငါမပိုင္တဲ့ အတြက္ေၾကာင့္... ခ်မ္းသာလိုက္တာ၊ ခ်မ္းသာလိုက္တာ။

ဒီရုပ္ဒီနာမ္ေတြဟာ၊ ေဖါက္ျပန္ေနတဲ့ ခံစားေနတဲ့ ဒီရုပ္ဒီနာမ္ေတြဟာ၊ သူ႔အလုပ္သူလုပ္ေနတဲ့ ဒီရုပ္ဒီနာမ္ေတြဟာ င့ါမစၥည္း အဟုတ္တဲ့အတြက္ေၾကာင့္၊ ငါ့ပစၥည္း မဟုတ္တဲ့ အတြက္ေၾကာင့္ ျငိမ္းေအးလိုက္တာ၊ ျငိမ္းေအးလိုက္တာ။ ဒီရုပ္ဒီနာမ္ေတြဟာ ငါနဲ႔လံုး၀ မပက္သက္တဲ့ အတြက္ေၾကာင့္ ခ်မ္းသာလိုက္တာ၊ ခ်မ္းသာလိုက္တာ။

ဒီရုပ္ဒီနာမ္ေတြဟာ အခ်ိန္တိုင္း ေဖါက္ျပန္ေနတယ္၊ အခ်ိန္တိုင္း ခံစားေနတယ္။ ဒီသဘာ၀ တရားၾကီးဟာ ငါ့ေဆြမ်ိဳးမဟုတ္တဲ့ အတြက္ေၾကာင့္ ျငိမ္းေအးလိုက္တာ၊ ျငိမ္းေအးလိုက္တာ။

ဒီရုပ္ဒီနာမ္ေတြဟာ၊ ဒီရုပ္ဒီနာမ္ေတြဟာ အတၱမရွိတဲ့ အတြက္ေၾကာင့္၊ အတၱမရွိတဲ့အတြက္ေၾကာင့္ ခ်မ္းသာလိုက္တာ၊ ခ်မ္းသာလိုက္တာ။

ဆိုလိုတာကေတာ့ ငါမပိုင္တဲ့တရားေတြ၊ ငါမရွိတဲ့ ဒီတရားေတြရဲ႕ တန္ခိုးကို ျမင္ေစခ်င္တာ။ တစ္သံသရာလံုးက ဒီရုပ္ဒီနာမ္ေတြကို တငါငါနဲ႔ သိမ္းပိုက္ခဲ့တယ္။ ငါနဲ႔ ပက္သက္တယ္လို႔ စြဲလမ္းခဲ့ပါတယ္။ အခ်ိန္တိုင္း ေဖါက္ျပန္ေနတဲ့ တရားေတြ။ အခ်ိန္တိုင္း ခံစားေနတဲ့ တရားေတြ။

အဲသလို ငါမပါတဲ့အတြက္ေၾကာင့္ သူမ်ားအေၾကာင္း ကိုယ့္အေၾကာင္း မလုပ္တဲ့အတြက္ေၾကာင့္ ေဟာဒီ သႏၱိသုချဖစ္တဲ့၊ သႏိၱ - ျငိမ္းေအးလိုက္တာ၊ သုခ - ခ်မ္းသာလိုက္တာ။ ေဟာဒီ ပထမမဂ္ဖိုလ္ရဲ႕ နိဗၺာနဓါတ္ၾကီးကို ဆိုက္ေရာက္သြားပါတယ္။

ဒါေၾကာင့္ တရားေတာ္ကို အဆံုးသတ္ခ်င္တာက တို႔ ဒီေန႔တရားထိုင္တဲ့ အခါမွာ မိမိၾကိဳက္ႏွစ္သက္ရာ အရိယာပုဒ္နဲ႔ ထိုင္ႏုိင္ပါတယ္။ တစ္အခ်က္ေပါ့။ ေနာက္တခုက တို႔မ်ားက မ်က္လံုးမွိတ္လိုက္တာနဲ႔ ေဟာဒီ ငါ့မရွိတဲ့ တရားေတြကို ထပ္ကာထပ္ကာ ပြားေတာ့မွာ။ မ်က္လံုးမွိတ္လိုက္တာနဲ႔ စိတ္ကေလးကို ေလၽွာ႔ျပီးေတာ့ ဆရာခိုင္းတဲ့ အတိုင္း... (အမွန္ကေတာ့ ေက်းဇူးေတာ္ရွင္ သဲအင္းဂူဆရာေတာ္ဘုရားၾကီး ခိုင္းတဲ့အတိုင္း တို႔မ်ားက ေၾကာ္ျငာ၀င္ေနရတာ။) အဲဒီလိုခိုင္းတဲ့ အတိုင္း စိတ္ကေလးကို ေလၽွာ႔ျပီးေတာ့ အခါခါလိုက္ျပီးေတာ့ ပြားေတာ့မွာ။ အခါခါလိုက္ျပီးေတာ့ က်က္ေတာ့မွာ။ ဒီေနရာမွာ သဲအင္းဂူက ရႈရပါတယ္။ သို႔ေသာ္ ရႈျပီးေတာ့ ပြါရာမွာ - (ရႈတယ္ဆိုတာ ေအာ္တိုမစ္တစ္ ေမာ္တာမ်ား မီးခလုပ္ႏွိပ္ လိုက္တဲ့အခါမွာ သူ႔ဟာသူ Run ေနတဲ့ ပံုစံမ်ိဳး) ေအာ္တိုမစ္တစ္ရႈတတ္မွ ပြါးလို႔ရတာ။ ႏို႔မိုဆိုရင္ေတာ့ ရႈတာကတစ္လုပ္ ပြါးရတာကတစ္လုပ္ အဲသလိုျဖစ္ေနမွာစိုးလို႔ ရႈတာကို အသိမကပ္နဲ႔ေတာ့။ ေဟာဒီႏွာသီးဖ်ားမွာ ၀င္တိုင္းသိ ထြက္တိုင္းသိေတာ့။ ထပ္ခါတလဲလဲပြါေတာ့မွာ။ ဆရာခိုင္းတဲ့အတိုင္း လိုက္ျပီးေတာ့၊ လိုက္ျပီးေတာ့ ပြါးေတာ့မွာ။

အဲသလိုပြါမ်ားရင္းနဲ႔ ေ၀ဒနာေတြ ျဖစ္လာရင္လည္းပဲ ထံုတဲ့ က်င္တဲ့ ကိုက္တဲ့ေ၀ဒနာေတြျဖစ္လာရင္လည္းပဲ ရုပ္မေျပာင္းနဲ႕၊ စိတ္ကိုပဲေျပာင္းပါ။ ေဟာဒီ ငါမရွိတဲ့ ေဆြမ်ိဳးေတြနဲ႔၊ ငါမပိုင္တဲ့ေဆြမ်ိဳးေတြနဲ႔ စိတ္ကို အခါခါေျပာင္းေတာ့မွာ။ ရုပ္နာပေလ့ေစ၊ ရုပ္နာတာ ဘာမွမျဖစ္ဘူး။ စိတ္မနာရေအာင္ ေဟာဒီ ငါမရွိတဲ့ ေဆြမ်ိဳးေတြနဲ႔ မနားတမ္း တခါတည္း စိတ္ကိုေျပာင္းေတာ့မွာ။

ဒါေၾကာင့္ ဒီညဒီအခ်ိန္ေလးမွာ အဲသလို တငါငါစြဲလမ္းေနတဲ့ စိတ္ကေန ေဟာဒီငါမရွိတဲ့ စိတ္ေတြကို ပိုင္ခ်င္လြန္းလို႔၊ တငါငါစြဲလမ္းေနတဲ့ စိတ္ေၾကာင့္ အပါယ္ေလးဘံုကို သြားၾကတာေလ။ ေဟာဒီ ငါမရွိတဲ့စိတ္ကို ပိုင္တယ္ဆိုရင္ေတာ့ အပါယ္ေလးဘံုက လြတ္ပါတယ္လို႔ေျပာရင္း တရားေဆြးေႏြးျခင္းကို အဆံုးသတ္လိုက္ပါတယ္။

သာဓု သာဓု သာဓု။

(သဲအင္းဂူ ဆရာေတာ္ ဦးပုညေသ႒ ၏ သူမ်ားအေၾကာင္း ကိုယ့္အေၾကာင္း မလုပ္နဲ႔ တရားေတာ္)


[Unicode]
သူများအကြောင်း ကိုယ့်အကြောင်း မလုပ်နဲ့
(သဲအင်းဂူ ဆရာတော် ဦးပုညသေဋ္ဌ)

ဗုဒ္ဓအလိုတော်ကျ ကျေးဇူးတော်ရှင် သဲအင်းဂူဆရာတော်ဘုရားကြီး၏ မဂ်လေးပါးတရားဟာ ငါ့ခြေ၊ ငါ့လက်၊ ငါခေါင်း၊ ငါမြင်တယ် ငါကြားတယ်လို့ တငါငါ စွဲလမ်းနေတဲ့စိတ်ကနေ ဟောဒီခန္ဓာကိုယ်ကြီး တစ်ခုလုံးမှာ ငါမပိုင်ဘူး၊ ငါမရှိဘူး၊ ငါနဲ့ဘာမျှ မပက်သက်ဘူး၊ အတ္တမရှိဘူးဆိုတဲ့ စိတ်တွေပြောင်းသွားအောင်... ဆိုလိုတာကတော့ တို့... ရပ်ကွက်ထဲတွေမှာ သုံးကြတယ်။ သူများအကြောင်း ကိုယ့်အကြောင်းမလုပ်ပါနဲ့။

သူများအကြောင်း ကိုယ့်အကြောင်းမလုပ်ပါနဲ့။ ဟောဒီ ရုပ်နာမ်တွေဟာလည်းပဲ သူများအကြောင်းတွေ၊ ကိုယ့်အကြောင်း တခုမျှမပါဘူး။ အမြဲတမ်း ငါမပိုင်တဲ့ တရားတွေ။ ငါမရှိတဲ့ တရားတွေ။ ဒီရုပ်နာမ်တွေဟာ တပါးသူရုပ်နာမ်တွေပါ။ ငါနဲ့ ဘာမှ မပါတ်သက်တဲ့ တရားတွေ။ ရုပ်တရားတွေဟာလည်း အချိန်တိုင်းဖေါက်ပြန်နေတာ။ ဓါတ်ကြီးလေးပါးဟာ အမြဲတမ်းဖေါက်ပြန်နေတာ။ တော်ကြာပူလာလိုက်၊ တော်ကြာအေးလာလိုက်၊ ချွေးတွေထွက်လာလိုက်၊ ခေါင်းတွေမူးလိုက်၊ ရင်ထဲမှာ ဆို့ကျပ်လိုက်၊ မောလိုက်၊ ထုံလိုက် ကျင်လိုက်၊ ကိုက်လိုက် ခဲလိုက်။ အဲသလို ရုပ်တရားတွေဟာလည်းပဲ အချိန်တိုင်း အချိန်တိုင်း... စက္ကန့်တိုင်း စက္ကန့်တိုင်း ဖေါက်ပြန်နေကြတာ။ နာမ်တရားဟာလည်း အချိန်တိုင်း အချိန်တိုင်း... စက္ကန့်တိုင်း ခံစားနေတာလေ။ မြင်တဲ့ အပေါ်မှာလညး် ခံစားတာပဲ။ ကြားတဲ့အပေါ် နံတဲ့အပေါ် စားတဲ့အပေါ် ထိတဲ့အပေါ် သိတဲ့အပါ်မှာလည်းပဲ ခံစားနေတာ။

ဟောဒီ ဖေါက်ပြန်တဲ့တရားနဲ့ ခံစားနေတဲ့ တရားဟာ သူ့အလုပ်သူလုပ်နေကြတာ။ သူ့အလုပ်သူလုပ်နေကြတာတွေ။ ဒီအထဲမှာ ငါမပါနဲ့။ ဟောဒီဖေါက်ပြန်နေတဲ့ ခံစားနေတဲ့ တရားဟာ သူများအကြောင်းတွေ။ ကိုယ့်အကြောင်း တခုမျှမပါဘူး။ အချိန်တိုင်း ဖေါက်ပြန်နေတဲ့ တရားကလညး် သူ့အလုပ်သူလုပ်နေသလို၊ နာမ်တရားက ခံစားနေတဲ့တရားကလည်း သူ့အလုပ်သူလုပ်နေတာ။ သူများအကြောင်းတွေ၊ ကိုယ့်အကြောင်းမဟုတ်ဘူး။ ကိုယ်မပိုင်တဲ့ သူများအကြောင်းတွေ။ ကိုယ်နဲ့ဘာမျှမပက်သက်တဲ့ သူများအကြောင်းတွေ။ ဒီရုပ် ဒီနာမ်တွေဟာလေ...

ဒါကြောင့် ဒါကို ပိုပြီးရှင်းလင်းသွားအောင် ပြောချင်တာက... ပင်လယ်ကူးသင်္ဘောကြီး တစ်စင်း တကယ့်ကို သမုဒ္ဒရာတွေက်ု ဖြတ်ပြီးသွားနေတဲ့ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်း။ အထပ်ပေါင်းများစွာ လူပေါင်းများစွာပါတဲ့ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်း။ ဟိုးအောက်ဆုံးထပ်နားမှာ ကမ္ဘာကျော် စစ်တုရင်ချမ်ပီယံကြီးတစ်ယောက်ပါလာတယ်။ အပေါ်ဆုံးထပ်နားမှာလည်း သူ့လိုပဲ ကမ္ဘာကျော် စစ်တုရင်ချမ်ပီယံကြီးတစ်ယောက်ပါလာတယ်။ သင်္ဘောကြီးကလည်း အကြီးကြီး၊ လူတွေကလည်း ထောင်ပေါင်းများစွာ။ ဒါအတွက်ကြောင့် သူတို့ နှစ်ယောက်ပါတာလည်း သူတို့ချင်းတောင်မသိလိုက်ဘူး။ ဒါပေမယ့်လို့ တစ်စုံတယောက်သော ပုဂ္ဂိုလ်က သိလိုက်တယ်။ အဲ့ဒီတော့ သူဘာလုပ်သတုံးဆိုတော့ အပေါ်က စစ်တုရင်ချမ်ပီယံကြီးကို သွားစိမ်ခေါ်တယ်။ တပြိုင်တည်းအောက်က စစ်တုရင်ချမ်ပီယံကြီးကိုလည်း သူသွားစိမ်ခေါ်တယ်။ ခင်ဗျားနဲ့ ကျတော် စစ်တုရင်ထိုးမယ်။ ခင်ဗျားက တကယ့်ကို ကမ္ဘာကျော်စစ်တုရင်ချမ်ပီယံမာစတာကြီး၊ ကျွန်တော်က ဘာမျှအဆင့်မရှိတဲ့ပုဂ္ဂိုလ်တယောက်။ ခင်ဗျားနဲ့ ကျွန်တော်ထိုးတဲ့ အခါ ကျွန်တော်ရှုံးမှာ ကျိမ်းသေတယ်။ သို့သော် ငါးကွက်ရွှေ့နိုင်ရင် လောင်းကြေးကဘယ်လောက်၊ ဆယ်ကွက်ရွှေ့နိုင်ရင် လောင်းကြေးကဘယ်လောက်.. အဲသလို လောင်းကြေးတွေထပ်တာပေါ့။ ခရီးသွားတွေနဲ့ အတူ တကယ့်ကိုပျော်စရာပွဲ ဖြစ်သွားတာပေါ့။ အပေါ်ထပ်မှာကော အောက်ထပ်မှာပါ အဲသလို သွားစိမ်ခေါ်တာ။

တကယ်လည်း စစ်တုရင်ထိုးတဲ့ အခါကြတော့ သူဘာလုပ်တုံး... အပေါ်ထပ်က အကွက်ကို ယူပြီး အောက်ကိုရွှေ့ပေးတယ်။ အောက်ထပ်ကပြန်ရွှေ့တဲ့အကွက်ကို မှတ်ပြီးတော့ အပေါ်မှာ ပြန်ပြီးတော့ ရွှေ့တယ်။
- သူမပါဘူး... သူမပါဘူး။ ကမ္ဘာကျော်စစ်တုရင် ချမ်ပီယံကြီး နှစ်ယောက်ကို ထိုးခိုင်းလိုက်တာ။ သူမပါဘူး -
အဲသလိုပါပဲ တို့ရုပ်နာမ်တွေဟာလည်းပဲ တစ်သံသရာလုံးက ဟောဒီရုပ်တရားဟာလည်း သူ့အလုပ်သူလုပ်နေတာ၊ ဖေါက်ပြန်နေတာ။ ဓါတ်ကြီးလေးပါး အချိန်တိုင်း စက္ကန့်တိုင်း ဖေါက်ပြန်နေသလို၊ နာမ်တရားဟာလည်းပဲ အချိန်တိုင်း စက္ကန့်တိုင်း ခံစားနေတာလေ။ သူ့အလုပ် သူလုပ်နေကြတာ။ ဟောဒီ စစ်တုရင်ချမ်ပီယံကြီး နှစ်ယောက်ထိုးနေသလို တို့များရဲ့ ရုပ်နာမ်တွေ၊ တပါးသူ ရုပ်နာမ် တွေဟာ..
ဖေါက်ပြန်တယ်၊ ခံစားတယ်။
ဖေါက်ပြန်တယ်၊ ခံစားတယ်။
ဖေါက်ပြန်တယ်၊ ခံစားတယ်။
အဲသလို စစ်တုရင်ချမ်ပီယံကြီးနှစ်ယောက်ထိုးနေသလို အဲဒီအထဲမှာ ငါမပါနဲ့လေ။ အဲဒီအထဲမှာ ငါနဲ့ ဘာမျှမပက်သက်ဘူးလေ။ သူများအကြောင်းတွေ ကိုယ့်အကြောင်း မလုပ်နဲ့လေ။

ဒါကြောင့် ဟောဒီပုဂ္ဂိုလ်ဟာ နောက်ဆုံးတော့ အပေါ်ဘက်က လောင်းကြေးငွေလည်း အကုန်လုံး သူနိုင်သွားတယ်လေ။ သူမပါဘူး... သူမပါဘူး။ အောက်ဘက်က လောင်းကြေးတွေကိုလည်း သူနိုင်သွားတယ်လေ။ သူမပါဘူး။

ဒီသဘောပါပဲ တို့များဟာလေ ဒီရုပ်ဒီနာမ်တွေဟာ ငါမပိုင်တဲ့ အတွက်ကြောင့်၊ ငါမပိုင်တဲ့ အတွက်ကြောင့်... ချမ်းသာလိုက်တာ၊ ချမ်းသာလိုက်တာ။

ဒီရုပ်ဒီနာမ်တွေဟာ၊ ဖေါက်ပြန်နေတဲ့ ခံစားနေတဲ့ ဒီရုပ်ဒီနာမ်တွေဟာ၊ သူ့အလုပ်သူလုပ်နေတဲ့ ဒီရုပ်ဒီနာမ်တွေဟာ င့ါမစ္စည်း အဟုတ်တဲ့အတွက်ကြောင့်၊ ငါ့ပစ္စည်း မဟုတ်တဲ့ အတွက်ကြောင့် ငြိမ်းအေးလိုက်တာ၊ ငြိမ်းအေးလိုက်တာ။ ဒီရုပ်ဒီနာမ်တွေဟာ ငါနဲ့လုံးဝ မပက်သက်တဲ့ အတွက်ကြောင့် ချမ်းသာလိုက်တာ၊ ချမ်းသာလိုက်တာ။

ဒီရုပ်ဒီနာမ်တွေဟာ အချိန်တိုင်း ဖေါက်ပြန်နေတယ်၊ အချိန်တိုင်း ခံစားနေတယ်။ ဒီသဘာဝ တရားကြီးဟာ ငါ့ဆွေမျိုးမဟုတ်တဲ့ အတွက်ကြောင့် ငြိမ်းအေးလိုက်တာ၊ ငြိမ်းအေးလိုက်တာ။

ဒီရုပ်ဒီနာမ်တွေဟာ၊ ဒီရုပ်ဒီနာမ်တွေဟာ အတ္တမရှိတဲ့ အတွက်ကြောင့်၊ အတ္တမရှိတဲ့အတွက်ကြောင့် ချမ်းသာလိုက်တာ၊ ချမ်းသာလိုက်တာ။

ဆိုလိုတာကတော့ ငါမပိုင်တဲ့တရားတွေ၊ ငါမရှိတဲ့ ဒီတရားတွေရဲ့ တန်ခိုးကို မြင်စေချင်တာ။ တစ်သံသရာလုံးက ဒီရုပ်ဒီနာမ်တွေကို တငါငါနဲ့ သိမ်းပိုက်ခဲ့တယ်။ ငါနဲ့ ပက်သက်တယ်လို့ စွဲလမ်းခဲ့ပါတယ်။ အချိန်တိုင်း ဖေါက်ပြန်နေတဲ့ တရားတွေ။ အချိန်တိုင်း ခံစားနေတဲ့ တရားတွေ။

အဲသလို ငါမပါတဲ့အတွက်ကြောင့် သူများအကြောင်း ကိုယ့်အကြောင်း မလုပ်တဲ့အတွက်ကြောင့် ဟောဒီ သန္တိသုခဖြစ်တဲ့၊ သန္တိ - ငြိမ်းအေးလိုက်တာ၊ သုခ - ချမ်းသာလိုက်တာ။ ဟောဒီ ပထမမဂ်ဖိုလ်ရဲ့ နိဗ္ဗာနဓါတ်ကြီးကို ဆိုက်ရောက်သွားပါတယ်။

ဒါကြောင့် တရားတော်ကို အဆုံးသတ်ချင်တာက တို့ ဒီနေ့တရားထိုင်တဲ့ အခါမှာ မိမိကြိုက်နှစ်သက်ရာ အရိယာပုဒ်နဲ့ ထိုင်နိုင်ပါတယ်။ တစ်အချက်ပေါ့။ နောက်တခုက တို့များက မျက်လုံးမှိတ်လိုက်တာနဲ့ ဟောဒီ ငါ့မရှိတဲ့ တရားတွေကို ထပ်ကာထပ်ကာ ပွားတော့မှာ။ မျက်လုံးမှိတ်လိုက်တာနဲ့ စိတ်ကလေးကို လျှော့ပြီးတော့ ဆရာခိုင်းတဲ့ အတိုင်း... (အမှန်ကတော့ ကျေးဇူးတော်ရှင် သဲအင်းဂူဆရာတော်ဘုရားကြီး ခိုင်းတဲ့အတိုင်း တို့များက ကြော်ငြာဝင်နေရတာ။) အဲဒီလိုခိုင်းတဲ့ အတိုင်း စိတ်ကလေးကို လျှော့ပြီးတော့ အခါခါလိုက်ပြီးတော့ ပွားတော့မှာ။ အခါခါလိုက်ပြီးတော့ ကျက်တော့မှာ။ ဒီနေရာမှာ သဲအင်းဂူက ရှုရပါတယ်။ သို့သော် ရှုပြီးတော့ ပွါရာမှာ - (ရှုတယ်ဆိုတာ အော်တိုမစ်တစ် မော်တာများ မီးခလုပ်နှိပ် လိုက်တဲ့အခါမှာ သူ့ဟာသူ Run နေတဲ့ ပုံစံမျိုး) အော်တိုမစ်တစ်ရှုတတ်မှ ပွါးလို့ရတာ။ နို့မိုဆိုရင်တော့ ရှုတာကတစ်လုပ် ပွါးရတာကတစ်လုပ် အဲသလိုဖြစ်နေမှာစိုးလို့ ရှုတာကို အသိမကပ်နဲ့တော့။ ဟောဒီနှာသီးဖျားမှာ ၀င်တိုင်းသိ ထွက်တိုင်းသိတော့။ ထပ်ခါတလဲလဲပွါတော့မှာ။ ဆရာခိုင်းတဲ့အတိုင်း လိုက်ပြီးတော့၊ လိုက်ပြီးတော့ ပွါးတော့မှာ။

အဲသလိုပွါများရင်းနဲ့ ဝေဒနာတွေ ဖြစ်လာရင်လည်းပဲ ထုံတဲ့ ကျင်တဲ့ ကိုက်တဲ့ဝေဒနာတွေဖြစ်လာရင်လည်းပဲ ရုပ်မပြောင်းနဲ့၊ စိတ်ကိုပဲပြောင်းပါ။ ဟောဒီ ငါမရှိတဲ့ ဆွေမျိုးတွေနဲ့၊ ငါမပိုင်တဲ့ဆွေမျိုးတွေနဲ့ စိတ်ကို အခါခါပြောင်းတော့မှာ။ ရုပ်နာပလေ့စေ၊ ရုပ်နာတာ ဘာမှမဖြစ်ဘူး။ စိတ်မနာရအောင် ဟောဒီ ငါမရှိတဲ့ ဆွေမျိုးတွေနဲ့ မနားတမ်း တခါတည်း စိတ်ကိုပြောင်းတော့မှာ။

ဒါကြောင့် ဒီညဒီအချိန်လေးမှာ အဲသလို တငါငါစွဲလမ်းနေတဲ့ စိတ်ကနေ ဟောဒီငါမရှိတဲ့ စိတ်တွေကို ပိုင်ချင်လွန်းလို့၊ တငါငါစွဲလမ်းနေတဲ့ စိတ်ကြောင့် အပါယ်လေးဘုံကို သွားကြတာလေ။ ဟောဒီ ငါမရှိတဲ့စိတ်ကို ပိုင်တယ်ဆိုရင်တော့ အပါယ်လေးဘုံက လွတ်ပါတယ်လို့ပြောရင်း တရားဆွေးနွေးခြင်းကို အဆုံးသတ်လိုက်ပါတယ်။

သာဓု သာဓု သာဓု။

(သဲအင်းဂူ ဆရာတော် ဦးပုညသေဋ္ဌ ၏ သူများအကြောင်း ကိုယ့်အကြောင်း မလုပ်နဲ့ တရားတော်)

No comments:

Post a Comment