Friday, August 19, 2016

‎အဘိဓမၼာ သိမွတ္ဖြယ္ (၁) (အဘိဓမ္မာသိမှတ်ဖွယ် (၁))

[Zawgyi]
အဘိဓမၼာတရားေတာ္‬ အေၾကာင္း သိမွတ္ဖြယ္ (၁)

ေဂါတမျမတ္စြာဘုရားရွင္သည္ ဘုရားျဖစ္ျပီး (၂၁)ရက္ၾကာျပီးေနာက္ စတုတၳသတၱာဟေရာက္မွ ရတနာဃရ ေရႊစံအိမ္မွာ သီတင္းသံုးရင္း အဘိဓမၼာတရားေတာ္ကို ဆင္ျခင္ေတာ္မူပါသည္။ အဘိဓမၼာတရားေတာ္မွာ အပါအ၀င္ျဖစ္တဲ့ ပဌာန္းက်မ္းကို ဆင္ျခင္သံုးသပ္ေသာ အခ်ိန္တြင္ ျမတ္စြာဘုရားရွင္၏ ခႏၶာကိုယ္မွ ေရာင္ျခည္ေတာ္မ်ား ကြန္႔ျမဴးလာပါသည္။ ဥာဏ္အားႏွင့္ ညီမၽွေသာ တရားေတာ္၏ စြမ္းအားေၾကာင့္ ျဖစ္ပါသည္။ ၀ိနည္းႏွင့္ သုတၱန္ကို ဆင္ျခင္ေသာ အခ်ိန္တြင္ ေရာင္ျခည္ေတာ္မပြင့္ေပၚျခင္းမွာ ျမတ္စြာဘုရား၏ ဥာဏ္ေတာ္အားမွာ ျမင့္ျပီး ၎အဆင္အျခင္ခံတရားတို႔သည္ ဘုရားရွင္၏ ဥာဏ္ေတာ္အတြက္ ရိုးစင္းေနေသာေၾကာင့္ ျဖစ္ပါသည္။
ထို႔ေၾကာင့္ ဘုရားျဖစ္ျပီး (၄၅) ၀ါ ကာလပတ္လံုး ေဟာၾကားခဲ့ေသာ တရားေတာ္မ်ားတြင္ အထူးျခားဆံုးႏွင့္ သတၱ၀ါမ်ားအားလံုးႏွင့္ တိုက္ရိုက္ပါတ္သက္မႈအရွိဆံုး တရားေတာ္သည္ အဘိဓမၼာ တရားေတာ္ပင္ျဖစ္သည္။ ဘုရားရွင္သည္ အဘိဓမၼာတရားေတာ္ကို ဘုရားျဖစ္ျပီး (၇)၀ါေျမာက္ကာလအခ်ိန္တြင္ တာ၀တိ ံသာတြင္ နတ္အမ်ားကို တိုက္ရိုက္ေဟာၾကားခဲ့ေသာ တရားေတာ္ျဖစ္ပါသည္။ လူကို အရင္မေဟာၾကားဘဲ နတ္ျပည္ရွိ နတ္မ်ားကို အရင္ဆံုး တိုက္ရိုက္ေဟာၾကားရျခင္း ရည္ရြယ္ခ်က္မွာ-
၁။ မယ္ေတာ္ကို ေက်းဇူးဆပ္လိုျခင္း
၂။ မိဘေက်းဇူးကို သတၱ၀ါတို႔ နားလညး္ေစလိုျခင္း
၃။ အဘိဓမၼာတရားေတာ္ကို အစ အဆံုး တစ္ထိုင္တည္း ေဟာၾကားလိုျခင္း
၄။ အစ အဆံုး တစ္ထိုင္တည္း ေဟာၾကားမွ နာၾကားရေသာ တရားနာသူမ်ား အက်ိဳးထူးရရွိႏိုင္ျခင္း
၅။ အဘိဓမၼာ ေဒသနာေတာ္၏ က်ယ္၀န္းနက္နဲမႈကို သိေစလိုျခင္း
၆။ လူတို႔၏သက္တမ္း အေရအတြက္အားျဖင့္ သံုးလခန္႔ၾကာေအာင္ ေဟာၾကားမွ ကုန္ႏိုင္မည့္ အဘိဓမၼာတရားမ်ားကို လူတို႔၏ ဣရိယာပုတ္ႏွင့္ ေဟာသူေရာ နာသူပါ မေနႏိုင္ျခင္း စသည့္အေၾကာင္းမ်ားေၾကာင့္ တာ၀တိ ံသာတြင္ ေဟာၾကားရျခင္းျဖစ္ပါသည္။
ဘုရားရွင္ေဟာၾကားသည့္ အဘိဓမၼာတရားေတာ္သည္ က်မ္းအားျဖင့္ (၇)မ်ိဳးရွိပါသည္။ ၎(၇)က်မ္းေဟာၾကားရာ အခ်ိန္ကို လူ႔ျပည္လူ႔အခ်ိန္ျဖင့္ ဤသို႔ မွတ္တမ္းတင္ခဲ့ပါသည္။
၁။ ဓမၼသဂၤဏီ = ပရမတၱတရားမ်ားကို ဒုက၊ တိက မာတိကာ အလိုက္ ေရတြက္ေဟာျပေသာ က်မ္းကို (၁၂)ရက္၊
၂။ ၀ိဘင္း = ပရမတၱတရားမ်ားကို အက်ယ္ေ၀ဘန္ေဟာျပေသာ က်မ္းကို (၁၂)ရက္၊
၃။ ဓာတုကထာ = ခႏၶာ ၅ ပါး၊ အာယာတန ၁၂ ပါး၊ ဓါတ္ ၁၈ ပါး၊ သစၥာ ၄ ပါး အားျဖင့္ ေ၀ဘန္ေဟာၾကားေသာ က်မ္းကို (၆)ရက္၊
၄။ ပုဂၢလပညတ္ = ပညတ္တရားမ်ားကို ေဟာၾကားေသာ က်မ္းကို (၇)ရက္၊
၅။ ကထာ၀တၱဳ = အယူ၀ါဒေရးရာႏွင့္ ပက္သက္ျပီး ေဟာၾကားေသာ က်မ္းကို (၈)ရက္၊
၆။ ယမိုက္ = ပရမတၱတရားမ်ားအားလံုးကို အစံုလိုက္ ေဟာၾကားေသာ က်မ္းကို (၂၀)ရက္၊
၇၊။ ပ႒ာန္း = အေၾကာင္း အက်ိဳးဆက္မ်ားကို ေဟာၾကားေသာ က်မ္းကို (၂၅)ရက္ အားျဖင့္ ရက္ေပါင္း (၉၀)၊ လအားျဖင့္ သံုးလၾကာေအာင္ ေဟာၾကားခဲ့ပါသည္။
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ား နိဒါန္းစာပိုဒ္မွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၁)

ဂေါတမမြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီး (၂၁)ရက်ကြာပြီးနောက် စတုတ္ထသတ္တာဟရောက်မှ ရတနာဃရ ရွှေစံအိမ်မှာ သီတင်းသုံးရင်း အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူပါသည်။ အဘိဓမ္မာတရားတော်မှာ အပါအဝင်ဖြစ်တဲ့ ပဌာန်းကျမ်းကို ဆင်ခြင်သုံးသပ်သော အချိန်တွင် မြတ်စွာဘုရားရှင်၏ ခန္ဓာကိုယ်မှ ရောင်ခြည်တော်များ ကွန့်မြူးလာပါသည်။ ဉာဏ်အားနှင့် ညီမျှသော တရားတော်၏ စွမ်းအားကြောင့် ဖြစ်ပါသည်။ ၀ိနည်းနှင့် သုတ္တန်ကို ဆင်ခြင်သော အချိန်တွင် ရောင်ခြည်တော်မပွင့်ပေါ်ခြင်းမှာ မြတ်စွာဘုရား၏ ဉာဏ်တော်အားမှာ မြင့်ပြီး ၎င်းအဆင်အခြင်ခံတရားတို့သည် ဘုရားရှင်၏ ဉာဏ်တော်အတွက် ရိုးစင်းနေသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ဘုရားဖြစ်ပြီး (၄၅) ၀ါ ကာလပတ်လုံး ဟောကြားခဲ့သော တရားတော်များတွင် အထူးခြားဆုံးနှင့် သတ္တဝါများအားလုံးနှင့် တိုက်ရိုက်ပါတ်သက်မှုအရှိဆုံး တရားတော်သည် အဘိဓမ္မာ တရားတော်ပင်ဖြစ်သည်။ ဘုရားရှင်သည် အဘိဓမ္မာတရားတော်ကို ဘုရားဖြစ်ပြီး (၇)၀ါမြောက်ကာလအချိန်တွင် တာဝတိ ံသာတွင် နတ်အများကို တိုက်ရိုက်ဟောကြားခဲ့သော တရားတော်ဖြစ်ပါသည်။ လူကို အရင်မဟောကြားဘဲ နတ်ပြည်ရှိ နတ်များကို အရင်ဆုံး တိုက်ရိုက်ဟောကြားရခြင်း ရည်ရွယ်ချက်မှာ-
၁။ မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း
၂။ မိဘကျေးဇူးကို သတ္တဝါတို့ နားလညး်စေလိုခြင်း
၃။ အဘိဓမ္မာတရားတော်ကို အစ အဆုံး တစ်ထိုင်တည်း ဟောကြားလိုခြင်း
၄။ အစ အဆုံး တစ်ထိုင်တည်း ဟောကြားမှ နာကြားရသော တရားနာသူများ အကျိုးထူးရရှိနိုင်ခြင်း
၅။ အဘိဓမ္မာ ဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း
၆။ လူတို့၏သက်တမ်း အရေအတွက်အားဖြင့် သုံးလခန့်ကြာအောင် ဟောကြားမှ ကုန်နိုင်မည့် အဘိဓမ္မာတရားများကို လူတို့၏ ဣရိယာပုတ်နှင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း စသည့်အကြောင်းများကြောင့် တာဝတိ ံသာတွင် ဟောကြားရခြင်းဖြစ်ပါသည်။
ဘုရားရှင်ဟောကြားသည့် အဘိဓမ္မာတရားတော်သည် ကျမ်းအားဖြင့် (၇)မျိုးရှိပါသည်။ ၎င်း(၇)ကျမ်းဟောကြားရာ အချိန်ကို လူ့ပြည်လူ့အချိန်ဖြင့် ဤသို့ မှတ်တမ်းတင်ခဲ့ပါသည်။
၁။ ဓမ္မသင်္ဂဏီ = ပရမတ္တတရားများကို ဒုက၊ တိက မာတိကာ အလိုက် ရေတွက်ဟောပြသော ကျမ်းကို (၁၂)ရက်၊
၂။ ၀ိဘင်း = ပရမတ္တတရားများကို အကျယ်ဝေဘန်ဟောပြသော ကျမ်းကို (၁၂)ရက်၊
၃။ ဓာတုကထာ = ခန္ဓာ ၅ ပါး၊ အာယာတန ၁၂ ပါး၊ ဓါတ် ၁၈ ပါး၊ သစ္စာ ၄ ပါး အားဖြင့် ဝေဘန်ဟောကြားသော ကျမ်းကို (၆)ရက်၊
၄။ ပုဂ္ဂလပညတ် = ပညတ်တရားများကို ဟောကြားသော ကျမ်းကို (၇)ရက်၊
၅။ ကထာဝတ္တု = အယူဝါဒရေးရာနှင့် ပက်သက်ပြီး ဟောကြားသော ကျမ်းကို (၈)ရက်၊
၆။ ယမိုက် = ပရမတ္တတရားများအားလုံးကို အစုံလိုက် ဟောကြားသော ကျမ်းကို (၂၀)ရက်၊
၇၊။ ပဋ္ဌာန်း = အကြောင်း အကျိုးဆက်များကို ဟောကြားသော ကျမ်းကို (၂၅)ရက် အားဖြင့် ရက်ပေါင်း (၉၀)၊ လအားဖြင့် သုံးလကြာအောင် ဟောကြားခဲ့ပါသည်။
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များ နိဒါန်းစာပိုဒ်မှ

No comments:

Post a Comment