[Zawgyi]
နားၾကားပ်င္းကပ္တယ္ (သို႔) ပုဂၢိဳလ္အေနအထားကို ဓမၼျဖင့္ တိုင္းတာျခင္း
ျမန္မာစကားမွာေတာ့ ကိုယ္မၾကားခ်င္တဲ့အရာ ကိုယ္သေဘာမက်တဲ့အရာ ကိုယ္လက္မခံနိုင္တဲ့အရာေတြမွာ.. လာေျပာမေနနဲ႕ နားၾကားပ်င္းကပ္တယ္..လို႔ ေျပာဆိုၾကပါတယ္။ ဗုဒၶရွင္ေတာ္ကလဲ ဒီလိုသေဘာတရားေတြကို ေစာစီးစြာေဖာ္ထုတ္ေဟာျပေတာ္ မူခဲ့တယ္၊ ပုဂၢိဳလ္တစ္ဦးက အျခားပုဂၢိဳလ္တစ္ဦး(မိတ္ေဆြျဖစ္ေစ၊ဆရာျဖစ္ေစ၊ မိဘျဖစ္ေစ၊ သားသမီးျဖစ္ေစ)ကို ဒီလိုစကားေတြ ေျပာတဲ့အခါ သူတို႔က နားၾကားပ်င္းကပ္လိမ့္မယ္တဲ့၊ သင့္ရဲ႕အေကာင္းဆုံးေျပာျပတဲ့ စကားကို သူတို႔က လက္ခံၾကမွာ မဟုတ္ပါဘူး..တဲ့..
၁၊ သဒၶါတရားမရွိတဲ့သူကို သဒၶါတရားနဲ႕ ဆက္စပ္တဲ့စကား သြားေျပာရင္ နားၾကားပ်င္းကပ္လိမ့္မယ္၊
(ကိုယ္ေျပာတဲ့စကားကို အေကာင္းမထင္ဘူး)။
(ကိုယ္ေျပာတဲ့စကားကို အေကာင္းမထင္ဘူး)။
ဘုရား တရား သံဃာ ရတနာသုံးပါးကို ၾကည္ညိုေလးစားတဲ့သူက ဘုရားအေၾကာင္း တရားအေၾကာင္း သံဃာအေၾကာင္းကို ေျပာျပတဲ့အခါ သဒၶါတရားမရွိသူေတြက ဒီလိုစကားမ်ိဳးကို နားေထာင္ခ်င္မွာ မဟုတ္ပါဘူး၊ ဘာေတြလာ ေျပာေန တာလဲ..ေၾကာင္သူေတြ ႂကြက္သူခိုးပါကြာ.. ေျပာေတာ့ ဘုရား ဘုရားနဲ႕ လက္ေတြ႕မွာေတာ့ ကိုးယို႔ ကားယားလုပ္တဲ့သူပါ..လို႔ ျပန္ေျပာပါလိမ့္မယ္။
တကယ္လို႔ ျပန္မေျပာဘူးဆိုရင္ေတာင္ မႀကိဳက္တဲ့အမူအရာျပလိမ့္မယ္၊ တရားေခြေလးဖြင့္လိုက္ရင္ အကုန္လစ္ေျပးကုန္ပါတယ္။ လစ္မေျပးလဲ အိပ္ငိုက္ကုန္ပါတယ္.. ဒီသေင္ၠတ ဒီသေဘာတရားေတြဟာ သဒၶါတရားမရွိတဲ့အတြက္ သဒၶါတရားနဲ႕ဆက္စပ္တဲ့ ေကာင္းတဲ့အလုပ္ေတြေပၚမွာ စိတ္ဝင္စားမႈ မျပသျခင္းပဲျဖစ္ပါတယ္။
ဘုရားရွိခိုးတာ ဘုရားစာ႐ြတ္တာ တရားနာယူတာ.. တရားစကားေျပာတာ တရားေဆြးေႏြးတာ သံဃာေတာ္မ်ားကိုဖူးေျမာ္တာ..သံဃာေတာ္တို႔ရဲ႕ စကားကို မွတ္သားနာယူတာဟာ သဒၶါတရား ရွိသူမ်ားရဲ႕ ျပယုဂ္ျဖစ္ပါတယ္။ ဘုရား တရား သံဃာ ရတနာသုံးပါးကို ေလ့လာလိုက္စားတဲ့အတြက္ စိတ္ခ်မ္းသာတာ ပီတိျဖစ္ရတာ ဘဝေနနည္း ရတာ.စတဲ့သေဘာတရားေတြကို သဒၶါတရား မရွိတဲ့သူက မသိပါဘူး။
မသိေတာ့ ဘုရားသံ တရားသံ သံဃာသံ ဘုန္းႀကီးသံၾကားရင္ နားၾကားပ်င္းကပ္ေနေတာ့တာပါ။ သဒၶါတရားရွိသူက်ေတာ့ ဒီလိုအသံေတြကို ထပ္ခါထပ္ခါ ၾကားခ်င္ေနပါတယ္.. ဒါေၾကာင့္ ဗုဒၶရွင္ေတာ္က ေဟ့..သဒၶါတရားမရွိတဲ့သူကို သဒၶါတရားနဲ႕ ဆက္စပ္တာေတြ သြားမေျပာနဲ႕၊ သြားေျပာလဲ နားၾကားပ်င္းကပ္လိမ့္မယ္တဲ့၊ (အသဒၶႆ သဒၶါကထာ ဒုကၠထာ)။
၂။ ကိုယ့္က်င့္တရား မေကာင္းတဲ့သူကို ကိုယ့္က်င့္တရား(သီလ)နဲ႕ ဆက္စပ္တဲ့စကား သြားမေျပာနဲ႕ နားၾကားပ်င္းကပ္လိမ့္မယ္.တဲ့။
ဟုတ္ပါတယ္ ကိုယ္က်င့္တရားမေကာင္းတဲ့သူဟာ ဘယ္သူက ကိုယ္က်င့္တရား သိပ္ေကာင္းတာ.ဘယ္သူက လိမ္မာတာ ဘယ္သူကေတာ့ အေနအထိုင္ အေျပာအဆိုရိုးသားတာ..စတဲ့ စကားေတြကို နားမေထာင္ခ်င္ေပဘူး။ ကိုယ့္က်င့္တရားမေကာင္းသူရဲ႕ စိတ္ထဲမွာ သူလိုပဲ ကိုယ္က်င့္တရား မေကာင္းသူ ကိုယ္က်င့္တရား အားနည္းသူေတြကို သေဘာက်ေနေတာ့တာပါ၊ ကိုယ့္က်င့္တရား မေကာင္းသူေတြရဲ႕ အျပဳအမူ အေျပာအဆိုေတြကို သေဘာက်ေနတတ္ပါတယ္။
ဘုရားေက်ာင္းကန္သြားၿပီး ဥပုသ္ေစာင့္ဖို႔ သီလယူဖို႔ေျပာဆိုတိုက္တြန္းတဲ့အခါ ေျပာဆိုတိုက္တြန္းသူကို မုန္းပစ္တတ္ပါတယ္။ သူ႕ကိုျမင္ရင္ စိတ္ထဲမွာ မေက်မနပ္ျဖစ္ေနတတ္တယ္။
အတင္းအဖ်င္းေျပာတဲ့စကားဝိုင္း တေနကုန္ေျပာလို႔ ဘာတစ္ခုမွ အက်ိဳးမျဖစ္တဲ့ စကားဝိုင္းမွာဆိုရင္ေတာ့ ထိပ္ဆုံးကေန တက္တက္ႂကြႂကြႀကီး ပါဝင္တတ္ပါတယ္။ဒါဟာ သီလမရွိသူ ကိုယ့္က်င့္တရားမေကာင္းသူေတြရဲ႕ ျပယုဂ္တစ္ခုပါ ၊
အတင္းအဖ်င္းေျပာတဲ့စကားဝိုင္း တေနကုန္ေျပာလို႔ ဘာတစ္ခုမွ အက်ိဳးမျဖစ္တဲ့ စကားဝိုင္းမွာဆိုရင္ေတာ့ ထိပ္ဆုံးကေန တက္တက္ႂကြႂကြႀကီး ပါဝင္တတ္ပါတယ္။ဒါဟာ သီလမရွိသူ ကိုယ့္က်င့္တရားမေကာင္းသူေတြရဲ႕ ျပယုဂ္တစ္ခုပါ ၊
ကိုယ့္စိတ္ဓာတ္ရဲ႕ အေနအထားကို ကိုယ့္ရဲ႕လုပ္ေဆာင္ခ်က္ေတြက သက္ေသျပတယ္ မဟုတ္လား၊ ဒါေၾကာင့္ ျမတ္စြာဘုရားက သီလမရွိသူ(ကိုယ္က်င့္တရားမေကာင္းသူ)ကို သီလ(ကိုယ္က်င့္တရားနဲ႕ ဆက္စပ္တဲ့စကား) သြားေျပာရင္ နားၾကားပ်င္းကပ္မယ္..လို႔ ေဟာျပေတာ္မူတာပါ၊( (ဒုႆီလႆ သီလကထာ ဒုကၠထာ)။
၃။ အၾကားအျမင္နည္းတဲ့သူကို ဗဟုသုတနဲ႕ ဆက္စပ္တဲ့စကား ေျပာၾကားရင္ နားၾကားပ်င္းကပ္မယ္..တဲ့..
ဗဟုသုတေလ့လာလိုက္စားမႈ နည္းေတာ့ ဘာမွမသိ၊ ဘာ ဗဟုသုတမွမရွိ၊ အိမ္ရယ္ အလုပ္ရယ္ ထမင္းစားတာရယ္ တီဗီၾကည့္တာရယ္ေလးခုေလာက္ပဲ စိတ္ဝင္စားေတာ့တာပါ၊ က်န္တဲ့ ဗဟုသုတပိုင္းဆိုင္ရာ စကားရပ္ေတြ စာအုပ္စာေပအေၾကာင္းေတြကိုေျပာတဲ့အခါ..ဒါေတြက ထမင္းစားရတာ မဟုတ္ပါဘူးဗ်ာ.. စိတ္မဝင္စားပါဘူး လို႔ ျပန္ေျပာတတ္ပါတယ္. ကမာၻႀကီးရဲ႕ အိုဇိုးလႊာ ပါးတာ ထူတာထက္ ထမင္းစားရဖို႔သာအဓိကပါဗ်ာ.လို႔လဲ ထိထိခိုက္ခိုက္ စကားလုံးေတြကို ေႁခြခ်တတ္ပါေသးတယ္. ဗဟုသုတ ေလ့လာလိုက္စားသူကေတာ့ ဗဟုသုတ ျဖစ္ေစမယ့္ စကားမ်ိဳးေတြကို ႏွစ္သက္သေဘာက်တတ္သလို အလ်ဥ္းသင့္သလို ပါဝင္ေဆြးေႏြးေလ့တတ္ပါတယ္.. ျမတ္စြာဘုရားရွင္က ႀကိဳတင္ျမင္ေတာ္မူ သိေတာ္မူပါတယ္.. အၾကားအျမင္ ဗဟုသုတနည္းတဲ့သူကို ဗဟုသုတနဲ႕ ဆက္စပ္တဲ့စကား သြားမေျပာနဲ႕..နားၾကားပ်င္းကပ္လိမ့္မယ္တဲ့.။.(အပၸႆုတႆ သုတကထာ ဒုကၠထာ)။
၄။ ႏွေျမာတဲ့သူ ကပ္ေစးနဲတဲ့သူကို စြန႔္လႊတ္ဖို႔ ေပးကပ္ဖို႔ လႉဖို႔သြားမေျပာနဲ႕၊ နားၾကားပ်င္းကပ္လိမ့္မယ္.တဲ့။
ကိုယ္လက္ထဲမွာရွိတဲ့ ပစၥည္းကို လူမ်ားေတြကို မွ်ေဝေပးနိုင္တဲ့ စိတ္ဓာတ္မ်ိဳးဟာ စိတ္ဓာတ္အဆင့္ျမင့္သူေတြသာ လုပ္နိုင္တဲ့အလုပ္ပါ၊ ဗုဒၶဘာသာရယ္ ခရစ္ယာန္ရယ္ အစၥလာမ္ရယ္ မဟုတ္ဘဲ၊ ဘယ္ဘာသာဝင္မဆို ကိုယ့္ရွိတဲ့ပစၥည္းကို ကိုယ့္အတြက္ မိသားစုအတြက္ ပတ္ဝန္းက်င္အတြက္ နိုင္ငံနဲ႕လူမ်ိဳးအတြက္ မွ်ေဝေပးနိုင္သူမွ လူေကာင္းလို႔ ေျပာရမယ္၊ အဆင့္ျမင့္တဲ့သူလို႔ ဆိုရပါမယ္၊ ႏွေျမာတဲ့သူကေတာ့ ေပးရမယ္ဆိုတဲ့စကား လႉရမယ္ဆိုတဲ့စကားမ်ိဳးကို မၾကားလိုပါဘူး၊ ဘယ္သူေတြ ဘယ္ေနရမွာ ဘယ္ေလာက္လႉေနတယ္ဆိုတာကို အသိအမွတ္ျပဳဖို႔ ဝန္ေလးတတ္တယ္၊ လႉတာနဲ႕ဆက္စပ္တဲ့စကား မၾကားလိုဘူး၊
ဒါေၾကာင္း ျမတ္စြာဘုရားက ႏွေျမာတဲ့သူကို လႉတာနဲ႕ဆက္စပ္တဲ့စကားသြားေျပာရင္ နားၾကားျပင္းကပ္လိမ့္မယ္.လို႔ ေဟာေတာ္မူတာျဖစ္ပါတယ္၊( မစၦရိယႆ စာဂကထာ ဒုကၠထာ)၊
၅။ ပညာမရွိတဲ့သူကို ပညာနဲ႕ ဆက္စပ္တဲ့စကား သြားေျပာရင္ နားၾကားပ်င္းကပ္လိမ့္မယ္.တဲ့..
ဒီေနရာမွာ ပညာဆိုတာက ဝိပႆနာပညာကို ဆိုလိုပါတယ္၊ ႐ုပ္တရား နာမ္တရားေတြအေၾကာင္းေျပာရင္ အိပ္ခ်င္တယ္. နားမေထာင္ခ်င္ဘူး စိတ္မဝင္စာဘူး၊ တရားထိုင္တယ္ဆိုတာ အလုပ္မရွိတဲ့သူေတြလုပ္တဲ့ အလုပ္လို႔ သူကယူဆတယ္၊ တရားထိုင္သူေတြကိုေတာင္ သူက သနားသေယာင္ေယာင္ ေျပာျပစ္လိုက္ေသးတယ္..တကယ္ေတာ့ တရားထိုင္တဲ့အတြက္ ဘဝစိတ္ခ်မ္းခ်မ္း သာသာေနရပုံ. ဆင္းရဲဒုကၡကေန လြတ္ေျမာက္နိုင္ပုံေတြကို မသိရွာေတာ့ သူက တရားထိုင္သူေတြကို သနားသလိုလို ေျပာေနတတ္ျပန္တယ္..ဒါေၾကာင့္ ဗုဒၶက ပညာမရွိတဲ့သူေတြကို ပညာနဲ႕ဆက္စပ္တဲ့စကား သြားေျပာရင္ နားၾကားပ်င္းကပ္လိမ့္မယ္လို႔ ေဟာေတာ္မူခဲ့တာပါ၊
မိမိစရိုက္နဲ႕ ဆန္က်င္ဖက္ပုဂၢိဳလ္ေတြရဲ႕ အေနအထားကို သတိထားၿပီး မိမိပတ္ဝန္းက်င္မွာ စိတ္ခ်မ္းခ်မ္းသာသာ ေနနိုင္ဖို႔ အေရးႀကီးပါတယ္။
မိမိစရိုက္နဲ႕ ဆန္က်င္ဖက္ပုဂၢိဳလ္ေတြရဲ႕ အေနအထားကို သတိထားၿပီး မိမိပတ္ဝန္းက်င္မွာ စိတ္ခ်မ္းခ်မ္းသာသာ ေနနိုင္ဖို႔ အေရးႀကီးပါတယ္။
အဂုတၤၱရနိကာယ၊ ဒုကၠထာ သုတၱံကို ျပန္လည္ပူေဇာ္ပါသည္။
မူရင္းပိုစ့္အရွင္တိကၡဉာဏာလကၤာရ
မူရင္းပိုစ့္အရွင္တိကၡဉာဏာလကၤာရ
[Unicode]
နားကြားပျင်းကပ်တယ် (သို့) ပုဂ္ဂိုလ်အနေအထားကို ဓမ္မဖြင့် တိုင်းတာခြင်း
နားကြားပျင်းကပ်တယ် (သို့) ပုဂ္ဂိုလ်အနေအထားကို ဓမ္မဖြင့် တိုင်းတာခြင်း
မြန်မာစကားမှာတော့ ကိုယ်မကြားချင်တဲ့အရာ ကိုယ်သဘောမကျတဲ့အရာ ကိုယ်လက်မခံနိုင်တဲ့အရာတွေမှာ.. လာပြောမနေနဲ့ နားကြားပျင်းကပ်တယ်..လို့ ပြောဆိုကြပါတယ်။ ဗုဒ္ဓရှင်တော်ကလဲ ဒီလိုသဘောတရားတွေကို စောစီးစွာဖော်ထုတ်ဟောပြတော် မူခဲ့တယ်၊ ပုဂ္ဂိုလ်တစ်ဦးက အခြားပုဂ္ဂိုလ်တစ်ဦး(မိတ်ဆွေဖြစ်စေ၊ဆရာဖြစ်စေ၊ မိဘဖြစ်စေ၊ သားသမီးဖြစ်စေ)ကို ဒီလိုစကားတွေ ပြောတဲ့အခါ သူတို့က နားကြားပျင်းကပ်လိမ့်မယ်တဲ့၊ သင့်ရဲ့အကောင်းဆုံးပြောပြတဲ့ စကားကို သူတို့က လက်ခံကြမှာ မဟုတ်ပါဘူး..တဲ့..
၁၊ သဒ္ဓါတရားမရှိတဲ့သူကို သဒ္ဓါတရားနဲ့ ဆက်စပ်တဲ့စကား သွားပြောရင် နားကြားပျင်းကပ်လိမ့်မယ်၊
(ကိုယ်ပြောတဲ့စကားကို အကောင်းမထင်ဘူး)။
(ကိုယ်ပြောတဲ့စကားကို အကောင်းမထင်ဘူး)။
ဘုရား တရား သံဃာ ရတနာသုံးပါးကို ကြည်ညိုလေးစားတဲ့သူက ဘုရားအကြောင်း တရားအကြောင်း သံဃာအကြောင်းကို ပြောပြတဲ့အခါ သဒ္ဓါတရားမရှိသူတွေက ဒီလိုစကားမျိုးကို နားထောင်ချင်မှာ မဟုတ်ပါဘူး၊ ဘာတွေလာ ပြောနေ တာလဲ..ကြောင်သူတွေ ကြွက်သူခိုးပါကွာ.. ပြောတော့ ဘုရား ဘုရားနဲ့ လက်တွေ့မှာတော့ ကိုးယို့ ကားယားလုပ်တဲ့သူပါ..လို့ ပြန်ပြောပါလိမ့်မယ်။
တကယ်လို့ ပြန်မပြောဘူးဆိုရင်တောင် မကြိုက်တဲ့အမူအရာပြလိမ့်မယ်၊ တရားခွေလေးဖွင့်လိုက်ရင် အကုန်လစ်ပြေးကုန်ပါတယ်။ လစ်မပြေးလဲ အိပ်ငိုက်ကုန်ပါတယ်.. ဒီသငေ်္ကတ ဒီသဘောတရားတွေဟာ သဒ္ဓါတရားမရှိတဲ့အတွက် သဒ္ဓါတရားနဲ့ဆက်စပ်တဲ့ ကောင်းတဲ့အလုပ်တွေပေါ်မှာ စိတ်ဝင်စားမှု မပြသခြင်းပဲဖြစ်ပါတယ်။
ဘုရားရှိခိုးတာ ဘုရားစာရွတ်တာ တရားနာယူတာ.. တရားစကားပြောတာ တရားဆွေးနွေးတာ သံဃာတော်များကိုဖူးမြော်တာ..သံဃာတော်တို့ရဲ့ စကားကို မှတ်သားနာယူတာဟာ သဒ္ဓါတရား ရှိသူများရဲ့ ပြယုဂ်ဖြစ်ပါတယ်။ ဘုရား တရား သံဃာ ရတနာသုံးပါးကို လေ့လာလိုက်စားတဲ့အတွက် စိတ်ချမ်းသာတာ ပီတိဖြစ်ရတာ ဘဝနေနည်း ရတာ.စတဲ့သဘောတရားတွေကို သဒ္ဓါတရား မရှိတဲ့သူက မသိပါဘူး။
မသိတော့ ဘုရားသံ တရားသံ သံဃာသံ ဘုန်းကြီးသံကြားရင် နားကြားပျင်းကပ်နေတော့တာပါ။ သဒ္ဓါတရားရှိသူကျတော့ ဒီလိုအသံတွေကို ထပ်ခါထပ်ခါ ကြားချင်နေပါတယ်.. ဒါကြောင့် ဗုဒ္ဓရှင်တော်က ဟေ့..သဒ္ဓါတရားမရှိတဲ့သူကို သဒ္ဓါတရားနဲ့ ဆက်စပ်တာတွေ သွားမပြောနဲ့၊ သွားပြောလဲ နားကြားပျင်းကပ်လိမ့်မယ်တဲ့၊ (အသဒ္ဓဿ သဒ္ဓါကထာ ဒုက္ကထာ)။
၂။ ကိုယ့်ကျင့်တရား မကောင်းတဲ့သူကို ကိုယ့်ကျင့်တရား(သီလ)နဲ့ ဆက်စပ်တဲ့စကား သွားမပြောနဲ့ နားကြားပျင်းကပ်လိမ့်မယ်.တဲ့။
ဟုတ်ပါတယ် ကိုယ်ကျင့်တရားမကောင်းတဲ့သူဟာ ဘယ်သူက ကိုယ်ကျင့်တရား သိပ်ကောင်းတာ.ဘယ်သူက လိမ်မာတာ ဘယ်သူကတော့ အနေအထိုင် အပြောအဆိုရိုးသားတာ..စတဲ့ စကားတွေကို နားမထောင်ချင်ပေဘူး။ ကိုယ့်ကျင့်တရားမကောင်းသူရဲ့ စိတ်ထဲမှာ သူလိုပဲ ကိုယ်ကျင့်တရား မကောင်းသူ ကိုယ်ကျင့်တရား အားနည်းသူတွေကို သဘောကျနေတော့တာပါ၊ ကိုယ့်ကျင့်တရား မကောင်းသူတွေရဲ့ အပြုအမူ အပြောအဆိုတွေကို သဘောကျနေတတ်ပါတယ်။
ဘုရားကျောင်းကန်သွားပြီး ဥပုသ်စောင့်ဖို့ သီလယူဖို့ပြောဆိုတိုက်တွန်းတဲ့အခါ ပြောဆိုတိုက်တွန်းသူကို မုန်းပစ်တတ်ပါတယ်။ သူ့ကိုမြင်ရင် စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတတ်တယ်။
အတင်းအဖျင်းပြောတဲ့စကားဝိုင်း တနေကုန်ပြောလို့ ဘာတစ်ခုမှ အကျိုးမဖြစ်တဲ့ စကားဝိုင်းမှာဆိုရင်တော့ ထိပ်ဆုံးကနေ တက်တက်ကြွကြွကြီး ပါဝင်တတ်ပါတယ်။ဒါဟာ သီလမရှိသူ ကိုယ့်ကျင့်တရားမကောင်းသူတွေရဲ့ ပြယုဂ်တစ်ခုပါ ၊
အတင်းအဖျင်းပြောတဲ့စကားဝိုင်း တနေကုန်ပြောလို့ ဘာတစ်ခုမှ အကျိုးမဖြစ်တဲ့ စကားဝိုင်းမှာဆိုရင်တော့ ထိပ်ဆုံးကနေ တက်တက်ကြွကြွကြီး ပါဝင်တတ်ပါတယ်။ဒါဟာ သီလမရှိသူ ကိုယ့်ကျင့်တရားမကောင်းသူတွေရဲ့ ပြယုဂ်တစ်ခုပါ ၊
ကိုယ့်စိတ်ဓာတ်ရဲ့ အနေအထားကို ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက သက်သေပြတယ် မဟုတ်လား၊ ဒါကြောင့် မြတ်စွာဘုရားက သီလမရှိသူ(ကိုယ်ကျင့်တရားမကောင်းသူ)ကို သီလ(ကိုယ်ကျင့်တရားနဲ့ ဆက်စပ်တဲ့စကား) သွားပြောရင် နားကြားပျင်းကပ်မယ်..လို့ ဟောပြတော်မူတာပါ၊( (ဒုဿီလဿ သီလကထာ ဒုက္ကထာ)။
၃။ အကြားအမြင်နည်းတဲ့သူကို ဗဟုသုတနဲ့ ဆက်စပ်တဲ့စကား ပြောကြားရင် နားကြားပျင်းကပ်မယ်..တဲ့..
ဗဟုသုတလေ့လာလိုက်စားမှု နည်းတော့ ဘာမှမသိ၊ ဘာ ဗဟုသုတမှမရှိ၊ အိမ်ရယ် အလုပ်ရယ် ထမင်းစားတာရယ် တီဗီကြည့်တာရယ်လေးခုလောက်ပဲ စိတ်ဝင်စားတော့တာပါ၊ ကျန်တဲ့ ဗဟုသုတပိုင်းဆိုင်ရာ စကားရပ်တွေ စာအုပ်စာပေအကြောင်းတွေကိုပြောတဲ့အခါ..ဒါတွေက ထမင်းစားရတာ မဟုတ်ပါဘူးဗျာ.. စိတ်မဝင်စားပါဘူး လို့ ပြန်ပြောတတ်ပါတယ်. ကမ္ဘာကြီးရဲ့ အိုဇိုးလွှာ ပါးတာ ထူတာထက် ထမင်းစားရဖို့သာအဓိကပါဗျာ.လို့လဲ ထိထိခိုက်ခိုက် စကားလုံးတွေကို ခြွေချတတ်ပါသေးတယ်. ဗဟုသုတ လေ့လာလိုက်စားသူကတော့ ဗဟုသုတ ဖြစ်စေမယ့် စကားမျိုးတွေကို နှစ်သက်သဘောကျတတ်သလို အလျဉ်းသင့်သလို ပါဝင်ဆွေးနွေးလေ့တတ်ပါတယ်.. မြတ်စွာဘုရားရှင်က ကြိုတင်မြင်တော်မူ သိတော်မူပါတယ်.. အကြားအမြင် ဗဟုသုတနည်းတဲ့သူကို ဗဟုသုတနဲ့ ဆက်စပ်တဲ့စကား သွားမပြောနဲ့..နားကြားပျင်းကပ်လိမ့်မယ်တဲ့.။.(အပ္ပဿုတဿ သုတကထာ ဒုက္ကထာ)။
၄။ နှမြောတဲ့သူ ကပ်စေးနဲတဲ့သူကို စွန့်လွှတ်ဖို့ ပေးကပ်ဖို့ လှူဖို့သွားမပြောနဲ့၊ နားကြားပျင်းကပ်လိမ့်မယ်.တဲ့။
ကိုယ်လက်ထဲမှာရှိတဲ့ ပစ္စည်းကို လူများတွေကို မျှဝေပေးနိုင်တဲ့ စိတ်ဓာတ်မျိုးဟာ စိတ်ဓာတ်အဆင့်မြင့်သူတွေသာ လုပ်နိုင်တဲ့အလုပ်ပါ၊ ဗုဒ္ဓဘာသာရယ် ခရစ်ယာန်ရယ် အစ္စလာမ်ရယ် မဟုတ်ဘဲ၊ ဘယ်ဘာသာဝင်မဆို ကိုယ့်ရှိတဲ့ပစ္စည်းကို ကိုယ့်အတွက် မိသားစုအတွက် ပတ်ဝန်းကျင်အတွက် နိုင်ငံနဲ့လူမျိုးအတွက် မျှဝေပေးနိုင်သူမှ လူကောင်းလို့ ပြောရမယ်၊ အဆင့်မြင့်တဲ့သူလို့ ဆိုရပါမယ်၊ နှမြောတဲ့သူကတော့ ပေးရမယ်ဆိုတဲ့စကား လှူရမယ်ဆိုတဲ့စကားမျိုးကို မကြားလိုပါဘူး၊ ဘယ်သူတွေ ဘယ်နေရမှာ ဘယ်လောက်လှူနေတယ်ဆိုတာကို အသိအမှတ်ပြုဖို့ ဝန်လေးတတ်တယ်၊ လှူတာနဲ့ဆက်စပ်တဲ့စကား မကြားလိုဘူး၊
ဒါကြောင်း မြတ်စွာဘုရားက နှမြောတဲ့သူကို လှူတာနဲ့ဆက်စပ်တဲ့စကားသွားပြောရင် နားကြားပြင်းကပ်လိမ့်မယ်.လို့ ဟောတော်မူတာဖြစ်ပါတယ်၊( မစ္ဆရိယဿ စာဂကထာ ဒုက္ကထာ)၊
၅။ ပညာမရှိတဲ့သူကို ပညာနဲ့ ဆက်စပ်တဲ့စကား သွားပြောရင် နားကြားပျင်းကပ်လိမ့်မယ်.တဲ့..
ဒီနေရာမှာ ပညာဆိုတာက ဝိပဿနာပညာကို ဆိုလိုပါတယ်၊ ရုပ်တရား နာမ်တရားတွေအကြောင်းပြောရင် အိပ်ချင်တယ်. နားမထောင်ချင်ဘူး စိတ်မဝင်စာဘူး၊ တရားထိုင်တယ်ဆိုတာ အလုပ်မရှိတဲ့သူတွေလုပ်တဲ့ အလုပ်လို့ သူကယူဆတယ်၊ တရားထိုင်သူတွေကိုတောင် သူက သနားသယောင်ယောင် ပြောပြစ်လိုက်သေးတယ်..တကယ်တော့ တရားထိုင်တဲ့အတွက် ဘဝစိတ်ချမ်းချမ်း သာသာနေရပုံ. ဆင်းရဲဒုက္ခကနေ လွတ်မြောက်နိုင်ပုံတွေကို မသိရှာတော့ သူက တရားထိုင်သူတွေကို သနားသလိုလို ပြောနေတတ်ပြန်တယ်..ဒါကြောင့် ဗုဒ္ဓက ပညာမရှိတဲ့သူတွေကို ပညာနဲ့ဆက်စပ်တဲ့စကား သွားပြောရင် နားကြားပျင်းကပ်လိမ့်မယ်လို့ ဟောတော်မူခဲ့တာပါ၊
မိမိစရိုက်နဲ့ ဆန်ကျင်ဖက်ပုဂ္ဂိုလ်တွေရဲ့ အနေအထားကို သတိထားပြီး မိမိပတ်ဝန်းကျင်မှာ စိတ်ချမ်းချမ်းသာသာ နေနိုင်ဖို့ အရေးကြီးပါတယ်။
မိမိစရိုက်နဲ့ ဆန်ကျင်ဖက်ပုဂ္ဂိုလ်တွေရဲ့ အနေအထားကို သတိထားပြီး မိမိပတ်ဝန်းကျင်မှာ စိတ်ချမ်းချမ်းသာသာ နေနိုင်ဖို့ အရေးကြီးပါတယ်။
အဂုၤတ္တရနိကာယ၊ ဒုက္ကထာ သုတ္တံကို ပြန်လည်ပူဇော်ပါသည်။
မူရင်းပိုစ့်အရှင်တိက္ခဉာဏာလင်္ကာရ
မူရင်းပိုစ့်အရှင်တိက္ခဉာဏာလင်္ကာရ
No comments:
Post a Comment