Friday, August 19, 2016

ေမာဟ ( ၂ ) မ်ိဳး (မောဟ ( ၂ ) မျိုး)

[Zawgyi]
ေမာဟ ( ၂ ) မ်ိဳး

မသိတတ္ျခင္းသေဘာသည္ ေမာဟတည္း။ ၎ေမာဟသည္ အႏုသယေမာဟ ႏွင့္ ပရိယု႒ာနေမာဟ ဟုႏွစ္မ်ိဳးရိွ၏။
သတၱ၀ါ တို႔သႏၱာန္ တြင္ အစဥ္တစိုက္ လိုက္ေနေသာ ေမာဟသည္ အႏုသယေမာဟမည္၏။
တခါတရံ စိတ္ႏွင့္တဲြဖက္၍ ျဖစ္ေပၚလာေသာ ေမာဟသည္ပရိယု႒ာနေမာဟ မည္၏။
ေသာတာပန္၊ သကဒါဂါမ္၊ အနာဂါမ္ တိုင္ေအာင္
ထို အႏုသယေမာဟ ဓာတ္မွာ ပါး႐ုံသာ ရိွေသး၏။
ရဟႏၱာ ျဖစ္ပါမွ ထိုအႏုသယဓာတ္ကုန္ေလသည္။
ထိုေၾကာင့္ ရဟႏၱာ မျဖစ္ေသးသမ်ွ
ကုသိုလ္ျပဳေနတုန္း ၌လည္း အႏုသယေမာဟ ဓာတ္မွာ
ၿငိမ္သက္ကိန္း၀ပ္ လ်က္ ရိွေသးသည္သာ။
စိတ္ႏွင့္တဲြဖက္၍ ပရိယု႒ာနေမာဟ ထႀကြလာေသာအခါ
အကုသိုလ္စိတ္ ျဖစ္ေနၿပီ ဆိုရေပမည္။
ထိုေမာဟ၏ ဖံုးကြယ္မႉေၾကာင့္ အကုသိုလ္၏ ေနာင္ေရး
ေနာင္တာ ခံရမည့္ အေရးကိုလည္း မသိၾကရ။
ယခု ေလာေလာဆယ္ ယုတ္မာညစ္ညမ္းမႉကိုလည္း
မသိရ၊
ထို႔ေၾကာင့္ ေမာဟျဖစ္ေပၚလာေသာအခါ
နဂိုက ပညာရိွသူေတာ္စင္ပင္ျဖစ္ေသာ္လည္း
အျပစ္ကို မျမင္ဘဲ အကုသိုလ္အမႉ ျပဳေလသည္။
ေမာဟ မသိမႉအလိုက္ အျပစ္ကိုက်ဳးလြန္ၿပီးေနာက္
ေနာက္ဘ၀တြင္ အက်ိဳးေပး ပါက အပါယ္ေလးဘံု တြင္
အပါအ၀င္ျဖစ္ေသာ တိရစၧာန္ဘံု၌ ျဖစ္ရေပသည္။
တိရစၧာန္ဘံု ကား အေထြးအထူး ေတြးေတာစရာမရိွ၊
ေမထုန္ မီွ၀ဲျခင္း၊ အိပ္ျခင္း ႏွင့္ စာျခင္း သံုးမ်ိဳးတို႔ကိုသာ
တစ္ေန႔တစ္မ်ိဳး မ႐ိုးရေလေအာင္ လုပ္လ်က္ ဘ၀ကိုျဖတ္သန္းရသည္သာ။
လူ႔ဘ၀ အသက္႐ွင္စဥ္ကာလ ကာမဂုဏ္အတြက္သာ
စဥ္စား၍ ဘ၀အတြက္ မစဥ္းစားခဲ့ေသာ
အက်ိဳးဆက္ေပတည္း။

-ပညာပါရမီ ဆရာေတာ္ဦးဥာဏ၀ရ
အဘိဓမၼာ ပို႔ခ်ခ်က္မ်ား မွ မ်ွေ၀ ပူေဇာ္ပါသည္
Credit to Ko Yan Paing Soe

[Unicode]
မောဟ ( ၂ ) မျိုး

မသိတတ်ခြင်းသဘောသည် မောဟတည်း။ ၎င်းမောဟသည် အနုသယမောဟ နှင့် ပရိယုဋ္ဌာနမောဟ ဟုနှစ်မျိုးရှိ၏။
သတ္တဝါ တို့သန္တာန် တွင် အစဉ်တစိုက် လိုက်နေသော မောဟသည် အနုသယမောဟမည်၏။
တခါတရံ စိတ်နှင့်တွဲဖက်၍ ဖြစ်ပေါ်လာသော မောဟသည်
ပရိယုဋ္ဌာနမောဟ မည်၏။
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တိုင်အောင်
ထို အနုသယမောဟ ဓာတ်မှာ ပါးရုံသာ ရှိသေး၏။
ရဟန္တာ ဖြစ်ပါမှ ထိုအနုသယဓာတ်ကုန်လေသည်။
ထိုကြောင့် ရဟန္တာ မဖြစ်သေးသမျှ
ကုသိုလ်ပြုနေတုန်း ၌လည်း အနုသယမောဟ ဓာတ်မှာ
ငြိမ်သက်ကိန်းဝပ် လျက် ရှိသေးသည်သာ။
စိတ်နှင့်တွဲဖက်၍ ပရိယုဋ္ဌာနမောဟ ထကြွလာသောအခါ
အကုသိုလ်စိတ် ဖြစ်နေပြီ ဆိုရပေမည်။
ထိုမောဟ၏ ဖုံးကွယ်မှူကြောင့် အကုသိုလ်၏ နောင်ရေး
နောင်တာ ခံရမည့် အရေးကိုလည်း မသိကြရ။
ယခု လောလောဆယ် ယုတ်မာညစ်ညမ်းမှူကိုလည်း
မသိရ၊
ထို့ကြောင့် မောဟဖြစ်ပေါ်လာသောအခါ
နဂိုက ပညာရှိသူတော်စင်ပင်ဖြစ်သော်လည်း
အပြစ်ကို မမြင်ဘဲ အကုသိုလ်အမှူ ပြုလေသည်။
မောဟ မသိမှူအလိုက် အပြစ်ကိုကျုးလွန်ပြီးနောက်
နောက်ဘဝတွင် အကျိုးပေး ပါက အပါယ်လေးဘုံ တွင်
အပါအဝင်ဖြစ်သော တိရစ္ဆာန်ဘုံ၌ ဖြစ်ရပေသည်။
တိရစ္ဆာန်ဘုံ ကား အထွေးအထူး တွေးတောစရာမရှိ၊
မေထုန် မှီဝဲခြင်း၊ အိပ်ခြင်း နှင့် စာခြင်း သုံးမျိုးတို့ကိုသာ
တစ်နေ့တစ်မျိုး မရိုးရလေအောင် လုပ်လျက် ဘဝကိုဖြတ်သန်းရသည်သာ။
လူ့ဘဝ အသက်ရှင်စဉ်ကာလ ကာမဂုဏ်အတွက်သာ
စဉ်စား၍ ဘဝအတွက် မစဉ်းစားခဲ့သော
အကျိုးဆက်ပေတည်း။

-ပညာပါရမီ ဆရာတော်ဦးဉာဏဝရ
အဘိဓမ္မာ ပို့ချချက်များ မှ မျှဝေ ပူဇော်ပါသည်
Credit to Ko Yan Paing Soe

No comments:

Post a Comment