[Zawgyi]
ရည်သတ္တိ မရှိဘူး။
ဒီဒုက္ခ၀ဋ်မှ ကျွတ်ရပါလို၏ လာလတ္တံ့ သော ဒုက္ခ၀ဋ်ကြီးကိုကြောက်လွန်းလို့ ၊ ရွံလို့ ၊ မုန်းလို့  ဆိုပြီး သစ္စာဥာဏ်သွားတယ်။ (နိဗ္ဗာနဿ
-ဒေါက်တာအရှင်ပါရမီ
[Unicode]
ဗုဒ္ဓဘာသာဆိုပြီး..သစ္စာမသိတာ အနာဆုံးပါပဲ
တရားနာတယ် ဆိုတာ မတရားလုပ်တာ ကာကွယ်တာပဲလို့ မှတ်ကြပါ။
မတရားတွေ ကာကွယ်တယ်ဆိုတာ တခြားမဟုတ်ပါဘူး၊ တစ်နေ့လုံးမှာ
လူတွေဟာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ က္ကုဿာတွေ၊ မစ္ဆရိယတွေ၊ မာနတွေ၊ ဒါတွေက များပြီးနေလို့ တရားဟူသော `မဂ္ဂင်´ ရေနဲ့ဆေးမှ စင်ကြယ်မှာမို့ မဂ္ဂင်ရေနဲ့ ဆေးကြောတဲ့ အလုပ်ကို လုပ်ရတယ်လို့ မှတ်ထားပါ။
ဘာကြောင့်လဲ ဆိုတော့ ကုသိုလ်လုပ်တယ်၊ လှူတယ်၊ တန်းတယ်၊ ပေးတယ်
ကမ်းတယ်၊ သူက ကုသိုလ်၊ ကုသိုလ်တခြားပဲ။
အကုသိုလ် လုပ်တော့ အကုသိုလ်တခြားပဲ၊ တစ်ခုနဲ့တစ်ခု ဖြတ်နိုင်တဲ့ စွမ်း
ရည်သတ္တိ မရှိဘူး။
“မဂ်”ကတော့ဖြင့် အတိတ်ကပါလာတာဖြစ်စေ၊ ပစ္စုပ္ပန်ဒီဘ၀ မိုက်မဲတာတွေ၊ အပါယ်လေးပါး ခန္ဓာနဲ့ ကြွေးမဆပ်ရသေး တာတွေ ဟူသ၍ ” မဂ် “တစ်ခုက အနိုင်ဆုံးပဲ။
ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောတာကြည့်ပါ။
(ကုသလံ ကုသလံဇဟံ) ကုသိုလ် အကုသိုလ်တွေ စွန့်လိုက်ပြီ၊ ဘာကြောင့်
ဒီအသံ ထွက်လာပါလိမ့်မေးရင် အို. .ကုသိုလ်ပေမယ့် ဘုံဘ၀ အကျိုးပေးမယ့်
ကုသိုလ်တွေ ဆိုတော့ ဇာတိ,ဇရာ,မရဏတွေ လာအုံးမှာပေါ့၊ သုဂတိ,ဇာတိ,
ဇရာ,မရဏလာအုံးမှာ၊ ဒါတွေမစွန့်ရင် ဒုက္ခသစ္စာ အဆက်ပြတ်ပါ့မလား။
***ကုသိုလ်ဆိုပေမယ့် ကြောက်စရာ ကုသိုလ်တွေ ရှိသေးတယ်။***
ကုသိုလ်ဆို အကောင်းကြီးပဲ ဆိုရင် မဂ် ဟာဟောစရာမလိုတော့ဘူး။ ဇာတိ, ဇရာ, မရဏ ကျေးဇူးပြုတဲ့ ကုသိုလ်ကျတော့ ဒါ
ကုသိုလ်ကောင်း ကုသိုလ်စစ်လို့ မဆိုမဲ့၊ဇာတိ, ကုသိုလ်ဆိုပေမယ့်ဇရာ, မရဏကို ဒုက္ခသစ္စာလို့
ပဋိစ္စသမုပ္ပါဒ်နဲ့ ဓမ္မစကြာမှာ ပါနေတယ်။ သစ္စာသိတဲ့ ပုဂ္ဂိုလ်က ဘယ်နည်းနဲ့မှ မကြိုက်ဘူး။ သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကျတော့ ကုသိုလ်ဆို အကုန်ကြိုက်ဖြစ်နေတယ်။
ဒါကုသိုလ်ကို ပယ်တာလားဆိုတော့ ပယ်တာမဟုတ်ပါဘူး။ အကောင်း အဆိုး ရွေးတာ ။
ကုသိုလ်တိုင်း ကောင်းတယ်လို့ အကုန်ယူလို့မရဘူး၊ ဘုရားကြိုက် ကုသိုလ်က (အကဏှ သုတ္တ) ဖြစ်တဲ့ ကုသိုလ်သာ ကြိုက်တယ်၊ ဖြူစင်တဲ့ ကုသိုလ်ဆိုငြားသော်လည်း ကာမာဝါစရကုသိုလ်တွေ ဖြစ်နေတော့ ကာမဘုံတွေ လျှောက်အကျိုးပေးနေတော့ ကြိုက်ပါ့မလား၊ လူ့ပြည်, နတ်ပြည်,
ဗြဟ္မာ့ပြည် အကျိုးပေးနေပြန်တော့ …… ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေ၀, ဒုက္ခ, သောမနဿ လွတ်ပါ့မလား၊ နတ်ဘ၀, ဗြဟ္မာ့ဘ၀ ဆိုငြားသော်လည်း ပြောသံကြားကောင်းနဲ့ ကြိုက်နေကြတာပါ။ သူ့အထဲမှာ အတွင်းသား ခွာလိုက်တော့ ဇာတိ, ဇရာ, ဗျာဓိ, မရဏ, ဒုက္ခသစ္စာတွေ ပါနေတယ်။
***လိုချင်တာကချမ်းသာ။ ရတာက ဆင်းရဲဆယ့်တစ်ပါး***
ဘာကြောင့် ဒီဆင်းရဲတွေရဖို့ ဒီကုသိုလ်တွေ လုပ်ဖြစ်ပါလိမ့်မတုံးမေးရင်
သစ္စာမသိလို့ လုပ်တာ၊ သစ္စာမသိလို့ မှားလိုက်တာ။
သစ္စာ သိတဲ့ ပုဂ္ဂိုလ်ကျတော့ ……..
ဒီဒုက္ခ၀ဋ်မှ ကျွတ်ရပါလို၏ လာလတ္တံ့သော ဒုက္ခ၀ဋ်ကြီးကိုကြောက်လွန်းလို့၊ ရွံလို့၊ မုန်းလို့ ဆိုပြီး သစ္စာဉာဏ်သွားတယ်။ (နိဗ္ဗာနဿ
ပစ္စယော ဟောတု ဟောတု) ဆိုပြီး လုပ်ကောင်းတာပဲ ဆိုငြားသော်လည်း
ပြောသံကြားသာကောင်းတာ၊ ကိုယ့်အမြင်က နောက်ခန္ဓာကြိုက်နေလို့ရှိရင်
လွဲတာပဲ `**ကိုယ့် အမြင်က နောက်ခန္ဓာ မကြိုက်ပါမှ**´ တရားမှန် တရားစစ်၊ ကုသိုလ်စစ်၊ ကုသိုလ်မှန်မှတ်ပါ၊ ကိုယ့်ခန္ဓာ ဒုက္ခသစ္စာကို ကိုယ်တိုင် သိပြီး လုပ်ပါ ။
No comments:
Post a Comment