[Zawgyi]
မူရင္းေရးသားသူ ကို မမွတ္မိေတာ့ပါဘူး။
အေရးအသား ပံုစံအရ ပါခ်ဳပ္ဆရာေတာ္ၾကီး နႏၵမာလာဘိဝံသ ျဖစ္ဖို႔မ်ားပါတယ္။
ဗုဒၶဘာသာ၀င္အမ်ားစု ရဲ႕ဆင္ေျခ... ဘာျဖစ္ျဖစ္ ကံ၊ ကံ နဲ႔ ကံကိုပဲ ယိုးမယ္ဖြဲ႕တာကလည္း အစြန္းေရာက္ ကမၼ၀ါဒိ မိစာၱဒိ႒ိ ျဖစ္တယ္ဆိုတာေလးၾကိဳက္လို႔ အရင္က မွတ္ထားတဲ့ မွတ္စုပါ။
ဖတ္ၾကည့္ၾကည့္ပါ။
________________

နတၱိကဒိ႒ိ ဆိုတာ ကံရဲ႕ အက်ိဳးကို ျငင္းပယ္တာ ေကာင္းတာျပဳအပ္ မေကာင္းသျဖင့္ျပဳအပ္တဲ့ ကုသိုလ္ကံ အကုသိုလ္ကံေတြရဲ႕ အက်ိဳးဆိုတာ မရွိဘူးလို႔ ကံကို ျငင္းပယ္တယ္။
ရလာဘ္ကေတာ့ ေကာင္းရာသုကတိကို မေရာက္ႏိုင္ဘူး၊ ဒါေၾကာင့္မို႔ အဲဒီမိစာၱဒိ႒ိကို သဂၢါ၀ရဏ ေကာင္းရာသုဂတိကို တားျမစ္ႏိုင္တဲ့ အျပစ္လို႔ စာေပက်မ္းဂန္ေတြမွာ ဆိုတယ္။
ရလာဘ္ကေတာ့ ေကာင္းရာသုကတိကို မေရာက္ႏိုင္ဘူး၊ ဒါေၾကာင့္မို႔ အဲဒီမိစာၱဒိ႒ိကို သဂၢါ၀ရဏ ေကာင္းရာသုဂတိကို တားျမစ္ႏိုင္တဲ့ အျပစ္လို႔ စာေပက်မ္းဂန္ေတြမွာ ဆိုတယ္။
အစြန္းေရာက္ ကမၼ၀ါဒ ကိုလည္း မိစာၱဒိ႒ိလို႔ေခၚတယ္၊ ***
အရာရာဟာ အတိတ္ကလုပ္ခဲ့တဲ့ ကံေၾကာင့္လို႔ ထင္ျမင္တဲ့ ဒါကိုေတာ့ ပုေဗၺကတေဟတုဒိ႒ိ လို႔ေခၚတယ္။
ဆိုပါစို႔ ေလာကမွာ လူေတြေရာဂါျဖစ္တယ္၊ ႏွာေစး ေခ်ာင္းဆိုးျဖစ္တယ္၊ အစြန္းေရာက္ ကမၼ၀ါဒသမားက အဲဒီ ႏွာေစး ေခ်ာင္းဆိုးျဖစ္ရတာဟာ အတိတ္က အကုသိုလ္ကံေၾကာင့္ ငါ ႏွာေစးရတယ္ ေခ်ာင္းဆိုးရတယ္လို႔ ဒီလိုယူလို႔ရွိရင္ ပစၥဳပၸန္အေၾကာင္းတရားကို သူမ်က္ကြယ္ျပဳရာေရာက္တယ္။

တကယ္ေတာ့ သူႏွာေစး ေခ်ာင္းဆိုးတာ အေအးမိလို႔၊ ဆန္႔က်င္ဘက္ အေအးဒဏ္ကို မခံႏိုင္လို႔ ခႏၶာကိုယ္ရဲ႕ ရာသီဥတုကို ခုခံႏိုင္တဲ့ စြမ္းအား ေလ်ာ့က်ေနလို႔၊ မတည့္တဲ့ရာသီဥတုေၾကာင့္ မိမိမွာ ေရာဂါတစ္ခုျဖစ္တယ္၊ ဒါဟာ အေၾကာင္းပဲ။ ဒီအေၾကာင္းကို လက္ခံရမယ္လုိ႔ ေျပာတာ။ အဲဒါကို လက္မခံဘဲနဲ႔ ေနမယ္ဆိုရင္ အစြန္းေရာက္ ကမၼ၀ါဒ ျဖစ္သြားလိမ့္မယ္။
ျမတ္စြာဘုရားေဟာတဲ့ တရားေတာ္ေတြဟာ အေၾကာင္းနဲ႔ အက်ိဳးကိုေဟာတယ္။
အဲဒီ အေၾကာင္းနဲ႔ အက်ိဳးဆိုတဲ့ အထဲမယ္ ကိေလသာဆိုတာလည္း အေၾကာင္းတစ္ခုပဲ၊ ကံဆိုတာလည္း အေၾကာင္းတစ္ခုပဲ။
အဲဒီ အေၾကာင္းနဲ႔ အက်ိဳးဆိုတဲ့ အထဲမယ္ ကိေလသာဆိုတာလည္း အေၾကာင္းတစ္ခုပဲ၊ ကံဆိုတာလည္း အေၾကာင္းတစ္ခုပဲ။
ကိေလသာဆိုတဲ့ အေဖာ္သဟဲရမွ ကံဆိုတာ အက်ိဳးေပးလို႔ရတယ္။ ကိေလသာရဲ႕ အကူအညီမရဘဲနဲ႕ ကံတစ္ခုတည္းက အထုတ္လုပ္ႏိုင္ဘူးတဲ့။ ဥပမာ - မ်ိဳးေစ့ကေလးက သူ႔ဖာသာသူေနရင္ အပင္မေပါက္ႏိုင္ပါဘူး၊ ေျမ၊ ေရ၊ ေန စသည္တို႔ ထိေတြ႔ေပးလိုက္မွ မ်ိဳးေစ့ကေန အပင္ကို ျဖစ္ေပၚေစတာပါ။
ထို႔ အတူပဲ ကံတရားဟာ သီးသီးသန္႔သန္႔ ကံခ်ည္း ရွိေနမယ္ ကိေလသာအကူအညီ မပါဘူးဆိုရင္ ထိုကံတရားသည္ အက်ိဳးတစ္စံုတစ္ရာကို ေပးစြန္းႏိုင္ျခင္းမရွိဘူးတဲ့။ ဒီသေဘာကိုသိဖို႔ အင္မတန္မွ အေရးႀကီးတယ္။
ထို႔ အတူပဲ ကံတရားဟာ သီးသီးသန္႔သန္႔ ကံခ်ည္း ရွိေနမယ္ ကိေလသာအကူအညီ မပါဘူးဆိုရင္ ထိုကံတရားသည္ အက်ိဳးတစ္စံုတစ္ရာကို ေပးစြန္းႏိုင္ျခင္းမရွိဘူးတဲ့။ ဒီသေဘာကိုသိဖို႔ အင္မတန္မွ အေရးႀကီးတယ္။
ဒါေၾကာင့္မို႔ ၀ဋ္သံုးပါး - ကိေလသာ၀ဋ္၊ ကမၼ၀ဋ္၊ ၀ိပါက၀ဋ္ လို႔ဆိုတဲ့ အထဲမယ္ ဘယ္၀ဋ္ကိုဖယ္ရွားရမွာလဲဆိုေတာ့ ကိေလသာကိုဖယ္ရွားရမယ္၊ ကိေလသာကို ဖယ္ရွားလိုက္တာနဲ႔ တစ္ျပိဳင္နက္ ရွိေနတဲ့ ကံတရားေတြက အလုပ္မျဖစ္ေတာ့ဘူး စြမ္းေဆာင္ႏိုင္မွဳမရွိေတာ့ဘူး။
တကယ္ေတာ့ ကံဆိုတာ ဖယ္ရွားလို႔ မရဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ လုပ္ထားျပီးသားဆိုေတာ့ ျပီးခဲ့ျပီေလ၊ ျပီးခဲ့တဲ့ အရာတစ္ခုကို ဘယ္သူကျပင္လို႔ ရမလဲ၊ လုပ္ျပီးျဖစ္ေနျပီ၊ ျပီးျပီးသားျဖစ္ေနျပီ၊ ျပီးျပီးသား ျဖစ္ေနတဲ့ အရာကို ဘယ္လိုမွ ျပန္ယူလို႔မရဘူး၊ ဒါေၾကာင့္ ကံဆိုတာ ဖယ္ရွားပစ္လို႔ မရဘူး။
ဖယ္ရွားလို႔ရတာက ကိေလသာ၊ ကိေလသာကုန္လို႔ရွိရင္ ကံကုန္တယ္၊ ဒါေၾကာင့္မို႔ ကိေလသနိေရာဓါ၊ ကမၼနိေရာေဓါ တဲ့။
ဖယ္ရွားလို႔ရတာက ကိေလသာ၊ ကိေလသာကုန္လို႔ရွိရင္ ကံကုန္တယ္၊ ဒါေၾကာင့္မို႔ ကိေလသနိေရာဓါ၊ ကမၼနိေရာေဓါ တဲ့။
[Unicode]
မူရင်းရေးသားသူ ကို မမှတ်မိတော့ပါဘူး။
အရေးအသား ပုံစံအရ ပါချုပ်ဆရာတော်ကြီး နန္ဒမာလာဘိဝံသ ဖြစ်ဖို့များပါတယ်။
ဗုဒ္ဓဘာသာဝင်အများစု ရဲ့ဆင်ခြေ... ဘာဖြစ်ဖြစ် ကံ၊ ကံ နဲ့ ကံကိုပဲ ယိုးမယ်ဖွဲ့တာကလည်း အစွန်းရောက် ကမ္မဝါဒိ မိစ္တာဒိဋ္ဌိ ဖြစ်တယ်ဆိုတာလေးကြိုက်လို့ အရင်က မှတ်ထားတဲ့ မှတ်စုပါ။
ဖတ်ကြည့်ကြည့်ပါ။

နတ္တိကဒိဋ္ဌိ ဆိုတာ ကံရဲ့ အကျိုးကို ငြင်းပယ်တာ ကောင်းတာပြုအပ် မကောင်းသဖြင့်ပြုအပ်တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေရဲ့ အကျိုးဆိုတာ မရှိဘူးလို့ ကံကို ငြင်းပယ်တယ်။
ရလာဘ်ကတော့ ကောင်းရာသုကတိကို မရောက်နိုင်ဘူး၊ ဒါကြောင့်မို့ အဲဒီမိစ္တာဒိဋ္ဌိကို သဂ္ဂါဝရဏ ကောင်းရာသုဂတိကို တားမြစ်နိုင်တဲ့ အပြစ်လို့ စာပေကျမ်းဂန်တွေမှာ ဆိုတယ်။
ရလာဘ်ကတော့ ကောင်းရာသုကတိကို မရောက်နိုင်ဘူး၊ ဒါကြောင့်မို့ အဲဒီမိစ္တာဒိဋ္ဌိကို သဂ္ဂါဝရဏ ကောင်းရာသုဂတိကို တားမြစ်နိုင်တဲ့ အပြစ်လို့ စာပေကျမ်းဂန်တွေမှာ ဆိုတယ်။
အစွန်းရောက် ကမ္မဝါဒ ကိုလည်း မိစ္တာဒိဋ္ဌိလို့ခေါ်တယ်၊ ***
အရာရာဟာ အတိတ်ကလုပ်ခဲ့တဲ့ ကံကြောင့်လို့ ထင်မြင်တဲ့ ဒါကိုတော့ ပုဗ္ဗေကတဟေတုဒိဋ္ဌိ လို့ခေါ်တယ်။
ဆိုပါစို့ လောကမှာ လူတွေရောဂါဖြစ်တယ်၊ နှာစေး ချောင်းဆိုးဖြစ်တယ်၊ အစွန်းရောက် ကမ္မဝါဒသမားက အဲဒီ နှာစေး ချောင်းဆိုးဖြစ်ရတာဟာ အတိတ်က အကုသိုလ်ကံကြောင့် ငါ နှာစေးရတယ် ချောင်းဆိုးရတယ်လို့ ဒီလိုယူလို့ရှိရင် ပစ္စုပ္ပန်အကြောင်းတရားကို သူမျက်ကွယ်ပြုရာရောက်တယ်။

တကယ်တော့ သူနှာစေး ချောင်းဆိုးတာ အအေးမိလို့၊ ဆန့်ကျင်ဘက် အအေးဒဏ်ကို မခံနိုင်လို့ ခန္ဓာကိုယ်ရဲ့ ရာသီဥတုကို ခုခံနိုင်တဲ့ စွမ်းအား လျော့ကျနေလို့၊ မတည့်တဲ့ရာသီဥတုကြောင့် မိမိမှာ ရောဂါတစ်ခုဖြစ်တယ်၊ ဒါဟာ အကြောင်းပဲ။ ဒီအကြောင်းကို လက်ခံရမယ်လို့ ပြောတာ။ အဲဒါကို လက်မခံဘဲနဲ့ နေမယ်ဆိုရင် အစွန်းရောက် ကမ္မဝါဒ ဖြစ်သွားလိမ့်မယ်။
မြတ်စွာဘုရားဟောတဲ့ တရားတော်တွေဟာ အကြောင်းနဲ့ အကျိုးကိုဟောတယ်။
အဲဒီ အကြောင်းနဲ့ အကျိုးဆိုတဲ့ အထဲမယ် ကိလေသာဆိုတာလည်း အကြောင်းတစ်ခုပဲ၊ ကံဆိုတာလည်း အကြောင်းတစ်ခုပဲ။
အဲဒီ အကြောင်းနဲ့ အကျိုးဆိုတဲ့ အထဲမယ် ကိလေသာဆိုတာလည်း အကြောင်းတစ်ခုပဲ၊ ကံဆိုတာလည်း အကြောင်းတစ်ခုပဲ။
ကိလေသာဆိုတဲ့ အဖော်သဟဲရမှ ကံဆိုတာ အကျိုးပေးလို့ရတယ်။ ကိလေသာရဲ့ အကူအညီမရဘဲနဲ့ ကံတစ်ခုတည်းက အထုတ်လုပ်နိုင်ဘူးတဲ့။ ဥပမာ - မျိုးစေ့ကလေးက သူ့ဖာသာသူနေရင် အပင်မပေါက်နိုင်ပါဘူး၊ မြေ၊ ရေ၊ နေ စသည်တို့ ထိတွေ့ပေးလိုက်မှ မျိုးစေ့ကနေ အပင်ကို ဖြစ်ပေါ်စေတာပါ။
ထို့ အတူပဲ ကံတရားဟာ သီးသီးသန့်သန့် ကံချည်း ရှိနေမယ် ကိလေသာအကူအညီ မပါဘူးဆိုရင် ထိုကံတရားသည် အကျိုးတစ်စုံတစ်ရာကို ပေးစွန်းနိုင်ခြင်းမရှိဘူးတဲ့။ ဒီသဘောကိုသိဖို့ အင်မတန်မှ အရေးကြီးတယ်။
ထို့ အတူပဲ ကံတရားဟာ သီးသီးသန့်သန့် ကံချည်း ရှိနေမယ် ကိလေသာအကူအညီ မပါဘူးဆိုရင် ထိုကံတရားသည် အကျိုးတစ်စုံတစ်ရာကို ပေးစွန်းနိုင်ခြင်းမရှိဘူးတဲ့။ ဒီသဘောကိုသိဖို့ အင်မတန်မှ အရေးကြီးတယ်။
ဒါကြောင့်မို့ ဝဋ်သုံးပါး - ကိလေသာဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် လို့ဆိုတဲ့ အထဲမယ် ဘယ်ဝဋ်ကိုဖယ်ရှားရမှာလဲဆိုတော့ ကိလေသာကိုဖယ်ရှားရမယ်၊ ကိလေသာကို ဖယ်ရှားလိုက်တာနဲ့ တစ်ပြိုင်နက် ရှိနေတဲ့ ကံတရားတွေက အလုပ်မဖြစ်တော့ဘူး စွမ်းဆောင်နိုင်မှုမရှိတော့ဘူး။
တကယ်တော့ ကံဆိုတာ ဖယ်ရှားလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ထားပြီးသားဆိုတော့ ပြီးခဲ့ပြီလေ၊ ပြီးခဲ့တဲ့ အရာတစ်ခုကို ဘယ်သူကပြင်လို့ ရမလဲ၊ လုပ်ပြီးဖြစ်နေပြီ၊ ပြီးပြီးသားဖြစ်နေပြီ၊ ပြီးပြီးသား ဖြစ်နေတဲ့ အရာကို ဘယ်လိုမှ ပြန်ယူလို့မရဘူး၊ ဒါကြောင့် ကံဆိုတာ ဖယ်ရှားပစ်လို့ မရဘူး။
ဖယ်ရှားလို့ရတာက ကိလေသာ၊ ကိလေသာကုန်လို့ရှိရင် ကံကုန်တယ်၊ ဒါကြောင့်မို့ ကိလေသနိရောဓါ၊ ကမ္မနိရောဓေါ တဲ့။
ဖယ်ရှားလို့ရတာက ကိလေသာ၊ ကိလေသာကုန်လို့ရှိရင် ကံကုန်တယ်၊ ဒါကြောင့်မို့ ကိလေသနိရောဓါ၊ ကမ္မနိရောဓေါ တဲ့။
No comments:
Post a Comment