Saturday, August 13, 2016

သီလတည္းဟူေသာေျမေပၚ၌ရပ္တည္၍ျပဳစုပ်ိဳးေထာင္ထားအပ္ေသာ ဒါန၏စြမ္းအား (သီလတည်းဟူသောမြေပေါ်၌ရပ်တည်၍ပြုစုပျိုးထောင်ထားအပ်သော ဒါန၏စွမ်းအား)

[Zawgyi]
“သီလတည္းဟူေသာေျမေပၚ၌ရပ္တည္၍ျပဳစုပ်ိဳးေထာင္ထားအပ္ေသာ ဒါန၏စြမ္းအား”

☆ ေလာက၌ ဒါနသည္ သိၾကားနတ္မင္း၏ စည္းစိမ္ကိုလည္း ေပးစြမ္းႏိုင္၏၊ မာရ္မင္း၏ စည္းစိမ္ကိုလည္းေပးစြမ္းႏိုင္၏၊ ျဗဟၼာမင္း၏ စည္းစိမ္ကိုလည္းေပးစြမ္းႏိုင္၏၊ စၾက၀ေတးမင္း၏ စည္းစိမ္ကိုလည္း ေပးစြမ္းႏိုင္၏၊ သာ၀ကပါရမီဉာဏ္ကိုလည္း ေပးစြမ္းႏိုင္၏၊ပေစၥကေဗာဓိဉာဏ္ကိုလည္း ေပးစြမ္းႏိုင္၏၊ အဘိသေမၺာဓိဉာဏ္ = သဗၺညဳတဉာဏ္ အထြဋ္တပ္ထားေသာ အရဟတၱမဂ္ဉာဏ္ကိုလည္း ေပးစြမ္းႏိုင္၏။ (အံ၊႒၊၃၊၂၁၃။)

☆ သီလတည္းဟူေသာ ေျမေပၚ၌ ရပ္တည္၍ ၾကဲခ်စိုက္ပ်ဳိးလိုက္ေသာ ဒါနသည္ ဒါနရွင္ဘက္က လူမင္းစည္းစိမ္ နတ္မင္းစည္းစိမ္ ျဗဟၼာမင္းစည္းစိမ္ စၾက၀ေတးမင္းစည္းစိမ္တို႔ကို လိုလားေတာင့္တခဲ့လွ်င္လည္း ထိုဒါနေစတနာက ယင္းစည္းစိမ္ အရပ္ရပ္တို႔ကို ေပးႏိုင္ေသာ စြမ္းအား အျပည့္အ၀ ရွိသည္သာ ျဖစ္၏။ တစ္ခ်ိန္ ယင္းဒါနကံက အက်ဳိးေပးဖို႔ရန္ အခါအခြင့္သင့္၍ ရင့္က်က္လာပါက ထိုအလွဴရွင္သည္ ထိုအက်ဳိးတရားတို႔ကို ရရွိမည္သာ ျဖစ္သည္။

☆ အကယ္၍ အလွဴရွင္က အဂၢသာ၀ကေဗာဓိဉာဏ္ မဟာသာ၀ကေဗာဓိဉာဏ္ပကတိသာ၀ကေဗာဓိဉာဏ္ ဟူေသာ ေဗာဓိဉာဏ္တစ္ခုခုကို လိုလားေတာင့္တခဲ့လွ်င္ ရရွိႏိုင္သည္သာ ျဖစ္၏၊ အကယ္၍ ပေစၥကေဗာဓိဉာဏ္ကို လိုလားေတာင့္တခဲ့လွ်င္ ထိုဒါနက ပေစၥကေဗာဓိဉာဏ္ကို ရသည္တိုင္ေအာင္ ေက်းဇူးျပဳေပးမည္သာ ျဖစ္၏၊ အကယ္၍ သုေမဓာရွင္ရေသ့တို႔ကဲ့သို႔ ေ၀ႆ     ႏၲရာမင္းႀကီးတို႔ကဲ့သို႔ သဗၺညဳတဉာဏ္ = သမၼာသေမၺာဓိဉာဏ္ေတာ္ျမတ္ႀကီးကို လိုလားေတာင့္တခဲ့လွ်င္လည္း ထိုဒါနက သဗၺညဳတဉာဏ္ = သမၼာသေမၺာဓိဉာဏ္ေတာ္ျမတ္ႀကီးကိုလည္း ရရွိေအာင္ ေက်းဇူးျပဳေပးႏိုင္သည္သာ ျဖစ္သည္။ ပါရမီ (၁၀)ပါးတို႔တြင္ ဒါနသည္လည္း ပါရမီ အစိတ္အပိုင္းတစ္ခု အျဖစ္ျဖင့္ ပါ၀င္လ်က္ပင္ ရွိ၏။ ဒါန၏ စြမ္းအားကား ႀကီးမားလွ၏။

☆ ဤမွ် စြမ္းအားႀကီးမားလွေသာ ဒါနက ထိုသို႔ အဆင့္အတန္း အလြန္ျမင့္မားေသာ အက်ဳိးတို႔ကို ေပးႏိုင္ျခင္း ျဖစ္ေစႏိုင္ျခင္းဟူေသာ ထိုသေဘာတရားကိုလည္း သီလရွိေသာ ပုဂၢိဳလ္အားသာလွ်င္ ငါဘုရား ေဟာၾကားေတာ္မူ၏၊ သီလမရွိေသာ ပုဂၢိဳလ္အား ရႏိုင္၏ဟု ငါဘုရား မေဟာၾကားေပ။

☆ ရဟန္းတို႔ ...သီလရွိေသာ ပုဂၢိဳလ္အား သီလစင္ၾကယ္ေနသည့္ အတြက္ေၾကာင့္ စိတ္ဓာတ္ ျဖဴစင္သန္႔ရွင္းေနသည့္ အတြက္ေၾကာင့္ စိတ္၏ေတာင့္တခ်က္ဟူသမွ်သည္ မခြၽတ္ဧကန္ ျပည့္စုံတတ္ေပ၏။ (အံ၊၃၊၇၁။)

¤ ဖားေအာက္ေတာရဆရာေတာ္ ¤

Original posted: Buddhavasa Tiloka

[Unicode]
“သီလတည်းဟူသောမြေပေါ်၌ရပ်တည်၍ပြုစုပျိုးထောင်ထားအပ်သော ဒါန၏စွမ်းအား”

☆ လောက၌ ဒါနသည် သိကြားနတ်မင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်းနိုင်၏၊ မာရ်မင်း၏ စည်းစိမ်ကိုလည်းပေးစွမ်းနိုင်၏၊ ဗြဟ္မာမင်း၏ စည်းစိမ်ကိုလည်းပေးစွမ်းနိုင်၏၊ စကြဝတေးမင်း၏ စည်းစိမ်ကိုလည်း ပေးစွမ်းနိုင်၏၊ သာဝကပါရမီဉာဏ်ကိုလည်း ပေးစွမ်းနိုင်၏၊ပစ္စေကဗောဓိဉာဏ်ကိုလည်း ပေးစွမ်းနိုင်၏၊ အဘိသမ္ဗောဓိဉာဏ် = သဗ္ဗညုတဉာဏ် အထွဋ်တပ်ထားသော အရဟတ္တမဂ်ဉာဏ်ကိုလည်း ပေးစွမ်းနိုင်၏။ (အံ၊ဋ္ဌ၊၃၊၂၁၃။)

☆ သီလတည်းဟူသော မြေပေါ်၌ ရပ်တည်၍ ကြဲချစိုက်ပျိုးလိုက်သော ဒါနသည် ဒါနရှင်ဘက်က လူမင်းစည်းစိမ် နတ်မင်းစည်းစိမ် ဗြဟ္မာမင်းစည်းစိမ် စကြဝတေးမင်းစည်းစိမ်တို့ကို လိုလားတောင့်တခဲ့လျှင်လည်း ထိုဒါနစေတနာက ယင်းစည်းစိမ် အရပ်ရပ်တို့ကို ပေးနိုင်သော စွမ်းအား အပြည့်အဝ ရှိသည်သာ ဖြစ်၏။ တစ်ချိန် ယင်းဒါနကံက အကျိုးပေးဖို့ရန် အခါအခွင့်သင့်၍ ရင့်ကျက်လာပါက ထိုအလှူရှင်သည် ထိုအကျိုးတရားတို့ကို ရရှိမည်သာ ဖြစ်သည်။

☆ အကယ်၍ အလှူရှင်က အဂ္ဂသာဝကဗောဓိဉာဏ် မဟာသာဝကဗောဓိဉာဏ်ပကတိသာဝကဗောဓိဉာဏ် ဟူသော ဗောဓိဉာဏ်တစ်ခုခုကို လိုလားတောင့်တခဲ့လျှင် ရရှိနိုင်သည်သာ ဖြစ်၏၊ အကယ်၍ ပစ္စေကဗောဓိဉာဏ်ကို လိုလားတောင့်တခဲ့လျှင် ထိုဒါနက ပစ္စေကဗောဓိဉာဏ်ကို ရသည်တိုင်အောင် ကျေးဇူးပြုပေးမည်သာ ဖြစ်၏၊ အကယ်၍ သုမေဓာရှင်ရသေ့တို့ကဲ့သို့ ဝေဿ     န္တရာမင်းကြီးတို့ကဲ့သို့ သဗ္ဗညုတဉာဏ် = သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကို လိုလားတောင့်တခဲ့လျှင်လည်း ထိုဒါနက သဗ္ဗညုတဉာဏ် = သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကိုလည်း ရရှိအောင် ကျေးဇူးပြုပေးနိုင်သည်သာ ဖြစ်သည်။ ပါရမီ (၁၀)ပါးတို့တွင် ဒါနသည်လည်း ပါရမီ အစိတ်အပိုင်းတစ်ခု အဖြစ်ဖြင့် ပါ၀င်လျက်ပင် ရှိ၏။ ဒါန၏ စွမ်းအားကား ကြီးမားလှ၏။

☆ ဤမျှ စွမ်းအားကြီးမားလှသော ဒါနက ထိုသို့ အဆင့်အတန်း အလွန်မြင့်မားသော အကျိုးတို့ကို ပေးနိုင်ခြင်း ဖြစ်စေနိုင်ခြင်းဟူသော ထိုသဘောတရားကိုလည်း သီလရှိသော ပုဂ္ဂိုလ်အားသာလျှင် ငါဘုရား ဟောကြားတော်မူ၏၊ သီလမရှိသော ပုဂ္ဂိုလ်အား ရနိုင်၏ဟု ငါဘုရား မဟောကြားပေ။

☆ ရဟန်းတို့ ...သီလရှိသော ပုဂ္ဂိုလ်အား သီလစင်ကြယ်နေသည့် အတွက်ကြောင့် စိတ်ဓာတ် ဖြူစင်သန့်ရှင်းနေသည့် အတွက်ကြောင့် စိတ်၏တောင့်တချက်ဟူသမျှသည် မချွတ်ဧကန် ပြည့်စုံတတ်ပေ၏။ (အံ၊၃၊၇၁။)

¤ ဖားအောက်တောရဆရာတော် ¤

Original posted: Buddhavasa Tiloka

No comments:

Post a Comment