Friday, August 12, 2016

မီးေဘးသင့္ေစႏုိင္ေသာ လွဴဒါန္းနည္း (မီးဘေးသင့်စေနိုင်သော လှူဒါန်းနည်း)

[Zawgyi]
မီးေဘးသင့္ေစႏုိင္ေသာ လွဴဒါန္းနည္း

လွဴဒါန္းမႈသည္ ေကာင္းေသာလုပ္ငန္းတစ္ခုျဖစ္ေသာ္လည္း ခံစားမႈတစ္ခုကုိအေျခခံျပီး မွားယြင္းေသာရည္ရြယ္ခ်က္ျဖင့္ လွဴဒါန္းမႈျပဳပါက ေကာင္းက်ိဳးေနာက္မွာ ဆုိးက်ိဳးမ်ား ကပ္လွ်က္ လိုက္ပါလာတတ္ၾကေပသည္။

သပၸဳရိသသုတ္မွာ သူေတာ္ေကာင္းတို႔လွဴေလ့ရွိေသာ အလွဴဒါန (၅) မ်ိဳးရွိသည့္အနက္ ေနာက္ဆံုးအခ်က္ျဖစ္သည့္ အတၱာနဉၥ ပရဉၥ အႏုပဟစၥ ဒါနံ ေဒတိ-ဆိုတဲ့ အခ်က္သည္ အလွဴ႕ရွင္တိုင္း အလြန္သတိထားသင့္ေသာ အခ်က္ျဖစ္ေပသည္။

ထုိအခ်က္သည္ အလွဴျပဳေသာအခါ မိမိကိုယ္ကိုယ္လည္းမထိခိုက္ = သူတစ္ပါးကိုလည္း မထိခိုက္ေစပဲ လွဴရမည္ဟု ညႊန္ၾကားထားေလသည္။ ဆိုလိုသည္က အလွဴတစ္ခုျပဳလုပ္သည့္အခါ မိမိကိုယ္ကိုယ္ အလွဴ႕ရွင္မွန္းသိေအာင္ မ႑ပ္တိုင္တက္ျပသကဲ့သုိ႔ ငါ ဒီလို ဒီလုိ လွဴလိုက္လွ်င္ ငါ့ကုိ ပတ္၀န္းက်င္က ေစတနာေကာင္းလုိက္တာ သဒၶါတရားေကာင္းလုိက္တာစသည္ျဖင့္ ခ်ီးမြမ္းၾကလိမ့္မည္ဟု ခ်ီးမြမ္းၾကမည့္စကားကိုေမွ်ာ္လင့္ေသာ (အတၱဳကၠံသန) ျဖင့္လည္းေကာင္း။ ဟုိလူေတြကို ကပ္စီးႏွဲလိုက္ၾကတာ ေစတနာမဲြလိုက္ၾကတာစသည္ျဖင့္ အျမင္ေရာက္သြားေအာင္ ထိုသူတုိ႔ကို ကဲ့ရဲ့ေစလုိေသာ ရည္ရြယ္ခ်က္မ်ိဳး (ပရ၀မၻန) ျဖင့္လည္းေကာင္း မလွဴအပ္ေပ။

ဥပမာ= ဟုိဘက္အိမ္က ငါးရာလွဴတယ္လို႔မိုက္ျဖင့္ေၾကညာသံၾကားလွ်င္ သူ႔ထက္သာေအာင္ တစ္ေထာင္လွဴျပလုိက္မယ္။ ထုိအခါ ပတ္၀န္းက်င္က ဟိုအိမ္ကလူေတြ ခ်မ္းသာၾကလွ်က္ ငါးရာပဲလွဴၾကတယ္ ငါ့ကုိေတာ့ ဆင္းရဲပါလွ်က္ တစ္ေထာင္ေတာင္လွဴတာ ေစတနာေကာင္းလွပါလား စသည္ျဖင့္ ဟုိလူေတြကုိကဲ့ရဲ့ေစျပီး မိမိကို ခ်ီးမြမ္းစလိုေသာဆႏၵျဖင့္ မလွဴအပ္ေပ။

ထုိကဲ့သုိ႔ အတၱဳကၠံသန = ပရ၀မၻန-စိတ္ထားမ်ိဳးျဖင့္လွဴဒါန္းပါက လွဴျခင္းေၾကာင့္ အိမ္ၾကီး အိမ္ေကာင္းႏွင့္ေနႏုိင္ျခင္းစေသာ ခ်မ္းသာေသာအက်ိဳးမ်ားရရွိေစႏိုင္ေသာ္လည္း သူတစ္ပါးကုိ လႊမ္းမိုးလို ကဲ့ရဲ့ေစလုိေသာစိတ္ထားရွိခဲ့ေသာေၾကာင့္ အိမ္မီးေလာင္ျခင္း ေရေျမာျခင္း စေသာဆိုးက်ိဳးမ်ားလိုက္ပါလာတတ္ၾကေပသည္။

ထို႔ေၾကာင့္ .............. လွဴဒါန္းေသာ ဆင္းတုေတာ္မ်ား ပူေဇာ္ထားနိုင္ရန္ ................ေဖာင္ေဒးရွင္းမွ ခ်င္းျပည္နယ္ရွိေရေဘးသင့္ျပည္သူမ်ားအား ေနအိမ္ေဆာက္လုပ္ လွဴဒါန္း= စေသာ အသံုးအႏႈန္းမ်ိဳးမ်ား ေရွာင္ရွားၾကလ်က္ မိမိတို႔အလွဴကို ေစတနာသန္႔သန္႔ စိတ္သန္႔သန္႔ျဖင့္ လွဴဒါန္းတတ္ၾကေစရန္ အၾကံျပဳေရးသားလိုက္ရေပသည္။

credit : အ႐ွင္ ဦးနႏၵာစာရ (မံုရြာ)
========================================================
[Unicode]
မီးဘေးသင့်စေနိုင်သော လှူဒါန်းနည်း

လှူဒါန်းမှုသည် ကောင်းသောလုပ်ငန်းတစ်ခုဖြစ်သော်လည်း ခံစားမှုတစ်ခုကိုအခြေခံပြီး မှားယွင်းသောရည်ရွယ်ချက်ဖြင့် လှူဒါန်းမှုပြုပါက ကောင်းကျိုးနောက်မှာ ဆိုးကျိုးများ ကပ်လျှက် လိုက်ပါလာတတ်ကြပေသည်။

သပ္ပုရိသသုတ်မှာ သူတော်ကောင်းတို့လှူလေ့ရှိသော အလှူဒါန (၅) မျိုးရှိသည့်အနက် နောက်ဆုံးအချက်ဖြစ်သည့် အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ဒါနံ ဒေတိ-ဆိုတဲ့ အချက်သည် အလှူ့ရှင်တိုင်း အလွန်သတိထားသင့်သော အချက်ဖြစ်ပေသည်။

ထိုအချက်သည် အလှူပြုသောအခါ မိမိကိုယ်ကိုယ်လည်းမထိခိုက် = သူတစ်ပါးကိုလည်း မထိခိုက်စေပဲ လှူရမည်ဟု ညွှန်ကြားထားလေသည်။ ဆိုလိုသည်က အလှူတစ်ခုပြုလုပ်သည့်အခါ မိမိကိုယ်ကိုယ် အလှူ့ရှင်မှန်းသိအောင် မဏ္ဍပ်တိုင်တက်ပြသကဲ့သို့ ငါ ဒီလို ဒီလို လှူလိုက်လျှင် ငါ့ကို ပတ်ဝန်းကျင်က စေတနာကောင်းလိုက်တာ သဒ္ဓါတရားကောင်းလိုက်တာစသည်ဖြင့် ချီးမွမ်းကြလိမ့်မည်ဟု ချီးမွမ်းကြမည့်စကားကိုမျှော်လင့်သော (အတ္တုက္ကံသန) ဖြင့်လည်းကောင်း။ ဟိုလူတွေကို ကပ်စီးနှဲလိုက်ကြတာ စေတနာမွဲလိုက်ကြတာစသည်ဖြင့် အမြင်ရောက်သွားအောင် ထိုသူတို့ကို ကဲ့ရဲ့စေလိုသော ရည်ရွယ်ချက်မျိုး (ပရဝမ္ဘန) ဖြင့်လည်းကောင်း မလှူအပ်ပေ။

ဥပမာ= ဟိုဘက်အိမ်က ငါးရာလှူတယ်လို့မိုက်ဖြင့်ကြေညာသံကြားလျှင် သူ့ထက်သာအောင် တစ်ထောင်လှူပြလိုက်မယ်။ ထိုအခါ ပတ်ဝန်းကျင်က ဟိုအိမ်ကလူတွေ ချမ်းသာကြလျှက် ငါးရာပဲလှူကြတယ် ငါ့ကိုတော့ ဆင်းရဲပါလျှက် တစ်ထောင်တောင်လှူတာ စေတနာကောင်းလှပါလား စသည်ဖြင့် ဟိုလူတွေကိုကဲ့ရဲ့စေပြီး မိမိကို ချီးမွမ်းစလိုသောဆန္ဒဖြင့် မလှူအပ်ပေ။

ထိုကဲ့သို့ အတ္တုက္ကံသန = ပရဝမ္ဘန-စိတ်ထားမျိုးဖြင့်လှူဒါန်းပါက လှူခြင်းကြောင့် အိမ်ကြီး အိမ်ကောင်းနှင့်နေနိုင်ခြင်းစသော ချမ်းသာသောအကျိုးများရရှိစေနိုင်သော်လည်း သူတစ်ပါးကို လွှမ်းမိုးလို ကဲ့ရဲ့စေလိုသောစိတ်ထားရှိခဲ့သောကြောင့် အိမ်မီးလောင်ခြင်း ရေမြောခြင်း စသောဆိုးကျိုးများလိုက်ပါလာတတ်ကြပေသည်။

ထို့ကြောင့် .............. လှူဒါန်းသော ဆင်းတုတော်များ ပူဇော်ထားနိုင်ရန် ................ဖောင်ဒေးရှင်းမှ ချင်းပြည်နယ်ရှိရေဘေးသင့်ပြည်သူများအား နေအိမ်ဆောက်လုပ် လှူဒါန်း= စသော အသုံးအနှုန်းမျိုးများ ရှောင်ရှားကြလျက် မိမိတို့အလှူကို စေတနာသန့်သန့် စိတ်သန့်သန့်ဖြင့် လှူဒါန်းတတ်ကြစေရန် အကြံပြုရေးသားလိုက်ရပေသည်။

credit : အရှင် ဦးနန္ဒာစာရ (မုံရွာ)

No comments:

Post a Comment