Monday, August 15, 2016

အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း (၁၄) (အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း (၁၄))

[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း (၁၄)

ထူးကဲေသာ အဇိတ၏ အတိတ္ဘဝကုသိုလ္
*****************************************
အရိေမေတၱယ် ျမတ္စြာဘုရားအေလာင္းေတာ္သည္ အတိတ္ဘဝတစ္ခုတြင္ ဣႏၵပတၱနဂိုရ္ျပည္၌ စၾကဝေတးမင္းျဖစ္စဥ္အခါက ထိုေခာတ္အခါတြင္ ပြင့္ေသာဘုရားရွင္၏ တရားေတာ္ကို နာၾကားရေသာအခါ တရားေတာ္ကိုၾကည္ညိဳအားႀကီး၍ ဘုရားရွင္၏တရားေတာ္ကိုပူေဇာ္ေသာ ဓမၼပူဇာအေနျဖင့္ သူ၏လည္ပင္းကို သူကိုယ္တိုင္ျဖတ္၍ ဦးေခါင္းကိုဘုရားရွင္အားတရားပူေဇာ္မည္ဟူေသာ စိတ္အႀကံျဖင့္ မလွဴခင္တြင္ ဆုေတာင္းေတာ္မူ၏။ အရွင္ဘုရား၏ တရားေတာ္ကို နာၾကားရၿပီး ၾကည္ညိဳလြန္းလွ၍ တရားေတာ္ကိုပူေဇာ္ေသာအားျဖင့္တပည့္ေတာ္၏ ဦးေခါင္းကို အရွင္ဘုရားအားလွဴဒါန္းပါ၏ဘုရား။ ဤေကာင္းမႈ ကုသိုလ္ေၾကာင့္တပည့္ေတာ္ဘုရားျဖစ္ေသာအခါ ေန႔အခါ ညအခါဟူ၍မရွိ ေန႔ေရာညပါ လင္းထိန္ေနရပါလို၏ဘုရား ဟု သာမာန္လူမ်ားမလွဴႏိုင္ေသာလွဴႏိုင္ခဲသည့္ ဦးေခါင္းကိုျဖတ္၍ အသက္ကိုစြန့္ကာ ဒါန ပရမတၳပါရမီ ကုသိုလ္ထူးကိုျပဳ၍ ဆုေတာင္းခဲ႔ေသာကုသိုလ္ေၾကာင့္ျဖစ္သည္ဟု ေဟာၾကားလိုက္သည္။

ပရိနိဗၺာန္စံမည့္ သက္ေတာ္အရြယ္
*********************************
အရိေမေတၱယ် ျမတ္စြာဘုရားရွင္သည္ ဘုရားျဖစ္သည့္အခ်ိန္မွစ၍ ကုေဋခုႏွစ္ရာေသာပရိတ္သတ္တို႔ကို ေခ်ခြ်တ္ေတာ္မူၿပီးလွ်င္အႏွစ္ရွစ္ေသာင္းျပည့္ေသာအခ်ိန္တြင္ ပရိနိဗၺာန္စံလိမ့္မည္။ သာသနာေတာ္အႏွစ္သံုးသိန္းေျခာက္ေသာင္းထားခဲ႔လိမ့္မည္။ အရိေမေတၱယ် ျမတ္စြာဘုရားရွင္ထားခဲ႔ေသာ သာသနာ သံုးသိန္းေျခာက္ေသာင္းျပည့္ေသာအခါ ဤဘဒၵကမ ၻာႀကီးသည္ အခ်ိန္တန္လွ်င္သာသနာပ်က္စီး၍ ကမၻာတစ္သိန္းကာလပတ္လံုး ဘုရားမပြင့္ေတာ့ပါ။ ဘုရားမပြင့္ေသာ ကမ ၻာတစ္သိန္းေက်ာ္လြန္ေသာအခါ မ႑ကမၻာျဖစ္၍ ဥတၱရာမမင္းသည္ ရာမသမၺဳဒၶဘုရားျဖစ္လိမ့္မည္။ ပေသနဒီေကာသလမင္းသည္ ဓမၼရာဇာဘုရားျဖစ္လိမ့္မည္။ ထိုမ႑ကမ ၻာတြင္ ဘုရားႏွစ္ဆူပြင့္ၿပီး ပ်က္စီးသြားေသာအခါ သာရကမၻာျဖစ္ေပၚလာလိမ့္မည္။ ထိုသာရကမ ၻာတြင္ အဘိဘူဘုရားတစ္ဆူသာပြင့္လိမ့္မည္။ သာရကမၻာပ်က္ေသာအခါ ကမ ၻာတစ္သိန္း ဘုရားမပြင့္ဘဲေန၍ ကမ ၻာတစ္သိန္းေက်ာ္လြန္ေသာအခါ ျဖစ္ေပၚလာမည့္ကမ ၻာမ်ားတြင္ ဒီဃေသာနိ အသူရိန္နတ္သား စႏၵနီပုဏၰား သုဘလုလင္ ေတာေဒယ်ပုဏၰား နာဠာဂီရိဆင္မင္း ပလေလယဆင္မင္းတို႔အစဥ္အတိုင္းဘုရားျဖစ္လိမ့္မည္။

ေဂါတမျမတ္စြာဘုရားရွင္ ပရိနိဗၺာန္စံခါနီးတြင္ ရွင္မဟာကသပအား သာသနာ့တာဝန္လဲႊအပ္မွာၾကားပံု
****************
ျမတ္စြာဘုရားရွင္သည္ အလွဴခံရရွိထားေသာ သကၤန္းတစ္စံုကို ဝတ္ေတာ္မမူဘဲပရိနိဗၺာန္စံခါနီးေသာကာလအခါတြင္ ရွင္မဟာကသပအား ဤသို႔မိန္႔မွာေတာ္မူခဲ႔၏။
ခ်စ္သား ကႆပ ငါဘုရားသည္ကမ ၻာမ်ားစြာ နိဗၺာန္အလို႔ငွာ ဆင္းရဲဒုကၡကိုခံခဲ႔၏။ ယခုလိုအင္ဆႏၵ အၿပီးအဆံုးသို႔ေရာက္ေပၿပီ။ ပရိနိဗၺာန္စံေတာ္မူေတာ့အံ႔။ ပိဋကတ္ေတာ္ကိုသင့္အား ငါ လဲႊအပ္ေတာ္မူခဲ႔၏။ မေပ်ာက္မပ်က္ မယုတ္မေလ်ာ့ရေအာင္ ေစာင့္ေရွာက္ေလာ့။
မိေထြးေတာ္ေဂါတမီ ကပ္လွဴေသာသကၤန္းကိုလည္း ေမေတၱယ်ဘုရားရွင္ ပြင့္ေတာ္မူေသာအခါ ကပ္ေတာ္မူရေအာင္ ငါ လဲႊအပ္ခဲ႔၏ ဟုမိန္႔မွာေတာ္မူေသာအခါရွင္မဟာကသပသည္ ထိုသကၤန္းေတာ္ကို ကုကၠဳဋပါဒေတာင္ထိပ္ရွိ ေတာင္ထြဋ္သံုးခုတို႔၏အတြင္း၌ အဓိ႒ာန္ျဖင့္စံေနေတာ္မူ၏။ ေမေတၱယ်ျမတ္စြာဘုရားရွင္ပြင့္ေတာ္မူေသာအခါ တရားေဟာျပရာ မာနခက္ထန္သူတို႔ မနာခံသည္ကိုေတြ႕ရ၍ ထိုမာနခက္ထန္သူတို႔ကို ကကၠဳဋပါဒေတာင္သို႔ ေခၚေဆာင္လာၿပီးလွ်င္ ရွင္မဟာကသပကိုျပေတာ္မူ၍ ရွင္မဟာကသပကို ျမင္ေသာအခါသကၤန္းေတာ္ကို အရိေမေတၱယ် ျမတ္စြာဘုရားရွင္အားဆက္ကပ္ၿပီးလွ်င္ ရိုေသစြာရွိခိုး၍ ေကာင္းကင္သို႔ပ်ံတက္လွ်က္ ေရမီးအစံု တန္ခိုးျပာဋိဟာျပေတာ္မူကာ ပရိနိဗၺာန္ဝင္စံေတာ္မူလိမ့္မည္။
သကၤန္းႏွစ္စံုကို အေျချပဳ၍ ေဟာၾကားခဲ႔ေသာတရားသည္ အဇိတရဟန္း ဘုရားရွင္ကိုလွဴေသာသကၤန္းသည္ မ်က္ႏွာက်က္အျဖစ္အသံုးျပဳမိုးကာထားသည္။ ဘုရားရွင္ထံမွသကၤန္းသည္ ရွင္မဟာကသပ အဓိ႒ာန္ျဖင့္ အရိေမေတၱယ်ဘုရားရွင္အား လွဴဒါန္းလိုက္၍ မိေထြးေတာ္ေဂါတမီက ေဂါတမဘုရားရွင္အား လွဴဒါန္းေသာသကၤန္းႏွစ္စံုသည္အရိေမေတၱယ်ဘုရားရွင္သာႏွစ္စံုအကုန္ရေပသည္။
သူေတာ္စင္ သူေတာ္ေကာင္းအေပါင္းတို႔သည္ ကုသိုလ္ေကာင္းမႈ မ်ားစြာျပဳလုပ္ၾက၍ ယခုႀကံဳေတြ႕ေနရေသာ ေဂါတမဘုရားရွင္၏သာသနာအတြင္းတြင္ အရိယာမျဖစ္ခဲ႔လွ်င္ ေနာင္ အရိေမေတၱယ်ဘုရား သာသနာအတြင္းတြင္ အစြမ္းကုန္ အက်ဳိးေပး၍ အရိေမေတၱယ်ျမတ္စြာဘုရားရွင္ကို အားရပါးရဖူးရၿပီး လူ႕စည္းစိမ္ အျပည့္အဝ ခံစားရ၍ က်န္းမာခ်မ္းသာေဘးဘယာ ေဝးကြာလ်က္ နိဗၺာန္ကိုေရာက္ရွိႏိုင္ၾကပါလိမ့္မည္။ ထို႔ေၾကာင့္ ဤဘဝ ဤသာသနာအတြင္းဝယ္ ကုသိုလ္ေကာင္းမႈမွန္သမွ် ဆုတ္ဆိုင္းျခင္းမရိွဘဲ လံု႔လ ဝီရိယထား၍က်င့္ႀကံ ႀကိဳးကုတ္ အားထုတ္ႏိုင္ၾကပါေစကုန္သတည္း။

သာဓု သာဓု သာဓု ပါဘုရား။
အရိေမေတၱယ်ာယ နိဌိၵတံ

အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ကို နာယူၾကေသာ သင္သူေတာ္ေကာင္းအေပါင္းတို႔သည္ ဤဘဝ ဤသာသနာအတြင္းတြင္ အရိယာျဖစ္ေအာင္ ႀကိဳးစားအားထုတ္၍ေနၾကပါေသာ္လည္းအနည္းဆံုးတစ္မဂ္ တစ္ဖိုလ္ျဖစ္ေသာ ေသာတာပန္ဘဝေလာက္မွ်ေရာက္ရွိမသြားၾကဘဲ ဘဝတစ္ပါးသို႔ေျပာင္းေရြ႕သြားၾကရေသာ ပုထုဇဥ္မွန္သ၍ ရဟန္းျဖစ္ေစလူျဖစ္ေစ ေနာင္ဘဝ ေနာင္ဘဝ ထိုေနာင္ဘဝမ်ားစြာတို႔တြင္ ခ်မ္းသာဟူ၍ အနည္းငယ္မွ်ခံစားခြင့္မရ ဆင္းရဲျခင္းအမ်ဳိးမ်ဳိးကိုသာ ခံစားေနၾကရေသာ အပါယ္ေလးဘံုဘဝႏွင့္ စည္းစိမ္ခ်မ္းသာအမ်ဳိးမ်ဳိးတို႔ျဖင့္ ျပည့္စံုၾကေသာ နတ္ျဗဟၼာဘဝဟူ၍ ေကာင္းေသာဘဝႏွင့္မေကာင္းေသာဘဝ ႏွစ္မ်ဳိးႏွစ္စားရွိၾကရာတြင္ စည္းစိမ္ခ်မ္းသာ အမ်ဳိးမ်ဳိးတို႔ျဖင့္ ျပည့္စံူု၍ ေကာင္းျမတ္ေသာ လူ႔ဘဝျဖင့္ နိဗၺာန္ေရာက္သည့္တိုင္ အထက္တန္းက်က် မ်က္ႏွာပန္းလွလွျဖင့္ အရိေမေတၱယ် တန္ခိုးႀကီးဘုရားရွင္ကိုဖူးေျမာ္ျခင္းျဖင့္ တရားေတာ္မ်ားကိုနာၾကားၾကရ၍ နိဗၺာန္သို႔ေရာက္ေစခ်င္ေသာဆႏၵ အရိေမေတၱယ် ျမတ္စြာဘုရားရွင္ပြင့္ေသာအခါထိုဘုရားရွင္ ၏ အံ႔ၾသဖြယ္ရာ တန္ခိုးေတာ္မ်ား ထိုဘုရားရွင္သာသနာအတြင္း လူျဖစ္ၾကမည့္သူတိုင္း နတ္တို႔၏စည္းစိမ္ခ်မ္းသာကဲ႔သို႔ ေနထိုင္ရမည္ျဖစ္ျခင္း ထိုဘုရားရွင္ကို ဖူးေျမာ္ခ်င္ၾကသူမ်ားျပဳက်င့္ရမည့္ ကုသိုလ္ေကာင္းမႈတို႔ကို သိေစခ်င္ ျပဳလုပ္ေစခ်င္လိုေသာဆႏၵ အျပည့္အဝျဖင့္ ေဟာၾကားေတာ္မူေသာ ---
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားတရားေဒသနာေတာ္ျမတ္သည္ နိ႒ိတံ
လက္လွမ္းမီွရာ စြမ္းအားရွိသေလာက္ ေဟာၾကားပါသျဖင့္ ဤတြင္ၿပီးလတ္ အဆံုးသတ္ျခင္းသို႔ ေရာက္ခဲ႔ပါေပေတာ့သတည္း။
သာဓု သာဓု သာဓု ပါဘုရား။

ဆုေတာင္း ဂါထာ

ဣမိနာ ပုညကေမၼန ပညာဓိေကာ ဘဝါမဟံ။
ဣစၧိတေတၱာစ ပါဏီနံ သုေခေနဝ သမိဇၩတု။

-အဟံ
သံသရာနက္ဝွမ္း တစ္ဖက္ကမ္းကိုလက္လွမ္းကာေမွ်ာ္ ဘုရားတပည့္ေတာ္သည္
-ဣမိနာ ပုညကေမၼန
ေနာင္အနာဂတ္ကာလ၌ ပြင့္ေတာ္မူမည္ျဖစ္ေသာ အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အေၾကာင္းအရာ အလံုးစံုကို ျပည့္စံုစြာ ေဟာၾကား၍ ႀကိဳးစားအားထုတ္ ျပဳလုပ္ရေသာ ဤဓမၼေဒသနာ ကုသိုလ္ေကာင္းမႈ အစြမ္းသတၱိ အာႏုေဘာ္ေၾကာင့္
-ပညာဓီေကာ
နိဗၺာန္မရမခ်င္း ဘဝတိုင္း ဘဝတိုင္းအတြင္း၍(ဝါ) အရိေမေတၱယ်ဘုရားသာသနာအတြင္း၌ ဝရဇိန္စက္ပမာ ပညာဥာဏ္ေရာင္ပြင့္လင္းေျပာင္၍ အရွင္သာရိပုတၱရာ ကဲ႔သို႔ေသာ အမ်ဳိးေကာင္းသားသည္
-ဘဝါမိ
ႀကံတိုင္းလည္းေအာင္ ေဆာင္တိုင္းလည္းေျမာက္ စိတ္ထင္တိုင္း ေပါက္ေရာက္ရပါလို၏။
-ပါဏီနံ
ၾကြင္းက်န္မ်ားစြာ သတၱဝါအနႏၲ ေဝေနယ်တို႔၏
-ဣစၧိတေတၱာစ
ဟိုဟို ဒီဒီ အလီလီႏွင့္ ႀကံစည္ရြယ္လတ္အလိုရွိအပ္ ေတာင့္တအပ္ေသာ ေလာကီ ေလာကုတၱရာအက်ဳိး ျပည့္ၿဖိဳးၾကြယ္စံုကံုလံုျခင္းသည္လည္း
-သုေခေနဝ
စိတ္ခ် လက္ခ် ကိုယ္စိတ္ခ်မ္းသာ သုချဖင့္သာလွ်င္
-သမိဇၩတု
ကိုယ့္နည္း ကိုယ့္ဟန္ ကိုယ့္အႀကံျဖင့္အလိုရွိတိုင္း မဆုတ္ဆိုင္းဘဲ ျပည့္စံုပါေစသတည္း အရွင္ဘုရား။

[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏ ပန္ခ်င္သူမ်ား ေခါင္းၿဖီးထား စာအုပ္ကို အစမွအဆံုးထိ ကူးယူေဝမွ်ျခင္းသာ ျဖစ္ပါသည္။]

ဤသို႔ ႀကိဳးစားအားထုတ္ ေဝမွ်ေပးရေသာ ကုသိုလ္ေကာင္းမႈ၏ အဖို႔ဘာဂကို
ဘဝ ဘဝ သံသရာအဆက္ဆက္မွ ယခုဘဝတိုင္ေအာင္ ေတာ္စပ္ခဲ႔ၾကကုန္ေသာ အမိ အဘ ဆရာသမား ေဆြမ်ဳိးဥာတကာတို႔ကိုလည္းအမွ် ေပးေဝပါ၏။
ကမ ၻာမွာေနသမွ် ေဝေနယ်မ်ားစြာ သုခိတ ဒုကၡိတ သတၱဝါအနႏၲတို႔ကိုလည္း အမွ် ေပးေဝပါ၏။
စၾကာဝဠာ ကမ ၻာတိုက္တစ္ေသာင္းတြင္ေနထိုင္ၾကကုန္ေသာ နတ္ ျဗဟၼာမ်ားကိုလည္း တစ္ဦးတစ္ေလမွ မက်န္ရေအာင္အမွ် ေပးေဝပါ၏။
အထူးအားျဖင့္ fb ေပၚမွဓမၼမိတ္ေဆြသူငယ္ခ်င္းအားလံုးကို အမွ်ေပးေဝပါ၏။
အားလံုး အမွ်ရ၍ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါေစကုန္သတည္း။
အမွွွ် ... အမွ် ... အမွ် ... ယူေတာ္မူၾကပါကုန္ေလာ့......
သာဓု ... သာဓု... သာဓု ... ပါဘုရား။
ဤေကာင္းမႈသည္ ေဗာဓိဥာဏ္၏ အားႀကီးေသာ ဥပနိႆယ အေၾကာင္း အေထာက္အပံ႔ ျဖစ္ပါေစသတည္း။
မွတ္ခ်က္။  ။ ဆိုရိုးရွိ၏။ သာဓုေခၚသူ တစ္ဝက္ယူ။

ေမတၱာမ်ားစြာျဖင့္
ေဒၚယုစႏၵီ

[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း (၁၄)

ထူးကဲသော အဇိတ၏ အတိတ်ဘဝကုသိုလ်
*****************************************
အရိမေတ္တေယျ မြတ်စွာဘုရားအလောင်းတော်သည် အတိတ်ဘဝတစ်ခုတွင် ဣန္ဒပတ္တနဂိုရ်ပြည်၌ စကြဝတေးမင်းဖြစ်စဉ်အခါက ထိုခောတ်အခါတွင် ပွင့်သောဘုရားရှင်၏ တရားတော်ကို နာကြားရသောအခါ တရားတော်ကိုကြည်ညိုအားကြီး၍ ဘုရားရှင်၏တရားတော်ကိုပူဇော်သော ဓမ္မပူဇာအနေဖြင့် သူ၏လည်ပင်းကို သူကိုယ်တိုင်ဖြတ်၍ ဦးခေါင်းကိုဘုရားရှင်အားတရားပူဇော်မည်ဟူသော စိတ်အကြံဖြင့် မလှူခင်တွင် ဆုတောင်းတော်မူ၏။ အရှင်ဘုရား၏ တရားတော်ကို နာကြားရပြီး ကြည်ညိုလွန်းလှ၍ တရားတော်ကိုပူဇော်သောအားဖြင့်တပည့်တော်၏ ဦးခေါင်းကို အရှင်ဘုရားအားလှူဒါန်းပါ၏ဘုရား။ ဤကောင်းမှု ကုသိုလ်ကြောင့်တပည့်တော်ဘုရားဖြစ်သောအခါ နေ့အခါ ညအခါဟူ၍မရှိ နေ့ရောညပါ လင်းထိန်နေရပါလို၏ဘုရား ဟု သာမာန်လူများမလှူနိုင်သောလှူနိုင်ခဲသည့် ဦးခေါင်းကိုဖြတ်၍ အသက်ကိုစွန့်ကာ ဒါန ပရမတ္ထပါရမီ ကုသိုလ်ထူးကိုပြု၍ ဆုတောင်းခဲ့သောကုသိုလ်ကြောင့်ဖြစ်သည်ဟု ဟောကြားလိုက်သည်။

ပရိနိဗ္ဗာန်စံမည့် သက်တော်အရွယ်
*********************************
အရိမေတ္တေယျ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်သည့်အချိန်မှစ၍ ကုဋေခုနှစ်ရာသောပရိတ်သတ်တို့ကို ချေချွတ်တော်မူပြီးလျှင်အနှစ်ရှစ်သောင်းပြည့်သောအချိန်တွင် ပရိနိဗ္ဗာန်စံလိမ့်မည်။ သာသနာတော်အနှစ်သုံးသိန်းခြောက်သောင်းထားခဲ့လိမ့်မည်။ အရိမေတ္တေယျ မြတ်စွာဘုရားရှင်ထားခဲ့သော သာသနာ သုံးသိန်းခြောက်သောင်းပြည့်သောအခါ ဤဘဒ္ဒကမ ္ဘာကြီးသည် အချိန်တန်လျှင်သာသနာပျက်စီး၍ ကမ္ဘာတစ်သိန်းကာလပတ်လုံး ဘုရားမပွင့်တော့ပါ။ ဘုရားမပွင့်သော ကမ ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်၍ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မည်။ ပသေနဒီကောသလမင်းသည် ဓမ္မရာဇာဘုရားဖြစ်လိမ့်မည်။ ထိုမဏ္ဍကမ ္ဘာတွင် ဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွားသောအခါ သာရကမ္ဘာဖြစ်ပေါ်လာလိမ့်မည်။ ထိုသာရကမ ္ဘာတွင် အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မည်။ သာရကမ္ဘာပျက်သောအခါ ကမ ္ဘာတစ်သိန်း ဘုရားမပွင့်ဘဲနေ၍ ကမ ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမည့်ကမ ္ဘာများတွင် ဒီဃသောနိ အသူရိန်နတ်သား စန္ဒနီပုဏ္ဏား သုဘလုလင် တောဒေယျပုဏ္ဏား နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့အစဉ်အတိုင်းဘုရားဖြစ်လိမ့်မည်။

ဂေါတမမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံခါနီးတွင် ရှင်မဟာကသပအား သာသနာ့တာဝန်လွှဲအပ်မှာကြားပုံ
****************
မြတ်စွာဘုရားရှင်သည် အလှူခံရရှိထားသော သင်္ကန်းတစ်စုံကို ဝတ်တော်မမူဘဲပရိနိဗ္ဗာန်စံခါနီးသောကာလအခါတွင် ရှင်မဟာကသပအား ဤသို့မိန့်မှာတော်မူခဲ့၏။
ချစ်သား ကဿပ ငါဘုရားသည်ကမ ္ဘာများစွာ နိဗ္ဗာန်အလို့ငှာ ဆင်းရဲဒုက္ခကိုခံခဲ့၏။ ယခုလိုအင်ဆန္ဒ အပြီးအဆုံးသို့ရောက်ပေပြီ။ ပရိနိဗ္ဗာန်စံတော်မူတော့အံ့။ ပိဋကတ်တော်ကိုသင့်အား ငါ လွှဲအပ်တော်မူခဲ့၏။ မပျောက်မပျက် မယုတ်မလျော့ရအောင် စောင့်ရှောက်လော့။
မိထွေးတော်ဂေါတမီ ကပ်လှူသောသင်္ကန်းကိုလည်း မေတ္တေယျဘုရားရှင် ပွင့်တော်မူသောအခါ ကပ်တော်မူရအောင် ငါ လွှဲအပ်ခဲ့၏ ဟုမိန့်မှာတော်မူသောအခါရှင်မဟာကသပသည် ထိုသင်္ကန်းတော်ကို ကုက္ကုဋပါဒတောင်ထိပ်ရှိ တောင်ထွဋ်သုံးခုတို့၏အတွင်း၌ အဓိဋ္ဌာန်ဖြင့်စံနေတော်မူ၏။ မေတ္တေယျမြတ်စွာဘုရားရှင်ပွင့်တော်မူသောအခါ တရားဟောပြရာ မာနခက်ထန်သူတို့ မနာခံသည်ကိုတွေ့ရ၍ ထိုမာနခက်ထန်သူတို့ကို ကက္ကုဋပါဒတောင်သို့ ခေါ်ဆောင်လာပြီးလျှင် ရှင်မဟာကသပကိုပြတော်မူ၍ ရှင်မဟာကသပကို မြင်သောအခါသင်္ကန်းတော်ကို အရိမေတ္တေယျ မြတ်စွာဘုရားရှင်အားဆက်ကပ်ပြီးလျှင် ရိုသေစွာရှိခိုး၍ ကောင်းကင်သို့ပျံတက်လျှက် ရေမီးအစုံ တန်ခိုးပြာဋိဟာပြတော်မူကာ ပရိနိဗ္ဗာန်ဝင်စံတော်မူလိမ့်မည်။
သင်္ကန်းနှစ်စုံကို အခြေပြု၍ ဟောကြားခဲ့သောတရားသည် အဇိတရဟန်း ဘုရားရှင်ကိုလှူသောသင်္ကန်းသည် မျက်နှာကျက်အဖြစ်အသုံးပြုမိုးကာထားသည်။ ဘုရားရှင်ထံမှသင်္ကန်းသည် ရှင်မဟာကသပ အဓိဋ္ဌာန်ဖြင့် အရိမေတ္တေယျဘုရားရှင်အား လှူဒါန်းလိုက်၍ မိထွေးတော်ဂေါတမီက ဂေါတမဘုရားရှင်အား လှူဒါန်းသောသင်္ကန်းနှစ်စုံသည်အရိမေတ္တေယျဘုရားရှင်သာနှစ်စုံအကုန်ရပေသည်။
သူတော်စင် သူတော်ကောင်းအပေါင်းတို့သည် ကုသိုလ်ကောင်းမှု များစွာပြုလုပ်ကြ၍ ယခုကြုံတွေ့နေရသော ဂေါတမဘုရားရှင်၏သာသနာအတွင်းတွင် အရိယာမဖြစ်ခဲ့လျှင် နောင် အရိမေတ္တေယျဘုရား သာသနာအတွင်းတွင် အစွမ်းကုန် အကျိုးပေး၍ အရိမေတ္တေယျမြတ်စွာဘုရားရှင်ကို အားရပါးရဖူးရပြီး လူ့စည်းစိမ် အပြည့်အဝ ခံစားရ၍ ကျန်းမာချမ်းသာဘေးဘယာ ဝေးကွာလျက် နိဗ္ဗာန်ကိုရောက်ရှိနိုင်ကြပါလိမ့်မည်။ ထို့ကြောင့် ဤဘဝ ဤသာသနာအတွင်းဝယ် ကုသိုလ်ကောင်းမှုမှန်သမျှ ဆုတ်ဆိုင်းခြင်းမရှိဘဲ လုံ့လ ဝီရိယထား၍ကျင့်ကြံ ကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု ပါဘုရား။
အရိမေတ္တေယျာယ နိဌ္ဒိတံ

အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင်ကို နာယူကြသော သင်သူတော်ကောင်းအပေါင်းတို့သည် ဤဘဝ ဤသာသနာအတွင်းတွင် အရိယာဖြစ်အောင် ကြိုးစားအားထုတ်၍နေကြပါသော်လည်းအနည်းဆုံးတစ်မဂ် တစ်ဖိုလ်ဖြစ်သော သောတာပန်ဘဝလောက်မျှရောက်ရှိမသွားကြဘဲ ဘဝတစ်ပါးသို့ပြောင်းရွေ့သွားကြရသော ပုထုဇဉ်မှန်သ၍ ရဟန်းဖြစ်စေလူဖြစ်စေ နောင်ဘဝ နောင်ဘဝ ထိုနောင်ဘဝများစွာတို့တွင် ချမ်းသာဟူ၍ အနည်းငယ်မျှခံစားခွင့်မရ ဆင်းရဲခြင်းအမျိုးမျိုးကိုသာ ခံစားနေကြရသော အပါယ်လေးဘုံဘဝနှင့် စည်းစိမ်ချမ်းသာအမျိုးမျိုးတို့ဖြင့် ပြည့်စုံကြသော နတ်ဗြဟ္မာဘဝဟူ၍ ကောင်းသောဘဝနှင့်မကောင်းသောဘဝ နှစ်မျိုးနှစ်စားရှိကြရာတွင် စည်းစိမ်ချမ်းသာ အမျိုးမျိုးတို့ဖြင့် ပြည့်စူံု၍ ကောင်းမြတ်သော လူ့ဘဝဖြင့် နိဗ္ဗာန်ရောက်သည့်တိုင် အထက်တန်းကျကျ မျက်နှာပန်းလှလှဖြင့် အရိမေတ္တေယျ တန်ခိုးကြီးဘုရားရှင်ကိုဖူးမြော်ခြင်းဖြင့် တရားတော်များကိုနာကြားကြရ၍ နိဗ္ဗာန်သို့ရောက်စေချင်သောဆန္ဒ အရိမေတ္တေယျ မြတ်စွာဘုရားရှင်ပွင့်သောအခါထိုဘုရားရှင် ၏ အံ့သြဖွယ်ရာ တန်ခိုးတော်များ ထိုဘုရားရှင်သာသနာအတွင်း လူဖြစ်ကြမည့်သူတိုင်း နတ်တို့၏စည်းစိမ်ချမ်းသာကဲ့သို့ နေထိုင်ရမည်ဖြစ်ခြင်း ထိုဘုရားရှင်ကို ဖူးမြော်ချင်ကြသူများပြုကျင့်ရမည့် ကုသိုလ်ကောင်းမှုတို့ကို သိစေချင် ပြုလုပ်စေချင်လိုသောဆန္ဒ အပြည့်အဝဖြင့် ဟောကြားတော်မူသော ---
ပန်ချင်သူများ ခေါင်းဖြီးထားတရားဒေသနာတော်မြတ်သည် နိဋ္ဌိတံ
လက်လှမ်းမှီရာ စွမ်းအားရှိသလောက် ဟောကြားပါသဖြင့် ဤတွင်ပြီးလတ် အဆုံးသတ်ခြင်းသို့ ရောက်ခဲ့ပါပေတော့သတည်း။
သာဓု သာဓု သာဓု ပါဘုရား။

ဆုတောင်း ဂါထာ

ဣမိနာ ပုညကမ္မေန ပညာဓိကော ဘဝါမဟံ။
ဣစ္ဆိတတ္တောစ ပါဏီနံ သုခေနေဝ သမိဇ္ဈတု။

-အဟံ
သံသရာနက်ဝှမ်း တစ်ဖက်ကမ်းကိုလက်လှမ်းကာမျှော် ဘုရားတပည့်တော်သည်
-ဣမိနာ ပုညကမ္မေန
နောင်အနာဂတ်ကာလ၌ ပွင့်တော်မူမည်ဖြစ်သော အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အကြောင်းအရာ အလုံးစုံကို ပြည့်စုံစွာ ဟောကြား၍ ကြိုးစားအားထုတ် ပြုလုပ်ရသော ဤဓမ္မဒေသနာ ကုသိုလ်ကောင်းမှု အစွမ်းသတ္တိ အာနုဘော်ကြောင့်
-ပညာဓီကော
နိဗ္ဗာန်မရမချင်း ဘဝတိုင်း ဘဝတိုင်းအတွင်း၍(ဝါ) အရိမေတ္တေယျဘုရားသာသနာအတွင်း၌ ဝရဇိန်စက်ပမာ ပညာဉာဏ်ရောင်ပွင့်လင်းပြောင်၍ အရှင်သာရိပုတ္တရာ ကဲ့သို့သော အမျိုးကောင်းသားသည်
-ဘဝါမိ
ကြံတိုင်းလည်းအောင် ဆောင်တိုင်းလည်းမြောက် စိတ်ထင်တိုင်း ပေါက်ရောက်ရပါလို၏။
-ပါဏီနံ
ကြွင်းကျန်များစွာ သတ္တဝါအနန္တ ဝေနေယျတို့၏
-ဣစ္ဆိတတ္တောစ
ဟိုဟို ဒီဒီ အလီလီနှင့် ကြံစည်ရွယ်လတ်အလိုရှိအပ် တောင့်တအပ်သော လောကီ လောကုတ္တရာအကျိုး ပြည့်ဖြိုးကြွယ်စုံကုံလုံခြင်းသည်လည်း
-သုခေနေဝ
စိတ်ချ လက်ချ ကိုယ်စိတ်ချမ်းသာ သုခဖြင့်သာလျှင်
-သမိဇ္ဈတု
ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်အကြံဖြင့်အလိုရှိတိုင်း မဆုတ်ဆိုင်းဘဲ ပြည့်စုံပါစေသတည်း အရှင်ဘုရား။

[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏ ပန်ချင်သူများ ခေါင်းဖြီးထား စာအုပ်ကို အစမှအဆုံးထိ ကူးယူဝေမျှခြင်းသာ ဖြစ်ပါသည်။]

ဤသို့ ကြိုးစားအားထုတ် ဝေမျှပေးရသော ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို
ဘဝ ဘဝ သံသရာအဆက်ဆက်မှ ယခုဘဝတိုင်အောင် တော်စပ်ခဲ့ကြကုန်သော အမိ အဘ ဆရာသမား ဆွေမျိုးဉာတကာတို့ကိုလည်းအမျှ ပေးဝေပါ၏။
ကမ ္ဘာမှာနေသမျှ ဝေနေယျများစွာ သုခိတ ဒုက္ခိတ သတ္တဝါအနန္တတို့ကိုလည်း အမျှ ပေးဝေပါ၏။
စကြာဝဠာ ကမ ္ဘာတိုက်တစ်သောင်းတွင်နေထိုင်ကြကုန်သော နတ် ဗြဟ္မာများကိုလည်း တစ်ဦးတစ်လေမှ မကျန်ရအောင်အမျှ ပေးဝေပါ၏။
အထူးအားဖြင့် fb ပေါ်မှဓမ္မမိတ်ဆွေသူငယ်ချင်းအားလုံးကို အမျှပေးဝေပါ၏။
အားလုံး အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကုန်သတည်း။
အမှျှှ ... အမျှ ... အမျှ ... ယူတော်မူကြပါကုန်လော့......
သာဓု ... သာဓု... သာဓု ... ပါဘုရား။
ဤကောင်းမှုသည် ဗောဓိဉာဏ်၏ အားကြီးသော ဥပနိဿယ အကြောင်း အထောက်အပံ့ ဖြစ်ပါစေသတည်း။
မှတ်ချက်။  ။ဆိုရိုးရှိ၏။ သာဓုခေါ်သူ တစ်ဝက်ယူ။

မေတ္တာများစွာဖြင့်
ဒေါ်ယုစန္ဒီ

No comments:

Post a Comment