[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း(၈)
အေလာင္းေတာ္နတ္သား ပဋိသေႏၶယူျခင္း
***************************************
တုသိတာ နတ္ျပည္မွ အရိေမေတၱယ်ဘုရားအေလာင္းေတာ္ နတ္သားသည္ ၾကည့္ျခင္းငါးပါး ၾကည့္ေတာ္မူ၍ ၾကည့္ျခင္းငါးပါးလံုး ျပည့္စံုေသာအခါ ေကတုမတီျပည္ သခၤစၾကဝေတးမင္း၏ တိုင္ပင္ႀကံစည္ဘက္ ကိုးကြယ္ရာျဖစ္ေသာ အတိတ္ အနာဂတ္ကို သိျမင္ႏိုင္၍ ပစၥဳပၸန္ သံသရာ အစီးအပြားကို ဆံုးမတတ္ေသာ သုျဗဟၼပုဏၰားႀကီး၏ဇနီး ျဗဟၼဏဝတီ ပုေဏၰးမ၏ ဝမ္းၾကာတိုက္တြင္ ပဋိသေႏၶယူလိမ့္မည္။
ျဗဟၼဏဝတီ၏ ဝမ္းၾကာတိုက္တြင္ ပဋိသေႏၶ ဆယ္လျပည့္ေသာအခါ ဣသိပတန သမင္ေတာတြင္ မယ္ေတာ္ျဗဟၼဏဝတီသည္ ထိုင္လ်က္လဲမဟုတ္ အိပ္လ်က္လဲမဟုတ္ဘဲ ရပ္လ်က္သာလွ်င္ သစ္ပင္၏အကိုင္းအခက္ကိုကိုင္လ်က္ အရိေမေတၱယ် ျမတ္စြာဘုရားရွင္ကို ဖြားျမင္ေတာ္မူလိမ့္မည္။ ဘုရားအေလာင္းႏွင့္အတူ တစ္ခ်ိန္တည္းတြင္ ေမြဖြားေသာ ဖြားဖက္ေတာ္မ်ားမွာ (၁၈) ကုေဋရွိၿပီး အားလံုးအမတ္မ်ားသာျဖစ္ၾကလိမ့္မည္။ အဇိတဟူေသာအမည္ကိုသာေပးလိမ့္မည္။
ဘုရားျဖစ္ေသာဘဝတြင္ မင္းသားအမည္ အဇိတ ျဖစ္သည္။ ဘုရားေလာင္း အဇိတ မင္းသားသည္ ဖြားလွ်င္ဖြာျခင္း ေျခဖဝါး ခုႏွစ္ဖဝါး လွမ္း၍ေျခေတာ္ ခ်တိုင္း ခ်တိုငိး ေျခဖဝါးေအာက္တြင္ ၾကာပြင့္မ်ား ေပၚေပါက္လိမ့္မည္။ ဖြားလွ်င္ဖြားျခင္း ခုႏွစ္လွမ္း လွမ္း၍ ဤကား ငါ့အဖို႔ေနာက္ဆံုးဝဘဝတည္း။ ေနာက္ထပ္ဘဝမရိွေတာ့ၿပီ။ အာသေဝါ ကင္းသည္ျဖစ္၍ ၿငိမ္းေအးလတၱံ႔ဟူေသာစကားကို အရပ္ေလးမ်က္ႏွာသို႔ၾကည့္၍ေျပာဆိုလိမ့္မည္။
ျပာသာဒ္ေလးေဆာင္ ေပၚေပါက္ျခင္း
***********************************
အဇိတ မင္းသား ေလာကစည္းစိမ္ခံစားဖို႔ရန္ ေနမင္း၏ေရာင္ျခည္ကဲ႔သို႔ လူသားမ်ား မ်က္စိျဖင့္စိမ္းစိမ္းမၾကည့္ဝံ႔ေသာ အေရာင္တလက္လက္ႏွင့္ ရတနာအေရာင္ထြန္းေျပာင္ေသာ တင့္တယ္ခံ႔ ညားေသာ ျပာသာဒ္ေလးေဆာင္ေပၚေပါက္လိမ့္မည္။ ျပာသာဒ္ေလးေဆာင္တြင္ တစ္ေဆာင္တစ္ေဆာင္မွာ ပရိေဘာဂ အသံုးအေဆာင္အျပည့္အစံုပါေသာ တိုက္ခန္း ခုႏွစ္ေထာင္စီ။ တစ္ဖက္ တစ္ဖက္၌ပတၱျမား ေက်ာက္မ်က္ရြဲစီေသာ နဝရတ္ကိုးပါးႏွင့္ျပည့္စံုေသာ ပလႅင္ခုႏွစ္ေထာင္စီ။ ရတနာ ခုႏွစ္ပါးႏွင့္ျပည့္စံုေသာ ထီးျဖဴ ခုႏွစ္ေထာင္စီ။ ကုတင္ေညာင္ေစာင္း ခုႏွစ္ေထာင္စီ။ ျပာသာဒ္တစ္ေဆာင္တြင္တိုက္ခန္းက ခုႏွစ္ေထာင္ျဖစ္ေသာေၾကာင့္ ျပာသာဒ္ ေလးေဆာင္တြင္ တိုက္ခန္းေပါင္း(၂၈၀၀၀)ရွိမည္။
ျပာသာဒ္ တစ္ေဆာင္ တစ္ေဆာင္တြင္ေရႊအိုးႀကီးတစ္လံုးစီရွိမည္။ ေရႊအိုးတစ္လံုး၏အဝကား တစ္ယူဇနာက်ယ္မည္။ ေရႊအိုး၏အေစာက္ကား ေျမႀကီးႏွင့္အမွ် ေအာက္ေျမႀကီးထိသံုး၍ မကုန္ေတာ့ပါ။ ေရႊအိုးႀကီး တစ္လံုး တစ္လံုးတြင္ ပေဒသာပင္ ေျခာက္ပင္စီေပါက္လိမ့္မည္။ ျပာသာဒ္တစ္ေဆာင္ တစ္ေဆာင္တြင္ ဆဒၵန္ဆင္မင္း ခုႏွစ္ေထာင္ ဝလာဟကသိေႏၶာ ျမင္းတစ္ေထာင္ျဖင့္ ေမာင္းႏွင္ရေသာ ရထားခုႏွစ္ရာ ေမာင္းမေပါင္းတစ္ေသာင္းေျခာက္ေထာင္ သီဆိုတီးမႈတ္ ေဖ်ာ္ေျဖရန္ ကေခ်သည္အမ်ိဳးသမီး ခုႏွစ္ေထာင္ ရွိလိမ့္မည္။
အဇိတ မင္းသား အိမ္ေထာင္ျပဳျခင္း
**********************************
အခ်ိန္တန္၍ အရြယ္ေရာက္ေသာအခါ စႏၵမုကၡီ အမ်ိဳးသမီးႏွင့္ အိမ္ေထာင္ျပဳလိမ့္မည္။ စႏၵမုကၡီ အမ်ိဳးသမီးသည္လည္း လူမတူ နတ္မမွ် အလြန္လွပ၍ သူမ၏ ခႏၶာကိုယ္ရနံ႔ကား စႏၵကူးသရကၡန္ ရနံ႔ကဲ႔သို႔ ေမႊးႀကိဳင္ေနလိမ့္မည္။ ခႏၶာကိုယ္အသားသည္လည္း ဝါဂြမ္းကဲ႔သို႔ႏူးညံ့မည္။ ခႏၶာကိုယ္အေရာင္အဝါသည္ ဆယ့္ႏွစ္ေတာင္အတြင္း မီးမထြန္းဘဲအေရာင္တဝင္းဝင္းထိန္ေနလိမ့္မည္။
ရွစ္ေသာင္းေလးေထာင္ေသာ ၿမိဳ႕မ်ားကိုအုပ္ခ်ဳပ္ေနေသာ ရွစ္ေသာင္းေလးေထာင္ေသာ ရွင္ဘုရင္မင္းမ်ား နတ္ျပည္တြင္ရွိၾကေသာ အားလံုးေသာ နတ္သားမ်ားႏွင့္ သခၤစၾကဝေတးမင္းတို႔သည္ အဇိတမင္းသားထံသြား၍ အဇိတမင္းသား၏ အမႈႀကီးငယ္ ေဝယ်ာဝစၥမ်ားျပဳလုပ္လိုပါသည္။ ျပဳလုပ္ခြင့္ျပဳပါဟု မ်က္ႏွာေတာ္ၾကည့္၍ ေတာင္းပန္ၾကလိမ့္မည္။ ထိုသို႔ေတာင္းပန္လာေသာအခါ အဇိတမင္းသားကအကြ်ႏု္ပ္မွာ ဖြားဖက္ေတာ္ (၁၈) ကုေဋ အမတ္ႀကီးႏွင့္တကြ ဆင္ျမင္း ရဲမက္ဗိုလ္ပါေတြရွိပါတယ္။ အလိုမရွိေတာ့ပါဟု ျငင္းလႊတ္လိမ့္မည္။
သားေတာ္ဖြားျမင္ျခင္း
*********************
အဇိတမင္းသား ျပာသာဒ္ေလးေဆာင္တြင္ ေလာကီစည္းစိမ္ခံစားေနစဥ္ အႏွစ္တစ္ေသာင္းျပည့္ေသာအခါ ျဗဟၼဝံသ မည္ေသာသားေယာက်ာ္းေလး ဖြားျမင္လိမ့္မည္။
နိမိတ္ ေလးပါးျမင္ျခင္း
**********************
ျဗဟၼဝံသ သားေယာက်ာ္းေလးဖြားျမင္ၿပီးေသာအခါ ဘုရားရွင္တို႔၏ ထံုးတမ္းအစဥ္အလာ ဓမၼတာအရ ဥယ်ာဥ္ကစားထြက္စဥ္တြင္ သူအို သူနာ သူေသ ရဟန္း နိမိတ္ႀကီးေလးပါးေတြ႕ျမင္ရ၍ သံေဝဂတရားမ်ား ရလာၿပီးေတာထြက္မည့္စိတ္အႀကံသည္ျဖစ္ေပၚလာလိမ့္မည္ ဒိဗ်ာဝဒါန ေမေတၱယ် ဗ်ာကရဏဝဒါန ၃၆-၃၇ တြင္ျပဆိုထားသည္မွာ သခၤမင္း၏ယာဇ္တိုင္ အပိုင္းပိ္ုင္းျပတ္သည္ကို ျမင္ရ၍ သံေဝဂျဖစ္ၿပီး ေတာထြက္လမ့္မည္ဟုျပဆိုထားေသးသည္။
အဇိတမင္းသား ေတာထြက္မည့္စိတ္အႀကံကို သခၤစၾကဝေတးမင္း သိေသာအခါ အဇိတမင္းသားေပ်ာ္ေအာင္ ရွစ္ေသာင္းေလးေထာင္ေသာ ကေခ်သည္မ်ား ၿမိဳ႕သူ ၿမိဳ႕သား နိဂံုးဇနပုဒ္သူ မင္းသား မင္းေျမးသူေဌးသူၾကြယ္ လူအေပါင္းတို႔သည္ ပန္းနံ႔သာစဲြလ်က္ အဇိတမင္းသားကို ၿခံရံ၍ေနၾကလိမ့္မည္။
နတ္ျဗဟၼာမ်ားတို႔သည္ နတ္တို႔၏ ထီး တံခြန္ ပန္းနံ႔သာ ေရႊေပါက္ေပါက္ ေငြေပါက္ေပါက္ စသည္တို႔ျဖင့္ ဘုရားအေလာင္းအား ျပာသဒ္မိုးႀကီးရြာသကဲ႔သို႔ အျပည့္အလွ်ံ ၿခံရံခစား၍ေနၾကလိမ့္မည္။ လူ႔ဘဝ ကာမဂုဏ္ထဲတြင္ ေပ်ာ္ရႊင္ေအာင္ ေျဖေဖ်ာ္ေနၾကလိမ့္မည္။
ဆက္ရန္
[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ
ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားစာအုပ္မွ-]
Credit to Daw Yusandi
[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း(၈)
အလောင်းတော်နတ်သား ပဋိသန္ဓေယူခြင်း
***************************************
တုသိတာ နတ်ပြည်မှ အရိမေတ္တေယျဘုရားအလောင်းတော် နတ်သားသည် ကြည့်ခြင်းငါးပါး ကြည့်တော်မူ၍ ကြည့်ခြင်းငါးပါးလုံး ပြည့်စုံသောအခါ ကေတုမတီပြည် သင်္ခစကြဝတေးမင်း၏ တိုင်ပင်ကြံစည်ဘက် ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကို သိမြင်နိုင်၍ ပစ္စုပ္ပန် သံသရာ အစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ဇနီး ဗြဟ္မဏဝတီ ပုဏ္ဏေးမ၏ ဝမ်းကြာတိုက်တွင် ပဋိသန္ဓေယူလိမ့်မည်။
ဗြဟ္မဏဝတီ၏ ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ ဆယ်လပြည့်သောအခါ ဣသိပတန သမင်တောတွင် မယ်တော်ဗြဟ္မဏဝတီသည် ထိုင်လျက်လဲမဟုတ် အိပ်လျက်လဲမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် အရိမေတ္တေယျ မြတ်စွာဘုရားရှင်ကို ဖွားမြင်တော်မူလိမ့်မည်။ ဘုရားအလောင်းနှင့်အတူ တစ်ချိန်တည်းတွင် မွေဖွားသော ဖွားဖက်တော်များမှာ (၁၈) ကုဋေရှိပြီး အားလုံးအမတ်များသာဖြစ်ကြလိမ့်မည်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မည်။
ဘုရားဖြစ်သောဘဝတွင် မင်းသားအမည် အဇိတ ဖြစ်သည်။ ဘုရားလောင်း အဇိတ မင်းသားသည် ဖွားလျှင်ဖွာခြင်း ခြေဖဝါး ခုနှစ်ဖဝါး လှမ်း၍ခြေတော် ချတိုင်း ချတိုငိး ခြေဖဝါးအောက်တွင် ကြာပွင့်များ ပေါ်ပေါက်လိမ့်မည်။ ဖွားလျှင်ဖွားခြင်း ခုနှစ်လှမ်း လှမ်း၍ ဤကား ငါ့အဖို့နောက်ဆုံးဝဘဝတည်း။ နောက်ထပ်ဘဝမရှိတော့ပြီ။ အာသဝေါ ကင်းသည်ဖြစ်၍ ငြိမ်းအေးလတ္တံ့ဟူသောစကားကို အရပ်လေးမျက်နှာသို့ကြည့်၍ပြောဆိုလိမ့်မည်။
ပြာသာဒ်လေးဆောင် ပေါ်ပေါက်ခြင်း
***********************************
အဇိတ မင်းသား လောကစည်းစိမ်ခံစားဖို့ရန် နေမင်း၏ရောင်ခြည်ကဲ့သို့ လူသားများ မျက်စိဖြင့်စိမ်းစိမ်းမကြည့်ဝံ့သော အရောင်တလက်လက်နှင့် ရတနာအရောင်ထွန်းပြောင်သော တင့်တယ်ခံ့ ညားသော ပြာသာဒ်လေးဆောင်ပေါ်ပေါက်လိမ့်မည်။ ပြာသာဒ်လေးဆောင်တွင် တစ်ဆောင်တစ်ဆောင်မှာ ပရိဘောဂ အသုံးအဆောင်အပြည့်အစုံပါသော တိုက်ခန်း ခုနှစ်ထောင်စီ။ တစ်ဖက် တစ်ဖက်၌ပတ္တမြား ကျောက်မျက်ရွဲစီသော နဝရတ်ကိုးပါးနှင့်ပြည့်စုံသော ပလ္လင်ခုနှစ်ထောင်စီ။ ရတနာ ခုနှစ်ပါးနှင့်ပြည့်စုံသော ထီးဖြူ ခုနှစ်ထောင်စီ။ ကုတင်ညောင်စောင်း ခုနှစ်ထောင်စီ။ ပြာသာဒ်တစ်ဆောင်တွင်တိုက်ခန်းက ခုနှစ်ထောင်ဖြစ်သောကြောင့် ပြာသာဒ် လေးဆောင်တွင် တိုက်ခန်းပေါင်း(၂၈၀၀၀)ရှိမည်။
ပြာသာဒ် တစ်ဆောင် တစ်ဆောင်တွင်ရွှေအိုးကြီးတစ်လုံးစီရှိမည်။ ရွှေအိုးတစ်လုံး၏အဝကား တစ်ယူဇနာကျယ်မည်။ ရွှေအိုး၏အစောက်ကား မြေကြီးနှင့်အမျှ အောက်မြေကြီးထိသုံး၍ မကုန်တော့ပါ။ ရွှေအိုးကြီး တစ်လုံး တစ်လုံးတွင် ပဒေသာပင် ခြောက်ပင်စီပေါက်လိမ့်မည်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်တွင် ဆဒ္ဒန်ဆင်မင်း ခုနှစ်ထောင် ဝလာဟကသိန္ဓော မြင်းတစ်ထောင်ဖြင့် မောင်းနှင်ရသော ရထားခုနှစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ထောင် သီဆိုတီးမှုတ် ဖျော်ဖြေရန် ကချေသည်အမျိုးသမီး ခုနှစ်ထောင် ရှိလိမ့်မည်။
အဇိတ မင်းသား အိမ်ထောင်ပြုခြင်း
**********************************
အချိန်တန်၍ အရွယ်ရောက်သောအခါ စန္ဒမုက္ခီ အမျိုးသမီးနှင့် အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီ အမျိုးသမီးသည်လည်း လူမတူ နတ်မမျှ အလွန်လှပ၍ သူမ၏ ခန္ဓာကိုယ်ရနံ့ကား စန္ဒကူးသရက္ခန် ရနံ့ကဲ့သို့ မွှေးကြိုင်နေလိမ့်မည်။ ခန္ဓာကိုယ်အသားသည်လည်း ဝါဂွမ်းကဲ့သို့နူးညံ့မည်။ ခန္ဓာကိုယ်အရောင်အဝါသည် ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲအရောင်တဝင်းဝင်းထိန်နေလိမ့်မည်။
ရှစ်သောင်းလေးထောင်သော မြို့များကိုအုပ်ချုပ်နေသော ရှစ်သောင်းလေးထောင်သော ရှင်ဘုရင်မင်းများ နတ်ပြည်တွင်ရှိကြသော အားလုံးသော နတ်သားများနှင့် သင်္ခစကြဝတေးမင်းတို့သည် အဇိတမင်းသားထံသွား၍ အဇိတမင်းသား၏ အမှုကြီးငယ် ဝေယျာဝစ္စများပြုလုပ်လိုပါသည်။ ပြုလုပ်ခွင့်ပြုပါဟု မျက်နှာတော်ကြည့်၍ တောင်းပန်ကြလိမ့်မည်။ ထိုသို့တောင်းပန်လာသောအခါ အဇိတမင်းသားကအကျွနု်ပ်မှာ ဖွားဖက်တော် (၁၈) ကုဋေ အမတ်ကြီးနှင့်တကွ ဆင်မြင်း ရဲမက်ဗိုလ်ပါတွေရှိပါတယ်။ အလိုမရှိတော့ပါဟု ငြင်းလွှတ်လိမ့်မည်။
သားတော်ဖွားမြင်ခြင်း
*********************
အဇိတမင်းသား ပြာသာဒ်လေးဆောင်တွင် လောကီစည်းစိမ်ခံစားနေစဉ် အနှစ်တစ်သောင်းပြည့်သောအခါ ဗြဟ္မဝံသ မည်သောသားယောကျာ်းလေး ဖွားမြင်လိမ့်မည်။
နိမိတ် လေးပါးမြင်ခြင်း
**********************
ဗြဟ္မဝံသ သားယောကျာ်းလေးဖွားမြင်ပြီးသောအခါ ဘုရားရှင်တို့၏ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ဥယျာဉ်ကစားထွက်စဉ်တွင် သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးတွေ့မြင်ရ၍ သံဝေဂတရားများ ရလာပြီးတောထွက်မည့်စိတ်အကြံသည်ဖြစ်ပေါ်လာလိမ့်မည် ဒိဗျာဝဒါန မေတ္တေယျ ဗျာကရဏဝဒါန ၃၆-၃၇ တွင်ပြဆိုထားသည်မှာ သင်္ခမင်း၏ယာဇ်တိုင် အပိုင်းပိ်ုင်းပြတ်သည်ကို မြင်ရ၍ သံဝေဂဖြစ်ပြီး တောထွက်လမ့်မည်ဟုပြဆိုထားသေးသည်။
အဇိတမင်းသား တောထွက်မည့်စိတ်အကြံကို သင်္ခစကြဝတေးမင်း သိသောအခါ အဇိတမင်းသားပျော်အောင် ရှစ်သောင်းလေးထောင်သော ကချေသည်များ မြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသား မင်းမြေးသူဌေးသူကြွယ် လူအပေါင်းတို့သည် ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံ၍နေကြလိမ့်မည်။
နတ်ဗြဟ္မာများတို့သည် နတ်တို့၏ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားအလောင်းအား ပြာသဒ်မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံ ခြံရံခစား၍နေကြလိမ့်မည်။ လူ့ဘဝ ကာမဂုဏ်ထဲတွင် ပျော်ရွှင်အောင် ဖြေဖျော်နေကြလိမ့်မည်။
ဆက်ရန်
[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော
ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏
ပန်ချင်သူများ ခေါင်းဖြီးထားစာအုပ်မှ-]
Credit to Daw Yusandi
No comments:
Post a Comment