[Zawgyi]
ေဒြသဟာယက ဘိကၡဳ၀ထၳဳ
ႏြားရွင္တို႔အား ႏြားတို႔ကို
ေရတြက္အပ္ႏွင္းလိုက္ရေသာ ႏြားေက်ာင္းသားသည္
ႏြားႏို႔ အရသာကို မခံစားရသကဲ့သို႔
နိဗၺာန္ေရာက္သည္အထိ
အက်ိဳးစီးပြားႏွင့္စပ္ေသာ
ပိဋကတ္သံုးပံု ဟူေသာ ဘုရားစကားေတာ္ကို
မ်ားစြာေဟာေျပာေနေသာ္လည္း
မက်င့္မၾကံ ေမ့ေလ်ာ့ေပါ့တန္ေနေသာသူသည္
ျပဳထိုက္သည္ကို ျပဳသည္ မမည္၊
မဂ္ဖိုလ္အရသာကို မခံစားရ။
နိဗၺာန္ ေရာက္သည္အထိ အက်ိဳးစီးပြားႏွင့္စပ္ေသာ
ပိဋကတ္သံုးပံု ဟူေသာ ဘုရားစကားေတာ္ကို
အနည္းငယ္မွ်ပင္ ေျပာေဟာေနပါေသာ္လည္း
တရားအားေလ်ာ္ေသာ အက်င့္ကို က်င့္ေလ့ရိွသူ
ျဖစ္ခဲ့မူ ရာဂ ေဒါသ ေမာဟကို ပယ္ၿပီးလ်ွင္
ေကာင္းစြာ အျပားအားျဖင့္ သိသည္ျဖစ္၍
( ကိေလသာတို႔မွ ) လြတ္ေသာစိတ္ရိွသည္ျဖစ္လ်က္
ဤေလာက၌၎ တမလြန္ေလာက၌၎
စဲြလမ္းမႈ မရိွေတာ့ၿပီ၊ ထိုသူသည္သာ
မဂ္ဖိုလ္ အရသာကို ခံစားရမည္။
မူရင္းပိုစ္: Yan Paing Soe
[Unicode]
ဒွေသဟာယက ဘိက္ခုဝထ္ထု
နွားရှင်တို့အား နွားတို့ကို
ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည်
နွားနို့ အရသာကို မခံစားရသကဲ့သို့
နိဗ္ဗာန်ရောက်သည်အထိ
အကျိုးစီးပွားနှင့်စပ်သော
ပိဋကတ်သုံးပုံ ဟူသော ဘုရားစကားတော်ကို
များစွာဟောပြောနေသော်လည်း
မကျင့်မကြံ မေ့လျော့ပေါ့တန်နေသောသူသည်
ပြုထိုက်သည်ကို ပြုသည် မမည်၊
မဂ်ဖိုလ်အရသာကို မခံစားရ။
နိဗ္ဗာန် ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော
ပိဋကတ်သုံးပုံ ဟူသော ဘုရားစကားတော်ကို
အနည်းငယ်မျှပင် ပြောဟောနေပါသော်လည်း
တရားအားလျော်သော အကျင့်ကို ကျင့်လေ့ရှိသူ
ဖြစ်ခဲ့မူ ရာဂ ဒေါသ မောဟကို ပယ်ပြီးလျှင်
ကောင်းစွာ အပြားအားဖြင့် သိသည်ဖြစ်၍
( ကိလေသာတို့မှ ) လွတ်သောစိတ်ရှိသည်ဖြစ်လျက်
ဤလောက၌၎င်း တမလွန်လောက၌၎င်း
စွဲလမ်းမှု မရှိတော့ပြီ၊ ထိုသူသည်သာ
မဂ်ဖိုလ် အရသာကို ခံစားရမည်။
မူရင်းပိုစ်: Yan Paing Soe
No comments:
Post a Comment