Sunday, August 21, 2016

ရဟန္းႏွစ္ပါး (ရဟန်းနှစ်ပါး)

[Zawgyi]
ေဇတဝန္ေက်ာင္းေတာ္၌ ျမတ္ဗုဒၶဝါဆိုေတာ္မူစဥ္
မိတ္ေဆြရဟန္းႏွစ္ပါးသည္ ဘုရားရွင္ထံေတာ္တြင္
ကမၼ႒ာန္းေတာင္းယူၾကၿပီး ေတာရေက်ာင္းသို႔လာခဲ့ၾက၏။
တစ္ပါးေသာရဟန္းသည္ ညဦးပိုင္းတြင္
သာမေဏငယ္မ်ားႏွင့္ ရယ္ေမာေျပာဆိုကာ မီးလႈံရင္းအခ်ိန္ကုန္လြန္၏။
အျခားတစ္ပါးကားညဥ့္ဦးယံ
တြင္ စၾကၤံသြားရင္း ကမၼ႒ာန္းတရားပြားမ်ားၿပီးသန္း
ေခါင္ယံအခ်ိန္တြင္ အိပ္ယာဝင္၍ ေခတၱနား၏။
ထို႔ေနာက္နံနက္ေစာေစာထၿပီး တရားအားထုတ္ျပန္၏။
မီးလႈံေသာရဟန္းသည္ကား အိပ္စက္ရာကမထေသးေပ။
မေမ့မေလ်ာ့ သတိတရားထားၿပီးတရား
အားထုတ္ေသာရဟန္းသည္ မၾကာမီပင္ ပဋိသမၻိဒါေလးပါးႏွင့္တကြ အရဟတၱဖိုလ္သို႔ ဆိုက္ေရာက္ေလသည္။
ေပါ့ေလ်ာ့ေသာရဟန္းမွာ တရားထူးမရေပ။
ဝါကြၽတ္ေသာအခါ ထိုရဟန္းႏွစ္ပါးသည္
ဘုရားရွင္ကိုဖူးျမင္ရန္ ျပန္လာၾက၏။
ဘုရားရွင္သည္ အေၾကာင္းစုံကို ၾကားၿပီးသိၿပီးေနာက္ေအာက္ပါဂါထာကို ေဟာေတာ္မူသည္။
အပၸမေတၱာ ပမေတၱသု၊
သုေတၱသု ဗဟုဇာဂေရာ၊
အဗလႆံ၀ သီေဃႆာ၊
ဟိတြာ ယာတိ သုေမဓေသာ။
လ်င္ျမန္ေသာျမင္းသည္ အားနည္းေသာျမင္းကို
လမ္းခရီးအၾကားခ်န္ထားခဲ့၍ လိုရာေပါက္ေျမာက္
သြားေရာက္နိုင္သကဲ့သို႔ မေမ့မေလ်ာ့ နိုးၾကားထႂကြသည့္အျပင္ ေကာင္းျမတ္ေသာ ပညာရွိသူသည္အပ်င္းဖက္၍ အိပ္စက္ေနသူတို႔ကို သံသာရာခရီး
အၾကားခ်န္ထားခဲ့ကာ နိဗၺာန္သို႔တိုင္သြားေရာက္နိုင္၏။
-အပၸမာဒဝဂ္၊ ေဒြသဟာယကဘိကၡဳဝတၳဳ။

[Unicode]
ဇေတဝန်ကျောင်းတော်၌ မြတ်ဗုဒ္ဓဝါဆိုတော်မူစဉ်
မိတ်ဆွေရဟန်းနှစ်ပါးသည် ဘုရားရှင်ထံတော်တွင်
ကမ္မဋ္ဌာန်းတောင်းယူကြပြီး တောရကျောင်းသို့လာခဲ့ကြ၏။
တစ်ပါးသောရဟန်းသည် ညဦးပိုင်းတွင်
သာမဏေငယ်များနှင့် ရယ်မောပြောဆိုကာ မီးလှုံရင်းအချိန်ကုန်လွန်၏။
အခြားတစ်ပါးကားညဥ့်ဦးယံ
တွင် စင်္ကြံသွားရင်း ကမ္မဋ္ဌာန်းတရားပွားများပြီးသန်း
ခေါင်ယံအချိန်တွင် အိပ်ယာဝင်၍ ခေတ္တနား၏။
ထို့နောက်နံနက်စောစောထပြီး တရားအားထုတ်ပြန်၏။
မီးလှုံသောရဟန်းသည်ကား အိပ်စက်ရာကမထသေးပေ။
မမေ့မလျော့ သတိတရားထားပြီးတရား
အားထုတ်သောရဟန်းသည် မကြာမီပင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။
ပေါ့လျော့သောရဟန်းမှာ တရားထူးမရပေ။
ဝါကျွတ်သောအခါ ထိုရဟန်းနှစ်ပါးသည်
ဘုရားရှင်ကိုဖူးမြင်ရန် ပြန်လာကြ၏။
ဘုရားရှင်သည် အကြောင်းစုံကို ကြားပြီးသိပြီးနောက်အောက်ပါဂါထာကို ဟောတော်မူသည်။
အပ္ပမတ္တော ပမတ္တေသု၊
သုတ္တေသု ဗဟုဇာဂရော၊
အဗလဿံ၀ သီဃေဿာ၊
ဟိတွာ ယာတိ သုမေဓသော။
လျင်မြန်သောမြင်းသည် အားနည်းသောမြင်းကို
လမ်းခရီးအကြားချန်ထားခဲ့၍ လိုရာပေါက်မြောက်
သွားရောက်နိုင်သကဲ့သို့ မမေ့မလျော့ နိုးကြားထကြွသည့်အပြင် ကောင်းမြတ်သော ပညာရှိသူသည်အပျင်းဖက်၍ အိပ်စက်နေသူတို့ကို သံသာရာခရီး
အကြားချန်ထားခဲ့ကာ နိဗ္ဗာန်သို့တိုင်သွားရောက်နိုင်၏။
-အပ္ပမာဒဝဂ်၊ ဒွေသဟာယကဘိက္ခုဝတ္ထု။

No comments:

Post a Comment