[Zawgyi]
ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ တရားေတာ္
"မိန္းမ"ေတြကိုဘာသာ၊သာသနာသံုးအားျဖင့္"မာတုဂါမ"လို႔ေခၚပါတယ္။"မာတု=မိခင္၊ဂါမ=လမ္း"ျဖစ္လို႔"မိခင္လမ္းသြားေနသူ"လို႔နားလည္ရပါတယ္။"မိန္းမ"ဟူက(အပ်ိဳႀကီးေတြေသာ္မွ)မိခင္စိတ္ပါလာတာခ်ည္း။ "မိခင္စိတ္"ဆိုတာေမတၱာျဖင့္ျပဳျပင္ေပးျခင္းပဲျဖစ္ပါတယ္။"ကာလသမီးအပ်ိဳေလး"ပဲၾကည့္ပါေလ။သူတို႔ရဲ႕ခ်စ္သူကို"အရက္မေသာက္ရ၊ေဆးလိပ္မေသာက္ရ"စသည္စည္းကမ္းထုတ္ျပန္ျပဳျပင္ေပးေလ့ရွိတာ မညားမီကတည္းက မဟုတ္လား။အဲဒါဟာ "မိခင္စိတ္"န႔ဲျပဳျပင္ေပးေနတာလို႔ မွတ္သားခဲ႔ရဖူးပါတယ္။
မိန္းမေတြရဲ႕အရည္အခ်င္းေကာင္းေတြထဲမွာ"ျပဳျပင္ႏိုင္စြမ္းရည္္"ဟာလည္း ထူးျခားတဲ႔ဂုဏ္တစ္ခုအျဖစ္ပါ၀င္ေနပါတယ္။ ဒီသေဘာကို"ေက်းဇူးရွင္ မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး"ရဲ႕တရားေတာ္တစ္ပုဒ္ထဲကေကာက္ႏႈတ္ျပခ်င္ပါတယ္။ ဒီတရားကို"၁၉၉၆၊မတ္လ(တေပါင္းလ)(လားဟူ၊လီေရွာ တိုင္းရင္းသားမ်ားရဲ႕ဗုဒၶဘာသာခံယူပြဲႀကီး)"မွာေဟာခဲ႔ပါတယ္။ တရားဇာတ္ေၾကာင္းပါ ဇာတ္ေဆာင္မ်ားကေတာ႔-
"လင္မုဆိုးနဲ႔ မယားေသာတပန္"တဲ႔။
လင္နဲ႔မယားတို႔ရဲ႕ဂုဏ္ရည္က အဲသေလာက္ကြာေ၀းပါတယ္။ "မုဆိုး"ဆိုတာက သားေကာင္ေတြကိုသတ္ျဖတ္ေရာင္းစားလို႔"အပါယ္ေလးဘံု"ကိုသြားဖို႔ေသခ်ာေနသူ၊"ေသာတပန္"ဆိုတာကေတာ႔"အပါယ္တံခါးပိတ္လို႔ ငါစြဲ ဒိ႒ိမရွိေတာ႔ဘဲ ရတနာသံုးပါး၌ ယံုမွားသံသယလံုး၀မရွိေတာ႔တဲ႔သူ"။ သို႔ေသာ္ "ေသာတပန္"အဆင့္မွာ ကိေလသာ မကုန္ေသးတဲ႔အတြက္ လင္ယူ၊ သားေမြးျပဳၾကေသးတယ္။ အဲဒီေတာ႔မယားေသာတပန္ခမ်ာ လင္မုဆိုးႀကီးနဲ႔မွ ႀကံႀကံဖန္ဖန္ေပါင္းဖက္ေတြ႕ရတဲ႔အေၾကာင္းကေတာ႔"ေရွးေရစက္"လို႔ပဲ အလိမၼာစကားဆိုရလိမ္႔မယ္။ တည့္တည့္ေျပာရရင္ေတာ႔ "ကာမျပစ္ ကာမ၀ဋ္"ေပါ့။တနည္းအားျဖင့္ေတာ႔ သံသရာကပါလာတဲ႔"အစြဲတဏွာ"ေၾကာင့္ေပေပါ့။
ၾကည့္ပါေလ။
ဟိုေရွးအတီေတ"ကသပဘုရားရွင္"ေရႊလက္ထက္ေတာ္က "လင္မယားတစ္ဘ၀"ေတာ္ဖူးရံုမွ်ျဖင့္၊ဒီဘ၀မွာ "မုဆိုးႀကီးလင္ေတာ္ခ်င္စိတ္"ျဖစ္ေပၚလာေလျခင္း။ ႏွစ္ေပါင္းအသေခ်ၤကာလ မွာငုပ္ေနတဲ႔အစြဲတဏွာက အဲဒီလိုျပန္ေပၚလာတာေနာ္။ (ဘ၀ဆက္တိုင္း ညားခဲ႔ဖူးသူေတြ ဘယ္လိုေနမယ္မသိ။)ေသြးသံနဲ႔ရဲရဲသားေကာင္ေလးေတြကိုထမ္းပိုးၿပီးေတာထဲကျပန္လာတဲ႔ မသတီစရာဒီ"မုဆိုးႀကီး"ကိုမွခ်စ္မိေလတဲ႔"ေသာတပန္မယားအလိမၼာ"ခမ်ာ တစ္ေန႔၊တစ္ေန႔ ဒီမုဆိုးႀကီး"သူေတာ္ေကာင္း"ျဖစ္လာေအာင္ ျပဳျပင္ေပးဖို႔သာႀကံစည္ေနတာပါ။
"မုဆိုးႀကီး"မွာေတာ႔ "ဘုရား"ပြင့္ေနတယ္ဆိုတာေတာင္ မသိပါဘူး။ သတ္ရ၊ျဖတ္ရ၊ေရာင္းရ၊၀ယ္ရရင္ ေပ်ာ္ေနတာပါပဲ။သူက "အႏၶပုထုဇဥ္"ပဲ။ "အႏၶပုထုဇဥ္ နဲ႔ ေသာတပန္" လင္မယားသာဆိုရ ေလာကအျမင္ခ်င္းက ေနထြက္ရာအရပ္နဲ႔ေန၀င္ရာအရပ္ေလာက္ ကြာေ၀းပါတယ္။ မုဆိုးႀကီးက"အျပစ္ရွိ အျပစ္မဲ႔"၊"အက်ိဳးရွိ၊အက်ိဳးမဲ႔"ဘာမွခြဲျခားမသိ။ "ေသာတပန္"ကေတာ႔"နိဗၺာန္"ေရာက္ေၾကာင္းအထိသိေနၿပီ။ လင္မယားခ်င္းအဲဒီေလာက္ထိ ျခားနားေ၀းကြာလြန္းလွေလရဲ႕။
ဒါေပမဲ႔ ေသာတပန္ မယားအလွ စိတ္မပ်က္ဘူး။ ခ်စ္သူ ကိုကယ္တင္ရမယ္။ မုဆိုးႀကီး စိတ္ေအးၾကည္သာတဲ႔အခ်ိန္ေကာင္း ေစာင့္ၿပီး ဒီလို ေတာင္းပန္ရွာသတဲ႔။
"ဘုရားထံေတာ္သြားလို႔ ကၽြန္မအတြက္ တရားတစ္ပုဒ္ေလာက္ နာေပးပါေနာ္"
"ဟာ….ငါနဲ႔မျဖစ္ေလာက္ဘူးထင္ပါရဲ႕ကြာ"
အဲဒီေလာက္ေတာ႔ မုဆိုးႀကီး သိေသးတယ္။ဒါေၾကာင့္ ျငင္းတယ္။ ဒါေပမဲ႔ တစ္ခါကႏွစ္ခါ မျငင္းသာေတာ႔ဘဲ မယားအလုိက်ဘုရားထံသြားတယ္။
မုဆိုးႀကီး ကၽြတ္မွာကိုျမင္ေတာ္မူတဲ႔"ဘုရားရွင္"က စႀကၤေလွ်ာက္ရင္း အသင့္ေစာင့္လင့္ေတာ္မူတယ္။
မုဆိုးႀကီးရဲ႕စရိုက္ကို မုဆိုးႀကီးေလွ်ာက္ထားပံု စကားအားျဖင့္ "ဆရာေတာ္ဘုရားႀကီး"သရုပ္ေဖာ္လုိက္ပံုဟာ အင္မတန္ပီျပင္လြန္းလွပါတယ္။
"တပည့္ေတာ္ မအားဘူး၊ အလုပ္တစ္ဖက္ၾကားက အရွင္ဘုရားဆီလာရတာ။ တရားတိုတုိပဲေဟာပါ ဘုရာ႔"
"ဒါယကာ…..သင္ႀကိဳက္တာ သင္လုပ္၊ သင္ မႀကိဳက္တာ သင္ မလုပ္နဲ႔"
"ဘုရား"ကအဲသလို မိန္႔ၾကားလိုက္ပါတယ္။
"တပည့္ေတာ္ တရားနာခ်င္တယ္ ဘုရာ႔"
"ငါ ေဟာၿပီးၿပီ"
ဟယ္….။ မုဆိုးႀကီး အလြန္၀မ္းသာသြားေတာ႔တယ္။ သူ ထင္တာ သူ႕ကုိႀကိမ္းေမာင္းမယ္။ အျပစ္တင္မယ္ ထင္ေနတာ၊အခုေတာ႔ အျပစ္မတင္၊မႀကိမ္းေမာင္း တဲ႔အျပင္"ကိုယ္ႀကိဳက္တာ ကုိယ္လုပ္"ဆိုေတာ႔ ၀မ္းမသာဘဲ ရွိပါ့မလား။
တစ္ခါ သူ ထင္ထားတာက "အကုသေလာ ဓေမၼာ" အစရွိတဲ႔ အသိုင္းႀကီး အ၀ိုင္းႀကီးေတြနဲ႔ ေဟာမယ္ထင္ခဲ႔တာ။ ခုေတာ႔ ၾကည့္စမ္း၊"စကားလံုးေလး ႏွစ္လံုး။ ငါ ဦးကုန္းခ်တာေလာက္ေတာင္မွ မၾကာပါလား" တဲ႔။
မယား ဆီ အားရ ၀မ္းသာေျပးလႊား ရင္း-
"နင္တို႔ ဘုရား က (သင္ ႀကိဳက္တာ သင္လုပ္၊ သင္မႀကိုက္တာ သင္ မလုပ္နဲ႕) လို႔ပဲ ေျပာလိုက္တယ္။ ငါ့ကို မဆူဘူး၊ မႀကိမ္းဘူး" ..လို႔ ၿခံ၀ က ေအာ္ဟစ္ ေျပာဆိုတယ္။
မယားအလိမၼာက"ေသာတပန္"ပီပီ သိလိုက္ရၿပီ၊သူသိလိုက္ရတဲ႔"တရားအဓိပၸါယ္"ကိုအေကာင္အထည္ေဖာ္ဖို႔ မယားအလိမၼာေလးျပဳလိုက္ပံုက မုဆိုးႀကီး ကို အံ့ၾသ တုန္လႈပ္သြားေစခဲ႔တယ္။သူ႕မယား က သူ႕ရဲ႕ ေလးနဲ႔ျမား ကို အသင့္ေကာက္တင္ၿပီး သူ႕ကုိပစ္ခတ္မယ္လို႔ ရင္၀ဆီ ခ်ိန္ရြယ္ထားပါ ေရာလား။
"ဧကႏၱ ေနာက္တစ္ေယာက္နဲ႔မ်ား…."
သူ႔မယား လင္ငယ္ေတြ႔ေလသလား ထင္မွားက ဇေ၀ဇ၀ါႀကီး နဲ႔ ေရွ႕တိုးအလာ-
"ေရွ႕မတိုးခဲ႔နဲ႔၊ အရွင့္ကို သတ္ရလိမ္႔မယ္"
မယားရဲ႕ မာေၾကာလွတဲ႔အသံ။
"ရွင္မ ၊ ေနာက္တစ္ေယာက္ေတြ႕လို႔မ်ား ဒီလို "
"မဟုတ္လိုက္ေလ"
"ေရာ္ ရွင္မပဲ ဘုရားဆီသြား တရားနာ ဆို…"
"ဟုတ္ၿပီ ၊ ဒီ ေလး နဲ႔ ျမားအေၾကာင္း ရွင္ ဘယ္ေလာက္ထိ သိသလဲ"
"ငါ့ လက္နက္အေၾကာင္း ငါ ေကာင္းေကာင္း သိတာေပါ့ ဒီ အဆိပ္လူးျမားက သားေကာင္ေတာင္ ထြင္းေဖာက္သြားစရာမလိုဘဲ ထိရံု နဲ႔ အဆိပ္သင့္ၿပီး ေသေစႏိုင္တယ္ "
"ဒါျဖင့္ အဆိပ္လူးျမား နဲ႔ အရွင့္ ကို ပစ္ခတ္ သတ္ျဖတ္မယ္ ဆို အရွင္ ႀကိဳက္သလား၊မႀကိဳက္ဘူးလား"
"ကိုယ္ခ်င္းမစာ ေျပာရက္ေလျခင္းကြာ၊ ငါ ေသရမွာ ငါ ဘယ္ႀကိဳက္ပါ့မလဲ"
“အဲဒါ ဘုရားေျပာတဲ႔ (သင္ႀကိဳက္တာ သင္လုပ္၊ သင္မႀကိဳက္တာ သင္ မလုပ္နဲ႔) ဆိုတဲ႔ စကားပဲ”
“ေဟ…ဟင္…..ဟုတ္ေပသားပဲ”
မယားစကားအဆံုးမွာပဲ မုဆိုးႀကီး “ေသာတပန္”တည္သြားေလရဲ႕ တဲ႔။ “စကား ေနာက္ တရားပါတယ္”ဆိုတာအဲဒါပါပဲ။
“အနာထပိဏ္”စတဲ႔ ဗုဒၶ၀င္မွာ အထင္ကရပုဂိၢဳလ္ ေက်ာ္မ်ားဟာ ဘုရားနဲ႔ေတြ႔ၿပီး ဘုရားရွင္ရဲ႕ တရားေတာ္ နာၾကားၿပီး “ေသာတပန္ ”တည္ၾကပါတယ္။
ဒီ“မုဆိုးႀကီး”ကေတာ႔“မယား”စကားနာၾကားၿပီး“ေသာတပန္”တည္သြားတဲ႔ ထူးျခားတဲ႔ဇာတ္ေဆာင္ႀကီးပါ။ မိန္းမတို႔ရဲ႕ျပဳျပင္ႏိုင္စြမ္းရည္ ကလည္း အံဖြယ္ပါေပ။ "ဆရာေတာ္ဘုရားႀကီး"ဟာ တရားနာပရိတ္သတ္ထဲက မုဆိုးအလုပ္နဲ႔အသက္ေမြးေနတဲ႔ အခ်ိဳ႕ေသာ သူမ်ားကိုခ်ိန္ၿပီး ဒီတရားကို လွလွပပ ေဟာသြားခဲ႔ပံုရပါတယ္။
“ဆရာေတာ္ဘုရားႀကီး”ရဲ႕ေစတနာက ဗုဒၶဘာသာရဲ႕ အေျခခံေကာင္းျဖစ္တဲ႔“ကိုယ္ခ်င္းစာတရား”ကို ပိုင္ပိုင္ႏိုင္ႏိုင္ႀကီးရေစခ်င္တာပါ။
“ကိုယ္ႀကိဳက္တာ ကိုယ္လုပ္”ဆိုတာ..။
ကိုယ္မႀကိဳက္တာ- သူ႕အသက္သတ္ျခင္း၊ညွဥ္းဆဲျခင္း၊ သူ႕ဥစၥာခိုးယူျခင္း၊ သူ႕လင္၊သူ႕မယား က်ဴးလြန္ေစာ္ကားျပစ္မွားျခင္း၊ လိမ္ညာေျပာဆိုျခင္း၊ ေသရည္အရက္ မူးယစ္ပစၥည္း သံုးစြဲျခင္း။
ကိုယ္ႀကိဳက္တာ- သူ႔အသက္မသတ္ျခင္း၊ အသက္ကယ္ျခင္း၊ သူ႕ဥစၥာ မခိုး၀ွက္ျခင္း၊ ေပးကမ္းကူညီျခင္း၊ မလိမ္မညာ အမွန္ကိုသာေျပာဆိုျခင္း၊ ေသရည္ အရက္ မူးယစ္ေဆး၀ါး ေရွာင္ၾကဥ္ျခင္း။
ဒါေၾကာင့္ “ကိုယ္ႀကိဳက္တာ ကိုယ္လုပ္”ဆိုတာ “ငါးပါးသီလေစာင့္ထိန္းပါ”လို႔ ေဟာလိုရင္းျဖစ္ပါတယ္။ ငါးပါးသီလဆိုတာ ကမာၻေလာက သာယာၿငိမ္းခ်မ္းဖို႔ အေျခခံစည္းမ်ဥ္းဥပေဒလည္းျဖစ္ပါတယ္။“မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး”ရဲ႕ဒီတရားနာခဲ႔ၾကတဲ႔ေထာင္ေသာင္းခ်ီတဲ႔ သူမ်ားဟာ ငါးပါးသီလ ေဆာက္တည္ၿပီးသားလည္းျဖစ္သြားေတာ႔တယ္။
ၾကမ္းေပ႔၊ရမ္းေပ႔ ဆိုတဲ႔ "မုဆိုးႀကီး" ကို အပါယ္ဆင္းရဲက လြတ္ေျမာက္ေအာင္ ကယ္တင္ၿပီး “ေသာတပန္”တည္ေစခဲ႔တဲ႔ “မယားေသာတပန္”ရဲ႕ ျပဳျပင္ႏိုင္စြမ္းဟာလည္း ေျပာစမတ္တြင္က်န္ခဲ႔ပါတယ္။
(ဤတြင္ “မဟာေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး၏ ကိုယ္ႀကိဳက္တာ ကိုယ္လုပ္”တရားေတာ္ ၿပီးစီးပါၿပီ)
-ဗုဒၶကမာၻ မွ ကူးယူေဖၚျပသည္။
[Unicode]
ကိုယ်ကြိုက်တာ ကိုယ်လုပ် တရားတော်
"မိန်းမ"တွေကိုဘာသာ၊သာသနာသုံးအားဖြင့်"မာတုဂါမ"လို့ခေါ်ပါတယ်။"မာတု=မိခင်၊ဂါမ=လမ်း"ဖြစ်လို့"မိခင်လမ်းသွားနေသူ"လို့နားလည်ရပါတယ်။"မိန်းမ"ဟူက(အပျိုကြီးတွေသော်မှ)မိခင်စိတ်ပါလာတာချည်း။ "မိခင်စိတ်"ဆိုတာမေတ္တာဖြင့်ပြုပြင်ပေးခြင်းပဲဖြစ်ပါတယ်။"ကာလသမီးအပျိုလေး"ပဲကြည့်ပါလေ။သူတို့ရဲ့ချစ်သူကို"အရက်မသောက်ရ၊ဆေးလိပ်မသောက်ရ"စသည်စည်းကမ်းထုတ်ပြန်ပြုပြင်ပေးလေ့ရှိတာ မညားမီကတည်းက မဟုတ်လား။အဲဒါဟာ "မိခင်စိတ်"နဲ့ပြုပြင်ပေးနေတာလို့ မှတ်သားခဲ့ရဖူးပါတယ်။
မိန်းမတွေရဲ့အရည်အချင်းကောင်းတွေထဲမှာ"ပြုပြင်နိုင်စွမ်းရည််"ဟာလည်း ထူးခြားတဲ့ဂုဏ်တစ်ခုအဖြစ်ပါ၀င်နေပါတယ်။ ဒီသဘောကို"ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး"ရဲ့တရားတော်တစ်ပုဒ်ထဲကကောက်နှုတ်ပြချင်ပါတယ်။ ဒီတရားကို"၁၉၉၆၊မတ်လ(တပေါင်းလ)(လားဟူ၊လီရှော တိုင်းရင်းသားများရဲ့ဗုဒ္ဓဘာသာခံယူပွဲကြီး)"မှာဟောခဲ့ပါတယ်။ တရားဇာတ်ကြောင်းပါ ဇာတ်ဆောင်များကတော့-
"လင်မုဆိုးနဲ့ မယားသောတပန်"တဲ့။
လင်နဲ့မယားတို့ရဲ့ဂုဏ်ရည်က အဲသလောက်ကွာဝေးပါတယ်။ "မုဆိုး"ဆိုတာက သားကောင်တွေကိုသတ်ဖြတ်ရောင်းစားလို့"အပါယ်လေးဘုံ"ကိုသွားဖို့သေချာနေသူ၊"သောတပန်"ဆိုတာကတော့"အပါယ်တံခါးပိတ်လို့ ငါစွဲ ဒိဋ္ဌိမရှိတော့ဘဲ ရတနာသုံးပါး၌ ယုံမှားသံသယလုံးဝမရှိတော့တဲ့သူ"။ သို့သော် "သောတပန်"အဆင့်မှာ ကိလေသာ မကုန်သေးတဲ့အတွက် လင်ယူ၊ သားမွေးပြုကြသေးတယ်။ အဲဒီတော့မယားသောတပန်ခမျာ လင်မုဆိုးကြီးနဲ့မှ ကြံကြံဖန်ဖန်ပေါင်းဖက်တွေ့ရတဲ့အကြောင်းကတော့"ရှေးရေစက်"လို့ပဲ အလိမ္မာစကားဆိုရလိမ့်မယ်။ တည့်တည့်ပြောရရင်တော့ "ကာမပြစ် ကာမဝဋ်"ပေါ့။တနည်းအားဖြင့်တော့ သံသရာကပါလာတဲ့"အစွဲတဏှာ"ကြောင့်ပေပေါ့။
ကြည့်ပါလေ။
ဟိုရှေးအတီတေ"ကသပဘုရားရှင်"ရွှေလက်ထက်တော်က "လင်မယားတစ်ဘဝ"တော်ဖူးရုံမျှဖြင့်၊ဒီဘဝမှာ "မုဆိုးကြီးလင်တော်ချင်စိတ်"ဖြစ်ပေါ်လာလေခြင်း။ နှစ်ပေါင်းအသချေင်္ကာလ မှာငုပ်နေတဲ့အစွဲတဏှာက အဲဒီလိုပြန်ပေါ်လာတာနော်။ (ဘဝဆက်တိုင်း ညားခဲ့ဖူးသူတွေ ဘယ်လိုနေမယ်မသိ။)သွေးသံနဲ့ရဲရဲသားကောင်လေးတွေကိုထမ်းပိုးပြီးတောထဲကပြန်လာတဲ့ မသတီစရာဒီ"မုဆိုးကြီး"ကိုမှချစ်မိလေတဲ့"သောတပန်မယားအလိမ္မာ"ခမျာ တစ်နေ့၊တစ်နေ့ ဒီမုဆိုးကြီး"သူတော်ကောင်း"ဖြစ်လာအောင် ပြုပြင်ပေးဖို့သာကြံစည်နေတာပါ။
"မုဆိုးကြီး"မှာတော့ "ဘုရား"ပွင့်နေတယ်ဆိုတာတောင် မသိပါဘူး။ သတ်ရ၊ဖြတ်ရ၊ရောင်းရ၊၀ယ်ရရင် ပျော်နေတာပါပဲ။သူက "အန္ဓပုထုဇဉ်"ပဲ။ "အန္ဓပုထုဇဉ် နဲ့ သောတပန်" လင်မယားသာဆိုရ လောကအမြင်ချင်းက နေထွက်ရာအရပ်နဲ့နေဝင်ရာအရပ်လောက် ကွာဝေးပါတယ်။ မုဆိုးကြီးက"အပြစ်ရှိ အပြစ်မဲ့"၊"အကျိုးရှိ၊အကျိုးမဲ့"ဘာမှခွဲခြားမသိ။ "သောတပန်"ကတော့"နိဗ္ဗာန်"ရောက်ကြောင်းအထိသိနေပြီ။ လင်မယားချင်းအဲဒီလောက်ထိ ခြားနားဝေးကွာလွန်းလှလေရဲ့။
ဒါပေမဲ့ သောတပန် မယားအလှ စိတ်မပျက်ဘူး။ ချစ်သူ ကိုကယ်တင်ရမယ်။ မုဆိုးကြီး စိတ်အေးကြည်သာတဲ့အချိန်ကောင်း စောင့်ပြီး ဒီလို တောင်းပန်ရှာသတဲ့။
"ဘုရားထံတော်သွားလို့ ကျွန်မအတွက် တရားတစ်ပုဒ်လောက် နာပေးပါနော်"
"ဟာ….ငါနဲ့မဖြစ်လောက်ဘူးထင်ပါရဲ့ကွာ"
အဲဒီလောက်တော့ မုဆိုးကြီး သိသေးတယ်။ဒါကြောင့် ငြင်းတယ်။ ဒါပေမဲ့ တစ်ခါကနှစ်ခါ မငြင်းသာတော့ဘဲ မယားအလိုကျဘုရားထံသွားတယ်။
မုဆိုးကြီး ကျွတ်မှာကိုမြင်တော်မူတဲ့"ဘုရားရှင်"က စင်္ကြလျှောက်ရင်း အသင့်စောင့်လင့်တော်မူတယ်။
မုဆိုးကြီးရဲ့စရိုက်ကို မုဆိုးကြီးလျှောက်ထားပုံ စကားအားဖြင့် "ဆရာတော်ဘုရားကြီး"သရုပ်ဖော်လိုက်ပုံဟာ အင်မတန်ပီပြင်လွန်းလှပါတယ်။
"တပည့်တော် မအားဘူး၊ အလုပ်တစ်ဖက်ကြားက အရှင်ဘုရားဆီလာရတာ။ တရားတိုတိုပဲဟောပါ ဘုရာ့"
"ဒါယကာ…..သင်ကြိုက်တာ သင်လုပ်၊ သင် မကြိုက်တာ သင် မလုပ်နဲ့"
"ဘုရား"ကအဲသလို မိန့်ကြားလိုက်ပါတယ်။
"တပည့်တော် တရားနာချင်တယ် ဘုရာ့"
"ငါ ဟောပြီးပြီ"
ဟယ်….။ မုဆိုးကြီး အလွန်ဝမ်းသာသွားတော့တယ်။ သူ ထင်တာ သူ့ကိုကြိမ်းမောင်းမယ်။ အပြစ်တင်မယ် ထင်နေတာ၊အခုတော့ အပြစ်မတင်၊မကြိမ်းမောင်း တဲ့အပြင်"ကိုယ်ကြိုက်တာ ကိုယ်လုပ်"ဆိုတော့ ၀မ်းမသာဘဲ ရှိပါ့မလား။
တစ်ခါ သူ ထင်ထားတာက "အကုသလော ဓမ္မော" အစရှိတဲ့ အသိုင်းကြီး အဝိုင်းကြီးတွေနဲ့ ဟောမယ်ထင်ခဲ့တာ။ ခုတော့ ကြည့်စမ်း၊"စကားလုံးလေး နှစ်လုံး။ ငါ ဦးကုန်းချတာလောက်တောင်မှ မကြာပါလား" တဲ့။
မယား ဆီ အားရ ၀မ်းသာပြေးလွှား ရင်း-
"နင်တို့ ဘုရား က (သင် ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ သင် မလုပ်နဲ့) လို့ပဲ ပြောလိုက်တယ်။ ငါ့ကို မဆူဘူး၊ မကြိမ်းဘူး" ..လို့ ခြံဝ က အော်ဟစ် ပြောဆိုတယ်။
မယားအလိမ္မာက"သောတပန်"ပီပီ သိလိုက်ရပြီ၊သူသိလိုက်ရတဲ့"တရားအဓိပ္ပါယ်"ကိုအကောင်အထည်ဖော်ဖို့ မယားအလိမ္မာလေးပြုလိုက်ပုံက မုဆိုးကြီး ကို အံ့သြ တုန်လှုပ်သွားစေခဲ့တယ်။သူ့မယား က သူ့ရဲ့ လေးနဲ့မြား ကို အသင့်ကောက်တင်ပြီး သူ့ကိုပစ်ခတ်မယ်လို့ ရင်ဝဆီ ချိန်ရွယ်ထားပါ ရောလား။
"ဧကန္တ နောက်တစ်ယောက်နဲ့များ…."
သူ့မယား လင်ငယ်တွေ့လေသလား ထင်မှားက ဇဝေဇဝါကြီး နဲ့ ရှေ့တိုးအလာ-
"ရှေ့မတိုးခဲ့နဲ့၊ အရှင့်ကို သတ်ရလိမ့်မယ်"
မယားရဲ့ မာကြောလှတဲ့အသံ။
"ရှင်မ ၊ နောက်တစ်ယောက်တွေ့လို့များ ဒီလို "
"မဟုတ်လိုက်လေ"
"ရော် ရှင်မပဲ ဘုရားဆီသွား တရားနာ ဆို…"
"ဟုတ်ပြီ ၊ ဒီ လေး နဲ့ မြားအကြောင်း ရှင် ဘယ်လောက်ထိ သိသလဲ"
"ငါ့ လက်နက်အကြောင်း ငါ ကောင်းကောင်း သိတာပေါ့ ဒီ အဆိပ်လူးမြားက သားကောင်တောင် ထွင်းဖောက်သွားစရာမလိုဘဲ ထိရုံ နဲ့ အဆိပ်သင့်ပြီး သေစေနိုင်တယ် "
"ဒါဖြင့် အဆိပ်လူးမြား နဲ့ အရှင့် ကို ပစ်ခတ် သတ်ဖြတ်မယ် ဆို အရှင် ကြိုက်သလား၊မကြိုက်ဘူးလား"
"ကိုယ်ချင်းမစာ ပြောရက်လေခြင်းကွာ၊ ငါ သေရမှာ ငါ ဘယ်ကြိုက်ပါ့မလဲ"
“အဲဒါ ဘုရားပြောတဲ့ (သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ သင် မလုပ်နဲ့) ဆိုတဲ့ စကားပဲ”
“ဟေ…ဟင်…..ဟုတ်ပေသားပဲ”
မယားစကားအဆုံးမှာပဲ မုဆိုးကြီး “သောတပန်”တည်သွားလေရဲ့ တဲ့။ “စကား နောက် တရားပါတယ်”ဆိုတာအဲဒါပါပဲ။
“အနာထပိဏ်”စတဲ့ ဗုဒ္ဓဝင်မှာ အထင်ကရပုဂ္ဂိုလ် ကျော်များဟာ ဘုရားနဲ့တွေ့ပြီး ဘုရားရှင်ရဲ့ တရားတော် နာကြားပြီး “သောတပန် ”တည်ကြပါတယ်။
ဒီ“မုဆိုးကြီး”ကတော့“မယား”စကားနာကြားပြီး“သောတပန်”တည်သွားတဲ့ ထူးခြားတဲ့ဇာတ်ဆောင်ကြီးပါ။ မိန်းမတို့ရဲ့ပြုပြင်နိုင်စွမ်းရည် ကလည်း အံဖွယ်ပါပေ။ "ဆရာတော်ဘုရားကြီး"ဟာ တရားနာပရိတ်သတ်ထဲက မုဆိုးအလုပ်နဲ့အသက်မွေးနေတဲ့ အချို့သော သူများကိုချိန်ပြီး ဒီတရားကို လှလှပပ ဟောသွားခဲ့ပုံရပါတယ်။
“ဆရာတော်ဘုရားကြီး”ရဲ့စေတနာက ဗုဒ္ဓဘာသာရဲ့ အခြေခံကောင်းဖြစ်တဲ့“ကိုယ်ချင်းစာတရား”ကို ပိုင်ပိုင်နိုင်နိုင်ကြီးရစေချင်တာပါ။
“ကိုယ်ကြိုက်တာ ကိုယ်လုပ်”ဆိုတာ..။
ကိုယ်မကြိုက်တာ- သူ့အသက်သတ်ခြင်း၊ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူ့လင်၊သူ့မယား ကျူးလွန်စော်ကားပြစ်မှားခြင်း၊ လိမ်ညာပြောဆိုခြင်း၊ သေရည်အရက် မူးယစ်ပစ္စည်း သုံးစွဲခြင်း။
ကိုယ်ကြိုက်တာ- သူ့အသက်မသတ်ခြင်း၊ အသက်ကယ်ခြင်း၊ သူ့ဥစ္စာ မခိုးဝှက်ခြင်း၊ ပေးကမ်းကူညီခြင်း၊ မလိမ်မညာ အမှန်ကိုသာပြောဆိုခြင်း၊ သေရည် အရက် မူးယစ်ဆေးဝါး ရှောင်ကြဉ်ခြင်း။
ဒါကြောင့် “ကိုယ်ကြိုက်တာ ကိုယ်လုပ်”ဆိုတာ “ငါးပါးသီလစောင့်ထိန်းပါ”လို့ ဟောလိုရင်းဖြစ်ပါတယ်။ ငါးပါးသီလဆိုတာ ကမ္ဘာလောက သာယာငြိမ်းချမ်းဖို့ အခြေခံစည်းမျဉ်းဥပဒေလည်းဖြစ်ပါတယ်။“မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး”ရဲ့ဒီတရားနာခဲ့ကြတဲ့ထောင်သောင်းချီတဲ့ သူများဟာ ငါးပါးသီလ ဆောက်တည်ပြီးသားလည်းဖြစ်သွားတော့တယ်။
ကြမ်းပေ့၊ရမ်းပေ့ ဆိုတဲ့ "မုဆိုးကြီး" ကို အပါယ်ဆင်းရဲက လွတ်မြောက်အောင် ကယ်တင်ပြီး “သောတပန်”တည်စေခဲ့တဲ့ “မယားသောတပန်”ရဲ့ ပြုပြင်နိုင်စွမ်းဟာလည်း ပြောစမတ်တွင်ကျန်ခဲ့ပါတယ်။
(ဤတွင် “မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ကိုယ်ကြိုက်တာ ကိုယ်လုပ်”တရားတော် ပြီးစီးပါပြီ)
-ဗုဒ္ဓကမ္ဘာ မှ ကူးယူဖေါ်ပြသည်။
No comments:
Post a Comment