[Zawgyi]
ငါ့တရားအားထုတ်နေတယ်..။ငါ…သိနေတယ်..။
အဲဒီလိုစွဲလမ်းလိုက်တာဟာ..မိစ္ဆာဒိဋ္ဌိ ဖြစ်သွားတာ သိပ်နာတာပဲနော်..။
Credit: Original
[Unicode]
အာရုံချည်တိုင် ခိုင်ခိုင် ချည် ပါ
စိတ်မိုက် နွားဆိုး သတိကြိုးနှင့် အာရုံ ချည် တိုင် ခိုင်ခိုင် ချည်ပါ..ဆိုတာ သိထားပြီးဖြစ်နေပါပြီ..။
လွတ်သွားတဲ့ စိတ်ကလေးဟာ နွားဆိုးလေးနဲ့တူတယ်..။
နွားမိုက် နွားဆိုး နွားရိုင်းလေးက ကြိုးနဲ့ချည် ထားမှ…
တိုင် မှာ ခိုင် ခိုင် ချည် မထားဘူး ဆိုရင်..
ပေါက် လွှတ်ပဲစား သွားချင်ရာသွား…ဖြစ်ချင်ရာ ဖြစ်နေတယ်..။
အဲဒီသဘော ပဲ..။စိတ်မိုက် နွားဆိုးလေးကို သတိဟူသော ကြိုးနဲ့ ချည် ရမယ်..။
ဘယ် မှာ ချည်ရမလဲ ဆိုတော့ အာရုံမှာ ချည်ရမယ်..။
မှတ်စရာ အာရုံတွေက ချည် တိုင် ပါပဲ..။ခန္ဓာ ချည် တိုင်ပေါ့နော်..။
ခိုင် ခိုင် ချည် ပါဆိုတာ လုံ့လ ဝီရိယ စိုက်တာကို ပြော ပါတယ်..။
လုံ့လ ဝီရိယရှိတဲ့ ပုဂ္ဂိုလ် ဟာ ဟိုရောက် ဒီရောက် စိတ်တွေ လျော့နည်းနေတယ်..။
အဝေးရောက်တဲ့စိတ်က ဝိက္ခိတ္တ စိတ်…
အဲဒီစိတ်ရှိနေတဲ့လူဟာ ဖြစ်ခိုက် ရုပ်နာမ် ပေါ်မှာ သိခွင့်မရတော့ဘူး။
သိခွင့်မရရင် အမှန်အတိုင်း မသိ အမှားစွဲလမ်းမှုက ..ဝင်လာတော့တာ ပဲ..။
ရုပ် နဲ့ နာမ် အမှန် ရှိရဲ့သားနဲ့ …
ငါ့တရားအားထုတ်နေတယ်..။ငါ…သိနေတယ်..။
ငါ့အသိတွေ သိပ်ပြီးထူးခြားနေတယ်..။
အဲဒီလိုစွဲလမ်းလိုက်တာဟာ..မိစ္ဆာဒိဋ္ဌိ ဖြစ်သွားတာ သိ်ပ်နာတာပဲနော်..။
အဲဒါရှုမှတ်မှု ကင်းသွားလို့ပါ..။ရှုမှတ်မှု မကင်းရင် ….
အမှန် အတိုင်းသိ မြင်တော့ အဲဒီလို အစွဲတွေ ဖြစ်ခွင့်မရပါဘူး။
-ရွှေကျင်နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ
Credit: Original
No comments:
Post a Comment