[Zawgyi]
"မဂ္ ႏွင့္ ဖိုလ္ ကြဲျပားပံု"
ဝိပႆနာ အားထုတ္ၾကသူ ဓမၼမိတ္ေဆြမ်ား အေနျဖင့္ မိမိတို႔ရဲ ့အားထုတ္မႈအေလ်ာက္ ရရွိလာၾကမဲ့ "မဂ္" " ဖိုလ္" တို ့ ၏ အေၾကာင္း ကို ဗဟုသုတ အေနျဖင့္ ႀကိဳတင္ သိခ်င္၊ နားလည္ေနခ်င္ၾကမွာပါ။
ထို ့ေၾကာင့္ ဗဟုသုတ ျဖစ္ေစရန္ အတြက္ "မဂ္ ႏွင့္ ဖိုလ္" ကြာျခားပံု ကို ဖတ္ရႈရၿပီး မိမိနားလည္သေလာက္ ဓမၼမိတ္ေဆြမ်ား လြယ္ကူစြာ သေဘာေပါက္ ရန္ ေစတနာျဖင့္ မွ်ေဝလိုက္ပါတယ္။
ပထမအဆင့္အေနနဲ ့အစပ်ိဳးရရင္ေတာ့..
မဂ္ က"အေသ"၊
ဖိုလ္ က "အရွင္" ေပါ့။
"မဂ္"ေလးပါး မွာ ဆိုင္ရာေလးပါး က်ၿပီးရင္ "မဂ္"က ဆက္ၿပီးမျဖစ္ေပၚေတာ့တဲ့အတြက္ေၾကာင့္ "ေသေလးပါး"လို႔ သတ္မွတ္တာပါ။
ဖိုလ္ေလးပါးမွာ သူနဲ ့ဆိုင္ရာ ဖိုလ္ကို အႀကိမ္ႀကိမ္ဝင္စားႏိုင္တဲ့ အတြက္ေၾကာင့္ "ရွင္ေလးပါး"ဟု ေခၚဆိုပါတယ္။
ေသာတာပန္အတြက္ဆိုလွ်င္ မဂ္ ဟာ တစ္ႀကိမ္သာျဖစ္ခဲ့ၿပီး "ဖိုလ္ဥာဏ္"သည္ အႀကိမ္ႀကိမ္ျပန္ဝင္စားရရိွႏိုင္ပါတယ္။
ဝိပသနာဥာဏ္စဥ္ အဆင့္ဆင့္တက္ၿပီး ေသာတာပန္ဆိုင္ရာ "မဂ္" ဟာ တစ္ႀကိမ္သာက်ၿပီး ဖိုလ္ေဇာ သည္ ႏွစ္ႀကိမ္၊ တခ်ိဳ႕သံုးႀကိမ္က်ၿပီး ျပန္လည္ဆင္ျခင္တဲ့ ဥာဏ္ျဖစ္ေပၚၿပီး ေတာ့ ပထမအဆင့္ ေအာင္ျမင္တယ္လို ့ေခၚပါတယ္။ အရွင္းဆံုးေျပာရရင္ "ေသာတာပန္" ျဖစ္ပါတယ္။
အဲဒီေနာက္ ေသာတာပန္အဆင့္အတြက္( ေနာက္ပိုင္းအဆင့္မ်ား အတြက္မဆုိလိုပါဘူး ) "မဂ္ဥာဏ္"ထပ္မျဖစ္ေတာ့ပါဘူး။ ဒါေပမဲ့ မိမိရရိွၿပီးေသာ "ေသာတာပန္ ႏွင့္ ပတ္သက္ေသာ ဖိုလ္ဥာဏ္"အတြက္ အႀကိမ္ႀကိမ္ျပန္လည္ ဝင္စားႏိုင္ ပါတယ္။ အဲဒီ အတြက္ေၾကာင့္ "မဂ္"ဟာ ေလးဆင့္ အထိေအာင္ျမင္ႏိုင္ေသာလည္း "တစ္ဆင့္"အတြက္"တစ္ႀကိမ္"သာက်ပါတယ္။ အဲဒီအခ်က္ကိုေတာ့.. ဓမၼမိတ္ေဆြ တို ့ႀကိဳတင္သေဘာေပါက္နားလည္ထားရမွာျဖစ္ပါတယ္။
"ဖိုလ္ဥာဏ္" ကေတာ့ ဆိုင္ရာ"မဂ္ဥာဏ္"အတြက္ အႀကိမ္ႀကိမ္ ျပန္လည္ဝင္စားရရိွပါတယ္။
ဒါေၾကာင့္ ဒီအခ်က္ေတြဟာ "မဂ္ဥာဏ္ ႏွင့္ ဖိုလ္ဥာဏ္" ကြာျခားခ်က္ပင္ျဖစ္ပါတယ္။
ကိေလသာ ကို သတ္ျခင္းဆိုတာ"မဂ္"၊ ရုပ္ဓာတ္၊နာမ္ဓာတ္ ခ်ဳပ္ျပတ္ျခင္းကား အခ်က္၊ ဒါမွမဟုတ္ သခၤါရုေပကၡာဉာဏ္ အင္အားမျပည့္ဝေသးမွီ၊ ဗိုလ္ငါးပါး အင္အားမမွ်၊ ရင့္က်က္မႈကာလသို႕ မေရာက္ေသးမွီ၊ "မဂ္သဘာဝ"၏ ခ်ဳပ္ျပတ္ပံုမ်ဳိး လို "မဂ္အတု" မ်ားလည္း ေသခ်ာေပါက္ ေပၚေပါက္ၾကပါေသးတယ္။
ေလာလာထားရသေလာက္မွ်ေဝရရင္....
၁။ ခ်မ္းသာဆင္းရဲတို႕အေပၚ ဥေပကၡာအျပဳ လြန္ရာမွ တစ္ခ်က္စာမွ် လစ္လပ္သြားျခင္း၊
၂။ ေၾကာင့္ၾကပူပန္ျခင္းကင္းေသာ စိတ္ျဖဴစင္မႈအေပၚ ႏွစ္သက္ေနျခင္းေၾကာင့္လည္း တစ္မွတ္စာမွ် လစ္လပ္သြားျခင္း၊
၃။ေၾကာင့္ၾကပူပန္ျခင္းကင္း စိတ္ၿငိမ္းေအးေနျခင္းအေပၚ ၿငိေနျခင္းေၾကာင့္လည္း တစ္မွတ္စာမွ် လစ္လပ္သြားတတ္ျခင္း၊
၄။ ဝီရိယထား၊ သမာဓိအား ႏွင့္ မလိုက္ဖက္ရာမွလည္း စိတ္ပ်ံ႕ထြက္သြားၿပီး တစ္မွတ္စာေလာက္ လစ္လပ္သြားတတ္ျခင္း၊
၅။ အျမင္ကလည္းမတိုး၊ ရိုးအီပ်င္းရိလာၿပီးေတာ့ ဆႏၵအားမ်ား ယုတ္ေလ်ာ့ နိမ့္ပါးသြားကာ ငိုက္ျမည္းမႈအရာျဖင့္ တစ္မွတ္စာမွ် လစ္လပ္သြားတတ္ျခင္း၊
၆။ ႏုလြန္ေသာအေတြ႕၌ အသိက မလိုက္ႏိုင္ေတာ့ျခင္းေၾကာင့္ ထိုင္းမိႈင္းပ်င္းရိလာေတာ့ကာ တစ္မွတ္စာမွ် လစ္လပ္ သြားတတ္ျခင္းမ်ားပင္ျဖစ္ပါတယ္။
တကယ္ေတာ့ အဲဒီေျခာက္မ်ဳိးဟာ သမာဓိလြန္ကဲ ဉာဏ္အားနည္းရာမွ ျဖစ္ေသာ မသိျပတ္မ်ဳိးခ်ည္းဘဲ ျဖစ္ၾကပါတယ္။
မဂ္၏ ခ်ဳပ္ျပတ္မႈကား စကၡဳံဥဒပါဒိ ဉာဏဥဒပါဒိ အစခ်ီ ဓမၼစကၠပဝတၱနသုတ္ေတာ္ လာ အဂၤါငါးပါး ႏွင့္အညီ သိလ်က္က ခ်ဳပ္ျပတ္သြားျခင္းမ်ဳိးသာ။
မဂ္အစစ္ကား …
မဂ္ က်သည္ ႏွင့္ တစ္ျပိဳင္နက္ ထပ္ခ်ပ္မကြာ ဖိုလ္ လို ့ေခၚတဲ့ ကိေလသာ ေသဆံုးသြားမႈ၏ အက်ဳိးထူးခံ ရလာဒ္အျဖစ္ အေအးဓာတ္ အၿငိမ္းဓာတ္ႀကီး ေပၚေပါက္ခံစားရျခင္းပင္ ျဖစ္၏ ။ "ဖိုလ္ ႏွင့္ မဂ္" တစ္ဆက္တည္းသာ ျဖစ္ပါသည္။
မဂ္အတုတို႕ကား …
မလစ္လပ္ခင္ ကတည္းက ေအးလည္းေအး၊ေမွးလည္းေမွး အျဖစ္ျဖင့္ ဥေပကၡာ ကေပးေသာ သာမန္ အေအး ထိုအခြင့္ေရးၾကားမွ ျပတ္ေတာက္သြားျခင္းမ်ဳိးမ်ား ျဖစ္ၾကၿပီး ျပတ္ေတာက္ၿပီး ေနာက္၌လည္း ထူးထူးျခားျခား ေအးမလာၿပီ။
"မဂ္" ဆိုသည္မွာ သူနဲ ့ဆိုင္ရာ ကိေလသာ ကို သတ္ျဖတ္ခ်လိုက္ျခင္း၊" ဖိုလ္" ဆိုသည္မွာ ရန္ကင္းသျဖင့္ ေအးခ်မ္းျခင္း၊ သို႕ေၾကာင့္ "မဂ္ ႏွင့္ ဖိုလ္" ထိုႏွစ္ခင္းတို႕သည္ အေၾကာင္းခံႏွင့္ အက်ဳိးဆက္ ခြဲဖ်က္ မရစေကာင္းေသာ အတြဲမ်ားသာ ျဖစ္ၾကေသာေၾကာင့္....
"မဂ္အစစ္" ဟုတ္မဟုတ္ မည္သူ႕ကိုမွ် ေမးၾကည့္စရာ မလိုၿပီ။
အတုအစစ္ "ခြဲျခားနည္း" မည္သူ႕ထံမွလည္း နည္းခံေနစရာ မလိုၿပီ။ "မဂ္မသိ ဖိုလ္ နဲ ့ညိွ " စကားပမာ ခ်ဳပ္ျပတ္မႈသိေသာ အသိ၏ေနာက္၌ အၿငိမ္းဓာတ္ အေအးဓာတ္ႀကီး လိုက္မလိုက္ျဖင့္ ခ်ိန္ကိုက္သိႏိုင္ေၾကာင္း တင္ျပရင္း ဓမၼဒါနျပဳလိုက္ပါသည္။
ကိုးကား-
ေရႊေက်ာင္းကုန္းဆရာေတာ္ (မဟာေဗာဓိၿမိဳင္ဆရာေတာ္) ဝနဝါသီေဉယ်ဓမၼသာမိေထရ္ ၏ ဓေမၼာ၀ါဒကထာ မွ ေကာက္ႏႈတ္ ပူေဇာ္ပါသည္။
(Credit to: ခႏၶာ-၅ပါးတစ္ဦး )
[Unicode]
"မဂ် နှင့် ဖိုလ် ကွဲပြားပုံ"
ဝိပဿနာ အားထုတ်ကြသူ ဓမ္မမိတ်ဆွေများ အနေဖြင့် မိမိတို့ရဲ ့အားထုတ်မှုအလျောက် ရရှိလာကြမဲ့ "မဂ်" " ဖိုလ်" တို ့ ၏ အကြောင်း ကို ဗဟုသုတ အနေဖြင့် ကြိုတင် သိချင်၊ နားလည်နေချင်ကြမှာပါ။
ထို ့ကြောင့် ဗဟုသုတ ဖြစ်စေရန် အတွက် "မဂ် နှင့် ဖိုလ်" ကွာခြားပုံ ကို ဖတ်ရှုရပြီး မိမိနားလည်သလောက် ဓမ္မမိတ်ဆွေများ လွယ်ကူစွာ သဘောပေါက် ရန် စေတနာဖြင့် မျှဝေလိုက်ပါတယ်။
ပထမအဆင့်အနေနဲ ့အစပျိုးရရင်တော့..
မဂ် က"အသေ"၊
ဖိုလ် က "အရှင်" ပေါ့။
"မဂ်"လေးပါး မှာ ဆိုင်ရာလေးပါး ကျပြီးရင် "မဂ်"က ဆက်ပြီးမဖြစ်ပေါ်တော့တဲ့အတွက်ကြောင့် "သေလေးပါး"လို့ သတ်မှတ်တာပါ။
ဖိုလ်လေးပါးမှာ သူနဲ ့ဆိုင်ရာ ဖိုလ်ကို အကြိမ်ကြိမ်ဝင်စားနိုင်တဲ့ အတွက်ကြောင့် "ရှင်လေးပါး"ဟု ခေါ်ဆိုပါတယ်။
သောတာပန်အတွက်ဆိုလျှင် မဂ် ဟာ တစ်ကြိမ်သာဖြစ်ခဲ့ပြီး "ဖိုလ်ဉာဏ်"သည် အကြိမ်ကြိမ်ပြန်ဝင်စားရရှိနိုင်ပါတယ်။
ဝိပသနာဉာဏ်စဉ် အဆင့်ဆင့်တက်ပြီး သောတာပန်ဆိုင်ရာ "မဂ်" ဟာ တစ်ကြိမ်သာကျပြီး ဖိုလ်ဇော သည် နှစ်ကြိမ်၊ တချို့သုံးကြိမ်ကျပြီး ပြန်လည်ဆင်ခြင်တဲ့ ဉာဏ်ဖြစ်ပေါ်ပြီး တော့ ပထမအဆင့် အောင်မြင်တယ်လို ့ခေါ်ပါတယ်။ အရှင်းဆုံးပြောရရင် "သောတာပန်" ဖြစ်ပါတယ်။
အဲဒီနောက် သောတာပန်အဆင့်အတွက်( နောက်ပိုင်းအဆင့်များ အတွက်မဆိုလိုပါဘူး ) "မဂ်ဉာဏ်"ထပ်မဖြစ်တော့ပါဘူး။ ဒါပေမဲ့ မိမိရရှိပြီးသော "သောတာပန် နှင့် ပတ်သက်သော ဖိုလ်ဉာဏ်"အတွက် အကြိမ်ကြိမ်ပြန်လည် ဝင်စားနိုင် ပါတယ်။ အဲဒီ အတွက်ကြောင့် "မဂ်"ဟာ လေးဆင့် အထိအောင်မြင်နိုင်သောလည်း "တစ်ဆင့်"အတွက်"တစ်ကြိမ်"သာကျပါတယ်။ အဲဒီအချက်ကိုတော့.. ဓမ္မမိတ်ဆွေ တို ့ကြိုတင်သဘောပေါက်နားလည်ထားရမှာဖြစ်ပါတယ်။
"ဖိုလ်ဉာဏ်" ကတော့ ဆိုင်ရာ"မဂ်ဉာဏ်"အတွက် အကြိမ်ကြိမ် ပြန်လည်ဝင်စားရရှိပါတယ်။
ဒါကြောင့် ဒီအချက်တွေဟာ "မဂ်ဉာဏ် နှင့် ဖိုလ်ဉာဏ်" ကွာခြားချက်ပင်ဖြစ်ပါတယ်။
ကိလေသာ ကို သတ်ခြင်းဆိုတာ"မဂ်"၊ ရုပ်ဓာတ်၊နာမ်ဓာတ် ချုပ်ပြတ်ခြင်းကား အချက်၊ ဒါမှမဟုတ် သင်္ခါရုပေက္ခာဉာဏ် အင်အားမပြည့်ဝသေးမှီ၊ ဗိုလ်ငါးပါး အင်အားမမျှ၊ ရင့်ကျက်မှုကာလသို့ မရောက်သေးမှီ၊ "မဂ်သဘာဝ"၏ ချုပ်ပြတ်ပုံမျိုး လို "မဂ်အတု" များလည်း သေချာပေါက် ပေါ်ပေါက်ကြပါသေးတယ်။
လောလာထားရသလောက်မျှဝေရရင်....
၁။ ချမ်းသာဆင်းရဲတို့အပေါ် ဥပေက္ခာအပြု လွန်ရာမှ တစ်ချက်စာမျှ လစ်လပ်သွားခြင်း၊
၂။ ကြောင့်ကြပူပန်ခြင်းကင်းသော စိတ်ဖြူစင်မှုအပေါ် နှစ်သက်နေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားခြင်း၊
၃။ကြောင့်ကြပူပန်ခြင်းကင်း စိတ်ငြိမ်းအေးနေခြင်းအပေါ် ငြိနေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊
၄။ ဝီရိယထား၊ သမာဓိအား နှင့် မလိုက်ဖက်ရာမှလည်း စိတ်ပျံ့ထွက်သွားပြီး တစ်မှတ်စာလောက် လစ်လပ်သွားတတ်ခြင်း၊
၅။ အမြင်ကလည်းမတိုး၊ ရိုးအီပျင်းရိလာပြီးတော့ ဆန္ဒအားများ ယုတ်လျော့ နိမ့်ပါးသွားကာ ငိုက်မြည်းမှုအရာဖြင့် တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊
၆။ နုလွန်သောအတွေ့၌ အသိက မလိုက်နိုင်တော့ခြင်းကြောင့် ထိုင်းမှိုင်းပျင်းရိလာတော့ကာ တစ်မှတ်စာမျှ လစ်လပ် သွားတတ်ခြင်းများပင်ဖြစ်ပါတယ်။
တကယ်တော့ အဲဒီခြောက်မျိုးဟာ သမာဓိလွန်ကဲ ဉာဏ်အားနည်းရာမှ ဖြစ်သော မသိပြတ်မျိုးချည်းဘဲ ဖြစ်ကြပါတယ်။
မဂ်၏ ချုပ်ပြတ်မှုကား စက္ခုံဥဒပါဒိ ဉာဏဥဒပါဒိ အစချီ ဓမ္မစက္ကပဝတ္တနသုတ်တော် လာ အင်္ဂါငါးပါး နှင့်အညီ သိလျက်က ချုပ်ပြတ်သွားခြင်းမျိုးသာ။
မဂ်အစစ်ကား …
မဂ် ကျသည် နှင့် တစ်ပြိုင်နက် ထပ်ချပ်မကွာ ဖိုလ် လို ့ခေါ်တဲ့ ကိလေသာ သေဆုံးသွားမှု၏ အကျိုးထူးခံ ရလာဒ်အဖြစ် အအေးဓာတ် အငြိမ်းဓာတ်ကြီး ပေါ်ပေါက်ခံစားရခြင်းပင် ဖြစ်၏ ။ "ဖိုလ် နှင့် မဂ်" တစ်ဆက်တည်းသာ ဖြစ်ပါသည်။
မဂ်အတုတို့ကား …
မလစ်လပ်ခင် ကတည်းက အေးလည်းအေး၊မှေးလည်းမှေး အဖြစ်ဖြင့် ဥပေက္ခာ ကပေးသော သာမန် အအေး ထိုအခွင့်ရေးကြားမှ ပြတ်တောက်သွားခြင်းမျိုးများ ဖြစ်ကြပြီး ပြတ်တောက်ပြီး နောက်၌လည်း ထူးထူးခြားခြား အေးမလာပြီ။
"မဂ်" ဆိုသည်မှာ သူနဲ ့ဆိုင်ရာ ကိလေသာ ကို သတ်ဖြတ်ချလိုက်ခြင်း၊" ဖိုလ်" ဆိုသည်မှာ ရန်ကင်းသဖြင့် အေးချမ်းခြင်း၊ သို့ကြောင့် "မဂ် နှင့် ဖိုလ်" ထိုနှစ်ခင်းတို့သည် အကြောင်းခံနှင့် အကျိုးဆက် ခွဲဖျက် မရစကောင်းသော အတွဲများသာ ဖြစ်ကြသောကြောင့်....
"မဂ်အစစ်" ဟုတ်မဟုတ် မည်သူ့ကိုမျှ မေးကြည့်စရာ မလိုပြီ။
အတုအစစ် "ခွဲခြားနည်း" မည်သူ့ထံမှလည်း နည်းခံနေစရာ မလိုပြီ။ "မဂ်မသိ ဖိုလ် နဲ ့ညှိ " စကားပမာ ချုပ်ပြတ်မှုသိသော အသိ၏နောက်၌ အငြိမ်းဓာတ် အအေးဓာတ်ကြီး လိုက်မလိုက်ဖြင့် ချိန်ကိုက်သိနိုင်ကြောင်း တင်ပြရင်း ဓမ္မဒါနပြုလိုက်ပါသည်။
ကိုးကား-
ရွှေကျောင်းကုန်းဆရာတော် (မဟာဗောဓိမြိုင်ဆရာတော်) ဝနဝါသီဉေယျဓမ္မသာမိထေရ် ၏ ဓမ္မောဝါဒကထာ မှ ကောက်နှုတ် ပူဇော်ပါသည်။
(Credit to: ခန္ဓာ-၅ပါးတစ်ဦး )
No comments:
Post a Comment