Friday, August 12, 2016

တန္ခိုးႀကီး ဘုရား (တန်ခိုးကြီး ဘုရား)

[Zawgyi]
တန္ခိုးႀကီး ဘုရား

ဘုရားေစတီမွန္သမ်ွ တစ္ဆူတည္းေသာေဂါတမ ျမတ္စြာဘုရားကုိ ရည္မွန္း၍ တည္ထားျခင္းျဖစ္ပါတယ္။ ယင္းသုိ႔ ျမတ္စြာဘုရားကုိရည္မွန္း၍ တည္ထားေသာ ဘုရားေစတီ အခ်င္းခ်င္း မည္သည့္ဘုရားက တန္ခိုးႀကီးသည္ဟုသုံးႏႈံးေနၾကျခင္းမွာ သင့္ေလ်ာ္ ေလ်ာက္ပတ္ပါမည္ေလာ။ ျမန္မာျပည္အဝန္း ဘုရားေစတီအမ်ားအျပား ႐ွိေလရာ တန္ခိုးႀကီးဘုရားဖူးမည္ဟု အခ်ိဳ႕ေသာ ဘုရားဖူးလုပ္ငန္း႐ွင္မ်ားက ေၾကျငာေလ့ ႐ွိၾကရာ ထို ဘုရားမ်ားသာ တန္ခိုးႀကီးၿပီး က်န္ေသာ ဘုရားတို႔က တန္ခိုးမႀကီးၾကေတာ့ ၿပီေလာ ဟု ေမးစရာ ျဖစ္ေနပါတယ္။

ဒီအေၾကာင္းနဲ႔ စပ္ၿပီး ဂါးဒီးယန္း ဦးစိန္ဝင္း ေမးေလ်ွာက္ၿပီး အ႐ွင္ဇနကာဘိဝံသ ဆရာေတာ္ႀကီး အေျဖဟာ ႐ွင္းလင္းႏိုင္မယ္ ထင္ပါတယ္။

ေမး "တန္ခိုးႀကီး ဘုရားကုိ တကူးတက သြား၍ဖူးေျမာ္ပူေဇာ္ျခင္းနဲ႔ အိမ္တြင္ကုိးကြယ္ထားေသာ ႐ုပ္ပြားေတာ္ကုိ ဖူးေျမာ္ျခင္းတြင္ မည္သည့္ဖူးေျမာ္ျခင္းကပို၍ အက်ိဳး ႐ွိပါသနည္း "

ေျဖ " ဤျပသနာအတြက္ အထူးေျဖဖြယ္ရာ မလုိပါ။ မိမိစိတ္က ဂုဏ္ေတာ္ကုိ အာ႐ုံျပဳ႕ရာ၌ သဒၶါပညာ အတိမ္အနက္ လုိက္၍သာ အက်ိဳးရ ကြဲျပားဖြယ္႐ွိတယ္။ အကယ္၍ အလြန္ၾကည္ညဳိစြာအာ႐ုံျပဳ႕ႏိုင္ပါမူ သက္ေတာ္ထင္႐ွား ျမတ္စြာဘုရားကုိ ဖူးျမင္ရေသာ အက်ိဳးသည္ပင္ တန္းတူရႏိုင္ပါတယ္။ ႐ုိေသေလးစားမႈ မကြာလ်ွင္အက်ိဳးေပး မကြာႏိုင္ပါ ဘူး ။

-မင္းနန္ ေမာ္ကြၽန္း ၏ အယူအျမင္ မွန္ကန္ေရး စာအုပ္ငယ္မွ ကူးယူ မ်ွေဝပါတယ္
Credit to Oo Thaw  ေထရဝါဒ သာသနာ မွတ္စု.
========================================================
[Unicode]
တန်ခိုးကြီး ဘုရား

ဘုရားစေတီမှန်သမျှ တစ်ဆူတည်းသောဂေါတမ မြတ်စွာဘုရားကို ရည်မှန်း၍ တည်ထားခြင်းဖြစ်ပါတယ်။ ယင်းသို့ မြတ်စွာဘုရားကိုရည်မှန်း၍ တည်ထားသော ဘုရားစေတီ အချင်းချင်း မည်သည့်ဘုရားက တန်ခိုးကြီးသည်ဟုသုံးနှုံးနေကြခြင်းမှာ သင့်လျော် လျောက်ပတ်ပါမည်လော။ မြန်မာပြည်အဝန်း ဘုရားစေတီအများအပြား ရှိလေရာ တန်ခိုးကြီးဘုရားဖူးမည်ဟု အချို့သော ဘုရားဖူးလုပ်ငန်းရှင်များက ကြေငြာလေ့ ရှိကြရာ ထို ဘုရားများသာ တန်ခိုးကြီးပြီး ကျန်သော ဘုရားတို့က တန်ခိုးမကြီးကြတော့ ပြီလော ဟု မေးစရာ ဖြစ်နေပါတယ်။

ဒီအကြောင်းနဲ့ စပ်ပြီး ဂါးဒီးယန်း ဦးစိန်ဝင်း မေးလျှောက်ပြီး အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး အဖြေဟာ ရှင်းလင်းနိုင်မယ် ထင်ပါတယ်။

မေး "တန်ခိုးကြီး ဘုရားကို တကူးတက သွား၍ဖူးမြော်ပူဇော်ခြင်းနဲ့ အိမ်တွင်ကိုးကွယ်ထားသော ရုပ်ပွားတော်ကို ဖူးမြော်ခြင်းတွင် မည်သည့်ဖူးမြော်ခြင်းကပို၍ အကျိုး ရှိပါသနည်း "

ဖြေ " ဤပြသနာအတွက် အထူးဖြေဖွယ်ရာ မလိုပါ။ မိမိစိတ်က ဂုဏ်တော်ကို အာရုံပြု့ရာ၌ သဒ္ဓါပညာ အတိမ်အနက် လိုက်၍သာ အကျိုးရ ကွဲပြားဖွယ်ရှိတယ်။ အကယ်၍ အလွန်ကြည်ညိုစွာအာရုံပြု့နိုင်ပါမူ သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးမြင်ရသော အကျိုးသည်ပင် တန်းတူရနိုင်ပါတယ်။ ရိုသေလေးစားမှု မကွာလျှင်အကျိုးပေး မကွာနိုင်ပါ ဘူး ။

-မင်းနန် မော်ကျွန်း ၏ အယူအမြင် မှန်ကန်ရေး စာအုပ်ငယ်မှ ကူးယူ မျှဝေပါတယ်
Credit to Oo Thaw  ထေရဝါဒ သာသနာ မှတ်စု.

No comments:

Post a Comment