[Zawgyi]
ေသခါနီးေဝဒနာကို ဘယ္လိုရွဳမွတ္သင့္ပါသလဲ?
ေမးခြန္း -
ဆရာေတာ္ဘုရား... ေသခါနီး ေဝဒနာေတြ အျပင္းအထန္ ခံစားရတဲ့အခါ ေဝဒနာကို တိုက္ရိုက္ရွဳရမလား? ခြာျပီးရွဳရမလားဘုရား?
တပည့္ေတာ္ဆိုလိုတဲ့ ေဝဒနာကို ခြာျပီးရွဳတယ္ဆိုတာ ေဝဒနာေပၚမွာ တိုက္ရိုက္မရွဳဘဲ ဝင္ေလ ထြက္ေလမွာျဖစ္ျဖစ္, အရင္က ျပဳခဲ့ဖူးတဲ့ ဒါန, သီလ အစရွိတဲ့ ကုသိုလ္ေကာင္းမွု အာရံုတစ္ခုခုမွာျဖစ္ျဖစ္ အာရံုကို ထားထားတာကို ဆိုလိုတာပါ။ တပည့္ေတာ္ဆိုလိုတဲ့ ေဝဒနာကို တိုက္ရိုက္ရွဳတယ္ဆိုတာ တပည့္ေတာ္တို႔ အခု တရားစခန္းမွာ ရွဳေနရသလို ေဝဒနာရဲ႕သေဘာေတြ, ျဖစ္ပ်က္ေနတာေတြကို တိုက္ရိုက္ရွဳတာကို ဆိုလိုတာပါဘုရား။

အေျဖ -
ဝိပႆနာျဖစ္ေစမယ့္ အာရံုတစ္ခုခုကို ထားႏိုင္မယ္ဆိုရင္ေတာ့ ေကာင္းပါတယ္။ ေဝဒနာကို ခြာျပီး တျခားကုသိုလ္အာရံုေတြမွာ စိတ္ကိုထားတာကေတာ့ နည္းနည္းသက္သာတာေပါ့ေလ။
ဒါေပမယ့္ ေဝဒနာကို ခြာထားရံုနဲ႔ မရေသးဘူး, ကိုယ့္ေဘးမွာ ငိုေန, ပူေလာင္ေနၾကမယ့္ သူေတြရဲ႕အာရံုေတြ, တျခားအာရံုေတြကလဲ ရွိေသးတယ္။ ျပီးေတာ့ ဒါနအာရံုနဲ႔ေသရင္ နတ္ျပည္ ေရာက္ႏိုင္တယ္။ သီလနဲ႔ေသလဲ အတူတူပဲ။ ဒီ့ထက္ မပိုဘူး။!!

ေဝဒနာေတြရဲ႕ ျဖစ္မွု ပ်က္မွုသေဘာေတြကို တိုက္ရိုက္ရွဳေနမယ္ဆိုရင္ေတာ့ ဝိပႆနာအာရံုျဖစ္ေနတယ္။ ဒီလိုအခ်ိန္မွာ ပါရမီလဲရွိလို႔ ဥာဏ္ရင့္က်က္ခဲ့မယ္ဆိုရင္ ေသခါနီးမွကပ္ျပီး တစ္မဂ္, တစ္ဖိုလ္လည္း ဆိုက္သြားႏိုင္တယ္။
အဲဒီလိုမွ... တစ္မဂ္, တစ္ဖိုလ္လည္း မဆိုက္ဘူး, စ်ာန္လဲ မရဘူးဆိုရင္ လူ႔ျပည္, နတ္ျပည္ ေရာက္ႏိုင္တယ္။
ခုနက ကုသိုလ္အာရံုတစ္ခုခုနဲ႔ ေသရင္လဲ လူ႔ျပည္, နတ္ျပည္ ေရာက္ႏိုင္တာပဲ။
ဒါေပမယ့္ ဘာကြာသြားလဲဆိုေတာ့ ကုသိုလ္အာရံုေလာက္နဲ႔ နတ္ျပည္ေရာက္သြားတဲ့သူက နတ္ျပည္မွာ ေပ်ာ္စရာနဲ႔ေတြ႔ရင္ ေပ်ာ္စရာေတြဘက္ပါသြားျပီး တရားအားမထုတ္ျဖစ္ေတာ့ဘူး။ ဝိပႆနာအာရံုနဲ႔ ရွဳမွတ္ျပီး ေသခဲ့တဲ့သူက လူ႔ဘံု, နတ္ဘံုေတြေရာက္တဲ့အခါမွာလဲ ေမ့ေမ့ေလ်ာ့ေလ်ာ့မျဖစ္ဘဲ ဝိပႆနာတရားကို ဆက္ျပီးပြားမ်ားအားထုတ္လိုက္တဲ့အခါ တရားထူး, တရားျမတ္ေတြ မဂ္ဥာဏ္, ဖိုလ္ဥာဏ္ေတြ ရသြားႏိုင္တယ္။ အဲဒီလို ကြာျခားမွု ရွိတယ္!!

ငါတို႔ေတြ အခု တရားစခန္းမွာ ေဝဒနာေတြ ရွဳေနတာလဲ အေသက်င့္ေနတာနဲ႔ အတူတူပဲေပါ့။
ဒါေပမယ့္ သတိထားရမယ့္အခ်က္က...
အရင္က ေဝဒနာေတြ ရွဳမွတ္ပြားမ်ားျပီး ေဝဒနာေတြကို လႊမ္းမိုးေအာင္ ရွဳတတ္, မွတ္တတ္ဖူးေပမယ့္ ပံုမွန္အျမဲတမ္း ဆက္တိုက္ေလ့က်င့္မွု မရွိဘူး, ၾကားမွာ အားထုတ္ျဖစ္မထားဘူးဆိုရင္ေတာ့ ေသခါနီးအခါမွာ ႏိုင္ႏိုင္နင္းနင္း ရွဳမွတ္ႏိုင္ဖို႔ ခက္ခဲပါမယ္။ ဒါေၾကာင့္ အျမဲတမ္းလိုလို အေလ့အက်င့္ျဖစ္ေနေအာင္ ေန႔စဥ္နဲ႔အမွ် ရွဳမွတ္ပြားမ်ားေပးေနသင့္ပါတယ္။ ဒါဆိုရင္ေတာ့ အေသေလ့က်င့္ရာလဲေရာက္သလို ေသျပီးတဲ့ ေနာက္ဘဝမွာလည္း မေမ့မေလ်ာ့နဲ႔ ဝိပႆနာတရားေတြ ဆက္လက္ပြားမ်ားအားထုတ္ရင္း မဂ္ဥာဏ္ဖိုလ္ဥာဏ္ေတြ ရရွိသြားႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကို ရရွိသြားမွာပါ။

----------***----------
ေမးျမန္းခဲ့သူ - ခိုင္ခိုင္
ေျဖၾကားေပးခဲ့သူ - ခိပၸါဘိညာ သဒၶမၼရံသီရိပ္သာ ပဓါနနာယက, ကမၼ႒ာနာစရိယ ဆရာေတာ္ ဦးဥကၠံသ
ေျဖၾကားေပးခဲ့ရာ ေနရာ - Half Moon Bay ဓမၼာနႏၵဝိဟာရေက်ာင္း
ေျဖၾကားေပးခဲ့ရာ ေန႔ရက္ နဲ႔ အခ်ိန္ - June 11, 2016 (Sat) around 3:30 PM

ခိုင္ ဒီေမးခြန္းကို သိခ်င္ေနခဲ့တာ ၾကာပါျပီ။ ဆရာေတာ္ၾကီးေတြနဲ႔လဲ လက္လွမ္းမမွီလို႔ ေမးခြင့္ မရခဲ့ပါဘူး။ အခုတစ္ေခါက္ တရားစခန္းဝင္မွပဲ တရားျပဆရာေတာ္နဲ႔ တရားေလွ်ာက္ခြင့္ေတြ တစ္ရက္ျခားတစ္ခါ ရေတာ့မွပဲ တရားစခန္း ေနာက္ဆံုးေန႔မွာ ေမးျမန္းခြင့္ရခဲ့တာကို ဝမ္းသာလြန္းလို႔ ဓမၼမိတ္ေဆြမ်ားအတြက္ ျပန္လည္ေဝငွေပးလိုက္ပါတယ္။
ဓမၼမိတ္ေဆြမ်ားအားလံုး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာရႊင္လန္းျပီး ဤဘဝ, ဤသာသနာ, ဤခႏၶာႏွင့္ပင္ အပါယ္တံခါးကို အျပီးတိုင္ပိတ္သြားေစမယ့္ မဂ္ဥာဏ္, ဖိုလ္ဥာဏ္ တရားထူး, တရားျမတ္မ်ားကို က်င့္ၾကံပြားမ်ား ရရွိႏိုင္ၾကပါေစ။
ဤကဲ့သို႔ တရားအလွဴကို ေပးလွဴရေသာ ကုသိုလ္ေကာင္းမွုကံ, ေစတနာတို႔ေၾကာင့္ ဒုကၡခပ္သိမ္း ျငိမ္းေအးရာျဖစ္ေသာ မဂ္ဖိုလ္နိဗၺာန္၏ အေထာက္အပံ့ ျဖစ္ပါေစ။

ေမတၱာျဖင့္
ခိုင္ခိုင္
ခိုင္ခိုင္
June 14, 2016 (Tue)
[Unicode]
သေခါနီးဝေဒနာကို ဘယ်လိုရှုမှတ်သင့်ပါသလဲ?
မေးခွန်း -
ဆရာတော်ဘုရား... သေခါနီး ဝေဒနာတွေ အပြင်းအထန် ခံစားရတဲ့အခါ ဝေဒနာကို တိုက်ရိုက်ရှုရမလား? ခွာပြီးရှုရမလားဘုရား?
တပည့်တော်ဆိုလိုတဲ့ ဝေဒနာကို ခွာပြီးရှုတယ်ဆိုတာ ဝေဒနာပေါ်မှာ တိုက်ရိုက်မရှုဘဲ ဝင်လေ ထွက်လေမှာဖြစ်ဖြစ်, အရင်က ပြုခဲ့ဖူးတဲ့ ဒါန, သီလ အစရှိတဲ့ ကုသိုလ်ကောင်းမှု အာရုံတစ်ခုခုမှာဖြစ်ဖြစ် အာရုံကို ထားထားတာကို ဆိုလိုတာပါ။ တပည့်တော်ဆိုလိုတဲ့ ဝေဒနာကို တိုက်ရိုက်ရှုတယ်ဆိုတာ တပည့်တော်တို့ အခု တရားစခန်းမှာ ရှုနေရသလို ဝေဒနာရဲ့သဘောတွေ, ဖြစ်ပျက်နေတာတွေကို တိုက်ရိုက်ရှုတာကို ဆိုလိုတာပါဘုရား။

အဖြေ -
ဝိပဿနာဖြစ်စေမယ့် အာရုံတစ်ခုခုကို ထားနိုင်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ဝေဒနာကို ခွာပြီး တခြားကုသိုလ်အာရုံတွေမှာ စိတ်ကိုထားတာကတော့ နည်းနည်းသက်သာတာပေါ့လေ။
ဒါပေမယ့် ဝေဒနာကို ခွာထားရုံနဲ့ မရသေးဘူး, ကိုယ့်ဘေးမှာ ငိုနေ, ပူလောင်နေကြမယ့် သူတွေရဲ့အာရုံတွေ, တခြားအာရုံတွေကလဲ ရှိသေးတယ်။ ပြီးတော့ ဒါနအာရုံနဲ့သေရင် နတ်ပြည် ရောက်နိုင်တယ်။ သီလနဲ့သေလဲ အတူတူပဲ။ ဒီ့ထက် မပိုဘူး။!!

ဝေဒနာတွေရဲ့ ဖြစ်မှု ပျက်မှုသဘောတွေကို တိုက်ရိုက်ရှုနေမယ်ဆိုရင်တော့ ဝိပဿနာအာရုံဖြစ်နေတယ်။ ဒီလိုအချိန်မှာ ပါရမီလဲရှိလို့ ဉာဏ်ရင့်ကျက်ခဲ့မယ်ဆိုရင် သေခါနီးမှကပ်ပြီး တစ်မဂ်, တစ်ဖိုလ်လည်း ဆိုက်သွားနိုင်တယ်။
အဲဒီလိုမှ... တစ်မဂ်, တစ်ဖိုလ်လည်း မဆိုက်ဘူး, စျာန်လဲ မရဘူးဆိုရင် လူ့ပြည်, နတ်ပြည် ရောက်နိုင်တယ်။
ခုနက ကုသိုလ်အာရုံတစ်ခုခုနဲ့ သေရင်လဲ လူ့ပြည်, နတ်ပြည် ရောက်နိုင်တာပဲ။
ဒါပေမယ့် ဘာကွာသွားလဲဆိုတော့ ကုသိုလ်အာရုံလောက်နဲ့ နတ်ပြည်ရောက်သွားတဲ့သူက နတ်ပြည်မှာ ပျော်စရာနဲ့တွေ့ရင် ပျော်စရာတွေဘက်ပါသွားပြီး တရားအားမထုတ်ဖြစ်တော့ဘူး။ ဝိပဿနာအာရုံနဲ့ ရှုမှတ်ပြီး သေခဲ့တဲ့သူက လူ့ဘုံ, နတ်ဘုံတွေရောက်တဲ့အခါမှာလဲ မေ့မေ့လျော့လျော့မဖြစ်ဘဲ ဝိပဿနာတရားကို ဆက်ပြီးပွားများအားထုတ်လိုက်တဲ့အခါ တရားထူး, တရားမြတ်တွေ မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေ ရသွားနိုင်တယ်။ အဲဒီလို ကွာခြားမှု ရှိတယ်!!

ငါတို့တွေ အခု တရားစခန်းမှာ ဝေဒနာတွေ ရှုနေတာလဲ အသေကျင့်နေတာနဲ့ အတူတူပဲပေါ့။
ဒါပေမယ့် သတိထားရမယ့်အချက်က...
အရင်က ဝေဒနာတွေ ရှုမှတ်ပွားများပြီး ဝေဒနာတွေကို လွှမ်းမိုးအောင် ရှုတတ်, မှတ်တတ်ဖူးပေမယ့် ပုံမှန်အမြဲတမ်း ဆက်တိုက်လေ့ကျင့်မှု မရှိဘူး, ကြားမှာ အားထုတ်ဖြစ်မထားဘူးဆိုရင်တော့ သေခါနီးအခါမှာ နိုင်နိုင်နင်းနင်း ရှုမှတ်နိုင်ဖို့ ခက်ခဲပါမယ်။ ဒါကြောင့် အမြဲတမ်းလိုလို အလေ့အကျင့်ဖြစ်နေအောင် နေ့စဉ်နဲ့အမျှ ရှုမှတ်ပွားများပေးနေသင့်ပါတယ်။ ဒါဆိုရင်တော့ အသေလေ့ကျင့်ရာလဲရောက်သလို သေပြီးတဲ့ နောက်ဘဝမှာလည်း မမေ့မလျော့နဲ့ ဝိပဿနာတရားတွေ ဆက်လက်ပွားများအားထုတ်ရင်း မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ရရှိသွားနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိသွားမှာပါ။

မေးမြန်းခဲ့သူ - ခိုင်ခိုင်
ဖြေကြားပေးခဲ့သူ - ခိပ္ပါဘိညာ သဒ္ဓမ္မရံသီရိပ်သာ ပဓါနနာယက, ကမ္မဋ္ဌာနာစရိယ ဆရာတော် ဦးဥက္ကံသ
ဖြေကြားပေးခဲ့ရာ နေရာ - Half Moon Bay ဓမ္မာနန္ဒဝိဟာရကျောင်း
ဖြေကြားပေးခဲ့ရာ နေ့ရက် နဲ့ အချိန် - June 11, 2016 (Sat) around 3:30 PM

ခိုင် ဒီမေးခွန်းကို သိချင်နေခဲ့တာ ကြာပါပြီ။ ဆရာတော်ကြီးတွေနဲ့လဲ လက်လှမ်းမမှီလို့ မေးခွင့် မရခဲ့ပါဘူး။ အခုတစ်ခေါက် တရားစခန်းဝင်မှပဲ တရားပြဆရာတော်နဲ့ တရားလျှောက်ခွင့်တွေ တစ်ရက်ခြားတစ်ခါ ရတော့မှပဲ တရားစခန်း နောက်ဆုံးနေ့မှာ မေးမြန်းခွင့်ရခဲ့တာကို ဝမ်းသာလွန်းလို့ ဓမ္မမိတ်ဆွေများအတွက် ပြန်လည်ဝေငှပေးလိုက်ပါတယ်။
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ဤဘဝ, ဤသာသနာ, ဤခန္ဓာနှင့်ပင် အပါယ်တံခါးကို အပြီးတိုင်ပိတ်သွားစေမယ့် မဂ်ဉာဏ်, ဖိုလ်ဉာဏ် တရားထူး, တရားမြတ်များကို ကျင့်ကြံပွားများ ရရှိနိုင်ကြပါစေ။
ဤကဲ့သို့ တရားအလှူကို ပေးလှူရသော ကုသိုလ်ကောင်းမှုကံ, စေတနာတို့ကြောင့် ဒုက္ခခပ်သိမ်း ငြိမ်းအေးရာဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ။

မေတ္တာဖြင့်
ခိုင်ခိုင်
ခိုင်ခိုင်
June 14, 2016 (Tue)
No comments:
Post a Comment