Friday, August 12, 2016

"ဘုရား႐ွင္ေသာ္မွ ႏို႔တစ္လုံးဖိုးသာေက် " ("ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ ")

[Zawgyi]
"ဘုရား႐ွင္ေသာ္မွ ႏို႔တစ္လုံးဖိုးသာေက် "ဟူေသာ စကားမွာ ဤေလာက၌ သူတထူး၏ေက်းဇူးကုိ သိေတာ္မူရာ၌ အႏႈိင္းမဲ့ ျဖစ္ေတာ္မူေသာ ဘုရား႐ွင္အား ျပစ္မွားေစာ္ကားရာေရာက္ပါတယ္။

ဘုရား႐ွင္သည္ မိဘတို႔ေက်းဇူးကုိ အထူးအသိမွတ္ျပဳ႕၍ ျဗဟၼကသုတ္တြင္ ဤသုိ႔ ေဖာ္က်ဴးႁမြက္ဟခဲ့ပါတယ္။

"ရဟန္းတို႔ ..မိမိအိမ္၌ မိဘတို႔ကုိ ေကြၽးေမြးျပဳ႕စုေစာင့္ေ႐ွာက္ထားေသာ သားသမီးတို႔သည္ျဗဟၼႏွင့္အတူ ေနထိုင္သည္ မည္တယ္။ မိမိအိမ္၌ မိဘတို႔ကုိ ေကြၽးေမြးျပဳ႕စု ေစာင့္ေ႐ွာက္ထားေသာ သားသမီးတို႔သည္ လက္ဦးဆရာႏွင့္ အတူေနထိုင္သည္မည္ပါတယ္။ မိမိအိမ္၌ မိဘတို႔ကုိေကြၽးေမြးျပဳ႕စုေစာင့္ေ႐ွာက္ထားေသာ သားသမီးတို႔သည္ အေဝးမွ သယ္ပို႔လာေသာ ပစၥည္းကုိပင္ခံယူထိုက္သည့္ အလႉခံပုဂၢဳိလ္ျမတ္ႏွင့္ အတူေနထိုင္သည္ မည္ပါတယ္။

ရဟန္းတို႔ ...ျဗဟၼာ ဆိုသည္ကား အမိအဖ တို႔ကုိေခၚေသာ အမည္တည္း။ လက္ဦးဆရာ ဆိုသည္ကား အမိအဖတို႔ကုိ ေခၚေသာ အမည္တည္း။ အလႉခံပုဂၢိဳလ္ျမတ္ဆိုသည္ကား အမိအဖ တို႔ကုိ ေခၚေသာအမည္တည္း။ အဘယ္ေၾကာင့္နည္း ဟူကား အမိအဖတို႔သည္ သားသမီးတို႔အား အလြန္ေက်းဇူးမ်ားေသာ ပုဂၢိဳလ္ႀကီးျပင္းေအာင္ ေစာင့္ေ႐ွာက္တန္ေသာ ပုဂၢိဳလ္ရင္ေသြးကုိ ႏို႔တိုက္၍ ေမြးျမဴျပဳ႕စု ေသာ ပုဂၢိဳလ္တို႔သာ ျဖစ္ေသာေၾကာင့္တည္း "။

"ရဟန္းတို႔ ..အမွန္စင္စစ္အားျဖင့္ အၾကင္သူသည္ သဒၶါတရားေခါင္းပါးေသာ မိဘတို႔ကုိသဒၶါတရား ႐ွိေအာင္ ေဆာင္ရြက္ေပး၏။
သီလမ႐ွိေသာ မိဘတို႔ကုိ သီလ႐ွိေအာင္ ေဆာင္ရြက္ေပး၏။
ႏွေျမာဝန္တိုေသာ မိဘတို႔ကုိ စြန္႔ၾကဲလႉဒါန္းေအာင္ ေဆာင္ရြက္ေပး၏။
ပညာမ႐ွိေသာမိဘတို႔ကုိ ပညာ႐ွိေအာင္ ေဆာင္ရြက္ ေပး၏။
ဤသုိ႔ ျပဳ႕လုပ္ေဆာင္ရြက္ျခင္းအား ျဖင့္ အမိအဖတို႔အေပၚ လျပ္သင့္လုပ္ထိုက္ သည္ကုိလုပ္သည္ မည္၏။
အမိအဖတို႔အား ေက်းဇူးတုံျပန္ဆပ္သည္ မည္၏။ "

ဘုရား႐ွင္သည္ ေလာကုတၱရာဆပ္နည္းျဖင့္ မိဘေက်းဇူး ကုိ ေက်ေအာင္ ေပး ဆပ္ေတာ္မူခဲ့ ၿပီ ျဖစ္ေသာေၾကာင့္ နိို႔တစ္လုံးဖိုးသာ ေက်ဟူေသာ စကားသည္ သက္သက္ အမွားသာ ျဖစ္ေၾကာင္း နားလည္အပ္ပါတယ္။

ဆက္၍ သေဘာ႐ွင္းလိုပါက မိေဒြးေတာ္ေဂါတမိ၏ ျမတ္စြာဘုရားထံ ေလ်ွာက္ထားခ်က္ကုိ ေလ့လာနာၾကားႏိုင္ပါတယ္။

-မင္းနန္ ေမာ္ကြၽန္း ၏ အယူအျမင္ မွန္ကန္ေရး စာအုပ္မွ ကူးယူ မ်ွေဝပါတယ္
Credit to Oo Thaw  ေထရဝါဒ သာသနာ မွတ္စု.
========================================================
[Unicode]
"ဘုရားရှင်သော်မှ နို့တစ်လုံးဖိုးသာကျေ "ဟူသော စကားမှာ ဤလောက၌ သူတထူး၏ကျေးဇူးကို သိတော်မူရာ၌ အနှိုင်းမဲ့ ဖြစ်တော်မူသော ဘုရားရှင်အား ပြစ်မှားစော်ကားရာရောက်ပါတယ်။

ဘုရားရှင်သည် မိဘတို့ကျေးဇူးကို အထူးအသိမှတ်ပြု့၍ ဗြဟ္မကသုတ်တွင် ဤသို့ ဖော်ကျူးမြွက်ဟခဲ့ပါတယ်။

"ရဟန်းတို့ ..မိမိအိမ်၌ မိဘတို့ကို ကျွေးမွေးပြု့စုစောင့်ရှောက်ထားသော သားသမီးတို့သည်ဗြဟ္မနှင့်အတူ နေထိုင်သည် မည်တယ်။ မိမိအိမ်၌ မိဘတို့ကို ကျွေးမွေးပြု့စု စောင့်ရှောက်ထားသော သားသမီးတို့သည် လက်ဦးဆရာနှင့် အတူနေထိုင်သည်မည်ပါတယ်။ မိမိအိမ်၌ မိဘတို့ကိုကျွေးမွေးပြု့စုစောင့်ရှောက်ထားသော သားသမီးတို့သည် အဝေးမှ သယ်ပို့လာသော ပစ္စည်းကိုပင်ခံယူထိုက်သည့် အလှူခံပုဂ္ဂိုလ်မြတ်နှင့် အတူနေထိုင်သည် မည်ပါတယ်။

ရဟန်းတို့ ...ဗြဟ္မာ ဆိုသည်ကား အမိအဖ တို့ကိုခေါ်သော အမည်တည်း။ လက်ဦးဆရာ ဆိုသည်ကား အမိအဖတို့ကို ခေါ်သော အမည်တည်း။ အလှူခံပုဂ္ဂိုလ်မြတ်ဆိုသည်ကား အမိအဖ တို့ကို ခေါ်သောအမည်တည်း။ အဘယ်ကြောင့်နည်း ဟူကား အမိအဖတို့သည် သားသမီးတို့အား အလွန်ကျေးဇူးများသော ပုဂ္ဂိုလ်ကြီးပြင်းအောင် စောင့်ရှောက်တန်သော ပုဂ္ဂိုလ်ရင်သွေးကို နို့တိုက်၍ မွေးမြူပြု့စု သော ပုဂ္ဂိုလ်တို့သာ ဖြစ်သောကြောင့်တည်း "။

"ရဟန်းတို့ ..အမှန်စင်စစ်အားဖြင့် အကြင်သူသည် သဒ္ဓါတရားခေါင်းပါးသော မိဘတို့ကိုသဒ္ဓါတရား ရှိအောင် ဆောင်ရွက်ပေး၏။
သီလမရှိသော မိဘတို့ကို သီလရှိအောင် ဆောင်ရွက်ပေး၏။
နှမြောဝန်တိုသော မိဘတို့ကို စွန့်ကြဲလှူဒါန်းအောင် ဆောင်ရွက်ပေး၏။
ပညာမရှိသောမိဘတို့ကို ပညာရှိအောင် ဆောင်ရွက် ပေး၏။
ဤသို့ ပြု့လုပ်ဆောင်ရွက်ခြင်းအား ဖြင့် အမိအဖတို့အပေါ် လပြ်သင့်လုပ်ထိုက် သည်ကိုလုပ်သည် မည်၏။
အမိအဖတို့အား ကျေးဇူးတုံပြန်ဆပ်သည် မည်၏။ "

ဘုရားရှင်သည် လောကုတ္တရာဆပ်နည်းဖြင့် မိဘကျေးဇူး ကို ကျေအောင် ပေး ဆပ်တော်မူခဲ့ ပြီ ဖြစ်သောကြောင့် နိို့တစ်လုံးဖိုးသာ ကျေဟူသော စကားသည် သက်သက် အမှားသာ ဖြစ်ကြောင်း နားလည်အပ်ပါတယ်။

ဆက်၍ သဘောရှင်းလိုပါက မိဒွေးတော်ဂေါတမိ၏ မြတ်စွာဘုရားထံ လျှောက်ထားချက်ကို လေ့လာနာကြားနိုင်ပါတယ်။

-မင်းနန် မော်ကျွန်း ၏ အယူအမြင် မှန်ကန်ရေး စာအုပ်မှ ကူးယူ မျှဝေပါတယ်
Credit to Oo Thaw  ထေရဝါဒ သာသနာ မှတ်စု.

No comments:

Post a Comment