[Zawgyi]
'' ကိုယ္ေစာင္႔ဘာ၀နာေလးပါး''
(မဟာေဗာဓိၿမိဳင္ ဆရာေတာ္)
★★★★★★★★★★★★★★
တို႔သာနာက လုပ္တတ္လို႔ရိွရင္ တစ္ခါလုပ္ ႏွစ္ခုၿပီးတယ္။
တစ္ခုက မိမိတို႔ေဆာင္ရြက္ေနက်အတိုင္း
သညာအမွတ္ကေလးနဲ႔ လုပ္ေနတာ။
အဲဒီသညာအမွတ္ကေလးနဲ႔ လုပ္ေနတဲ႔
ရုပ္နာမ္အေပၚ သတိနဲ႔မွတ္တာ။
သညာက ပညတ္နဲ႔ၿပီးတာကိုး ။
သတိအမွတ္က အတြင္းထိ ထိုးေဖာက္ၿပီး
ပရမတ္အထိ သိႏိုင္တယ္။
တစ္ခါတည္းနဲ႔ ႏွစ္လုပ္ၿပီးႏုိင္တယ္။
ဘုရားေခတ္ကလည္း ဘုရင္ၾကီးေတြ
ဘုရင္လုပ္ေနရင္းနဲ႔ အရိယာေတြ ျဖစ္သြားၾကတယ္။
ဗိမၼိသာရမင္းၾကီးဆိုရင္ ေသာတာပန္ မဟုတ္လားဗ် ။
သီဟစစ္သူၾကီးလည္း အရိယာပဲ။
ဆိုင္ရာ တာ၀န္ထမ္းေဆာင္ရင္း
သူေတာ္ေကာင္းျဖစ္ေအာင္ ၾကိဳးစားသြားၾကတာ။
အားမွ မွတ္မယ္ဆိုရင္
အားခ်ိန္ရိွလို႔လား။
အားခ်ိန္ေစာင္႔မေနနဲ႔ဗ်။
ရေအာင္လုပ္။
လူ႔ဘ၀ေရာက္တုန္း
လူသက္ကေလး ထိန္းသိမ္းဖို႔ လိုေသးတယ္ဗ်။
တို႔ခႏၶာက အသက္ (၂) ခုနဲ႔သြားေနတာ။
ခႏၶာမွာရိွေနတာ ဓာတ္သက္ ၊
သတိနဲ႔ ရွဳမွတ္ေနတာကမွ လူသက္၊
ဓာတ္သက္က ခႏၵာငါးပါး ကလာတာ။
လူသက္က ကုသိုလ္ျပဳစဥ္တုန္းကလာတဲ႔ သဒၵါနဲ႔ သတိကေပးတာ။
လူ႔ဘ၀ဆိုတာ
အင္မတန္ကုသိုလ္ကံ ေကာင္းလြန္းမွ ရတာ။
ဒီမွာ လူ႔ဘ၀မွာ ဓာတ္သက္နဲ႔ လူသက္ဆိုျပီး (၂) မ်ိဳးရိွတယ္။
ဓာတ္ေကာင္ကျဖစ္တဲ႔ ဓာတ္သက္က ဥာဥ္ကိုသြားတယ္။
လူသက္က ဥာဏ္ကိုသြားတယ္။
ဥာဥ္နဲ႔ဥာဏ္ ႏွစ္မ်ိဳးေနာ္။
ဥာဥ္ကို သညာက ေစာင္႔တယ္။
ဥာဏ္ကို သတိကေစာင္႔တယ္။
ဥာဥ္ဆိုတာ ဓာတ္သက္ကျဖစ္ေတာ႔
ဓာတ္စာ အျမဲေတာင္းေလ႔ရိွတယ္။
ေျမဓာတ္အားၾကီးသူက ေျမဓာတ္ေစာင္႔႔တဲ႔ အစာပဲ ေတာင္းေလ႔ရိွ တယ္။
သူ႔ဥာဥ္ ၊ သူ႔ဓာတ္နဲ႔တည္႔ရင္ ၾကိဳက္တယ္။ မတည္႔ရင္ မၾကိဳက္ဘူး ။
ၾကိဳက္တယ္ မၾကိဳက္ဘူးဆိုတာ
ဥာဥ္စကား ၊ ဥာဏ္မဟုတ္ေသးဘူး။
ျပီးေတာ႔ ကုိယ္ပိုင္ မဟုတ္ေသးဘူး ။
ဓာတ္ေကာင္ကပိုင္တာ။
ျပီးေတာ႔ မသိမဳွဆိုတဲ႔ ေမာဟလည္း ရိွေသးဗ်။
ဥပမာ - အိပ္ေပ်ာ္ေနခ်ိန္ ဘာမွမသိဘူး။
ေတြေ၀ေနခ်ိန္ ဘာမွမသိဘူး။
ဘယ္အာရုံမွ မဖမ္းမိေတာ႔ဘူး။
အဲဒါေမာဟ၊ အာရံုမိတစ္ခ်က္ မမိတစ္ခ်က္ လည္းေမာဟပဲ။
စာလိုေျပာေတာ႔ ၀ိစိကိစၦာ ၊ ခ်ီတံုခ်တံုေပါ႔။
ဘယ္အာရံုမွ မဖမ္းမိႏုိင္ဘဲ
ျပန္႔လြင္႔ေနတဲ႔စိတ္ကိုလည္း ေမာဟေခၚတယ္။
မသိစိတ္ေမာဟက အမ်ားဆံုးဖံုးထားတာ ။
အဲဒီမသိစိတ္မွီ၍ ဓာတ္တည္႔ရင္ ၾကိုက္တာပဲ။
အဲဒါ ဥာဥ္၊ ဥာဏ္မဟုတ္ေသးဘူး။
ဓာတ္မတည္႔ရင္ မၾကိဳက္ေတာ႔ဘူး ။ ဒါလည္း ဥာဥ္ပဲ ။ ဥာဥ္အတိုင္းသြားရင္ ေနာက္ေၾကာင္းျပန္လွည္႔ရမယ္။
ေနာက္ေၾကာင္း ဆိုတာဘာတုန္း။
အပါယ္ေလးဘံုကို ေျပာေနတာ။
ဥာဏ္နဲ႔သြားမွ ေရွ ႔ တက္ခြင္႔ရိွတယ္။
လူသက္မရိွတဲ႔ ပုဂၢိဳလ္မ်ားဟာ
အပါယ္ေလးဘံု ေနာက္ေၾကာင္းျပန္ရမွာေနာ္။
ဒါေၾကာင္႔ လူသက္ကို ေစာင့္ ေရွာက္ဖို႔လိုအပ္သည္။
ဥာဥ္ကိုေမြးတာ သညာ။
ဥာဏ္ကိုေမြးထုတ္မွာက သတိ။
သတိဆုိတာ ရွုမွတ္တာကို ဆိုလိုတယ္။
ေျပာတဲ႔အတိုင္း ၾကက္ဆိုၾကက္ ၊
ထန္းလ်က္ဆို ထန္းလ်က္အတိုင္း မပါရဘူးေပါ႔။
ဘာကိုၾကက္ေခၚတာတုန္း။ ဘာကို ထန္းလ်က္ေခၚတာတုန္း ။
ထန္းလ်က္စားျပီး ထန္းလ်က္နဲ႔ မျပီးရဘူးေပါ႔။
ထန္းလ်က္ရဲ ႔သတၱိ ။ သူ႔ရဲ ႔လွဳပ္ရွားပံု သူ႔ရဲ ႔ျဖစ္ပ်က္ပံု။
အဲဒါျမင္ေအာင္ စားရင္းၾကည္႔ ။ၾကည္႔ရင္း စားရတယ္။
အဲဒါသတိပဲ။အဲဒီသတိနဲ႔ လူသက္ကေလးေစာင္႔ေရွာက္ ရမွာ။
စာလိုေတာ႔ စကုအာရကၡ ။
ကုိယ္႔ေစာင္႔ဘာ၀နာ ေလးမ်ိဳး။
လူသက္ကုိေစာင္႔ေရွာက္မယ္႔ အေဖာ္ေလးမ်ိဳး။
(၁) ဗုဒၶါ ႏုႆတိ
★★★★★★★★★
ဒီေန႔ လူေတြ လုပ္ကိုင္စားေသာက္ေနရတာက
လြတ္လြတ္ကၽြတ္ကၽြတ္ မဟုတ္ဘူး။
အျပိဳင္အဆိုင္ အလုအယက္ေတြနဲ႔ ေဘာလံုးကစား ေနသလိုပဲ။
ေျပးၾက ၊ လိုက္ၾက၊ ကန္ၾက ၊ တြန္းၾက ၊ လဲၾက၊ ျပိဳၾကနဲ႔ ။
ဒီလိုၾကားထဲမွာ ဗုဒၵါႏုသတိပြားထားတဲ႔ပုဂို္လ္သည္ လူစိတ္မေပ်ာက္ဘူး ။
ဗုဒၵါႏုသတိမွာ အရဟံ ဂုဏ္ေတာ္က
ထိပ္ဆံုးက ပူေဇာ္အထူးခံထိုက္ေသာ ျမတ္စြာဘုရား။
ဘာေၾကာင္႔လဲ ဆုိေတာ့ ျမတ္စြာဘုရားတို႔မည္သည္
အဆိုးေလာကဓံ ပဲလာလာ ၊ အေကာင္းေလာကဓံပဲလာလာ မတုန္လွဳပ္ဘူး။
နာဠာဂီရိဆင္ၾကီး အရက္မူးေအာင္တိုက္ၿပီး
ဘုရားကိုေသေၾကာင္းၾကံေတာ႔ ဘုရားက တုန္လွဳပ္သလား။
"မတုန္လွဳပ္ပါဘုရား"
လွဴဖြယ္၀တၳဳေတြနဲ႔ ေတာင္ပံုယာပံု
လွဴဒါန္းပူေဇာ္ေတာ႔လည္း မတုန္လွဳပ္ဘူး။
ေကာင္းဆိုးႏွစ္တန္ ေလာကဓံ တရားေတြအေပၚမွာ
ညီအမွ်ထားျပီး ရွဳျမင္ေတာ္မူေလ႔ရိွတယ္။
ဘုရားဂုဏ္ေတာ္ အာရံုျပဳေနျခင္းျဖင္႔
တစ္နည္းအားျဖင္႔ ဗုဒၵါႏုႆတိ ပြားေနျခင္းအားျဖင္
႔ ၾကံဳေတြ႔ေနရတဲ ႔ အခက္အခဲ ေတြအေပၚ
မတုန္လွဳပ္ေတာ႔ဘဲ သဒၵါစိတ္ ျဖစ္ေပၚႏုိင္တယ္။
တို႔ရဟန္းျဖစ္စက ဥပဇၥ်ာယ္ဆရာက ေျပာဖူးတယ္။
ငါ ဘုရားတည္တယ္ကြာ။
ငါ႔တရားေလး ငါေအးေအးေဆးေဆး ရွဳမွတ္ျပီး တည္ခ်င္တာ။
သို႔ေသာ္ကြာ ငါ႔ေခါင္းေပၚ တုတ္၀ဲဓား၀ဲနဲ႔
တုတ္ၾကား ဓားၾကားက ဘုရားတည္ခဲ႔ရတာ။
ငါစိတ္ဆင္းရဲတာေပါ႔ကြာ။
ဒီေတာ႔ ငါ႔ဆရာ ငါေလွ်ာက္ထားတယ္ ။
တျခားတာ၀န္ေပးခ်င္တာေပးပါ။
ဒီဘုရားတည္တဲ႔ တာ၀န္ေတာ႔မေပးပါနဲ႔လို႔။
ဒီေလာက္တစ္ေယာက္တစ္ေပါက္နဲ႔
အႏၱရာယ္မ်ားျပီး ေဒါသနဲ႔ လုပ္ေနၾကတာ။
ဘုရားမတည္ခ်င္ေတာ႔ဘူးလို႔ ။
ဆရာက တရားမွတ္ေနရာက မ်က္လံုးေလး ဖ်ပ္ခနဲ႔ဖြင္႔ၾကည္႔ျပီး….
မင္းတို႔သာသနာက ဘယ္သူ႔သာသနာလဲလို႔ ေမးတယ္။
"ေဂါတမဘုရား သာသနာပါဘုရားဆိုေတာ႔"
ဟဲ႔ တို႔ဘုရားေကာ အတိုက္အခိုက္ကင္းလုိ႔လား။
စိဥၥိမာန မိန္းမယုတ္က လူလယ္ေခါင္ အရွက္မခြဲဘူးလား။
နာဠာဂီရိ ဆင္ၾကီးနဲ႔ တိုက္တာေလကြာ။
ဘုရားေတာင္ခံရေသးတာ။
မင္းက ဘာမို႔လို႔တုန္း…… ဆံုးမေတာ႔မွ ငါသေဘာေပါက္တယ္ကြ။
သာသနာျပဳတဲ႔ေနရာေတာင္ ေလာကဓံဆိုတာ ၾကံဳရတယ္။
အတိုက္ အခိုက္ဆိုတာရိွတယ္။
လူေတြၾကားေတာ႔ေျပာမေနနဲ႔၊။
နိစၥဓူ၀ ေလာကဓံ ခ်ည္းပဲ။
ဒီမွာ ေလာကဓံခံႏုိင္ဖို႔ဆိုတာ
ဗုဒၵါႏုႆတိပြားေနမွ လူစိတ္မေပ်ာက္ လူသက္မပ်က္ေနရမွာ ။ ဗုဒၵါႏုႆတိပြားမထားရင္ ေဒါသ ၊ မာနေတြ ၀င္လာမယ္။
ဒါဆိုရင္ ဓာတ္ဥာဥ္ဘက္ ပါသြားျပီေနာ္။
လူသြားလမ္း မေျဖာင္႔ေတာ႔ဘူး။
ဒါေၾကာင္႔ ဘုရားဂုဏ္ေတာ္ ပြားျခင္း ၊
ဘုရားဂုဏ္ေတာ္အာရံုျပဳျခင္း ဆိုတဲ႔
" ဗုဒၵါႏုႆတိ "သည္
လူသက္ကုိ ေစာင္႔တဲ႔ ကိုယ္ေစာင္႔ဘာ၀နာ။
(၂) ေမတၱာကမၼ႒ာန္း
★★★★★★★★★★★
တို႔ဘုရားက ကရုဏာပြား သမာပတ္လို႔ေခၚတယ္။
ရန္သူကုိပင္ သားေတာ္ရာဟုလာကဲ႔သို႔ သေဘာထားႏုိင္တယ္။
ရန္သူကို ရင္ကျဖစ္ေသာ သားကဲ႔သို႔
သေဘာထားႏိုင္တာ ကရုဏာ သမာပတ္ေၾကာင္႔ပဲ။
လူမွာက်ေတာ႔ လူ႔ဥာဏ္နဲ႔ လူသက္ကုိ
ေမတၱာက ေစာင္႔ေရွာက္တယ္။
တကယ္လို႔ တစ္ဖက္နဲ႔ အတိုက္အခံျဖစ္ေနရင္
သူ႔ေနရာမွာသာငါဆိုရင္
ဒီထက္ပိုဆိုးမွာလုိ႔ ႏွလံုးသြင္းၾကည္႔လိုက္ရင္
ေဒါသမ၀င္သာေတာ႔ဘူး။
ေဒါသရဲ ႔ေနရာမွာ ေမတၱာနဲ႔ အစားထိုးရမွာ။
သူ႔အျပစ္မရွဳဘဲ ကိုယ္႔အျပစ္ကုိယ္ ရွဳလုိက္တာ
ေတာက္ေနတဲ႔မီး ျငိမ္းသြားႏုိင္တယ္။
သူမ်ားအျပစ္ ရွဳေနရင္ ျငိမ္းေနတဲ႔မီး ထေတာက္ႏုိင္တယ္။
သူ႔ေနရာကေန ၾကည္႔တတ္မွ တန္းတူစိတ္ ျဖစ္သြားတာ။ ေမတၱာဗ်။
ေမတၱာဆိုတာ ကိုယ္နဲ႔ထပ္တူထားျခင္း။
ေမတၱာစိတ္ထားမွ ေဒါသနဲ႔ မာနဥာဥ္မ၀င္ သာေတာ႔ဘူး။
ဥာဥ္မ၀င္ရင္ ဥာဏ္၀င္လာေတ႔ာမယ္။
ဥာဏ္၀င္လာရင္ ဥာဥ္မ၀င္ႏုိင္ေတာ႔ဘူး။
(၃) ေကာဠာသကမၼ႒ာန္း
★★★★★★★★★★★★
ဒီကမၼ႒ာနး္က (၃၂) ေကာ႒ာသ တစ္စစီအာရံုျပဳရတာ။
ဆံပင္ ၊ ေမြးညွင္း ၊ ေျခသည္း၊ လက္သည္း၊ အရိုး ၊ အေၾကာ စသည္ ….
တစ္ခုစီ ခြဲၾကည္႔ျပီး အျမဲဆင္ျခင္ေနရင္
ငါဆိုတဲ႔ အတၱာမာန္ မ၀င္သာေတာ႔ဘူး။
ကားပစၥည္းေတြ တစ္ခုခ်င္း ျဖဳတ္ထားရင္
ကားလို႔ ေခၚလုိ႔ရပါဦးမလား။"မရပါဘုရား"
ဘီးေတြ စက္ေတြ တစ္စစီျဖဳတ္ထားလိုက္ဗ်ာ။
ကားမဟုတ္ေတာ႔ဘူးလား။ ကားသက္မ၀င္ေတာ႔ဘူး။
တစ္စစီ ျဖဳတ္ထားတဲ႔ ပစၥည္းေတြ
ျပန္တပ္လိုက္ ေတာ႔ ကားျဖစ္သြားေရာ ။
ေကာ႒ာသမရွဳရင္ မာန္၀င္ျပီး ဥာဥ္ဘက္ေရာက္သြားမယ္။
ဥာဥ္ဘက္ေရာက္သြားတုိင္း
လူသက္ေပ်ာက္ျပီမွတ္။
ဓာတ္သက္နဲ႔ လူသက္ ဥာဥ္နဲ႔ ဥာဏ္။
ဥာဏ္ဦးစီးမွ အမွန္ရမယ္။
ဘယ္အလုပ္လုပ္ ဥာဏ္ဦးစီးျပီး လုပ္ၾကပါ။
ဒီေနရာမွာ ဆိုင္းသမားဥပမာ နဲ႔ ေျပာရဦးမယ္ ။
ဆိုင္းဆရာ ဆိုင္းတီးေတာ႔ လက္ဖ်ားနဲ႔တီး။
လက္ဖေႏွာင္႔နဲ႔ အုပ္ျပီး တီးတာ။
ဒါမွ အသံမွန္ အသံေကာင္းထြက္တာ။
လက္ေခ်ာင္း လက္ဖ်ားေလးေတြနဲ႔တီး။
လက္ဖေနာင္႔နဲ႔ အုပ္ေပးတာ။
သတိကေလးနဲ႔ ရွုမွတ္ေနသလိုပဲ ။
လက္ဖေနာင္႔နဲ႔က အသံမွန္ေအာင္ ထိန္းေပးထားတာ။
လက္ဖေနာင္႔နဲ႔သာ အုပ္မတီးရင္ သံမွန္မထြက္ႏုိင္ဘူး။
တုန္ခါသံပဲရမယ္။ တုန္ခါမသြားေအာင္
လက္ဖေနာင္႔ေလးနဲ႔ ထိန္းျပီးတီးသြားတာ။
တို႔လည္း သတိေလးနဲ႔ ထိန္းထိန္းေပးေနရမွာ။
ေကာ႒ာသ ကမၼ႒ာန္းဟာလည္း အထိန္းတစ္မ်ိဳး။
အေစာင္႔တစ္မ်ိဳးပဲ။ ကိုယ္ေစာင္႔ ဘာ၀နာအျဖစ္ ပြားမ်ားေနရတယ္။
(၄) မရဏသတိကမၼ႒ာန္း
★★★★★★★★★★★★★
လူ႔ဘ၀ဆိုတာ ေနဖို႔သာ ေသခ်ာတာ။
ေသဖို႔ေတာ႔ ေသခ်ာပါသဗ်ာ႔ ။
ဒါ႔ေၾကာင္႔ ေသျခင္းတရားကိုလည္း ဆင္ျခင္ပြားမ်ားေနရတယ္။ ဒါကိုမရဏသတိကမၼ႒ာန္းလို႔ ေခၚပါတယ္။
ေသျခင္းတရားႏွလုံးသြင္းေနရင္ ဥာဥ္မ၀င္ႏုိင္ေတာ႔ဘူး။ ဥာဏ္ပဲ၀င္မယ္။
ဘုရားေဟာ ဥပမာက အေ၀းကလာတဲ႔ ေျမြဆိုးၾကီး
လွမ္းျမင္ေနရသလို ေသျခင္းကို
မေသခင္ လွမ္းျမင္ေနရမယ္တဲ႔။
ေျမြဆိုးၾကီးျမင္ေနရေတာ႔ ေျမြဆိုးၾကီးနဲ႔ နီးတဲ႔
ေနရာေရာက္ေတာ႔ တုတ္ကေလးနဲ႔ ေျမြကိုဖယ္ျပီး
ကိုယ္႔လမ္းကိုယ္သြားႏုိင္သလို
ေသခါနီးက်ေတာ႔ ေသမင္းၾကီးကို ဥေပကၡာျပဳျပီး
ကုိယ္႔ရိကၡာထုပ္ ကိုယ္ယူျပီး လူ၊နတ္၊ျဗဟၼာ။
အရိယာဘ၀ေတြဆီ ေရွ႔ဆက္သြားႏုိင္တယ္။
ေသမွာမေၾကာက္ေတာ႔ဘူး။
ေသခါနီးမွာ
စည္းသံုးတန္
ေက်ာ္ရမွာေနာ္။
ပထမစည္းက- ေ၀ဒနာျပင္းထန္လာခ်ိန္
ဒီေတာင္ကို ေက်ာ္ႏုိင္ပါ႔မလားဆိုတာ
ဒီအခ်ိန္မွာ ကိုယ္ေစာင့္ ဘာ၀နာေတြ ပြားမထားခဲ႔ရင္
ငါေသေတာ႔မယ္ဆိုတဲ႔ အေတြး၀င္ေတာ႔မယ္။
ေၾကာက္စိတ္၀င္ေတာ႔မယ္။
ဥာဥ္နဲ႔ေသရင္ ေနာက္ျပန္ရမယ္။
ေနာက္ျပန္တာ ဘာကိုေျပာတာလဲ၊
'အပါယ္ေလးဘံုကိုေျပာတာပါဘုရား'
ဒုတိယစည္းက - ငါ႔မိသားစုနဲ႔ ခြဲရေတာ႔မယ္ဆိုတဲ႔ အသိ ၊ အေတြး။
ဒီအသိ၊ ဒီအေတြးနဲ႔ေသရင္
မိသားစုခင္တြယ္စိတ္ေၾကာင္
႔ ျပိတၱာျဖစ္သြား တတ္တယ္။
ကိုယ္ေစာင္႔ဘာ၀နာပြားထားသူဟာ
ဒီစည္းကိုေက်ာ္ႏုိင္ျပီး ဘ၀ေကာင္းဆီ ေရွ ့ဆက္ႏုိင္မယ္။
တတိယစည္းကေတာ႔ -
မီးစာကုန္ ဆီခမ္းေနခ်ိန္
ကိုယ္တြင္းက ဓာတ္ေလးပါး ပဋိပကၡၾကား
သတိမ၀င္ရင္ စြဲရာဘ၀ သြားရေတာ႔မွာေနာ္။
လယ္တီဆရာေတာ္ဘုရားၾကီး ေျပာခဲ႔တာက ''၀ိနိပါတိကေဘး''။
ထန္းသီးခိုင္ၾကီး ခ်ိဳင္ျပီးပစ္ခ်လိုက္သလို
ဟိုတစ္လံုး သည္တစ္လံုး ဖြာလန္ၾကဲဲျပီး
ေရာက္မိေရာက္ရာ ေရာက္ေတာ႔မယ္ေနာ္။
ကို္ယ္ေစာင္႔ဘာ၀နာတရားေလးပါး ပြားထားသူကေတာ႔
ထန္းသီးခိုင္ခ်ိဳင္ျပီး ၾကိဳးနဲ႔ခ်ေပးသလို
လုိရာေရာက္ တယ္။ မွန္းရာေရာက္တယ္။
ဒါေၾကာင္႔ အပါယ္ေလးဘံုဆိုတဲ႔ ေနာက္ေၾကာင္း မျပန္ခ်င္ရင္
လူနတ္ျဗဟၼာ အရိယာဆိုတဲ႔ ဘ၀ေကာင္းေတြဆီ ေရွ႔ဆက္သြားခ်င္ရင္ လူသက္ကို ေစာင္႔ေရွာက္ရမယ္။ ဘာန႔ဲေစာင္႔ေရွာက္ရမွာလဲ။
''ကိုယ္ေစာင္႔ဘာ၀နာ တရားေလးပါး ''နဲ႔ပါဘုရား။
သာဓု….. သာဓု ….. သာဓု ။
(မဟာေဗာဓိၿမိဳင္ ဆရာေတာ္ ဘုရား မွ
မဟာၿမိဳင္ေတာႀကီးမွာေဟာေတာ္မူေသာတရားမ်ား
(ေမာင္ေသြးခၽြန္) စာအုပ္မွ ကူးယူေဖာ္ျပေပးပါသည္။)
Post by , Ma San Dar
[Unicode]
'' ကိုယ်စောင့်ဘာဝနာလေးပါး''
(မဟာဗောဓိမြိုင် ဆရာတော်)
★★★★★★★★★★★★★★
တို့သာနာက လုပ်တတ်လို့ရှိရင် တစ်ခါလုပ် နှစ်ခုပြီးတယ်။
တစ်ခုက မိမိတို့ဆောင်ရွက်နေကျအတိုင်း
သညာအမှတ်ကလေးနဲ့ လုပ်နေတာ။
အဲဒီသညာအမှတ်ကလေးနဲ့ လုပ်နေတဲ့
ရုပ်နာမ်အပေါ် သတိနဲ့မှတ်တာ။
သညာက ပညတ်နဲ့ပြီးတာကိုး ။
သတိအမှတ်က အတွင်းထိ ထိုးဖောက်ပြီး
ပရမတ်အထိ သိနိုင်တယ်။
တစ်ခါတည်းနဲ့ နှစ်လုပ်ပြီးနိုင်တယ်။
ဘုရားခေတ်ကလည်း ဘုရင်ကြီးတွေ
ဘုရင်လုပ်နေရင်းနဲ့ အရိယာတွေ ဖြစ်သွားကြတယ်။
ဗိမ္မိသာရမင်းကြီးဆိုရင် သောတာပန် မဟုတ်လားဗျ ။
သီဟစစ်သူကြီးလည်း အရိယာပဲ။
ဆိုင်ရာ တာဝန်ထမ်းဆောင်ရင်း
သူတော်ကောင်းဖြစ်အောင် ကြိုးစားသွားကြတာ။
အားမှ မှတ်မယ်ဆိုရင်
အားချိန်ရှိလို့လား။
အားချိန်စောင့်မနေနဲ့ဗျ။
ရအောင်လုပ်။
လူ့ဘဝရောက်တုန်း
လူသက်ကလေး ထိန်းသိမ်းဖို့ လိုသေးတယ်ဗျ။
တို့ခန္ဓာက အသက် (၂) ခုနဲ့သွားနေတာ။
ခန္ဓာမှာရှိနေတာ ဓာတ်သက် ၊
သတိနဲ့ ရှုမှတ်နေတာကမှ လူသက်၊
ဓာတ်သက်က ခန္ဒာငါးပါး ကလာတာ။
လူသက်က ကုသိုလ်ပြုစဉ်တုန်းကလာတဲ့ သဒ္ဒါနဲ့ သတိကပေးတာ။
လူ့ဘဝဆိုတာ
အင်မတန်ကုသိုလ်ကံ ကောင်းလွန်းမှ ရတာ။
ဒီမှာ လူ့ဘဝမှာ ဓာတ်သက်နဲ့ လူသက်ဆိုပြီး (၂) မျိုးရှိတယ်။
ဓာတ်ကောင်ကဖြစ်တဲ့ ဓာတ်သက်က ဉာဉ်ကိုသွားတယ်။
လူသက်က ဉာဏ်ကိုသွားတယ်။
ဉာဉ်နဲ့ဉာဏ် နှစ်မျိုးနော်။
ဉာဉ်ကို သညာက စောင့်တယ်။
ဉာဏ်ကို သတိကစောင့်တယ်။
ဉာဉ်ဆိုတာ ဓာတ်သက်ကဖြစ်တော့
ဓာတ်စာ အမြဲတောင်းလေ့ရှိတယ်။
မြေဓာတ်အားကြီးသူက မြေဓာတ်စောင့့်တဲ့ အစာပဲ တောင်းလေ့ရှိ တယ်။
သူ့ဉာဉ် ၊ သူ့ဓာတ်နဲ့တည့်ရင် ကြိုက်တယ်။ မတည့်ရင် မကြိုက်ဘူး ။
ကြိုက်တယ် မကြိုက်ဘူးဆိုတာ
ဉာဉ်စကား ၊ ဉာဏ်မဟုတ်သေးဘူး။
ပြီးတော့ ကိုယ်ပိုင် မဟုတ်သေးဘူး ။
ဓာတ်ကောင်ကပိုင်တာ။
ပြီးတော့ မသိမုှဆိုတဲ့ မောဟလည်း ရှိသေးဗျ။
ဥပမာ - အိပ်ပျော်နေချိန် ဘာမှမသိဘူး။
တွေဝေနေချိန် ဘာမှမသိဘူး။
ဘယ်အာရုံမှ မဖမ်းမိတော့ဘူး။
အဲဒါမောဟ၊ အာရုံမိတစ်ချက် မမိတစ်ချက် လည်းမောဟပဲ။
စာလိုပြောတော့ ၀ိစိကိစ္ဆာ ၊ ချီတုံချတုံပေါ့။
ဘယ်အာရုံမှ မဖမ်းမိနိုင်ဘဲ
ပြန့်လွင့်နေတဲ့စိတ်ကိုလည်း မောဟခေါ်တယ်။
မသိစိတ်မောဟက အများဆုံးဖုံးထားတာ ။
အဲဒီမသိစိတ်မှီ၍ ဓာတ်တည့်ရင် ကြိုက်တာပဲ။
အဲဒါ ဉာဉ်၊ ဉာဏ်မဟုတ်သေးဘူး။
ဓာတ်မတည့်ရင် မကြိုက်တော့ဘူး ။ ဒါလည်း ဉာဉ်ပဲ ။ ဉာဉ်အတိုင်းသွားရင် နောက်ကြောင်းပြန်လှည့်ရမယ်။
နောက်ကြောင်း ဆိုတာဘာတုန်း။
အပါယ်လေးဘုံကို ပြောနေတာ။
ဉာဏ်နဲ့သွားမှ ရှေ ့ တက်ခွင့်ရှိတယ်။
လူသက်မရှိတဲ့ ပုဂ္ဂိုလ်များဟာ
အပါယ်လေးဘုံ နောက်ကြောင်းပြန်ရမှာနော်။
ဒါကြောင့် လူသက်ကို စောင့် ရှောက်ဖို့လိုအပ်သည်။
ဉာဉ်ကိုမွေးတာ သညာ။
ဉာဏ်ကိုမွေးထုတ်မှာက သတိ။
သတိဆိုတာ ရှုမှတ်တာကို ဆိုလိုတယ်။
ပြောတဲ့အတိုင်း ကြက်ဆိုကြက် ၊
ထန်းလျက်ဆို ထန်းလျက်အတိုင်း မပါရဘူးပေါ့။
ဘာကိုကြက်ခေါ်တာတုန်း။ ဘာကို ထန်းလျက်ခေါ်တာတုန်း ။
ထန်းလျက်စားပြီး ထန်းလျက်နဲ့ မပြီးရဘူးပေါ့။
ထန်းလျက်ရဲ ့သတ္တိ ။ သူ့ရဲ ့လှုပ်ရှားပုံ သူ့ရဲ ့ဖြစ်ပျက်ပုံ။
အဲဒါမြင်အောင် စားရင်းကြည့် ။ကြည့်ရင်း စားရတယ်။
အဲဒါသတိပဲ။အဲဒီသတိနဲ့ လူသက်ကလေးစောင့်ရှောက် ရမှာ။
စာလိုတော့ စကုအာရက္ခ ။
ကိုယ့်စောင့်ဘာဝနာ လေးမျိုး။
လူသက်ကိုစောင့်ရှောက်မယ့် အဖော်လေးမျိုး။
(၁) ဗုဒ္ဓါ နုဿတိ
★★★★★★★★★
ဒီနေ့ လူတွေ လုပ်ကိုင်စားသောက်နေရတာက
လွတ်လွတ်ကျွတ်ကျွတ် မဟုတ်ဘူး။
အပြိုင်အဆိုင် အလုအယက်တွေနဲ့ ဘောလုံးကစား နေသလိုပဲ။
ပြေးကြ ၊ လိုက်ကြ၊ ကန်ကြ ၊ တွန်းကြ ၊ လဲကြ၊ ပြိုကြနဲ့ ။
ဒီလိုကြားထဲမှာ ဗုဒ္ဒါနုသတိပွားထားတဲ့ပုဂို်လ်သည် လူစိတ်မပျောက်ဘူး ။
ဗုဒ္ဒါနုသတိမှာ အရဟံ ဂုဏ်တော်က
ထိပ်ဆုံးက ပူဇော်အထူးခံထိုက်သော မြတ်စွာဘုရား။
ဘာကြောင့်လဲ ဆိုတော့ မြတ်စွာဘုရားတို့မည်သည်
အဆိုးလောကဓံ ပဲလာလာ ၊ အကောင်းလောကဓံပဲလာလာ မတုန်လှုပ်ဘူး။
နာဠာဂီရိဆင်ကြီး အရက်မူးအောင်တိုက်ပြီး
ဘုရားကိုသေကြောင်းကြံတော့ ဘုရားက တုန်လှုပ်သလား။
"မတုန်လှုပ်ပါဘုရား"
လှူဖွယ်ဝတ္ထုတွေနဲ့ တောင်ပုံယာပုံ
လှူဒါန်းပူဇော်တော့လည်း မတုန်လှုပ်ဘူး။
ကောင်းဆိုးနှစ်တန် လောကဓံ တရားတွေအပေါ်မှာ
ညီအမျှထားပြီး ရှုမြင်တော်မူလေ့ရှိတယ်။
ဘုရားဂုဏ်တော် အာရုံပြုနေခြင်းဖြင့်
တစ်နည်းအားဖြင့် ဗုဒ္ဒါနုဿတိ ပွားနေခြင်းအားဖြင်
့ ကြုံတွေ့နေရတဲ ့ အခက်အခဲ တွေအပေါ်
မတုန်လှုပ်တော့ဘဲ သဒ္ဒါစိတ် ဖြစ်ပေါ်နိုင်တယ်။
တို့ရဟန်းဖြစ်စက ဥပဇ္စျာယ်ဆရာက ပြောဖူးတယ်။
ငါ ဘုရားတည်တယ်ကွာ။
ငါ့တရားလေး ငါအေးအေးဆေးဆေး ရှုမှတ်ပြီး တည်ချင်တာ။
သို့သော်ကွာ ငါ့ခေါင်းပေါ် တုတ်ဝဲဓားဝဲနဲ့
တုတ်ကြား ဓားကြားက ဘုရားတည်ခဲ့ရတာ။
ငါစိတ်ဆင်းရဲတာပေါ့ကွာ။
ဒီတော့ ငါ့ဆရာ ငါလျှောက်ထားတယ် ။
တခြားတာဝန်ပေးချင်တာပေးပါ။
ဒီဘုရားတည်တဲ့ တာဝန်တော့မပေးပါနဲ့လို့။
ဒီလောက်တစ်ယောက်တစ်ပေါက်နဲ့
အန္တရာယ်များပြီး ဒေါသနဲ့ လုပ်နေကြတာ။
ဘုရားမတည်ချင်တော့ဘူးလို့ ။
ဆရာက တရားမှတ်နေရာက မျက်လုံးလေး ဖျပ်ခနဲ့ဖွင့်ကြည့်ပြီး….
မင်းတို့သာသနာက ဘယ်သူ့သာသနာလဲလို့ မေးတယ်။
"ဂေါတမဘုရား သာသနာပါဘုရားဆိုတော့"
ဟဲ့ တို့ဘုရားကော အတိုက်အခိုက်ကင်းလို့လား။
စိဥ္စိမာန မိန်းမယုတ်က လူလယ်ခေါင် အရှက်မခွဲဘူးလား။
နာဠာဂီရိ ဆင်ကြီးနဲ့ တိုက်တာလေကွာ။
ဘုရားတောင်ခံရသေးတာ။
မင်းက ဘာမို့လို့တုန်း…… ဆုံးမတော့မှ ငါသဘောပေါက်တယ်ကွ။
သာသနာပြုတဲ့နေရာတောင် လောကဓံဆိုတာ ကြံုရတယ်။
အတိုက် အခိုက်ဆိုတာရှိတယ်။
လူတွေကြားတော့ပြောမနေနဲ့၊။
နိစ္စဓူဝ လောကဓံ ချည်းပဲ။
ဒီမှာ လောကဓံခံနိုင်ဖို့ဆိုတာ
ဗုဒ္ဒါနုဿတိပွားနေမှ လူစိတ်မပျောက် လူသက်မပျက်နေရမှာ ။ ဗုဒ္ဒါနုဿတိပွားမထားရင် ဒေါသ ၊ မာနတွေ ၀င်လာမယ်။
ဒါဆိုရင် ဓာတ်ဉာဉ်ဘက် ပါသွားပြီနော်။
လူသွားလမ်း မဖြောင့်တော့ဘူး။
ဒါကြောင့် ဘုရားဂုဏ်တော် ပွားခြင်း ၊
ဘုရားဂုဏ်တော်အာရုံပြုခြင်း ဆိုတဲ့
" ဗုဒ္ဒါနုဿတိ "သည်
လူသက်ကို စောင့်တဲ့ ကိုယ်စောင့်ဘာဝနာ။
(၂) မေတ္တာကမ္မဋ္ဌာန်း
★★★★★★★★★★★
တို့ဘုရားက ကရုဏာပွား သမာပတ်လို့ခေါ်တယ်။
ရန်သူကိုပင် သားတော်ရာဟုလာကဲ့သို့ သဘောထားနိုင်တယ်။
ရန်သူကို ရင်ကဖြစ်သော သားကဲ့သို့
သဘောထားနိုင်တာ ကရုဏာ သမာပတ်ကြောင့်ပဲ။
လူမှာကျတော့ လူ့ဉာဏ်နဲ့ လူသက်ကို
မေတ္တာက စောင့်ရှောက်တယ်။
တကယ်လို့ တစ်ဖက်နဲ့ အတိုက်အခံဖြစ်နေရင်
သူ့နေရာမှာသာငါဆိုရင်
ဒီထက်ပိုဆိုးမှာလို့ နှလုံးသွင်းကြည့်လိုက်ရင်
ဒေါသမဝင်သာတော့ဘူး။
ဒေါသရဲ ့နေရာမှာ မေတ္တာနဲ့ အစားထိုးရမှာ။
သူ့အပြစ်မရှုဘဲ ကိုယ့်အပြစ်ကိုယ် ရှုလိုက်တာ
တောက်နေတဲ့မီး ငြိမ်းသွားနိုင်တယ်။
သူများအပြစ် ရှုနေရင် ငြိမ်းနေတဲ့မီး ထတောက်နိုင်တယ်။
သူ့နေရာကနေ ကြည့်တတ်မှ တန်းတူစိတ် ဖြစ်သွားတာ။ မေတ္တာဗျ။
မေတ္တာဆိုတာ ကိုယ်နဲ့ထပ်တူထားခြင်း။
မေတ္တာစိတ်ထားမှ ဒေါသနဲ့ မာနဉာဉ်မဝင် သာတော့ဘူး။
ဉာဉ်မဝင်ရင် ဉာဏ်ဝင်လာတေ့ာမယ်။
ဉာဏ်ဝင်လာရင် ဉာဉ်မဝင်နိုင်တော့ဘူး။
(၃) ကောဠာသကမ္မဋ္ဌာန်း
★★★★★★★★★★★★
ဒီကမ္မဋ္ဌာနး်က (၃၂) ကောဋ္ဌာသ တစ်စစီအာရုံပြုရတာ။
ဆံပင် ၊ မွေးညှင်း ၊ ခြေသည်း၊ လက်သည်း၊ အရိုး ၊ အကြော စသည် ….
တစ်ခုစီ ခွဲကြည့်ပြီး အမြဲဆင်ခြင်နေရင်
ငါဆိုတဲ့ အတ္တာမာန် မဝင်သာတော့ဘူး။
ကားပစ္စည်းတွေ တစ်ခုချင်း ဖြုတ်ထားရင်
ကားလို့ ခေါ်လို့ရပါဦးမလား။"မရပါဘုရား"
ဘီးတွေ စက်တွေ တစ်စစီဖြုတ်ထားလိုက်ဗျာ။
ကားမဟုတ်တော့ဘူးလား။ ကားသက်မဝင်တော့ဘူး။
တစ်စစီ ဖြုတ်ထားတဲ့ ပစ္စည်းတွေ
ပြန်တပ်လိုက် တော့ ကားဖြစ်သွားရော ။
ကောဋ္ဌာသမရှုရင် မာန်ဝင်ပြီး ဉာဉ်ဘက်ရောက်သွားမယ်။
ဉာဉ်ဘက်ရောက်သွားတိုင်း
လူသက်ပျောက်ပြီမှတ်။
ဓာတ်သက်နဲ့ လူသက် ဉာဉ်နဲ့ ဉာဏ်။
ဉာဏ်ဦးစီးမှ အမှန်ရမယ်။
ဘယ်အလုပ်လုပ် ဉာဏ်ဦးစီးပြီး လုပ်ကြပါ။
ဒီနေရာမှာ ဆိုင်းသမားဥပမာ နဲ့ ပြောရဦးမယ် ။
ဆိုင်းဆရာ ဆိုင်းတီးတော့ လက်ဖျားနဲ့တီး။
လက်ဖနှောင့်နဲ့ အုပ်ပြီး တီးတာ။
ဒါမှ အသံမှန် အသံကောင်းထွက်တာ။
လက်ချောင်း လက်ဖျားလေးတွေနဲ့တီး။
လက်ဖနောင့်နဲ့ အုပ်ပေးတာ။
သတိကလေးနဲ့ ရှုမှတ်နေသလိုပဲ ။
လက်ဖနောင့်နဲ့က အသံမှန်အောင် ထိန်းပေးထားတာ။
လက်ဖနောင့်နဲ့သာ အုပ်မတီးရင် သံမှန်မထွက်နိုင်ဘူး။
တုန်ခါသံပဲရမယ်။ တုန်ခါမသွားအောင်
လက်ဖနောင့်လေးနဲ့ ထိန်းပြီးတီးသွားတာ။
တို့လည်း သတိလေးနဲ့ ထိန်းထိန်းပေးနေရမှာ။
ကောဋ္ဌာသ ကမ္မဋ္ဌာန်းဟာလည်း အထိန်းတစ်မျိုး။
အစောင့်တစ်မျိုးပဲ။ ကိုယ်စောင့် ဘာဝနာအဖြစ် ပွားများနေရတယ်။
(၄) မရဏသတိကမ္မဋ္ဌာန်း
★★★★★★★★★★★★★
လူ့ဘဝဆိုတာ နေဖို့သာ သေချာတာ။
သေဖို့တော့ သေချာပါသဗျာ့ ။
ဒါ့ကြောင့် သေခြင်းတရားကိုလည်း ဆင်ခြင်ပွားများနေရတယ်။ ဒါကိုမရဏသတိကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။
သေခြင်းတရားနှလုံးသွင်းနေရင် ဉာဉ်မဝင်နိုင်တော့ဘူး။ ဉာဏ်ပဲဝင်မယ်။
ဘုရားဟော ဥပမာက အဝေးကလာတဲ့ မြွေဆိုးကြီး
လှမ်းမြင်နေရသလို သေခြင်းကို
မသေခင် လှမ်းမြင်နေရမယ်တဲ့။
မြွေဆိုးကြီးမြင်နေရတော့ မြွေဆိုးကြီးနဲ့ နီးတဲ့
နေရာရောက်တော့ တုတ်ကလေးနဲ့ မြွေကိုဖယ်ပြီး
ကိုယ့်လမ်းကိုယ်သွားနိုင်သလို
သေခါနီးကျတော့ သေမင်းကြီးကို ဥပေက္ခာပြုပြီး
ကိုယ့်ရိက္ခာထုပ် ကိုယ်ယူပြီး လူ၊နတ်၊ဗြဟ္မာ။
အရိယာဘဝတွေဆီ ရှေ့ဆက်သွားနိုင်တယ်။
သေမှာမကြောက်တော့ဘူး။
သေခါနီးမှာ
စည်းသုံးတန်
ကျော်ရမှာနော်။
ပထမစည်းက- ဝေဒနာပြင်းထန်လာချိန်
ဒီတောင်ကို ကျော်နိုင်ပါ့မလားဆိုတာ
ဒီအချိန်မှာ ကိုယ်စောင့် ဘာဝနာတွေ ပွားမထားခဲ့ရင်
ငါသေတော့မယ်ဆိုတဲ့ အတွေးဝင်တော့မယ်။
ကြောက်စိတ်ဝင်တော့မယ်။
ဉာဉ်နဲ့သေရင် နောက်ပြန်ရမယ်။
နောက်ပြန်တာ ဘာကိုပြောတာလဲ၊
'အပါယ်လေးဘုံကိုပြောတာပါဘုရား'
ဒုတိယစည်းက - ငါ့မိသားစုနဲ့ ခွဲရတော့မယ်ဆိုတဲ့ အသိ ၊ အတွေး။
ဒီအသိ၊ ဒီအတွေးနဲ့သေရင်
မိသားစုခင်တွယ်စိတ်ကြောင်
့ ပြိတ္တာဖြစ်သွား တတ်တယ်။
ကိုယ်စောင့်ဘာဝနာပွားထားသူဟာ
ဒီစည်းကိုကျော်နိုင်ပြီး ဘဝကောင်းဆီ ရှေ ့ဆက်နိုင်မယ်။
တတိယစည်းကတော့ -
မီးစာကုန် ဆီခမ်းနေချိန်
ကိုယ်တွင်းက ဓာတ်လေးပါး ပဋိပက္ခကြား
သတိမဝင်ရင် စွဲရာဘဝ သွားရတော့မှာနော်။
လယ်တီဆရာတော်ဘုရားကြီး ပြောခဲ့တာက ''၀ိနိပါတိကဘေး''။
ထန်းသီးခိုင်ကြီး ချိုင်ပြီးပစ်ချလိုက်သလို
ဟိုတစ်လုံး သည်တစ်လုံး ဖွာလန်ကြဲဲပြီး
ရောက်မိရောက်ရာ ရောက်တော့မယ်နော်။
ကို်ယ်စောင့်ဘာဝနာတရားလေးပါး ပွားထားသူကတော့
ထန်းသီးခိုင်ချိုင်ပြီး ကြိုးနဲ့ချပေးသလို
လိုရာရောက် တယ်။ မှန်းရာရောက်တယ်။
ဒါကြောင့် အပါယ်လေးဘုံဆိုတဲ့ နောက်ကြောင်း မပြန်ချင်ရင်
လူနတ်ဗြဟ္မာ အရိယာဆိုတဲ့ ဘဝကောင်းတွေဆီ ရှေ့ဆက်သွားချင်ရင် လူသက်ကို စောင့်ရှောက်ရမယ်။ ဘာနဲ့စောင့်ရှောက်ရမှာလဲ။
''ကိုယ်စောင့်ဘာဝနာ တရားလေးပါး ''နဲ့ပါဘုရား။
သာဓု….. သာဓု ….. သာဓု ။
(မဟာဗောဓိမြိုင် ဆရာတော် ဘုရား မှ
မဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ
(မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။)
Post by , Ma San Dar
No comments:
Post a Comment