Saturday, August 13, 2016

"သဲအင္းဂူဆရာေတာ္ႀကီး၏ ရုပ္သဘာဝရွင္းတမ္း" ("သဲအင်းဂူဆရာတော်ကြီး၏ ရုပ်သဘာဝရှင်းတမ်း" )

[Zawgyi]
"သဲအင္းဂူဆရာေတာ္ႀကီး၏ ရုပ္သဘာဝရွင္းတမ္း"

တရားထိုင္ေတာ႔မယ္ဆို စိတ္ကို တည္ၿငိမ္ေအာင္ ဖမ္းရတယ္။ ေသခါနီးသူကလည္း စိတ္ကို တည္ၿငိမ္ေအာင္ ဖမ္းရတယ္။ ပ်ာယာခတ္ေနတဲ႔စိတ္နဲ႔ ေသခါနီးဆို အပါယ္က်တယ္။ တရားထိုင္တယ္ ဆိုတာ တည္ၿငိမ္တဲ႔စိတ္ကို လ်င္ျမန္စြာ ဥာဏ္နဲ႔ဖမ္းတတ္တဲ႔ ေက်းဇူးက ဘယ္အခ်ိန္ ဘယ္ကာလမဆို ခ်မ္းသာတယ္။

ေလာကထဲမွာ လူမွဳေရး၊ စီးပြားေရး၊ အိမ္ေထာင္ေရး မ်ဳိးစံုေသာ အေရးေပၚမွာ ပူေလာင္ေနတဲ႔ အေရးကိစၥေတြ ကိုယ့္ရ့ဲပူေလာင္ေနတဲ႔စိတ္ေတြ လ်င္ျမန္စြာ ဥာဏ္နဲ႔ဖမ္းေတာ့ ၿငိမ္သြားတယ္။ အင္တာဗ်ဴးေတြ၊ လူႀကီးေတြနဲ႔ ေတြ႔ရေတာ႔မယ္၊ အထက္ကပုဂၢိဳလ္ေတြနဲ႔ ေတြ႔ရေတာ႔မယ္၊ အဲ႔က်ရင္လည္း ေၾကာက္စရာ မရွိေတာ႔ဘူး။ စိတ္ကို ၿငိမ္ေအာင္ဖမ္းၿပီး ေတြးလိုက္တာနဲ႔ အစစ အရာရာ ေအးေဆးေျပလည္သြားတယ္။
တရားက ေစာင္႔ေရွာက္တယ္။

တရားထိုင္ေတာ႔လည္း ဒီစိတ္ကို တည္ၿငိမ္ေအာင္ဖမ္းၿပီး ခႏၶာထဲက ေပၚတာေတြကို ရွဴမွ သဘာဝေတြေတြ႔တယ္။ သေဘာေတြေတြ႔တယ္။ အထင္မွားေတြ ခ်ဳပ္တယ္။ ေသခါနီးပုဂၢိဳလ္ကလည္း တည္ၿငိမ္တဲ႔စိတ္နဲ႔ ေသရပါတယ္။ မတည္ၿငိမ္တဲ႔ စိတ္နဲ႔ဆို ဥပါဒါန္တရား အာရံုျပဳတယ္။ ပညတ္ေတြကိုပဲ အာရံုျပဳတယ္။ ဆင္းရဲမွဳေတြပဲ ေပၚေနတယ္။

တရားမထိုင္ခင္ ေစာၿပီး ထိုင္မယ္႔ေနရာလာ၊ တည္ေအာင္ စိတ္ကိုဖမ္းထားရတယ္။ တရားမထိုင္ခင္ ေျပာျပတဲ႔စကားကို တည္ေအာင္ဖမ္းတဲ႔စိတ္နဲ႔နားေထာင္ရင္ ပိုသေဘာေပါက္လြယ္တယ္။ ထိုင္တဲ႔အခါ ဥာဏ္ျဖစ္တယ္။ ေျပာတဲ႔အတုိင္းကို ရွဴႏိူင္တယ္။ စကားေတြ ေျပာေနမယ္၊ အာရံုေတြ မ်ားေနမယ္၊ ေၾကာက္တဲ႔စိတ္ေတြပါေနမယ္ဆို အဲ႔စိတ္က မၿငိမ္တဲ႔အတြက္ ထိုင္တာ ထိုင္တာ၊ ထိုင္တဲ႔အခ်ိန္မွာ အက်ဳိးနည္းေနမယ္။

ဒါဆို ဘာလုပ္ရမလဲ… ထိုင္ခါနီးမွာဆိုေတာ႔ စိတ္ကေလးကို တည္ၿငိမ္ေအာင္ ဖမ္းလို႔ ကိုယ္႔ဘဝင္ေလးက်ၿပီး ေအးတယ္ဆိုတဲ႔အခါက်မွ ရွဳရမွာ။ မွိတ္ထားတဲ႔ မ်က္စိနဲ႔ ခႏၶာထဲကို ၾကည္႔မယ္ဆို ဘဝင္ေတြ မၿငိမ္ဘူး၊ ခါထြက္ေနတာလည္း သိတယ္၊ ဆို႔ေနတယ္၊ ပင္႔ေနတယ္၊ ေၾကာက္ေနတယ္ဆိုတာလည္း ရွိတယ္။ အဲ႔ဒီစိတ္ကေလးနဲ႔ ၿငိမ္သက္ေအာင္ မွိတ္ထားတဲ႔ မ်က္စိနဲ႔ ခႏၶာထဲကို ၾကည္႔လိုက္တဲ႔အခါမွာ စိတ္ကေလး တည္ၿငိမ္ၿပီး ဘဝင္ က်သြားတယ္၊ ေအးသြားတယ္ဆိုတာ စကားလံုးေျပာတာ၊ ဘဝင္က်သြားတဲ႔အခါ ေပါ႔ပါးသြားတယ္။ လြတ္လပ္သြားတယ္။ တည္ၿငိမ္သြားတာကို ဆိုလိုတာ။

အဲ႔သေဘာေလးျဖစ္ ၿငိမ္းခ်မ္းသြားေတာ႔မွပဲ အသာေလး ခႏၶာထဲက အရွဴခံေတြကို ကပ္ၿပီး ေထာက္ၿပီးေတာ႔ ရွဴရမယ္။ စိတ္ရဲ႔ တည္ၾကည္မွုကို ဥာဏ္နဲ႔ယူၿပီး ခႏၶာထဲမွာ လံုတဲ႔စိတ္ေပါ႔။ တစ္ေလာကလံုး ျပန္႔လြင္႔ေနတဲ႔စိတ္ကို စုစည္းၿပီးေတာ႔ အဲ႔လံုၿခံဳသြားတဲ႔ တည္ၿငိမ္တဲ႔စိတ္နဲ႔ ခႏၶာထဲက ေပၚတာကို အသာေလး တည္ရွဳတာ။ ရွဳတဲ႔ေနရာမွာ ဘာပညတ္ ဘာစကားလံုးမွ မပါရဘူး။ မပါဘူးဆိုတာ ရွဳကြက္မွန္ေနရင္ ရွိကို မရွိဘူး။ ရွဳကြက္ထဲမွာ ပါလာမွာစိုးလို႔ ႀကိဳတင္ၿပီး သတိေပးတာ။ ရွဳကြက္မွန္ေနရင္ ဘာစကားလံုးမွ မရွိဘူး၊ ဘာသဏၭာန္မွ ရွိမေနဘူး။ အာရံုနဲ႔ ထိေန သိေနတဲ႔ သေဘာပဲရွိတယ္။

သေဘာေတြကို တည္ၿငိမ္တဲ႔ စိတ္သမာဓိနဲ႔ ပိုင္းျခားၿပီး ထိုးထြင္းရွဳတဲ႔အခါ သံသယေတြရွင္းၿပီး အရွဳခံ ရုပ္တရားေတြရဲ႔ သဘာဝေတြ မတည္ျမဲမွဳ ေပ်ာ႔ေျပာင္းေပ်ာက္ကြယ္သြားမွဳ၊ ေနာက္ဆံုး ျခံဳလိုက္မယ္ဆိုရင္ အမွုန္အမႊား ႏူးညံ႔သိမ္ေမြ႔တယ္ဆိုတဲ႔ သဘာဝပဲ က်န္ခဲ႔တယ္။ အထည္သဏၭာန္ေတြဆိုတာ ဥပါဒါန္ေတြေၾကာင္႔ ျဖစ္ေနတာ။ လူဆိုတာလည္း အထည္သဏၭာန္ႀကီး ဥပါဒါန္ေၾကာင္႔ ျဖစ္ေနတာ။ သူ႔ကို ေနပူလွန္းလိုက္မယ္ အမွဳန္႔ေထာင္းလိုက္မယ္ဆို အမွုန္ပဲရွိတယ္။

ခႏၶာကိုယ္က သဏၭာန္ႀကီးလို႔ ထင္ေနတာ အမွဳန္ေတြ ဖြဲ႔စည္းထားတဲ႔သေဘာ၊ ထိုနည္း၎ပဲ သက္ရွိသက္မဲ႔အရာဝတၳဳေတြလဲ ဥပမာေပးတာေနာ္၊ ထိုနည္း၎ပဲ ခႏၶာကိုယ္ထဲမွာရွိတဲ႔ အရွဳခံေတြကို သမာဓိအားနဲ႔ ၾကည္႔မယ္ဆိုရင္ သတိမထားမိဘူးဆို ၾကည္႔မယ္ဆိုရင္ ထုထည္ႀကီးလိုပဲ အထည္လိုလို သဏၭာန္လိုလို အတံုးလိုလို အတစ္လိုလို စူးရွ ခက္ခဲ နက္နဲေနတယ္လို႔ ထင္ရတာေတြက ဥပါဒါန္တရားေတြပါ။ သဘာဝတရားေတြပါ။ သဘာဝရွိေနတဲ႔ အရွဳခံေပၚမွာ ဥပါဒါန္တရားေတြနဲ႔ ယွဥ္တြဲေနတာပါ။

ဒီသေဘာေလးကို သိဖို႔အတြက္က သမာဓိအားနဲ႔ ထိုးထြင္းရွဳမယ္ဆိုရင္ ေဂၚဖီထုပ္မ်ား အခြံခြာသလို အႏွစ္အဖတ္ရွာမရဘူး။ အႏွစ္မရွိတဲ႔ သေဘာတရားေတြကို အႏွစ္ရွိတယ္ ထင္ၿပီးေတာ႔မွ ေၾကာက္ေနတာ၊ သတ္မွတ္ေနတာ။ အဲ႔သေဘာတရား မဟုတ္မွန္းသိေအာင္ အခုလို သမာဓိအားနဲ႔ တည္ၿငိမ္စြာ ခႏၶာထဲကို ထိုးထြင္းရွဳတဲ႔အခါက်ေတာ႔ လြင္႔စင္ ပေပ်ာက္သြားသလို ဆိုတာကို တကယ္ရွဳမွတ္ တကယ္သေဘာေပါက္ တကယ္ေရာက္သြားတဲ႔ ေယာဂီက ခံစားရတယ္။

ဒါေတြက အပိုလုပ္ၿပီး ေျပာလို႔မရဘူး။ က်င္႔လာခဲ႔တဲ႔ တရားလမ္းေၾကာင္းေပၚမွာ ေတြ႔လာခဲ႔တဲ႔ တရားသေဘာေတြပါ။ တကယ္ ဇြဲသဒၶါရွိတဲ႔ ေယာဂီ အခ်ိန္ရွည္ထိုင္တဲ႔ ေယာဂီက ဒါေတြကို ခံစားရတယ္။ သတ္မွတ္တဲ႔အခ်ိန္အတိုင္း ထိုင္တဲ႔ေယာဂီက သိပ္မ်က္ေမွာက္မျပဳဘူး။ နာရီရွည္ရွည္ က်င္႔တဲ႔ေယာဂီေတြက အရမ္းခ်မ္းသာတယ္။ သူ႔ရဲ႔သေဘာတရားေတြကို ပိုင္းျဖတ္တဲ႔အသိဥာဏ္ ကြက္ကြက္ကြင္းကြင္း သိရတယ္။ ေျပာေျပာေနတဲ႔ ေျခသန္းေလးမွာ က်န္ေနတယ္၊ ေျခမ်က္စိေလးမွာက်န္ေနတယ္ အဓိ႒ာန္ျပည္႔လို႔ ျဖဳတ္လိုက္တယ္။ ျဖဳတ္လိုက္တာ အမွား။

တစ္ကိုယ္လံုး ခ်ဳပ္ေပ်ာက္ေအာင္ ရွဳလာခဲ႔ၿပီးေတာ႔မွ တစ္ကိုယ္လံုး ခ်ဳပ္ေပ်ာက္တဲ႔ သဘာဝေတြ ျမင္လာခဲ႔ၿပီးေတာ႔မွ ေသးေသးတင္ေလးက်န္တာကို လႊတ္ခ်ၿပီး အဓိ႒ာန္ျပည္႔လို႔ ျဖဳတ္တယ္ဆိုတာ ေယာဂီတို႔မွာ မရွင္းသြားဘူး။ အဲ႔ဒီေသးေသးတင္ေလးက ေယာဂီတို႔ကို စမ္းတာပဲ။ ခႏၶာကိုယ္တစ္ခုလံုးမွာ ႏူးညံ႔သိမ္ေမြ႔သြားပါတယ္၊ သူ႔သေဘာေလးအတိုင္း ျဖစ္ပါတယ္၊ တစ္ေနရာတည္းမွာ စူးရွၿပီး က်န္ခဲ႔ပါတယ္ အဓိ႒ာန္ျပည္႔လို႔ ျဖဳတ္လိုက္ရတယ္။ မျဖဳတ္ရဘူး။ အဲ႔ဒါေလးကို အခ်ိန္ေပးထပ္ၿပီးရွဳလိုက္မယ္ဆို သံသယကင္းၿပီး ခႏၶာကိုယ္တစ္ခုလံုးမွာ ႏူးညံ႔သိမ္ေမြ႔သြားတယ္။ ဘယ္ေနရာမွ ရွာလို႔မရေတာ႔ဘူး။

အထည္သဏၭာန္ သဘာဝေတြ။ အမွန္တကယ္က အရွဳခံ ရုပ္တရားတို႔ကလည္း ႏူးညံ႔သိမ္ေမြ႔တဲ႔ ေပါင္ဒါမွဳန္႔ပမာ ဥာဏ္နဲ႔ ျမင္တယ္။ ဥာဏ္နဲ႔ခံစားရတယ္။ အရွဳခံတို႔သည္ ေပါင္ဒါမွဳန္႔ကဲ႔သို႔ ႏူးညံ႔သိမ္ေမြ႔သြားတဲ႔ အသြင္ရွိတယ္။ ႏူးညံ႔သိမ္ေမြ႔တဲ႔အသြင္ မခံစားရတာ ဘာေၾကာင္႔လဲဆို သမာဓိအားနည္းလို႔၊ ေၾကာက္စိတ္ပိုလို႔၊ ဥပါဒါန္တရားေတြရွိလို႔။

ဒါေတြကို သိေအာင္ ထိုးထြင္းေဖာက္ရွဳမွ အရွဳခံရဲ႔ ဂဏေက်မွုအေပၚမွာ ရုပ္ဂဏေက်ေတာ႔ သိမွဳနာမ္တရားေလးလည္း ဂဏေက်သြားတယ္။ ရုပ္ခ်ဳပ္ေတာ႔ နာမ္ခ်ဳပ္တယ္။ ရုပ္ခ်မ္းသာေတာ႔ နာမ္ခ်မ္းသာတယ္။ အေၾကာင္းအက်ဳိးစပ္ေနတာေပါ႔။ ဒါကို သိဖို႔ သင္ေပးရျခင္း ျဖစ္ပါတယ္။ ေယာဂီတို႔အေနနဲ႔ စိတ္ကို ဥာဏ္နဲ႔ဖမ္း တည္ေအာင္ထား လံုတဲ႔စိတ္နဲ႔ ခႏၶာထဲက ေပၚတာေတြကို တည္ရွဳ၊ ေထာက္ရွဳ၊ ေဖာက္ရွဳလို႔ ေျပာျပတဲ႔အသံထဲမွာ ပါခဲ႔တယ္။ တည္ရွဳ၊ ေထာက္ရွဳ၊ ေဖာက္ရွဳ၊ ကြင္းရွင္းရွဳ၊ သံသယကင္းသြားေအာင္ရွဳ၊ ပစၥဳပၸန္ တည္႔တည္႔ ႔ေပၚတာေတြကို ေပၚတိုင္းသိၿပီး ရွဳလု႔ိ ေျပာတဲ႔အခါမွာ တစ္ခါတစ္ရံက်ရင္ ပစၥဳပၸန္ေပၚတာကို ရွဳဆိုတဲ႔အခါ တစ္ခ်ဳိ႔ေသာ ေယာဂီေတြက တစ္ခုတည္းမဟုတ္ဘူး၊ အမ်ားႀကီး ေပၚေနတယ္လို႔ ေျပာျပန္ေရာ။

အဲ႔အမ်ားႀကီး ေပၚတဲ႔အထဲကမွ အထင္ရွားဆံုး ပစၥဳပၸန္တည္႔တာကို ရွဳ။ အမ်ားႀကီးက်ေတာ႔ ေၾကာက္သြားတယ္။ မရွဳရဲဘူး။ အဲ႔အမ်ားႀကီးလို႔ ထင္ခဲ႔ရင္လည္း အထင္ရွားဆံုး ကုိယ္႔ရဲ႔ အာရံုနဲ႔ ထိေနတဲ႔ သေဘာေလးကို တည္ၿပီးရွဳ။ ဘယ္လိုရွဳမလဲ.. တစ္စကၠန္႔ျခင္းေပၚက တည္ရွဳ၊ ေၾကာက္စိတ္မပါဘဲ ရွဳ။ မ်ားတယ္လို႔လည္း သညာမေပးနဲ႔။ ေပၚတဲ႔အရွဳခံ ထင္ရွားရာေလးကို ဆြဲၿပီးေတာ႔ တစ္စကၠန္႔ျခင္းက တည္ရွဳရင္ အေၾကြးကင္းသြားလိမ္႔မယ္။ သံသယရွင္းသြားလိမ္႔မယ္။ ရွဳမွတ္မွဳေတြၾကာလာရင္ ရွိေနတဲ႔ အရွဳခံေတြေပၚမွာ အေၾကြးကင္းသြားတဲ႔အတြက္ ဘာလာလာ ရွဳႏိူင္သြားတယ္။

အရွဳခံသဘာဝရဲ႔ သေဘာေတြ ခ်ဳပ္ေပ်ာက္မွုကို ရွဳႏိူင္တာျဖစ္တဲ႔အတြက္ ဘာေပၚေပၚ ခ်ဳပ္ေပ်ာက္ေအာင္ ရွဳႏိူင္တဲ႔အတြက္ေၾကာင္႔ အခ်ိန္တစ္ခု ၾကာသြားရင္ ခႏၶာကိုယ္တစ္ခုလံုးဟာ ႏူးညံ႔သိမ္ေမြ႔သြားၿပီး ဝါဂြမ္းကဲ႔သို႔ ေပါင္ဒါမွဳန္႔ကဲ႔သို႔ ျဖစ္သြားတယ္။ ဥေပကၡာေဝဒနာေရာက္သြားတယ္။ ဒါကို ရေစဖို႔အတြက္ ဒီရွဳကြက္ကို ေယာဂီတို႔ကို သင္ေပးရျခင္း ျဖစ္ပါတယ္။

Posed by: တိပိဋက ျမန္​မာျပန္​
========================================================
[Unicode]
"သဲအင်းဂူဆရာတော်ကြီး၏ ရုပ်သဘာဝရှင်းတမ်း"

တရားထိုင်တော့မယ်ဆို စိတ်ကို တည်ငြိမ်အောင် ဖမ်းရတယ်။ သေခါနီးသူကလည်း စိတ်ကို တည်ငြိမ်အောင် ဖမ်းရတယ်။ ပျာယာခတ်နေတဲ့စိတ်နဲ့ သေခါနီးဆို အပါယ်ကျတယ်။ တရားထိုင်တယ် ဆိုတာ တည်ငြိမ်တဲ့စိတ်ကို လျင်မြန်စွာ ဉာဏ်နဲ့ဖမ်းတတ်တဲ့ ကျေးဇူးက ဘယ်အချိန် ဘယ်ကာလမဆို ချမ်းသာတယ်။

လောကထဲမှာ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး မျိုးစုံသော အရေးပေါ်မှာ ပူလောင်နေတဲ့ အရေးကိစ္စတွေ ကိုယ့်ရဲ့ပူလောင်နေတဲ့စိတ်တွေ လျင်မြန်စွာ ဉာဏ်နဲ့ဖမ်းတော့ ငြိမ်သွားတယ်။ အင်တာဗျူးတွေ၊ လူကြီးတွေနဲ့ တွေ့ရတော့မယ်၊ အထက်ကပုဂ္ဂိုလ်တွေနဲ့ တွေ့ရတော့မယ်၊ အဲ့ကျရင်လည်း ကြောက်စရာ မရှိတော့ဘူး။ စိတ်ကို ငြိမ်အောင်ဖမ်းပြီး တွေးလိုက်တာနဲ့ အစစ အရာရာ အေးဆေးပြေလည်သွားတယ်။
တရားက စောင့်ရှောက်တယ်။

တရားထိုင်တော့လည်း ဒီစိတ်ကို တည်ငြိမ်အောင်ဖမ်းပြီး ခန္ဓာထဲက ပေါ်တာတွေကို ရှူမှ သဘာဝတွေတွေ့တယ်။ သဘောတွေတွေ့တယ်။ အထင်မှားတွေ ချုပ်တယ်။ သေခါနီးပုဂ္ဂိုလ်ကလည်း တည်ငြိမ်တဲ့စိတ်နဲ့ သေရပါတယ်။ မတည်ငြိမ်တဲ့ စိတ်နဲ့ဆို ဥပါဒါန်တရား အာရုံပြုတယ်။ ပညတ်တွေကိုပဲ အာရုံပြုတယ်။ ဆင်းရဲမှုတွေပဲ ပေါ်နေတယ်။

တရားမထိုင်ခင် စောပြီး ထိုင်မယ့်နေရာလာ၊ တည်အောင် စိတ်ကိုဖမ်းထားရတယ်။ တရားမထိုင်ခင် ပြောပြတဲ့စကားကို တည်အောင်ဖမ်းတဲ့စိတ်နဲ့နားထောင်ရင် ပိုသဘောပေါက်လွယ်တယ်။ ထိုင်တဲ့အခါ ဉာဏ်ဖြစ်တယ်။ ပြောတဲ့အတိုင်းကို ရှူနိူင်တယ်။ စကားတွေ ပြောနေမယ်၊ အာရုံတွေ များနေမယ်၊ ကြောက်တဲ့စိတ်တွေပါနေမယ်ဆို အဲ့စိတ်က မငြိမ်တဲ့အတွက် ထိုင်တာ ထိုင်တာ၊ ထိုင်တဲ့အချိန်မှာ အကျိုးနည်းနေမယ်။

ဒါဆို ဘာလုပ်ရမလဲ… ထိုင်ခါနီးမှာဆိုတော့ စိတ်ကလေးကို တည်ငြိမ်အောင် ဖမ်းလို့ ကိုယ့်ဘဝင်လေးကျပြီး အေးတယ်ဆိုတဲ့အခါကျမှ ရှုရမှာ။ မှိတ်ထားတဲ့ မျက်စိနဲ့ ခန္ဓာထဲကို ကြည့်မယ်ဆို ဘဝင်တွေ မငြိမ်ဘူး၊ ခါထွက်နေတာလည်း သိတယ်၊ ဆို့နေတယ်၊ ပင့်နေတယ်၊ ကြောက်နေတယ်ဆိုတာလည်း ရှိတယ်။ အဲ့ဒီစိတ်ကလေးနဲ့ ငြိမ်သက်အောင် မှိတ်ထားတဲ့ မျက်စိနဲ့ ခန္ဓာထဲကို ကြည့်လိုက်တဲ့အခါမှာ စိတ်ကလေး တည်ငြိမ်ပြီး ဘဝင် ကျသွားတယ်၊ အေးသွားတယ်ဆိုတာ စကားလုံးပြောတာ၊ ဘဝင်ကျသွားတဲ့အခါ ပေါ့ပါးသွားတယ်။ လွတ်လပ်သွားတယ်။ တည်ငြိမ်သွားတာကို ဆိုလိုတာ။

အဲ့သဘောလေးဖြစ် ငြိမ်းချမ်းသွားတော့မှပဲ အသာလေး ခန္ဓာထဲက အရှူခံတွေကို ကပ်ပြီး ထောက်ပြီးတော့ ရှူရမယ်။ စိတ်ရဲ့ တည်ကြည်မှုကို ဉာဏ်နဲ့ယူပြီး ခန္ဓာထဲမှာ လုံတဲ့စိတ်ပေါ့။ တစ်လောကလုံး ပြန့်လွင့်နေတဲ့စိတ်ကို စုစည်းပြီးတော့ အဲ့လုံခြုံသွားတဲ့ တည်ငြိမ်တဲ့စိတ်နဲ့ ခန္ဓာထဲက ပေါ်တာကို အသာလေး တည်ရှုတာ။ ရှုတဲ့နေရာမှာ ဘာပညတ် ဘာစကားလုံးမှ မပါရဘူး။ မပါဘူးဆိုတာ ရှုကွက်မှန်နေရင် ရှိကို မရှိဘူး။ ရှုကွက်ထဲမှာ ပါလာမှာစိုးလို့ ကြိုတင်ပြီး သတိပေးတာ။ ရှုကွက်မှန်နေရင် ဘာစကားလုံးမှ မရှိဘူး၊ ဘာသဏ္ဌာန်မှ ရှိမနေဘူး။ အာရုံနဲ့ ထိနေ သိနေတဲ့ သဘောပဲရှိတယ်။

သဘောတွေကို တည်ငြိမ်တဲ့ စိတ်သမာဓိနဲ့ ပိုင်းခြားပြီး ထိုးထွင်းရှုတဲ့အခါ သံသယတွေရှင်းပြီး အရှုခံ ရုပ်တရားတွေရဲ့ သဘာဝတွေ မတည်မြဲမှု ပျော့ပြောင်းပျောက်ကွယ်သွားမှု၊ နောက်ဆုံး ခြံုလိုက်မယ်ဆိုရင် အမှုန်အမွှား နူးညံ့သိမ်မွေ့တယ်ဆိုတဲ့ သဘာဝပဲ ကျန်ခဲ့တယ်။ အထည်သဏ္ဌာန်တွေဆိုတာ ဥပါဒါန်တွေကြောင့် ဖြစ်နေတာ။ လူဆိုတာလည်း အထည်သဏ္ဌာန်ကြီး ဥပါဒါန်ကြောင့် ဖြစ်နေတာ။ သူ့ကို နေပူလှန်းလိုက်မယ် အမှုန့်ထောင်းလိုက်မယ်ဆို အမှုန်ပဲရှိတယ်။

ခန္ဓာကိုယ်က သဏ္ဌာန်ကြီးလို့ ထင်နေတာ အမှုန်တွေ ဖွဲ့စည်းထားတဲ့သဘော၊ ထိုနည်း၎င်းပဲ သက်ရှိသက်မဲ့အရာဝတ္ထုတွေလဲ ဥပမာပေးတာနော်၊ ထိုနည်း၎င်းပဲ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရှုခံတွေကို သမာဓိအားနဲ့ ကြည့်မယ်ဆိုရင် သတိမထားမိဘူးဆို ကြည့်မယ်ဆိုရင် ထုထည်ကြီးလိုပဲ အထည်လိုလို သဏ္ဌာန်လိုလို အတုံးလိုလို အတစ်လိုလို စူးရှ ခက်ခဲ နက်နဲနေတယ်လို့ ထင်ရတာတွေက ဥပါဒါန်တရားတွေပါ။ သဘာဝတရားတွေပါ။ သဘာဝရှိနေတဲ့ အရှုခံပေါ်မှာ ဥပါဒါန်တရားတွေနဲ့ ယှဉ်တွဲနေတာပါ။

ဒီသဘောလေးကို သိဖို့အတွက်က သမာဓိအားနဲ့ ထိုးထွင်းရှုမယ်ဆိုရင် ဂေါ်ဖီထုပ်များ အခွံခွာသလို အနှစ်အဖတ်ရှာမရဘူး။ အနှစ်မရှိတဲ့ သဘောတရားတွေကို အနှစ်ရှိတယ် ထင်ပြီးတော့မှ ကြောက်နေတာ၊ သတ်မှတ်နေတာ။ အဲ့သဘောတရား မဟုတ်မှန်းသိအောင် အခုလို သမာဓိအားနဲ့ တည်ငြိမ်စွာ ခန္ဓာထဲကို ထိုးထွင်းရှုတဲ့အခါကျတော့ လွင့်စင် ပပျောက်သွားသလို ဆိုတာကို တကယ်ရှုမှတ် တကယ်သဘောပေါက် တကယ်ရောက်သွားတဲ့ ယောဂီက ခံစားရတယ်။

ဒါတွေက အပိုလုပ်ပြီး ပြောလို့မရဘူး။ ကျင့်လာခဲ့တဲ့ တရားလမ်းကြောင်းပေါ်မှာ တွေ့လာခဲ့တဲ့ တရားသဘောတွေပါ။ တကယ် ဇွဲသဒ္ဓါရှိတဲ့ ယောဂီ အချိန်ရှည်ထိုင်တဲ့ ယောဂီက ဒါတွေကို ခံစားရတယ်။ သတ်မှတ်တဲ့အချိန်အတိုင်း ထိုင်တဲ့ယောဂီက သိပ်မျက်မှောက်မပြုဘူး။ နာရီရှည်ရှည် ကျင့်တဲ့ယောဂီတွေက အရမ်းချမ်းသာတယ်။ သူ့ရဲ့သဘောတရားတွေကို ပိုင်းဖြတ်တဲ့အသိဉာဏ် ကွက်ကွက်ကွင်းကွင်း သိရတယ်။ ပြောပြောနေတဲ့ ခြေသန်းလေးမှာ ကျန်နေတယ်၊ ခြေမျက်စိလေးမှာကျန်နေတယ် အဓိဋ္ဌာန်ပြည့်လို့ ဖြုတ်လိုက်တယ်။ ဖြုတ်လိုက်တာ အမှား။

တစ်ကိုယ်လုံး ချုပ်ပျောက်အောင် ရှုလာခဲ့ပြီးတော့မှ တစ်ကိုယ်လုံး ချုပ်ပျောက်တဲ့ သဘာဝတွေ မြင်လာခဲ့ပြီးတော့မှ သေးသေးတင်လေးကျန်တာကို လွှတ်ချပြီး အဓိဋ္ဌာန်ပြည့်လို့ ဖြုတ်တယ်ဆိုတာ ယောဂီတို့မှာ မရှင်းသွားဘူး။ အဲ့ဒီသေးသေးတင်လေးက ယောဂီတို့ကို စမ်းတာပဲ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ နူးညံ့သိမ်မွေ့သွားပါတယ်၊ သူ့သဘောလေးအတိုင်း ဖြစ်ပါတယ်၊ တစ်နေရာတည်းမှာ စူးရှပြီး ကျန်ခဲ့ပါတယ် အဓိဋ္ဌာန်ပြည့်လို့ ဖြုတ်လိုက်ရတယ်။ မဖြုတ်ရဘူး။ အဲ့ဒါလေးကို အချိန်ပေးထပ်ပြီးရှုလိုက်မယ်ဆို သံသယကင်းပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ နူးညံ့သိမ်မွေ့သွားတယ်။ ဘယ်နေရာမှ ရှာလို့မရတော့ဘူး။

အထည်သဏ္ဌာန် သဘာဝတွေ။ အမှန်တကယ်က အရှုခံ ရုပ်တရားတို့ကလည်း နူးညံ့သိမ်မွေ့တဲ့ ပေါင်ဒါမှုန့်ပမာ ဉာဏ်နဲ့ မြင်တယ်။ ဉာဏ်နဲ့ခံစားရတယ်။ အရှုခံတို့သည် ပေါင်ဒါမှုန့်ကဲ့သို့ နူးညံ့သိမ်မွေ့သွားတဲ့ အသွင်ရှိတယ်။ နူးညံ့သိမ်မွေ့တဲ့အသွင် မခံစားရတာ ဘာကြောင့်လဲဆို သမာဓိအားနည်းလို့၊ ကြောက်စိတ်ပိုလို့၊ ဥပါဒါန်တရားတွေရှိလို့။

ဒါတွေကို သိအောင် ထိုးထွင်းဖောက်ရှုမှ အရှုခံရဲ့ ဂဏကျေမှုအပေါ်မှာ ရုပ်ဂဏကျေတော့ သိမှုနာမ်တရားလေးလည်း ဂဏကျေသွားတယ်။ ရုပ်ချုပ်တော့ နာမ်ချုပ်တယ်။ ရုပ်ချမ်းသာတော့ နာမ်ချမ်းသာတယ်။ အကြောင်းအကျိုးစပ်နေတာပေါ့။ ဒါကို သိဖို့ သင်ပေးရခြင်း ဖြစ်ပါတယ်။ ယောဂီတို့အနေနဲ့ စိတ်ကို ဉာဏ်နဲ့ဖမ်း တည်အောင်ထား လုံတဲ့စိတ်နဲ့ ခန္ဓာထဲက ပေါ်တာတွေကို တည်ရှု၊ ထောက်ရှု၊ ဖောက်ရှုလို့ ပြောပြတဲ့အသံထဲမှာ ပါခဲ့တယ်။ တည်ရှု၊ ထောက်ရှု၊ ဖောက်ရှု၊ ကွင်းရှင်းရှု၊ သံသယကင်းသွားအောင်ရှု၊ ပစ္စုပ္ပန် တည့်တည့် ့ပေါ်တာတွေကို ပေါ်တိုင်းသိပြီး ရှုလို့ ပြောတဲ့အခါမှာ တစ်ခါတစ်ရံကျရင် ပစ္စုပ္ပန်ပေါ်တာကို ရှုဆိုတဲ့အခါ တစ်ချို့သော ယောဂီတွေက တစ်ခုတည်းမဟုတ်ဘူး၊ အများကြီး ပေါ်နေတယ်လို့ ပြောပြန်ရော။

အဲ့အများကြီး ပေါ်တဲ့အထဲကမှ အထင်ရှားဆုံး ပစ္စုပ္ပန်တည့်တာကို ရှု။ အများကြီးကျတော့ ကြောက်သွားတယ်။ မရှုရဲဘူး။ အဲ့အများကြီးလို့ ထင်ခဲ့ရင်လည်း အထင်ရှားဆုံး ကိုယ့်ရဲ့ အာရုံနဲ့ ထိနေတဲ့ သဘောလေးကို တည်ပြီးရှု။ ဘယ်လိုရှုမလဲ.. တစ်စက္ကန့်ခြင်းပေါ်က တည်ရှု၊ ကြောက်စိတ်မပါဘဲ ရှု။ များတယ်လို့လည်း သညာမပေးနဲ့။ ပေါ်တဲ့အရှုခံ ထင်ရှားရာလေးကို ဆွဲပြီးတော့ တစ်စက္ကန့်ခြင်းက တည်ရှုရင် အကြွေးကင်းသွားလိမ့်မယ်။ သံသယရှင်းသွားလိမ့်မယ်။ ရှုမှတ်မှုတွေကြာလာရင် ရှိနေတဲ့ အရှုခံတွေပေါ်မှာ အကြွေးကင်းသွားတဲ့အတွက် ဘာလာလာ ရှုနိူင်သွားတယ်။

အရှုခံသဘာဝရဲ့ သဘောတွေ ချုပ်ပျောက်မှုကို ရှုနိူင်တာဖြစ်တဲ့အတွက် ဘာပေါ်ပေါ် ချုပ်ပျောက်အောင် ရှုနိူင်တဲ့အတွက်ကြောင့် အချိန်တစ်ခု ကြာသွားရင် ခန္ဓာကိုယ်တစ်ခုလုံးဟာ နူးညံ့သိမ်မွေ့သွားပြီး ဝါဂွမ်းကဲ့သို့ ပေါင်ဒါမှုန့်ကဲ့သို့ ဖြစ်သွားတယ်။ ဥပေက္ခာဝေဒနာရောက်သွားတယ်။ ဒါကို ရစေဖို့အတွက် ဒီရှုကွက်ကို ယောဂီတို့ကို သင်ပေးရခြင်း ဖြစ်ပါတယ်။

Posed by: တိပိဋက မြန်​မာပြန်​

No comments:

Post a Comment