[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း (၁၃)
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ ပံုသ႑ာန္
******************************************
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ အရပ္ေတာ္သည္အေတာင္ရွစ္ဆယ္။ မ်က္တြင္းေတာ္သည္ ငါးေတာင္ ခံတြင္းေတာ္သည္လည္း ငါးေတာင္ နားရြက္ေတာ္ အေစာက္ကား ငါးေတာင္ လက္ေခ်ာင္းအၾကားသည္တစ္ထြာ ေျခဖဝါးေတာ္အလ်ားကား ဆယ္ေတာင္ ေျခမ်က္စိမွ ပုဆစ္ဒူးတိုင္ေအာင္ အေတာင္ႏွစ္ဆယ္ရွိမည္။
လူတို႔၏ ပံုသ႑ာန္
*******************
လူတို႔၏ အရပ္သည္အေတာင္ေလးဆယ္ မ်က္တြင္းသည္ႏွစ္ေတာင့္တစ္ထြာ ခံတြင္းသည္ႏွစ္ေတာင့္တစ္ထြာနားရြက္အေစာက္ကား ႏွစ္ေတာင့္တစ္ထြာ ေျခဖဝါးအလ်ားကား ငါးေတာင္ ေျခမ်က္စိမွပုဆစ္ဒူးတိုင္ေအာင္ ဆယ္ေတာင္ ေမြးစကေလးသည္ ငါးေတာင္ လူတို႔၏ အလံုး အရပ္ အဂၤ ါ ႀကီးငယ္သည္ျမတ္စြာဘုရား၏ တစ္ဝက္စီခ်ည္းသာျဖစ္လတၱံ႕။
အရိေမေတၱယ်ဘုရားရွင္၏ တန္ခိုးေတာ္ေၾကာင့္ အမ်ဳိးသားမ်ားသည္ နတ္သားကဲ႔သို႔ အမ်ဳိးသမီးမ်ားသည္ နတ္သမီးကဲ႔သို႔ ေခ်ာေမာလွပသူခ်ည္းသာျဖစ္ၾကလိမ့္မည္။ အမ်ဳိးသားမ်ားသည္လည္း ရုပ္ခ်င္းတူအမ်ဳိးသမီးမ်ားသည္ လည္းရုပ္ခ်င္းတူၾကလိမ့္မည္။ ရုပ္မေခ်ာ အဂၤ ါ မစံုသူ တစ္ေယာက္မွ်မရွိ အကုန္း အကြ အႏူ အဝဲ တစ္ေယာက္မွ်ရွိလိမ့္မည္မဟုတ္ပါ။ အသက္ငါးရာ ျပည့္သည့္အခ်ိန္အရြယ္သို႔ေရာက္လွ်င္ အမ်ဳိးသား အမ်ဳိးသမီးမ်ား သည္ အိမ္ေထာင္ျပဳ ႀကလိမ့္မည္။ ဇနီးေမာင္ႏွံႏွစ္ဦးခိုက္ရန္ေဒါသမရွိ ကဲြသည္ ကြာသည္မရွိ အၿမဲ အဆင္ေျပေနမည္။ ရာသက္ပန္ ေပါင္းသင္းရမည္။ အမ်ဳိးသမီးတိုင္းမွာ ပတၱျမားနားေဋာင္း လက္စြပ္ လက္ေကာက္ ေျခက်င္းစသည္တို႔ကို ေရႊအိုးႀကီးမ်ားထဲမွ ႀကိဳက္ႏွစ္သက္ရာ ယူဝတ္ႏိုင္ၾကလိမ့္မည္။ စားစရာမ်ိဳးစံု ပေဒသာပင္မ်ားမွစားခ်င္ေသာအခ်ိန္ ယူစားႏိုင္ၾကလိမ့္မည္။
ေရာဂါသံုးမ်ဳိး
************
က်န္းမာေရးအေနျဖင့္ ဘာေရာဂါမွမရွိ ထမင္းအဆီရစ္ေသာေရာဂါ ထမင္းမစားခ်င္ေသာေရာဂါ အိပ္ခ်င္ေသာေရာဂါ ဤသံုးမ်ဳိးသာ ျဖစ္ၾကလိမ့္မည္။ ထိုေခာတ္အခါတြင္ျဖစ္ၾကမည့္လူမ်ားသည္ စားေရး ေနေရး ဝတ္ေရး က်န္းမာေရးအတြက္ ဘာမွ်ပူပန္စရာမရွိ နတ္စည္းစိမ္ ခံစားေနရသလို လူ႕စည္းစိမ္ကိုအျပည့္အဝ ခံစားၾကရလိမ့္မည္။
ဘုရားရွင္၏တန္ခိုးေတာ္ေၾကာင့္ ေတာင္ေခ်ာက္ကမ္းပါးေျမမရွိ ေျမျပင္ ေျမညီသာရွိမည္ျမစ္ထဲတြင္ရွိေသာ ေရမ်ားသည္လည္း သန္႔ရွင္းၾကည္လင္၍ ရြံ႕ညြန္ကင္းၿပီး အေၾကအညာမစီးဘဲေရတြင္း ေရကန္ထဲမွ ေရကဲ႔သို႔ၿငိမ္သက္၍ေနလိမ့္မည္။ ဥတုသံုးပါးသည္လည္း မပူမခ်မ္းညီမွ်၍ေနမည္။ မိုးတြင္းအခါ ရြာသည့္မိုးသည္လည္း ေန႔အခါတြင္ လူမ်ားက်န္းမာခ်မ္းသာစြာေနႏိုင္ရန္အတြက္ ညသန္းေခါင္ယံအခ်ိန္မွာသာလွ်င္ ဆယ္ရက္တစ္ခါ ဆယ့္ငါးရက္တစ္ခါ ပံုမွန္ ရြာေပးလိမ့္မည္။ မိုးေခါင္သည္ မိုးမ်ားသည္ မိုးနဲသည္ဟူ၍မရွိ ဥတုညီမွ်စြာ ရြာေပးလိမ့္မည္။ သတၱဝါတို႔၏ ဘုန္းကံေၾကာင့္ မစိုက္ပ်ဳိးရဘဲ စင္ၾကယ္ေမႊးပ်ံ႕ေသာ သေလးစပါးပင္ မ်ားအလိုလိုေပါက္ၾကလိမ့္မည္။ စပါးတစ္ေစ့သည္ ထိုေခာတ္ရွိလူမ်ား၏ အထြာႏွင့္သံုးထြာရွိမည္။ စပါးတစ္ပင္မွသီးသည့္အသီးကို လွည္းအစီးေပါင္း(၇၂၇၂)စီးတိုက္ယူရလိမ့္မည္။
ေန႔ ည ခဲြ၍မရျခင္း
******************
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏တန္ခိုးေတာ္ေၾကာင့္ ကမ ၻာေလာကႀကီးသည္ ေန႔အခါ ညအခါဟူ၍မရိွ။ ေန႔ေရာ ညပါ အၿမဲတမ္း လင္းထိန္၍သာေနလိမ့္မည္။ ေန႔အခါႏွင့္ညအခါကို နံနက္ပြင့္ေသာပန္း ညပြင့္ေသာပန္းႏွင့္ ၾကက္တြန္သံမ်ားကိုၾကည့္ရႈနားေထာင္၍ ေန႔ညခဲြယူရလိမ့္မည္။ ထိုကဲသို႔ ေဟာၾကားေသာအခါ အရွင္သာရိပုတၱရာ မေထရ္ျမတ္သည္ အံ႔ၾသျခင္းႀကီးစြာျဖင့္ အရွင္ဘုရား ေန႔မွန္း ညမွန္းမသိေအာင္ လင္းထိန္ၿပီးျဖစ္ရေသာ အရိေမေတၱယ်ဘုရားရွင္၏တန္ခိုးေတာ္သည္ အဘယ္ကုသိုလ္မ်ဳိးေၾကာင့္ ျဖစ္ရပါသနည္း ဘုရားဟုေလွ်ာက္ေသာအခါ ေဂါတမျမတ္စြာဘုရားရွင္သည္ ဤကဲ႔သို႔မိန္႔ၾကားေတာ္မူပါသည္။
ဆက္ရန္
[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ
ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားစာအုပ္မွ-]
Credit to Daw Yusandi
[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း (၁၃)
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ ပုံသဏ္ဍာန်
******************************************
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ အရပ်တော်သည်အတောင်ရှစ်ဆယ်။ မျက်တွင်းတော်သည် ငါးတောင် ခံတွင်းတော်သည်လည်း ငါးတောင် နားရွက်တော် အစောက်ကား ငါးတောင် လက်ချောင်းအကြားသည်တစ်ထွာ ခြေဖဝါးတော်အလျားကား ဆယ်တောင် ခြေမျက်စိမှ ပုဆစ်ဒူးတိုင်အောင် အတောင်နှစ်ဆယ်ရှိမည်။
လူတို့၏ ပုံသဏ္ဍာန်
*******************
လူတို့၏ အရပ်သည်အတောင်လေးဆယ် မျက်တွင်းသည်နှစ်တောင့်တစ်ထွာ ခံတွင်းသည်နှစ်တောင့်တစ်ထွာနားရွက်အစောက်ကား နှစ်တောင့်တစ်ထွာ ခြေဖဝါးအလျားကား ငါးတောင် ခြေမျက်စိမှပုဆစ်ဒူးတိုင်အောင် ဆယ်တောင် မွေးစကလေးသည် ငါးတောင် လူတို့၏ အလုံး အရပ် အင်္ဂ ါ ကြီးငယ်သည်မြတ်စွာဘုရား၏ တစ်ဝက်စီချည်းသာဖြစ်လတ္တံ့။
အရိမေတ္တေယျဘုရားရှင်၏ တန်ခိုးတော်ကြောင့် အမျိုးသားများသည် နတ်သားကဲ့သို့ အမျိုးသမီးများသည် နတ်သမီးကဲ့သို့ ချောမောလှပသူချည်းသာဖြစ်ကြလိမ့်မည်။ အမျိုးသားများသည်လည်း ရုပ်ချင်းတူအမျိုးသမီးများသည် လည်းရုပ်ချင်းတူကြလိမ့်မည်။ ရုပ်မချော အင်္ဂ ါ မစုံသူ တစ်ယောက်မျှမရှိ အကုန်း အကွ အနူ အဝဲ တစ်ယောက်မျှရှိလိမ့်မည်မဟုတ်ပါ။ အသက်ငါးရာ ပြည့်သည့်အချိန်အရွယ်သို့ရောက်လျှင် အမျိုးသား အမျိုးသမီးများ သည် အိမ်ထောင်ပြု ကြလိမ့်မည်။ ဇနီးမောင်နှံနှစ်ဦးခိုက်ရန်ဒေါသမရှိ ကွဲသည် ကွာသည်မရှိ အမြဲ အဆင်ပြေနေမည်။ ရာသက်ပန် ပေါင်းသင်းရမည်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားဋောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ကို ရွှေအိုးကြီးများထဲမှ ကြိုက်နှစ်သက်ရာ ယူဝတ်နိုင်ကြလိမ့်မည်။ စားစရာမျိုးစုံ ပဒေသာပင်များမှစားချင်သောအချိန် ယူစားနိုင်ကြလိမ့်မည်။
ရောဂါသုံးမျိုး
************
ကျန်းမာရေးအနေဖြင့် ဘာရောဂါမှမရှိ ထမင်းအဆီရစ်သောရောဂါ ထမင်းမစားချင်သောရောဂါ အိပ်ချင်သောရောဂါ ဤသုံးမျိုးသာ ဖြစ်ကြလိမ့်မည်။ ထိုခောတ်အခါတွင်ဖြစ်ကြမည့်လူများသည် စားရေး နေရေး ဝတ်ရေး ကျန်းမာရေးအတွက် ဘာမျှပူပန်စရာမရှိ နတ်စည်းစိမ် ခံစားနေရသလို လူ့စည်းစိမ်ကိုအပြည့်အဝ ခံစားကြရလိမ့်မည်။
ဘုရားရှင်၏တန်ခိုးတော်ကြောင့် တောင်ချောက်ကမ်းပါးမြေမရှိ မြေပြင် မြေညီသာရှိမည်မြစ်ထဲတွင်ရှိသော ရေများသည်လည်း သန့်ရှင်းကြည်လင်၍ ရွံ့ညွန်ကင်းပြီး အကြေအညာမစီးဘဲရေတွင်း ရေကန်ထဲမှ ရေကဲ့သို့ငြိမ်သက်၍နေလိမ့်မည်။ ဥတုသုံးပါးသည်လည်း မပူမချမ်းညီမျှ၍နေမည်။ မိုးတွင်းအခါ ရွာသည့်မိုးသည်လည်း နေ့အခါတွင် လူများကျန်းမာချမ်းသာစွာနေနိုင်ရန်အတွက် ညသန်းခေါင်ယံအချိန်မှာသာလျှင် ဆယ်ရက်တစ်ခါ ဆယ့်ငါးရက်တစ်ခါ ပုံမှန် ရွာပေးလိမ့်မည်။ မိုးခေါင်သည် မိုးများသည် မိုးနဲသည်ဟူ၍မရှိ ဥတုညီမျှစွာ ရွာပေးလိမ့်မည်။ သတ္တဝါတို့၏ ဘုန်းကံကြောင့် မစိုက်ပျိုးရဘဲ စင်ကြယ်မွှေးပျံ့သော သလေးစပါးပင် များအလိုလိုပေါက်ကြလိမ့်မည်။ စပါးတစ်စေ့သည် ထိုခောတ်ရှိလူများ၏ အထွာနှင့်သုံးထွာရှိမည်။ စပါးတစ်ပင်မှသီးသည့်အသီးကို လှည်းအစီးပေါင်း(၇၂၇၂)စီးတိုက်ယူရလိမ့်မည်။
နေ့ ည ခွဲ၍မရခြင်း
******************
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏တန်ခိုးတော်ကြောင့် ကမ ္ဘာလောကကြီးသည် နေ့အခါ ညအခါဟူ၍မရှိ။ နေ့ရော ညပါ အမြဲတမ်း လင်းထိန်၍သာနေလိမ့်မည်။ နေ့အခါနှင့်ညအခါကို နံနက်ပွင့်သောပန်း ညပွင့်သောပန်းနှင့် ကြက်တွန်သံများကိုကြည့်ရှုနားထောင်၍ နေ့ညခွဲယူရလိမ့်မည်။ ထိုကဲသို့ ဟောကြားသောအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် အံ့သြခြင်းကြီးစွာဖြင့် အရှင်ဘုရား နေ့မှန်း ညမှန်းမသိအောင် လင်းထိန်ပြီးဖြစ်ရသော အရိမေတ္တေယျဘုရားရှင်၏တန်ခိုးတော်သည် အဘယ်ကုသိုလ်မျိုးကြောင့် ဖြစ်ရပါသနည်း ဘုရားဟုလျှောက်သောအခါ ဂေါတမမြတ်စွာဘုရားရှင်သည် ဤကဲ့သို့မိန့်ကြားတော်မူပါသည်။
ဆက်ရန်
[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော
ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏
ပန်ချင်သူများ ခေါင်းဖြီးထားစာအုပ်မှ-]
Credit to Daw Yusandi
No comments:
Post a Comment