[Zawgyi]
ထေရဝါဒ ပိဋကတ်တော်၌ ဆွမ်းတော်တင်ကျစားသုံးသော် ညဏ်ထိုင်းသည် ဘုန်းနိမ့်သည်ဟူ၍ ဖော်ပြထားချက် တစ်စုံတစ်ရာ မရှိပါ။
========================================================
[Unicode]
"ဆွမ်းတော်တင်ကျ မစားကောင်းဘူးလား"
ထေရဝါဒ ပ်ိဋကတ်တော်၌ ဆွမ်းတော်တင်ကျစားသုံးသော် ညဏ်ထိုင်းသည် ဘုန်းနိမ့်သည်ဟူ၍ ဖော်ပြထားချက် တစ်စုံတစ်ရာ မရှိပါ။
ဆွမ်းတော် တင်ကျကို စားကောင်း စွန့်ကောင်းသည် ဟုသာ အဋ္ဌကထာကြီးများတွင် ဖွင့်ဆိုထားပါတယ်။
မဇ္ဈိမနိကာယ် |ဥပရိဏ္ဏသ အဋ္ဌကထာ|ဒက္ခိဏဝိဘင်္ဂသုတ် အဖွင့်၌ အဋ္ဌကထာ ဆရာကြီးက.
ဆွမ်းတော်တင် ပစ္စည်းများသည် အတုမရှိစင်ကြယ် မြင့်မြတ်သော ဘုရားရှင်၏ ပစ္စည်းများဖြစ်၍ အလွန်စင်ကြယ်မွန်မြတ်သော ပစ္စည်းများဖြစ်ကြောင်း /ဆွမ်းတော် တင်တာမှာ သာမန်ရိုးရိုး ပုဂ္ဂိုလ်များနှင့် မထိုက်တန်အောင် မြင့်မြတ်၍ဘုရားခန်းသန့်ရှင်း /ဝေယျာဝစ္စလုပ်/ရောင်တော်ဖွင့် စသော အကျင့်များကို ဆောင်ရွက်သည့် ပုဂ္ဂိုလ်အား ပေးလှူရမှာဖြစ်ကြောင်း ။ ထိုအပြင် ဗုဒ္ဓဝေယျာဝစ္စလုပ်လျှင် အဖေ၏ ပစ္စည်းကို သားက သုံးဆောင်ကောင်းသလို သုံးစားကောင်းကြောင်း /ထောပတ် နှမ်းဆီ စသည်တို့ကို စွန့်ပြီးဆီခွက်လုပ်ပူဇော်နိုင်ကြောင်း အဝတ်အထည်များကိုမူ စွန့်ပြီး အလံတံခွန် လုပ်လှူနိုင်ကြောင်းအကျယ်တဝင့် ဖွင့်ပြ ရှင်းလင်းထားတော် မူခဲ့ပါတယ်။
-မင်းနန် မော်ကျွန်း ၏ အယူအမြင် မှန်ကန်ရေး စာအုပ်မှ ကူးယူ မျှဝေပါတယ်
Credit to Oo Thaw ထေရဝါဒ သာသနာ မှတ်စု.
No comments:
Post a Comment