[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း ( ၃ )
အဇိတရဟန္း အမ်ဳိးအႏြယ္
****************************
အဇိတရဟန္းသည္ အဇာတသတ္မင္းကဥၥနေဒဝီမိဖုရားတို႔၏သားေတာ္ျဖစ္သည္။ အဇိတ ဆိုသည္မွာတည္ၾကည္ျခင္းဟုအဓိပၸယ္ရသည္။ အဇာတသတ္မင္းႀကီးသည္ ဖခင္ဗိမိၺသာရမင္းႀကီးကို သတ္ၿပီးေနာက္ပိုင္းတြင္ ျမတ္စြာဘုရားကို အလြန္ၾကည္ညိဳပါသည္။ ထို႔ေၾကာင့္အလြန္ၾကည္ညိဳေလးစား အားထားရေသာ ျမတ္စြာဘုရား၏အေမြကိုဆက္ခံႏိုင္ရန္ ရာဇၿဂိဳလ္ျပည္ ေဝဠဳဝန္ေက်ာင္းတြင္ အဇိတမင္းသား(၁၆)ႏွစ္အရြယ္ အၿခံအရံမင္းသား ငါးရာႏွင့္အတူ ရဟန္းဝတ္ေပးထားျခင္းျဖစ္သည္။
အဇိတရဟန္းအား ဗ်ာဒိတ္ေပးျခင္း
*********************************
ထိုအခ်ိန္တြင္ သံဃာပရိတ္သတ္အပါးရွစ္ဆယ္ မိေထြးေတာ္ေဂါတမီႏွင့္ အၿခံအရံ သာကီဝင္ မင္းသားမင္းသမီးငါးရာ စေသာ ငါးရာ့ရွစ္ဆယ္ေသာပရိတ္မ်ားကို ခ်စ္သားတို႔သင္ခ်စ္သားတို႔ျမင္ေနရေသာ အဇိတရဟန္းငယ္သည္ သင္ခ်စ္သားတို႔ထင္ၾကသလို ျမင္ၾကသလို အညၾတ သာမညရဟန္းမဟုတ္ဘူး။
၁။ တိမ္ဖံုးေသာ ေနနဲ႔တူတယ္။
၂။ ျပာဖံုးလႊမ္းေသာ မီးခဲနဲ႔တူတယ္။
၃။ ေျမမႈန္ျဖင့္ ဖံုးအုပ္ခံထားရေသာ ပတၱျမားရတနာနဲ႔ တူတယ္။
၄။ ေျမ၌ျမွဳပ္ထားခံရေသာ ေရႊအိုးနဲ႔တူတယ္။
၅။ ပြင့္လုနီးေသာၾကာပန္းနဲ႔တူတယ္။
၆။ ယုဂႏၶိဳရ္ေတာင္ႏွင့္နီးေနေသာ ေနလုလင္နဲ႔တူတယ္။
၇။ ဘုရားျဖစ္ဖို႔ရန္ မ်ဳိးေစ့နဲ႔တူတယ္ အညြန္႔နဲ႔တူတယ္။
ပါရမီျပည့္ၿပီးေသာ ဘုရားေလာင္းေယာက်ာ္းစစ္ ေယာက်ာ္းျမတ္ျဖစ္၍ ေနာင္ေသာအခါ (အရိေမေတၱယ်) အမည္ျဖင့္ဘုရားစင္စစ္ဧကန္ျဖစ္လိမ့္မည္ဟု ဗ်ာဒိတ္စကားမိန္႔ၾကားေတာ္မူ၏။
အဇိတရဟန္း၏ အတိတ္ပါရမီကုသိုလ္မ်ား
*****************************************
ခ်စ္သားတို႔ အဇိတရဟန္းသည္ ေရွးလြန္ေလၿပီးေသာအတိတ္ဘဝ ပဒုမမည္ေသာ စၾကာဝေတးမင္းဘဝတုန္းက သုမိတၱျမတ္စြာ ဘုရားကို ေက်ာင္း ဆီမီး သကၤန္းတို႔ျဖင့္ပူေဇာ္ခဲ႔တယ္။ ျဗဟၼဘာဝီမည္ေသာမင္းျဖစ္စဥ္အခါ ကလည္းေမေတၱယ်ျမတ္စြာဘုရားကို ရတနာမ႑ပ္တို႔ျဖင့္ပူေဇာ္ခဲ႔တယ္။
ထိုအခ်ိန္အခါမွစ (၁၆) သေခ်ၤႏွင့္ကမ ၻာတစ္သိန္းထက္တြင္ပြင့္ေတာ္မူေသာမုဟုတၱျမတ္စြာဘုရားလက္ထက္တြင္ ပဘာဝႏၲစၾကာဝေတးမင္းျဖစ္ၿပီး စၾကဝေတးမင္းအျဖစ္ကိုစြန္႔၍ မုဟုတၱျမတ္စြာဘုရားထံတြင္ ရတနကမေထရ္ရဟန္း အမည္ျဖင့္ ပါရမီျဖည့္၍ ဘုရားဆုပန္ခဲ႔တယ္။ ထိုမုဟုတၱဘုရားလက္ထက္ ရတနက မေထရ္ဘဝမွစ၍ဘုရားဆုပန္ အတိုင္းမသိ သာ ပါရမီအေဆာက္အဦးတို႔ကိုျဖည့္က်င့္ခဲ႔သည္။ တဏွကၤရာဘုရားစေသာ (၂၇)ဆူကုန္ေသာ ဘုရားရွင္တို႔ထံတြင္ ပါရမီမ်ားစြာျဖည့္က်င့္ဆည္းပူးၿပီး ဗ်ာဒိတ္ခံခဲ႔ရ၍ ယခုအခါ အဇာတသတ္မင္းႏွင့္ကဥၥနေဒဝီတို႔၏သား အဇိတမင္းသားအျဖစ္ျဖင့္ သီလ သမာဓိ ပညာ အက်င့္တို႔ကိုျဖည့္က်င့္ေစလ်က္ ပါရမီအေပါင္းတို႔ကိုဆည္းပူးျဖည့္က်င့္ေနေသာဘဝ တစ္ေလွ်ာက္ ခရီးအၾကား၌ အညၾတရဟန္းစသည္ျဖင့္ မထီမဲ႔ျမင္မျပဳ ၾကႏွင့္ဟု ဗ်ာဒိတ္စကားမိန္႔ၾကားေတာ္မူပါသည္။
အဇိတရဟန္း ဆုေတာင္းျခင္း
****************************
ျမတ္စြာဘုရား၏ဗ်ာဒိတ္စကားေျပာၾကားၿပီးသည့္အဆံုးတြင္ အဇိတရဟန္းသည္အားရဝမ္းသာျဖင့္ ျမတ္စြာဘုရားကိုလက္အုပ္ခ်ီၿပီး မိေထြးေတာ္ေဂါတမီထံမွရထားေသာ ေရႊသကၤန္းအဝတ္ပုဆိုးတစ္ထည္ကိုျမတ္စြာဘုရား၏ ဂႏၶကုဋိေက်ာင္းေဆာင္အတြင္းတြင္မ်က္ႏွာက်က္အျဖ စ္လွဴဒါန္းလိုက္၏။ ဤကဲ႔သို႔လွဴဒါန္းရေသာကုသိုလ္ေကာင္းမႈေၾကာင့္ တပည့္ေတာ္ဘုရားျဖစ္ေသာအခါ ေရႊပန္းဆိုင္း ေငြပန္းဆိုင္း သႏၲာပန္းဆိုင္း ပုလဲပန္းဆိုင္းတို႔ျဖင့္ တန္ဆာဆင္လ်က္ရတနာခုႏွစ္ပါးႏွင့္ ျပည့္စံုၿပီး တစ္ဆယ့္ႏွစ္ယူဇနာက်ယ္ဝန္းေသာ ဗိတာန္မ်က္ႏွာက်က္ျဖစ္ရပါလို၏ဘုရားဟု ဆုေတာင္းလွဴဒါန္းေလ၏။
ဆက္ရန္
[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ
ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားစာအုပ္မွ-]
Credit to Daw Yusandi
[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း ( ၃ )
အဇိတရဟန်း အမျိုးအနွယ်
****************************
အဇိတရဟန်းသည် အဇာတသတ်မင်းကဥ္စနဒေဝီမိဖုရားတို့၏သားတော်ဖြစ်သည်။ အဇိတ ဆိုသည်မှာတည်ကြည်ခြင်းဟုအဓိပ္ပယ်ရသည်။ အဇာတသတ်မင်းကြီးသည် ဖခင်ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီးနောက်ပိုင်းတွင် မြတ်စွာဘုရားကို အလွန်ကြည်ညိုပါသည်။ ထို့ကြောင့်အလွန်ကြည်ညိုလေးစား အားထားရသော မြတ်စွာဘုရား၏အမွေကိုဆက်ခံနိုင်ရန် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတွင် အဇိတမင်းသား(၁၆)နှစ်အရွယ် အခြံအရံမင်းသား ငါးရာနှင့်အတူ ရဟန်းဝတ်ပေးထားခြင်းဖြစ်သည်။
အဇိတရဟန်းအား ဗျာဒိတ်ပေးခြင်း
*********************************
ထိုအချိန်တွင် သံဃာပရိတ်သတ်အပါးရှစ်ဆယ် မိထွေးတော်ဂေါတမီနှင့် အခြံအရံ သာကီဝင် မင်းသားမင်းသမီးငါးရာ စသော ငါးရာ့ရှစ်ဆယ်သောပရိတ်များကို ချစ်သားတို့သင်ချစ်သားတို့မြင်နေရသော အဇိတရဟန်းငယ်သည် သင်ချစ်သားတို့ထင်ကြသလို မြင်ကြသလို အညတြ သာမညရဟန်းမဟုတ်ဘူး။
၁။ တိမ်ဖုံးသော နေနဲ့တူတယ်။
၂။ ပြာဖုံးလွှမ်းသော မီးခဲနဲ့တူတယ်။
၃။ မြေမှုန်ဖြင့် ဖုံးအုပ်ခံထားရသော ပတ္တမြားရတနာနဲ့ တူတယ်။
၄။ မြေ၌မြှုပ်ထားခံရသော ရွှေအိုးနဲ့တူတယ်။
၅။ ပွင့်လုနီးသောကြာပန်းနဲ့တူတယ်။
၆။ ယုဂန္ဓိုရ်တောင်နှင့်နီးနေသော နေလုလင်နဲ့တူတယ်။
၇။ ဘုရားဖြစ်ဖို့ရန် မျိုးစေ့နဲ့တူတယ် အညွန့်နဲ့တူတယ်။
ပါရမီပြည့်ပြီးသော ဘုရားလောင်းယောကျာ်းစစ် ယောကျာ်းမြတ်ဖြစ်၍ နောင်သောအခါ (အရိမေတ္တေယျ) အမည်ဖြင့်ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်စကားမိန့်ကြားတော်မူ၏။
အဇိတရဟန်း၏ အတိတ်ပါရမီကုသိုလ်များ
*****************************************
ချစ်သားတို့ အဇိတရဟန်းသည် ရှေးလွန်လေပြီးသောအတိတ်ဘဝ ပဒုမမည်သော စကြာဝတေးမင်းဘဝတုန်းက သုမိတ္တမြတ်စွာ ဘုရားကို ကျောင်း ဆီမီး သင်္ကန်းတို့ဖြင့်ပူဇော်ခဲ့တယ်။ ဗြဟ္မဘာဝီမည်သောမင်းဖြစ်စဉ်အခါ ကလည်းမေတ္တေယျမြတ်စွာဘုရားကို ရတနာမဏ္ဍပ်တို့ဖြင့်ပူဇော်ခဲ့တယ်။
ထိုအချိန်အခါမှစ (၁၆) သချေင်္နှင့်ကမ ္ဘာတစ်သိန်းထက်တွင်ပွင့်တော်မူသောမုဟုတ္တမြတ်စွာဘုရားလက်ထက်တွင် ပဘာဝန္တစကြာဝတေးမင်းဖြစ်ပြီး စကြဝတေးမင်းအဖြစ်ကိုစွန့်၍ မုဟုတ္တမြတ်စွာဘုရားထံတွင် ရတနကမထေရ်ရဟန်း အမည်ဖြင့် ပါရမီဖြည့်၍ ဘုရားဆုပန်ခဲ့တယ်။ ထိုမုဟုတ္တဘုရားလက်ထက် ရတနက မထေရ်ဘဝမှစ၍ဘုရားဆုပန် အတိုင်းမသိ သာ ပါရမီအဆောက်အဦးတို့ကိုဖြည့်ကျင့်ခဲ့သည်။ တဏှင်္ကရာဘုရားစသော (၂၇)ဆူကုန်သော ဘုရားရှင်တို့ထံတွင် ပါရမီများစွာဖြည့်ကျင့်ဆည်းပူးပြီး ဗျာဒိတ်ခံခဲ့ရ၍ ယခုအခါ အဇာတသတ်မင်းနှင့်ကဥ္စနဒေဝီတို့၏သား အဇိတမင်းသားအဖြစ်ဖြင့် သီလ သမာဓိ ပညာ အကျင့်တို့ကိုဖြည့်ကျင့်စေလျက် ပါရမီအပေါင်းတို့ကိုဆည်းပူးဖြည့်ကျင့်နေသောဘဝ တစ်လျှောက် ခရီးအကြား၌ အညတြရဟန်းစသည်ဖြင့် မထီမဲ့မြင်မပြု ကြနှင့်ဟု ဗျာဒိတ်စကားမိန့်ကြားတော်မူပါသည်။
အဇိတရဟန်း ဆုတောင်းခြင်း
****************************
မြတ်စွာဘုရား၏ဗျာဒိတ်စကားပြောကြားပြီးသည့်အဆုံးတွင် အဇိတရဟန်းသည်အားရဝမ်းသာဖြင့် မြတ်စွာဘုရားကိုလက်အုပ်ချီပြီး မိထွေးတော်ဂေါတမီထံမှရထားသော ရွှေသင်္ကန်းအဝတ်ပုဆိုးတစ်ထည်ကိုမြတ်စွာဘုရား၏ ဂန္ဓကုဋိကျောင်းဆောင်အတွင်းတွင်မျက်နှာကျက်အဖြ စ်လှူဒါန်းလိုက်၏။ ဤကဲ့သို့လှူဒါန်းရသောကုသိုလ်ကောင်းမှုကြောင့် တပည့်တော်ဘုရားဖြစ်သောအခါ ရွှေပန်းဆိုင်း ငွေပန်းဆိုင်း သန္တာပန်းဆိုင်း ပုလဲပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက်ရတနာခုနှစ်ပါးနှင့် ပြည့်စုံပြီး တစ်ဆယ့်နှစ်ယူဇနာကျယ်ဝန်းသော ဗိတာန်မျက်နှာကျက်ဖြစ်ရပါလို၏ဘုရားဟု ဆုတောင်းလှူဒါန်းလေ၏။
ဆက်ရန်
[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော
ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏
ပန်ချင်သူများ ခေါင်းဖြီးထားစာအုပ်မှ-]
Credit to Daw Yusandi
No comments:
Post a Comment