[Zawgyi]
အဘိဓမၼာတရားေတာ္ အေၾကာင္း သိမွတ္ဖြယ္ (၇)
(၁) မွ (၆) အထိသည္ ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ား နိဒါန္းစာပိုဒ္မွ ကူးယူေဖၚျပထားခ်က္မ်ား ျဖစ္သည္။ (အားလံုးေတာ့ မဟုတ္ပါ၊ ေဖ့ဘုတ္တြင္ တစ္ေန႔တစ္ေန႔ ေပါ့ေပါ့ပါးပါး ဖတ္ႏိုင္ရန္အတြက္ လိုအပ္သည္ဟု ထင္သည့္ အခ်က္မ်ားသာ က်ေတာ့္ အေနနဲ႔ တင္ေပးျခင္းျဖစ္ပါသည္)။ ယခု အပိုင္း (၇) မွ စ၍ အဘိဓမၼာတရားေတာ္ ပို႔ခ်ခ်က္မ်ား ကိုကူးယူေဖၚျပပါေတာ့မည္။ နည္းနည္းခ်င္း ေပါ့ေပါ့ပါးပါး ဖတ္ႏိုင္ေအာင္ တင္သြားေပးပါမည္။
---စိတ္ပိုင္း---
--အဘိဓမၼတၳသဂၤဟမည္ပံု--
အဘိဓမၼာ(၇) က်မ္း၌ ေဟာၾကားေတာ္မူအပ္ေသာ စိတ္၊ ေစတသိတ္၊ ရုပ္၊ နိဗၺာန္၊ ပညတ္ ဟုဆိုအပ္ေသာ တရား (၅) ပါးကို အက်ဥ္းခ်ဳံး၍ ျပဆိုရာျဖစ္ေသာေၾကာင့္ အဘိဓမၼတၳသဂၤဟ ဟုေခၚသည္။
--ပရမတၳတရား (၄) ပါး--
မိမိတုိ႔ဆုိင္ရာ သေဘာလကၡဏာမ်ားမွ မေဖါက္မျပန္ မွန္ကန္တည့္မတ္ ျမတ္ေသာ သေဘာတရားသည္ ပရမတ္မည္၏။ (ပရမ= မေဖါက္မျပန္မွန္ကန္ေသာ၊ အတၳ=သေဘာတရား)
တနည္းအားျဖင့္ လူ၊ နတ္၊ ျဗဟၼာ သတၱ၀ါအေထြေထြ ေရ၊ ေျမ၊ ေတာ၊ ေတာင္ စသည္ျဖင့္ အထည္၀တၳဳ ပညတ္စုမ်ား မည္မၽွပင္မ်ားေစကာမူ လုိရင္းအခ်ဳပ္ စစ္ထုတ္လုိက္ေသာ္ အခ်ဳပ္အားျဖင့္ စိတ္၊ ေစတသိက္၊ ရုပ္၊ နိဗၺာန္မွ တပါး အျခားမရွိေပ။
ထုိ႔ေၾကာင့္ အခ်ဳပ္အားျဖင့္ ထင္ရွားရွိေသာ စိတ္စေသာ တရား (၄)ပါးသည္ ပရမတ္မည္၏။
--ပညတ္ ေဖါက္ျပန္ပံု--
လူဟု ေခၚအပ္ေသာ ခႏၶာကိုယ္ ျဒပ္သည္ အထည္ပညတ္ၾကီးကို ဖ်က္ဆီး၍ ဆံပင္တစ္ပံု၊ အေမြးတစ္ပံု စသည္ျဖင့္ (၃၂)ပံု စုပံုထားလၽွင္ လူမဟုတ္ေတာ့ျပီ၊ လူဟူေသာ ပညတ္ၾကီးေဖါက္ျပန္သြား၏။ ဆံပင္၊ အေမြး စေသာ ပညတ္မ်ားသာ ရွိေတာ့၏။ ထို (၃၂) ပံုတြင္ အမာခံျဖစ္ေသာ အရိုးပတ္ အထည္ျဒပ္ကို မီးရိႈ႕လၽွင္ အရိုးမဟုတ္ေတာ့ျပီ၊ အရိုးဟူေသာ ပညတ္မွ မီးေသြးဟူေသာ ပညတ္သို႔ ေျပာင္းလဲသြားျပီ။ ဤသို႔ ပညတ္ဟူသမၽွသည္ မူလ အေနမွ ေျပာင္းလဲေဖါက္ျပန္ျခင္း သေဘာရွိသည္။
--ပရမတ္ မေဖါက္ျပန္ပံု--
ရုပ္၊ နာမ္တရားတို႔တြင္ ပထ၀ီဓါတ္သည္ မာျခင္းသေဘာရွိသည္။ ထခင္ ေျမမႈန္႔ထဲ၌ ဤပထ၀ီဓါတ္မႈန္႔ေတြ မ်ားစြာရွိပါသည္။ ဤပထ၀ီဓါတ္၏ ခက္မာျခင္းသေဘာကို ဖြဲ႕စည္းျခင္း စေသာ သေဘာတစ္မ်ိဳးသို႔ ေျပာင္းလြဲေအာင္ လည္းေကာင္း၊ စိတ္၏ အာရံုသိျခင္း သေဘာကို ဖုသနစေသာ သေဘာတစ္မ်ိဳးသို႔ ေျပာင္းလြဲေအာင္ လည္းေကာင္း၊ ဖသ၏ ေတြ႔ထိျခင္း သေဘာကို ခံစားျခင္းသေဘာသို႔ ေျပာင္းလြဲေအာင္လည္းေကာင္း၊ တစ္စံုတစ္ေယာက္မၽွ မတတ္ႏိုင္၊ ထို႔အတူ ေလာဘစသည္တို႔ ကလည္း လိုခ်င္မႈစေသာ သေဘာမွ မေျပာင္းလြဲ၊ အေလာဘ စသည္တို႔ကလည္း မလိုခ်င္မႈသေဘာမွ မေျပာင္းၾကဘဲ ကိုယ့္သေဘာႏွင့္ ကိုယ္ တည့္မတ္မွန္ကန္ေသာေၾကာင့္ ပရမတ္ တရားမ်ားကို မေဖါက္မျပန္ မွန္ကန္သည္ဟုဆိုသည္။
--အဘိဓမၼတၳ ႏွင့္ ပရမတၳ မတူ--
အဘိဓမၼတၳသည္ ပရမတၳအားျဖင့္ စိတ္၊ ေစတသိတ္၊ ရုပ္၊ နိဗၺာန္ဟု ေလးပါးသာရိွေသာ္လည္း္ ရထိုက္သမၽွ ေရတြက္လွ်င္ ပညတ္ႏွင့္ တကြ (၅) ပါးရိွသည္။
ပရမတၳကၳကား စိတ္၊ ေစတသိတ္၊ ရုပ္၊ နိဗၺာန္အားျဖင့္ (၄) ပါးသာရိွသည္။
ထို႔ေၾကာင့္ အဘိဓမၼတၳ ႏွင့္ ပရမတၳတို႔ မတူၾကပါ။
ထို႔ေၾကာင့္ အဘိဓမၼတၳ ႏွင့္ ပရမတၳတို႔ မတူၾကပါ။
--ပရမတၳတၳတရား (၄) ပါး--
၁။ စိတ္ = အာရုံကုိ ယူျခင္းသေဘာ၊ အာရုံကုိ သိျခင္းသေဘာ။
၂။ ေစတသိက္ = စိတ္၌မီွ၍ စိတ္ကုိျခယ္လွယ္တတ္ေသာ သေဘာ။
၃။ ရုပ္ = အပူ၊ အေအးစေသာ ဆန္႔က်င္ဘက္ အေၾကာင္းမ်ားေၾကာင့္ ေရွးအစဥ္ႏွင့္ ေနာက္အစဥ္မတူေအာင္ ေျပာင္းလဲ ေဖါက္ျပန္တတ္ေသာ သေဘာ။
၄။ နိဗၺာန္ = တဏွာ ကုန္ခန္းျခင္း၊ ဒုကၡခပ္သိမ္း ခ်ဳပ္ျငိမ္းျခင္းသေဘာ။
၂။ ေစတသိက္ = စိတ္၌မီွ၍ စိတ္ကုိျခယ္လွယ္တတ္ေသာ သေဘာ။
၃။ ရုပ္ = အပူ၊ အေအးစေသာ ဆန္႔က်င္ဘက္ အေၾကာင္းမ်ားေၾကာင့္ ေရွးအစဥ္ႏွင့္ ေနာက္အစဥ္မတူေအာင္ ေျပာင္းလဲ ေဖါက္ျပန္တတ္ေသာ သေဘာ။
၄။ နိဗၺာန္ = တဏွာ ကုန္ခန္းျခင္း၊ ဒုကၡခပ္သိမ္း ခ်ဳပ္ျငိမ္းျခင္းသေဘာ။
--နိဗၺာန္ကိုေနာက္ဆံုးထား၍ျပရေၾကာင္း--
နိဗၺာန္သည္ သတၱ၀ါအစုံစုံ အဖုံဖုံတုိ႔၏ လုိရင္းပန္းတုိင္ျဖစ္၍ စိတ္၊ ေစတသိက္၊ ရုပ္တရား တုိ႔၏ ခ်ဳပ္ရာအရပ္ကုိျပရန္အလုိ႔ငွါ ေနာက္ဆုံးထား၍ျပသည္။
မွတ္ခ်က္။ ။ နိဗၺာန္သည္ ပရမတၳသဘာ၀တရားျဖစ္သည္။ ပရိနိဗၺာန္ကား ပညတိၱသဘာ၀ တရားျဖစ္သည္ဟုထူးျခားခ်က္ကုိလည္းမွတ္သားထားရန္လုိသည္။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ားမွ
[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၇)
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၇)
(၁) မှ (၆) အထိသည် ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များ နိဒါန်းစာပိုဒ်မှ ကူးယူဖေါ်ပြထားချက်များ ဖြစ်သည်။ (အားလုံးတော့ မဟုတ်ပါ၊ ဖေ့ဘုတ်တွင် တစ်နေ့တစ်နေ့ ပေါ့ပေါ့ပါးပါး ဖတ်နိုင်ရန်အတွက် လိုအပ်သည်ဟု ထင်သည့် အချက်များသာ ကျတော့် အနေနဲ့ တင်ပေးခြင်းဖြစ်ပါသည်)။ ယခု အပိုင်း (၇) မှ စ၍ အဘိဓမ္မာတရားတော် ပို့ချချက်များ ကိုကူးယူဖေါ်ပြပါတော့မည်။ နည်းနည်းချင်း ပေါ့ပေါ့ပါးပါး ဖတ်နိုင်အောင် တင်သွားပေးပါမည်။
---စိတ်ပိုင်း---
--အဘိဓမ္မတ္ထသင်္ဂဟမည်ပုံ--
အဘိဓမ္မာ(၇) ကျမ်း၌ ဟောကြားတော်မူအပ်သော စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ် ဟုဆိုအပ်သော တရား (၅) ပါးကို အကျဉ်းချုံး၍ ပြဆိုရာဖြစ်သောကြောင့် အဘိဓမ္မတ္ထသင်္ဂဟ ဟုခေါ်သည်။
--ပရမတ္ထတရား (၄) ပါး--
မိမိတို့ဆိုင်ရာ သဘောလက္ခဏာများမှ မဖေါက်မပြန် မှန်ကန်တည့်မတ် မြတ်သော သဘောတရားသည် ပရမတ်မည်၏။ (ပရမ= မဖေါက်မပြန်မှန်ကန်သော၊ အတ္ထ=သဘောတရား)
တနည်းအားဖြင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအထွေထွေ ရေ၊ မြေ၊ တော၊ တောင် စသည်ဖြင့် အထည်ဝတ္ထု ပညတ်စုများ မည်မျှပင်များစေကာမူ လိုရင်းအချုပ် စစ်ထုတ်လိုက်သော် အချုပ်အားဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်မှ တပါး အခြားမရှိပေ။
ထို့ကြောင့် အချုပ်အားဖြင့် ထင်ရှားရှိသော စိတ်စသော တရား (၄)ပါးသည် ပရမတ်မည်၏။
--ပညတ် ဖေါက်ပြန်ပုံ--
လူဟု ခေါ်အပ်သော ခန္ဓာကိုယ် ဒြပ်သည် အထည်ပညတ်ကြီးကို ဖျက်ဆီး၍ ဆံပင်တစ်ပုံ၊ အမွေးတစ်ပုံ စသည်ဖြင့် (၃၂)ပုံ စုပုံထားလျှင် လူမဟုတ်တော့ပြီ၊ လူဟူသော ပညတ်ကြီးဖေါက်ပြန်သွား၏။ ဆံပင်၊ အမွေး စသော ပညတ်များသာ ရှိတော့၏။ ထို (၃၂) ပုံတွင် အမာခံဖြစ်သော အရိုးပတ် အထည်ဒြပ်ကို မီးရှို့လျှင် အရိုးမဟုတ်တော့ပြီ၊ အရိုးဟူသော ပညတ်မှ မီးသွေးဟူသော ပညတ်သို့ ပြောင်းလဲသွားပြီ။ ဤသို့ ပညတ်ဟူသမျှသည် မူလ အနေမှ ပြောင်းလဲဖေါက်ပြန်ခြင်း သဘောရှိသည်။
--ပရမတ် မဖေါက်ပြန်ပုံ--
ရုပ်၊ နာမ်တရားတို့တွင် ပထဝီဓါတ်သည် မာခြင်းသဘောရှိသည်။ ထခင် မြေမှုန့်ထဲ၌ ဤပထဝီဓါတ်မှုန့်တွေ များစွာရှိပါသည်။ ဤပထဝီဓါတ်၏ ခက်မာခြင်းသဘောကို ဖွဲ့စည်းခြင်း စသော သဘောတစ်မျိုးသို့ ပြောင်းလွဲအောင် လည်းကောင်း၊ စိတ်၏ အာရုံသိခြင်း သဘောကို ဖုသနစသော သဘောတစ်မျိုးသို့ ပြောင်းလွဲအောင် လည်းကောင်း၊ ဖသ၏ တွေ့ထိခြင်း သဘောကို ခံစားခြင်းသဘောသို့ ပြောင်းလွဲအောင်လည်းကောင်း၊ တစ်စုံတစ်ယောက်မျှ မတတ်နိုင်၊ ထို့အတူ လောဘစသည်တို့ ကလည်း လိုချင်မှုစသော သဘောမှ မပြောင်းလွဲ၊ အလောဘ စသည်တို့ကလည်း မလိုချင်မှုသဘောမှ မပြောင်းကြဘဲ ကိုယ့်သဘောနှင့် ကိုယ် တည့်မတ်မှန်ကန်သောကြောင့် ပရမတ် တရားများကို မဖေါက်မပြန် မှန်ကန်သည်ဟုဆိုသည်။
--အဘိဓမ္မတ္ထ နှင့် ပရမတ္ထ မတူ--
အဘိဓမ္မတ္ထသည် ပရမတ္ထအားဖြင့် စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်ဟု လေးပါးသာရှိသော်လည်း ရထိုက်သမျှ ရေတွက်လျှင် ပညတ်နှင့် တကွ (၅) ပါးရှိသည်။
ပရမတ္ထက္ထကား စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်အားဖြင့် (၄) ပါးသာရှိသည်။
ထို့ကြောင့် အဘိဓမ္မတ္ထ နှင့် ပရမတ္ထတို့ မတူကြပါ။
ထို့ကြောင့် အဘိဓမ္မတ္ထ နှင့် ပရမတ္ထတို့ မတူကြပါ။
--ပရမတ္ထတ္ထတရား (၄) ပါး--
၁။ စိတ် = အာရုံကို ယူခြင်းသဘော၊ အာရုံကို သိခြင်းသဘော။
၂။ စေတသိက် = စိတ်၌မှီ၍ စိတ်ကိုခြယ်လှယ်တတ်သော သဘော။
၃။ ရုပ် = အပူ၊ အအေးစသော ဆန့်ကျင်ဘက် အကြောင်းများကြောင့် ရှေးအစဉ်နှင့် နောက်အစဉ်မတူအောင် ပြောင်းလဲ ဖေါက်ပြန်တတ်သော သဘော။
၄။ နိဗ္ဗာန် = တဏှာ ကုန်ခန်းခြင်း၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်းသဘော။
၂။ စေတသိက် = စိတ်၌မှီ၍ စိတ်ကိုခြယ်လှယ်တတ်သော သဘော။
၃။ ရုပ် = အပူ၊ အအေးစသော ဆန့်ကျင်ဘက် အကြောင်းများကြောင့် ရှေးအစဉ်နှင့် နောက်အစဉ်မတူအောင် ပြောင်းလဲ ဖေါက်ပြန်တတ်သော သဘော။
၄။ နိဗ္ဗာန် = တဏှာ ကုန်ခန်းခြင်း၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်းသဘော။
--နိဗ္ဗာန်ကိုနောက်ဆုံးထား၍ပြရကြောင်း--
နိဗ္ဗာန်သည် သတ္တဝါအစုံစုံ အဖုံဖုံတို့၏ လိုရင်းပန်းတိုင်ဖြစ်၍ စိတ်၊ စေတသိက်၊ ရုပ်တရား တို့၏ ချုပ်ရာအရပ်ကိုပြရန်အလို့ငှါ နောက်ဆုံးထား၍ပြသည်။
မှတ်ချက်။ ။ နိဗ္ဗာန်သည် ပရမတ္ထသဘာဝတရားဖြစ်သည်။ ပရိနိဗ္ဗာန်ကား ပညတိ္တသဘာ၀ တရားဖြစ်သည်ဟုထူးခြားချက်ကိုလည်းမှတ်သားထားရန်လိုသည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များမှ
No comments:
Post a Comment