Thursday, August 18, 2016

မင္းဘဲ အပါယ္ကို မသြားနဲ႔ဦး။ ငါလည္း လုိက္ဦးမယ္။ (မင်းဘဲ အပါယ်ကို မသွားနဲ့ဦး။ ငါလည်း လိုက်ဦးမယ်။)

[Zawgyi]
☆မင္းဘဲ အပါယ္ကို မသြားနဲ႔ဦး။ ငါလည္း လုိက္ဦးမယ္။☆

အကုသိုလ္ ကုသိုလ္ နားလည္တဲ့လူ ၊နားမလည္တဲ့လူ။
ဟိုဘက္က လမ္းက အ ေတာ္ေလး လွမ္းတယ္။
တ ေယာက္နဲ႔ တ ေယာက္ ဆဲတာ
ရန္ေတြ႔တာ ရန္ေတြ႕တာ။

သူဆဲ ကိုယ္ဆဲ ဟိုက အရင္ဆံုး ဆဲတာ
ဆဲတဲ့အခါ ဒီက လူက ျပန္လို႔ဆဲတာ
ဆဲတာ ကုသိုလ္လား အကုသိုလ္လား။

အကုသိုလ္ ဆိုေတာ့ အပါယ္က လြတ္ပါ့မလား။
မင္းဘဲ အပါယ္ကို မသြားနဲ႔ဦး။ ငါလည္း လုိက္ဦးမယ္
ျပန္ဆဲတာ=ငါလည္း လိုက္ဦးမယ္တဲ့။
သူက ျပန္မဆဲဘူးလား ။
အဲဒါ ကုသိုလ္လား အကုသိုလ္လား။

မင္းခ်ည္း မသြားနဲ႔။
ငါလည္း လိုက္ဦးမယ္ အ ေဖာ္ရ ေတာ့တာကြဲ႔။
စိစစ္ဖို႔မ ေကာင္းလား။
ဟိုလူက ဘယ္လိုပါ့ ဆဲဆဲ ။ဒီက ျပန္ မ ေျပာဘူးေနာ္။
မင္း ေနာက္ကို ငါ မလိုက္ပါရ ေစနဲ႔။
ျပန္လို႔မ ေျပာေတာ့ဘူး ။ သည္းခံတာ မဟုတ္လား။
ဒါ ကုသိုလ္ေတြ ပါလားကြဲ႕။

အဲသလို နားလည္ဖို႔ မလိုဘူးလား။
ေဟာ ဖက္က.. အ ေဖာ္ေတြလည္း ရွိေသးတယ္ ။
အ ေဖာ္ေတြ အ ေဖာ္ေတြ။ အနားက။
ဒီက ႏွစ္ေယာက္ ဆဲေနတာေနာ္။

ေဘး ေလး ငါးေယာက္က မ ေလွ်ာ့နဲ႔ေဟ့။ လုပ္သာလုပ္။
ဆဲကြာ မ ေလ်ာ့နဲ႔ ။ အားေပးတဲ့သူေတြ မရွိဘူးလား။
သူတို႔လည္း လိုက္အုန္းမွာ ။
အဲလိုလည္း စဥ္းစားဦး။
သူ႔ဖက္ ငါ့ဖက္ ။ အားေပးတဲ့သူေတြ မရွိဘူးလား။
အသုတဝါ ပုထုဇၨေနာ ။ အၾကားအျမင္ မရွိဘဲကိုး။

မရွိေတာ့ အကုသိုလ္ခ်င္း ထပ္မ ေနဘူးလား။
ကုသိုလ္ ရွိတဲ့သူက လြယ္တယ္ေနာ္။

ေက်းဇူးေတာ္ရွင္ မံုလယ္ ဆရာေတာ္ႀကီး
အဂၢမဟာ ကမၼ႒ာနာစရိယ ဘဒၵႏၲ သံဝရ
မိုးကုတ္ဝိပႆနာ ကမၼ႒ာနာစရိယ

ပဲခူးတိုင္း ျပည္ျမိဳ႕ မိုးကုတ္ ဝိပႆနာ အဖြဲ႔ခြဲ အမွတ္ ၂၇ မဂၤလာဓမၼာရုံ တြင္ ေဟာၾကားေတာ္မူေသာ
သီလတန္ဖိုး အ ေၾကာင္း တရားေတာ္တြင္ အျပည့္အစံု
နာယူႏိုင္ ပါသည္

-အရွင္ ေတဇနိယ မံုလယ္ဇ
ခ်မ္းသာျခင္း လက္ငင္းရၾကပါေစ

[Unicode]
☆မင်းဘဲ အပါယ်ကို မသွားနဲ့ဦး။ ငါလည်း လိုက်ဦးမယ်။☆

အကုသိုလ် ကုသိုလ် နားလည်တဲ့လူ ၊နားမလည်တဲ့လူ။
ဟိုဘက်က လမ်းက အ တော်လေး လှမ်းတယ်။
တ ယောက်နဲ့ တ ယောက် ဆဲတာ
ရန်တွေ့တာ ရန်တွေ့တာ။

သူဆဲ ကိုယ်ဆဲ ဟိုက အရင်ဆုံး ဆဲတာ
ဆဲတဲ့အခါ ဒီက လူက ပြန်လို့ဆဲတာ
ဆဲတာ ကုသိုလ်လား အကုသိုလ်လား။

အကုသိုလ် ဆိုတော့ အပါယ်က လွတ်ပါ့မလား။
မင်းဘဲ အပါယ်ကို မသွားနဲ့ဦး။ ငါလည်း လိုက်ဦးမယ်
ပြန်ဆဲတာ=ငါလည်း လိုက်ဦးမယ်တဲ့။
သူက ပြန်မဆဲဘူးလား ။
အဲဒါ ကုသိုလ်လား အကုသိုလ်လား။

မင်းချည်း မသွားနဲ့။
ငါလည်း လိုက်ဦးမယ် အ ဖော်ရ တော့တာကွဲ့။
စိစစ်ဖို့မ ကောင်းလား။
ဟိုလူက ဘယ်လိုပါ့ ဆဲဆဲ ။ဒီက ပြန် မ ပြောဘူးနော်။
မင်း နောက်ကို ငါ မလိုက်ပါရ စေနဲ့။
ပြန်လို့မ ပြောတော့ဘူး ။ သည်းခံတာ မဟုတ်လား။
ဒါ ကုသိုလ်တွေ ပါလားကွဲ့။

အဲသလို နားလည်ဖို့ မလိုဘူးလား။
ဟော ဖက်က.. အ ဖော်တွေလည်း ရှိသေးတယ် ။
အ ဖော်တွေ အ ဖော်တွေ။ အနားက။
ဒီက နှစ်ယောက် ဆဲနေတာနော်။

ဘေး လေး ငါးယောက်က မ လျှော့နဲ့ဟေ့။ လုပ်သာလုပ်။
ဆဲကွာ မ လျော့နဲ့ ။ အားပေးတဲ့သူတွေ မရှိဘူးလား။
သူတို့လည်း လိုက်အုန်းမှာ ။
အဲလိုလည်း စဉ်းစားဦး။
သူ့ဖက် ငါ့ဖက် ။ အားပေးတဲ့သူတွေ မရှိဘူးလား။
အသုတဝါ ပုထုဇ္ဇနော ။ အကြားအမြင် မရှိဘဲကိုး။

မရှိတော့ အကုသိုလ်ချင်း ထပ်မ နေဘူးလား။
ကုသိုလ် ရှိတဲ့သူက လွယ်တယ်နော်။

ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ကြီး
အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ
မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာနာစရိယ

ပဲခူးတိုင်း ပြည်မြို့ မိုးကုတ် ဝိပဿနာ အဖွဲ့ခွဲ အမှတ် ၂၇ မင်္ဂလာဓမ္မာရုံ တွင် ဟောကြားတော်မူသော
သီလတန်ဖိုး အ ကြောင်း တရားတော်တွင် အပြည့်အစုံ
နာယူနိုင် ပါသည်

-အရှင် တေဇနိယ မုံလယ်ဇ
ချမ်းသာခြင်း လက်ငင်းရကြပါစေ

No comments:

Post a Comment