Friday, August 19, 2016

‎အဘိဓမၼာ သိမွတ္ဖြယ္ (၂) (အဘိဓမ္မာသိမှတ်ဖွယ် (၂))

[Zawgyi]
အဘိဓမၼာတရားေတာ္‬ အေၾကာင္း သိမွတ္ဖြယ္ (၂)
နတ္ျပည္မွာ အဘိဓမၼာေဟာၾကားေတာ္မူေနေသာ ဘုရားရွင္သည္ လူသားတစ္ဦးျဖစ္သည္ႏွင့္ အညီ ခႏၶာ၏ လိုအပ္ခ်က္ကို ျဖည့္ဆည္းရန္အတြက္ ေန႕စဥ္ဆြမ္းစားခ်ိန္တြင္ ပကတိ ဘုရားရွင္ႏွင့္ အသြင္တူ အသံတူ နိမၼိတဘုရားတစ္ဆူကို ဖန္ဆင္းေတာ္မူ၍ သပိတ္၊ သကၤန္းယူကာ ဟိမ၀ႏၱာရွိ အေနာတတ္ေရအိုင္သို႔ ၾကြျပီး ေရခ်ိဳးသန္႔စင္ျပီးေနာက္ ေျမာက္ကၽြန္းသို႕ ဆြမ္းခံၾကြကာ အေနာတတ္အုိင္တြင္ ဆြမ္းျပန္ဘုန္းေပးေတာ္မူပါသည္။
ဘုရားရွင္ စႏၵကူးေတာတြင္ရွိခိုက္ အရွင္သာရိပုတၱရာ ၾကြေရာက္ကာ ဘုရားရွင္ကို ၀တ္ႀကီး ၀တ္ငယ္ျပဳစုပါသည္။ ၎အခ်ိန္အတြင္းမွာပင္ ဘုရားရွင္က နတ္ျပည္မွာ အက်ယ္(၀ိတၱာရ)ေဟာခဲ့ေသာ အဘိဓမၼာတရားေတာ္ကို ဥာဏ္ၾကီးရွင္ ရွင္သာရိပုတၱရာကို အက်ဥ္းဆံုး (သေခၤပ) ေဟာၾကားပါသည္။ ဘုရားရွင္ထံမွ အက်ဥ္းနည္းႏွင့္ နာၾကားခဲ့ေသာ အဘိဓမၼာတရားေတာ္ကို ပဋိသမၻိဒါ ေလးပါးႏွင့္ ဆင္ျခင္၍ အက်ယ္ခ်ဲ႔ နားလည္ျပီးေနာက္ အတူေနတပည့္ရင္း လူသားရဟန္း (၅၀၀) ကို မက်ဥ္းမက်ယ္ (နာတိ၀ိတၱာရ နာတိသေခၤပ) နည္းအားျဖင့္ တစ္ဖန္ျပန္၍ သင္ၾကားေဟာၾကားေပးပါသည္။
ထို႔ေၾကာင့္ ယခုသင္ၾကားပို႔ခ် နာၾကားေနၾကရေသာ အဘိဓမၼာတရားေတာ္ကား ရွင္သာရိပုတၱရာက ျမတ္စြာဘုရားရွင္၏ အတည္ျပဳခ်က္ရယူျပီးေနာက္ တပည့္ ရဟန္းမ်ားကိုသင္ၾကားေပးခဲ့ေသာ နည္းကိုယူ၍ ျပန္လည္သင္ၾကားပို႔ခ်ေနၾကျခင္းျဖစ္ပါသည္။
ဘုရားရွင္ လက္ထက္ေတာ္မွ စတင္ခဲ့ေသာ အဘိဓမၼာတရားေတာ္သည္ ဘုရားပရိနိဗၺာန္စံျပီးေနာက္ ပထမသဂၤါယနာမွ စ၍ ဆ႒သဂၤါယနာတင္သည့္ အခ်ိန္ထိ မတိမ္ေကာပဲ ဆရာ အဆက္ဆက္ သင္ၾကားပို႔ခ် ျပန္ပြားေအာင္လုပ္ေဆာင္ေနၾကပါသည္။ အဘိဓမၼာမွာ အဘိ=သာလြန္၊ ထူးျခားေသာ၊ ဓမၼ=သဘာ၀မ်ားကိုသာ ေဟာၾကားထားေသာေၾကာင့္ သုတၱန္၊ ၀ိနည္းထက္ ထူးျခားသည့္ သေဘာတရားမ်ား ရွိေနပါသည္။
သုတၱန္ေဒသနာသည္ နည္းလမ္းေပး တရားေတာ္ျဖစ္သည္ႏွင့္ အညီ၊ အသံုးအႏႈံးမ်ားသည္လဲ လူ၊ နတ္ စသည္ျဖင့္ ပညတ္ကိုသာ ဦးစားေပးသည့္တရားေတာ္ ျဖစ္ေနျပန္ပါသည္။ ၀ိနည္းေဒသနာေတာ္သည္လည္း သံဃာေတာ္မ်ားအတြက္ ခ်မွတ္ထားတဲ့ စည္းကမ္းသာျဖစ္ေသာေၾကာင့္ ပုဂၢလဓိ႒ာန္တရားကဲ့သို႔ ျဖစ္ေနျပန္ပါသည္။
အဘိဓမၼာက သူ၊ ငါ၊ ေယာက်္ား၊ မိန္းမ စသည္ျဖင့္ မသံုးပဲ သဘာ၀အရွိမ်ားျဖစ္ေသာ ရုပ္၊ နာမ္ အသံုးအႏႈံးကို ဦးစားေပးေဟာၾကားထားေသာေၾကာင့္ (၃၁)ဘံု က်င္လည္ေနေသာ သက္ရွိသတၱ၀ါ၊ သက္မဲ့ အရာအားလံုးႏွင့္ တိုက္ရိုက္ပက္သက္ေနေသာေၾကာင့္ ထူးျခားသည့္တရားေတာ္ျဖစ္ပါသည္။ ထို႔ျပင္ ဓမၼာခႏၶာ (၈၄၀၀၀) ရွိရာတြင္လည္း သုတၱန္ေဒသနာတြင္ (၂၁၀၀၀)၊ ၀ိနည္းေဒသနာတြင္ (၂၁၀၀၀) ပါ၀င္ျပီး အဘိဓမၼာေဒသနာတြင္ေတာ့ (၄၂၀၀၀) ပါ၀င္ေနေသာေၾကာင့္ အေရအတြက္အားျဖင့္ပါ သာလြန္သည္ဟု ေျပာဆိုႏိုင္ေပသည္။
ဆက္ပါဦးမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ား နိဒါန္းစာပိုဒ္မွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၂)
နတ်ပြည်မှာ အဘိဓမ္မာဟောကြားတော်မူနေသော ဘုရားရှင်သည် လူသားတစ်ဦးဖြစ်သည်နှင့် အညီ ခန္ဓာ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် နေ့စဉ်ဆွမ်းစားချိန်တွင် ပကတိ ဘုရားရှင်နှင့် အသွင်တူ အသံတူ နိမ္မိတဘုရားတစ်ဆူကို ဖန်ဆင်းတော်မူ၍ သပိတ်၊ သင်္ကန်းယူကာ ဟိမဝန္တာရှိ အနောတတ်ရေအိုင်သို့ ကြွပြီး ရေချိုးသန့်စင်ပြီးနောက် မြောက်ကျွန်းသို့ ဆွမ်းခံကြွကာ အနောတတ်အိုင်တွင် ဆွမ်းပြန်ဘုန်းပေးတော်မူပါသည်။
ဘုရားရှင် စန္ဒကူးတောတွင်ရှိခိုက် အရှင်သာရိပုတ္တရာ ကြွရောက်ကာ ဘုရားရှင်ကို ၀တ်ကြီး ၀တ်ငယ်ပြုစုပါသည်။ ၎င်းအချိန်အတွင်းမှာပင် ဘုရားရှင်က နတ်ပြည်မှာ အကျယ်(၀ိတ္တာရ)ဟောခဲ့သော အဘိဓမ္မာတရားတော်ကို ဉာဏ်ကြီးရှင် ရှင်သာရိပုတ္တရာကို အကျဉ်းဆုံး (သင်္ခေပ) ဟောကြားပါသည်။ ဘုရားရှင်ထံမှ အကျဉ်းနည်းနှင့် နာကြားခဲ့သော အဘိဓမ္မာတရားတော်ကို ပဋိသမ္ဘိဒါ လေးပါးနှင့် ဆင်ခြင်၍ အကျယ်ချဲ့ နားလည်ပြီးနောက် အတူနေတပည့်ရင်း လူသားရဟန်း (၅၀၀) ကို မကျဉ်းမကျယ် (နာတိ၀ိတ္တာရ နာတိသင်္ခေပ) နည်းအားဖြင့် တစ်ဖန်ပြန်၍ သင်ကြားဟောကြားပေးပါသည်။
ထို့ကြောင့် ယခုသင်ကြားပို့ချ နာကြားနေကြရသော အဘိဓမ္မာတရားတော်ကား ရှင်သာရိပုတ္တရာက မြတ်စွာဘုရားရှင်၏ အတည်ပြုချက်ရယူပြီးနောက် တပည့် ရဟန်းများကိုသင်ကြားပေးခဲ့သော နည်းကိုယူ၍ ပြန်လည်သင်ကြားပို့ချနေကြခြင်းဖြစ်ပါသည်။
ဘုရားရှင် လက်ထက်တော်မှ စတင်ခဲ့သော အဘိဓမ္မာတရားတော်သည် ဘုရားပရိနိဗ္ဗာန်စံပြီးနောက် ပထမသင်္ဂါယနာမှ စ၍ ဆဋ္ဌသင်္ဂါယနာတင်သည့် အချိန်ထိ မတိမ်ကောပဲ ဆရာ အဆက်ဆက် သင်ကြားပို့ချ ပြန်ပွားအောင်လုပ်ဆောင်နေကြပါသည်။ အဘိဓမ္မာမှာ အဘိ=သာလွန်၊ ထူးခြားသော၊ ဓမ္မ=သဘာဝများကိုသာ ဟောကြားထားသောကြောင့် သုတ္တန်၊ ၀ိနည်းထက် ထူးခြားသည့် သဘောတရားများ ရှိနေပါသည်။
သုတ္တန်ဒေသနာသည် နည်းလမ်းပေး တရားတော်ဖြစ်သည်နှင့် အညီ၊ အသုံးအနှုံးများသည်လဲ လူ၊ နတ် စသည်ဖြင့် ပညတ်ကိုသာ ဦးစားပေးသည့်တရားတော် ဖြစ်နေပြန်ပါသည်။ ၀ိနည်းဒေသနာတော်သည်လည်း သံဃာတော်များအတွက် ချမှတ်ထားတဲ့ စည်းကမ်းသာဖြစ်သောကြောင့် ပုဂ္ဂလဓိဋ္ဌာန်တရားကဲ့သို့ ဖြစ်နေပြန်ပါသည်။
အဘိဓမ္မာက သူ၊ ငါ၊ ယောကျ်ား၊ မိန်းမ စသည်ဖြင့် မသုံးပဲ သဘာဝအရှိများဖြစ်သော ရုပ်၊ နာမ် အသုံးအနှုံးကို ဦးစားပေးဟောကြားထားသောကြောင့် (၃၁)ဘုံ ကျင်လည်နေသော သက်ရှိသတ္တဝါ၊ သက်မဲ့ အရာအားလုံးနှင့် တိုက်ရိုက်ပက်သက်နေသောကြောင့် ထူးခြားသည့်တရားတော်ဖြစ်ပါသည်။ ထို့ပြင် ဓမ္မာခန္ဓာ (၈၄၀၀၀) ရှိရာတွင်လည်း သုတ္တန်ဒေသနာတွင် (၂၁၀၀၀)၊ ၀ိနည်းဒေသနာတွင် (၂၁၀၀၀) ပါ၀င်ပြီး အဘိဓမ္မာဒေသနာတွင်တော့ (၄၂၀၀၀) ပါ၀င်နေသောကြောင့် အရေအတွက်အားဖြင့်ပါ သာလွန်သည်ဟု ပြောဆိုနိုင်ပေသည်။
ဆက်ပါဦးမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များ နိဒါန်းစာပိုဒ်မှ

No comments:

Post a Comment