Monday, August 15, 2016

အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း( ၁ ) (အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း( ၁ ))

[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း( ၁ )

သီတင္းသံုး စံရာ ေက်ာင္းေနရာ
******************************
ဗုဒၶဘာသာဝင္ သူေတာ္စင္မ်ားအစဥ္ထာဝရ ကိုးကြယ္ပူေဇာ္အားထားေနေသာ ေဂါတမ ျမတ္စြာဘုရား သက္ေတာ္ထင္ရွားရွိစဥ္အခါကာလ-ကပိလဝတ္ျပည္ နိေျဂာဓာရံု
ေက်ာင္းတြင္ သီတင္းသံုးေတာ္မူေနေသာ အခ်ိန္---

တစ္ေန႔ေသာအခါ နိေျဂာဓာရံုေက်ာင္းေရႊသလြန္ေတာ္ထက္၌ ျမတ္စြာဘုရားသီတင္းသံုးေနေတာ္မူၿပီး အရွင္သာရိပုတၱရာ အရွင္အာနႏၵာ အစရွိေသာသံဃာအေရအတြက္ရွစ္က်ိပ္ သံဃာအပါးရွစ္ဆယ္တို႔ကို ဆံုးမၾသဝါဒ တရားစကားေဟာၾကားေနေသာအခ်ိန္တြင္ မိေထြးေတာ္ ေဂါတမီသည္ ပန္းနံ႔သာ အေမႊးနံ႔သာမ်ားလက္၌စဲြလ်က္ ေရႊသကၤန္းအဝတ္ပုဆိုးတစ္စံု ထည့္ထားေသာ ပတၱျမားၾကဳတ္ကိုေခါင္းေပၚရြက္ ဆြမ္းစေသာလွဴဖြယ္ဝတၱဳ မ်ိဳးစံုႏွင့္ တံခြန္ ပန္းနံသာမ်ားကိုလက္မွစဲြၿပီး သာကီဝင္ မင္းသား မင္းသမီးငါးရာၿခံရံလ်က္ ဘုရားရိွရာ နိေျဂာဓာရံုေက်ာင္းေတာ္သို႔လွဴဖြယ္ပစၥည္း လွဴဒါန္းဖို႔ရန္ လာေရာက္ၾကပါသည္။

မိေထြးေတာ္ေဂါတမီ ေရႊသကၤန္းရက္၍လွဴဒါန္းျခင္း
************
မိေထြးေတာ္ ေဂါတမီသည္ ျမတ္စြာဘုရားကို ေရႊသကၤန္းလွဴႏိုင္ရန္အတြက္ကိုယ္တိုင္ယက္လုပ္၍ လွဴပါသည္။ ေဂါတမီကိုယ္တိုင္ နီလွစြာေသာေရႊတို႔ျဖင့္ ေရႊဖ်ဥ္းတို႔ကိုလုပ္ၿပီး ေရႊမႈန္႔ျဖင့္ ေျမမ်ားကိုေရာ၍ ေရႊဖ်ဥ္းထဲမွာထည့္ ဝါေစ့မ်ားကို လက္ျဖင့္ကိုင္ၿပီးေရႊဝါပင္ ေပါက္ပါေစသတည္း ဟုအဓိ႒ာန္လိုက္ေသာအခါ ေရႊဖ်ဥ္းထဲတြင္ ေရႊဝါပင္မ်ားေပါက္လာပါသည္။

ေပါက္လာေသာ ေရႊဝါပင္မ်ားသည္မဟာေလွကားပြင့္ႏွင့္တူပါသည္။ ဝါသီးမ်ားသည္ျမအဆင္းႏွင့္တူပါသည္။ေဂါတမီသည္ဝါသီးမ်ားကို လက္ျဖင့္ေကာက္ ေရႊလင္ဗန္းထဲ
တြင္ထည့္ လက္ျဖင့္ကိုယ္တိုင္ဖန္၍ ဝါဂြမ္းျဖစ္ေအာင္ႀကိတ္ၿပီးလိပ္ရပါသည္။ႏူးညံ့သိမ္ေမြ႕စြာခ်ည္ငင္ၿပီး သိမ္ေမြ႕ေသာယကၠန္းသည္ကိုေခၚ၍ ထမင္းအေဖ်ာ္ စေသာ ပ်ားတင္လဲေထာပတ္မ်ားကိုစား အဝတ္တန္ဆာ သန့္ရွင္းေအာင္ဝတ္ ယကၠန္းဇရပ္ကိုလည္း အေမႊးနံ႔သာမ်ားႀကဲျဖန္႔ ယကၠန္းဇရပ္ကို လူအေစာင့္အၾကပ္အၿမဲထား၍ ေရႊသကၤန္းကို ေဂါတမီကိုယ္တိုင္ယက္ကာ အလ်ားတစ္ဆယ့္ေလးေတာင္ အနံခုႏွစ္ေတာင္ရွိေသာ ေရႊပုဆိုးႏွစ္ထည္ရပါသည္။

မိေထြးေတာ္ေဂါတမီသည္ ျမတ္စြာဘုရား၏ေက်ာင္းေတာ္သို႔ ေရာက္ေသာအခါ ျမတ္စြာဘုရားကို မနီးမေဝးေသာအရပ္မွေန၍ ရွိခိုးၿပီးပတၱျမားၾကဳတ္ကိုဖြင့္၍ ေရႊသကၤန္းတစ္စံုကိုလက္မွာ ကိုင္ထားၿပီး ဘုန္းေတာ္ႀကီးေတာ္မူေသာျမတ္စြာဘုရား ...တပည့္ေတာ္၏လက္ထဲမွာရွိေသာ ေရႊအဝတ္ပုဆိုးတစ္စံု(ႏွစ္ထည္)သည္ တပည့္ေတာ္ကိုယ္တိုင္ ယက္လုပ္ထားေသာ သကၤန္းျဖစ္ပါတယ္ဘုရား။ တပည့္ေတာ္ကိုသနားေစာင့္ေရွာက္ ခ်ီးေျမွာက္ေသာအားျဖင့္ ဤေရႊသကၤန္းကို အလွဴခံေတာ္မူပါဘုရားဟုေလ်ာက္ထား၍လွဴဒါန္းပါသည္။ ျမတ္စြာဘုရားသည္ႏွစ္ထည္စလံုး အလွဴမခံဘဲ တထည္ကိုသာ အလွဴခံေတာ္မူပါသည္။

ဆက္ရန္

[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ
ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားစာအုပ္မွ-]

Credit to Daw Yusandi

[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း( ၁ )

သီတင်းသုံး စံရာ ကျောင်းနေရာ
******************************
ဗုဒ္ဓဘာသာဝင် သူတော်စင်များအစဉ်ထာဝရ ကိုးကွယ်ပူဇော်အားထားနေသော ဂေါတမ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါကာလ-ကပိလဝတ်ပြည် နိဂြောဓာရုံ
ကျောင်းတွင် သီတင်းသုံးတော်မူနေသော အချိန်---

တစ်နေ့သောအခါ နိဂြောဓာရုံကျောင်းရွှေသလွန်တော်ထက်၌ မြတ်စွာဘုရားသီတင်းသုံးနေတော်မူပြီး အရှင်သာရိပုတ္တရာ အရှင်အာနန္ဒာ အစရှိသောသံဃာအရေအတွက်ရှစ်ကျိပ် သံဃာအပါးရှစ်ဆယ်တို့ကို ဆုံးမသြဝါဒ တရားစကားဟောကြားနေသောအချိန်တွင် မိထွေးတော် ဂေါတမီသည် ပန်းနံ့သာ အမွှေးနံ့သာများလက်၌စွဲလျက် ရွှေသင်္ကန်းအဝတ်ပုဆိုးတစ်စုံ ထည့်ထားသော ပတ္တမြားကြုတ်ကိုခေါင်းပေါ်ရွက် ဆွမ်းစသောလှူဖွယ်ဝတ္တု မျိုးစုံနှင့် တံခွန် ပန်းနံသာများကိုလက်မှစွဲပြီး သာကီဝင် မင်းသား မင်းသမီးငါးရာခြံရံလျက် ဘုရားရှိရာ နိဂြောဓာရုံကျောင်းတော်သို့လှူဖွယ်ပစ္စည်း လှူဒါန်းဖို့ရန် လာရောက်ကြပါသည်။

မိထွေးတော်ဂေါတမီ ရွှေသင်္ကန်းရက်၍လှူဒါန်းခြင်း
************
မိထွေးတော် ဂေါတမီသည် မြတ်စွာဘုရားကို ရွှေသင်္ကန်းလှူနိုင်ရန်အတွက်ကိုယ်တိုင်ယက်လုပ်၍ လှူပါသည်။ ဂေါတမီကိုယ်တိုင် နီလှစွာသောရွှေတို့ဖြင့် ရွှေဖျဉ်းတို့ကိုလုပ်ပြီး ရွှေမှုန့်ဖြင့် မြေများကိုရော၍ ရွှေဖျဉ်းထဲမှာထည့် ဝါစေ့များကို လက်ဖြင့်ကိုင်ပြီးရွှေဝါပင် ပေါက်ပါစေသတည်း ဟုအဓိဋ္ဌာန်လိုက်သောအခါ ရွှေဖျဉ်းထဲတွင် ရွှေဝါပင်များပေါက်လာပါသည်။

ပေါက်လာသော ရွှေဝါပင်များသည်မဟာလှေကားပွင့်နှင့်တူပါသည်။ ဝါသီးများသည်မြအဆင်းနှင့်တူပါသည်။ဂေါတမီသည်ဝါသီးများကို လက်ဖြင့်ကောက် ရွှေလင်ဗန်းထဲ
တွင်ထည့် လက်ဖြင့်ကိုယ်တိုင်ဖန်၍ ဝါဂွမ်းဖြစ်အောင်ကြိတ်ပြီးလိပ်ရပါသည်။နူးညံ့သိမ်မွေ့စွာချည်ငင်ပြီး သိမ်မွေ့သောယက္ကန်းသည်ကိုခေါ်၍ ထမင်းအဖျော် စသော ပျားတင်လဲထောပတ်များကိုစား အဝတ်တန်ဆာ သန့်ရှင်းအောင်ဝတ် ယက္ကန်းဇရပ်ကိုလည်း အမွှေးနံ့သာများကြဲဖြန့် ယက္ကန်းဇရပ်ကို လူအစောင့်အကြပ်အမြဲထား၍ ရွှေသင်္ကန်းကို ဂေါတမီကိုယ်တိုင်ယက်ကာ အလျားတစ်ဆယ့်လေးတောင် အနံခုနှစ်တောင်ရှိသော ရွှေပုဆိုးနှစ်ထည်ရပါသည်။

မိထွေးတော်ဂေါတမီသည် မြတ်စွာဘုရား၏ကျောင်းတော်သို့ ရောက်သောအခါ မြတ်စွာဘုရားကို မနီးမဝေးသောအရပ်မှနေ၍ ရှိခိုးပြီးပတ္တမြားကြုတ်ကိုဖွင့်၍ ရွှေသင်္ကန်းတစ်စုံကိုလက်မှာ ကိုင်ထားပြီး ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား ...တပည့်တော်၏လက်ထဲမှာရှိသော ရွှေအဝတ်ပုဆိုးတစ်စုံ(နှစ်ထည်)သည် တပည့်တော်ကိုယ်တိုင် ယက်လုပ်ထားသော သင်္ကန်းဖြစ်ပါတယ်ဘုရား။ တပည့်တော်ကိုသနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ဤရွှေသင်္ကန်းကို အလှူခံတော်မူပါဘုရားဟုလျောက်ထား၍လှူဒါန်းပါသည်။ မြတ်စွာဘုရားသည်နှစ်ထည်စလုံး အလှူမခံဘဲ တထည်ကိုသာ အလှူခံတော်မူပါသည်။

ဆက်ရန်

[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော
ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏
ပန်ချင်သူများ ခေါင်းဖြီးထားစာအုပ်မှ-]

Credit to Daw Yusandi

No comments:

Post a Comment