Friday, August 19, 2016

အဘိဓမၼာ သိမွတ္ဖြယ္ (၃) (အဘိဓမ္မာသိမှတ်ဖွယ် (၃))

[Zawgyi]
အဘိဓမၼာတရားေတာ္‬ အေၾကာင္း သိမွတ္ဖြယ္ (၃)

အဘိဓမၼာ (၇)က်မ္းႏွင့္ ပါတ္သက္၍ အက်ယ္ဖြင့္ဆိုသူမ်ား၊ အက်ဥ္းခ်ံဳးသူမ်ား စသည္ျဖင့္ ဆရာေတာ္အမ်ိဳးမ်ိဳး ေပၚေပါက္ခဲ့သည့္အထဲတြင္ အက်ဥ္းဆံုးႏွင့္ အေကာင္းဆံုးေရးသူ အျဖစ္ ဆရာအဆက္ဆက္ လက္ခံသတ္မွတ္ခံခဲ့ရသူမွာ အဘိဓမၼတၳသျဂိဳၤဟ္က်မ္းေရးသူ အရွင္ အႏုရုဒၶါ ျဖစ္ပါသည္။ သာသနာႏွစ္ ၁၅၀၀ (ေအဒီ ၁၅ ရာစုခန္႔)မွာ ေပၚေပါက္ခဲ့ေသာ က်မ္းျပဳအရွင္သည္ အိႏိၵယေတာင္ပိုင္း ေစာဠတိုင္း မဒရပ္ျမိဳ႕၏ အေနာက္ေတာင္ဘက္ ၅၇ မိုင္အကြာတြင္တည္ရွိေသာ ကဥိၥပုရနယ္၊ ကာေ၀ရီျမိဳသား ျဖစ္သည္။
အဘိဓမၼတၳသျဂိဳၤဟ္က်မ္းေရးသားရျခင္းမွာ က်မ္းျပဳအရွင္ သီဟိုဠ္ကၽြန္း (သီရိလကၤာ)တြင္ ေက်င္းထိုင္ ဆရာေတာ္ျဖစ္ခိုက္ ေက်ာင္းဒါယကာ နမၸ ၏ ေလ်ာက္ထားေတာင္းပန္ခ်က္ေၾကာင့္ျဖစ္ပါသည္။ ဆရာ၊ ဒကာ လက္တြဲညီခဲ့ေသာေၾကာင့္ သာသနာ႔သမိုင္းတြင္ စာတင္ရေလာက္ေသာ က်မ္းစာ အျဖစ္ ထင္က်န္ခဲ့ပါသည္။
အရွင္ အႏုရုဒၶါ ေရးသားခဲ့ေသာ အဘိဓမၼတၳသျဂိဳၤဟ္က်မ္းသည္ ေသးေသာ္လည္း တန္ဖိုးျဖတ္၍မရေသာ ျပန္တန္ပတၱမ်ားကဲ့သို႔ပင္ ျမန္မာဆရာေတာ္မ်ားၾကားတြင္ လက္သန္းအ႒ကထာဟူ၍ ထင္ရွားေက်ာ္ၾကားပါသည္။
အဘိဓမၼာတရားေတာ္သည္ က်ယ္လြန္ေသာေၾကာင့္ ေလ့လာရာတြင္ အလြန္ခက္ခဲပါသည္။ ထိုခက္ခဲေသာ တရားေတာ္ကို အလြယ္တကူေလလာႏိုင္ေစရန္ တိက်ေသာလမ္းညႊန္လက္စြဲအျဖစ္ ထိုလက္သန္း အ႒ကထာက တာ၀န္ယူထားပါသည္။ ထိုလက္သန္း အ႒ကထာက်မ္းတြင္ အဘိဓမၼာတရားေတာ္ႏွင့္ ပါတ္သက္၍ အလြယ္တကူ နားလည္ႏိုင္ေစရန္ အပိုင္း (၉)ပိုင္းခြဲ၍ ေရးျပထားပါသည္။
၁။ စိတ္ပိုင္း
၂။ ေစတသိတ္ပိုင္း
၃။ ပဏိက္းပိုင္း
၄။ ၀ီထိပိုင္း
၅။ ၀ီထိမုတ္ပိုင္း
၆။ ရုပ္ပိုင္း
၇။ သမုစၥည္းပိုင္း
၈။ ပစၥည္းပိုင္း
၉။ ကမၼ႒ာန္းပိုင္း စသည္ျဖင့္ (၉) ပိုင္းခြဲျပထားပါသည္။
-ဆက္လက္ေဖၚျပပါမည္...
-ပညာပါရမီ ဆရာေတာ္ အရွင္ဥာဏ၀ရ ေရးသားျပဳစုေသာ အဘိဓမၼာပိုခ်ခ်က္မ်ား နိဒါန္းစာပိုဒ္မွ

[Unicode]
အဘိဓမ္မာတရားတော် အကြောင်း သိမှတ်ဖွယ် (၃)

အဘိဓမ္မာ (၇)ကျမ်းနှင့် ပါတ်သက်၍ အကျယ်ဖွင့်ဆိုသူများ၊ အကျဉ်းချုံးသူများ စသည်ဖြင့် ဆရာတော်အမျိုးမျိုး ပေါ်ပေါက်ခဲ့သည့်အထဲတွင် အကျဉ်းဆုံးနှင့် အကောင်းဆုံးရေးသူ အဖြစ် ဆရာအဆက်ဆက် လက်ခံသတ်မှတ်ခံခဲ့ရသူမှာ အဘိဓမ္မတ္ထသဂြိုင်္ဟ်ကျမ်းရေးသူ အရှင် အနုရုဒ္ဓါ ဖြစ်ပါသည်။ သာသနာနှစ် ၁၅၀၀ (အေဒီ ၁၅ ရာစုခန့်)မှာ ပေါ်ပေါက်ခဲ့သော ကျမ်းပြုအရှင်သည် အိန္ဒိယတောင်ပိုင်း စောဠတိုင်း မဒရပ်မြို့၏ အနောက်တောင်ဘက် ၅၇ မိုင်အကွာတွင်တည်ရှိသော ကဥိ္စပုရနယ်၊ ကာဝေရီမြိုသား ဖြစ်သည်။
အဘိဓမ္မတ္ထသဂြိုင်္ဟ်ကျမ်းရေးသားရခြင်းမှာ ကျမ်းပြုအရှင် သီဟိုဠ်ကျွန်း (သီရိလင်္ကာ)တွင် ကျေင်းထိုင် ဆရာတော်ဖြစ်ခိုက် ကျောင်းဒါယကာ နမ္ပ ၏ လျောက်ထားတောင်းပန်ချက်ကြောင့်ဖြစ်ပါသည်။ ဆရာ၊ ဒကာ လက်တွဲညီခဲ့သောကြောင့် သာသနာ့သမိုင်းတွင် စာတင်ရလောက်သော ကျမ်းစာ အဖြစ် ထင်ကျန်ခဲ့ပါသည်။
အရှင် အနုရုဒ္ဓါ ရေးသားခဲ့သော အဘိဓမ္မတ္ထသဂြိုင်္ဟ်ကျမ်းသည် သေးသော်လည်း တန်ဖိုးဖြတ်၍မရသော ပြန်တန်ပတ္တများကဲ့သို့ပင် မြန်မာဆရာတော်များကြားတွင် လက်သန်းအဋ္ဌကထာဟူ၍ ထင်ရှားကျော်ကြားပါသည်။
အဘိဓမ္မာတရားတော်သည် ကျယ်လွန်သောကြောင့် လေ့လာရာတွင် အလွန်ခက်ခဲပါသည်။ ထိုခက်ခဲသော တရားတော်ကို အလွယ်တကူလေလာနိုင်စေရန် တိကျသောလမ်းညွှန်လက်စွဲအဖြစ် ထိုလက်သန်း အဋ္ဌကထာက တာဝန်ယူထားပါသည်။ ထိုလက်သန်း အဋ္ဌကထာကျမ်းတွင် အဘိဓမ္မာတရားတော်နှင့် ပါတ်သက်၍ အလွယ်တကူ နားလည်နိုင်စေရန် အပိုင်း (၉)ပိုင်းခွဲ၍ ရေးပြထားပါသည်။
၁။ စိတ်ပိုင်း
၂။ စေတသိတ်ပိုင်း
၃။ ပဏိက်းပိုင်း
၄။ ၀ီထိပိုင်း
၅။ ၀ီထိမုတ်ပိုင်း
၆။ ရုပ်ပိုင်း
၇။ သမုစ္စည်းပိုင်း
၈။ ပစ္စည်းပိုင်း
၉။ ကမ္မဋ္ဌာန်းပိုင်း စသည်ဖြင့် (၉) ပိုင်းခွဲပြထားပါသည်။
-ဆက်လက်ဖေါ်ပြပါမည်...
-ပညာပါရမီ ဆရာတော် အရှင်ဉာဏဝရ ရေးသားပြုစုသော အဘိဓမ္မာပိုချချက်များ နိဒါန်းစာပိုဒ်မှ

No comments:

Post a Comment