[Zawgyi]
ႏွလုံးသြင္းမႈ
ႏွလုံးသြင္းမႈ
ဗာရာဏသီျပည္ ဣသိပတန မိဂဒါဝုန္ေတာ၌ သီတင္းသုံးေနေတာ္မူစဥ္ အရွင္မဟာေကာ႒ိကသည္ ညခ်မ္းအခါ အရွင္သာရိပုတၱရာထံ ခ်ဥ္းကပ္၍__
ေကာ။ ငါ့ရွင္၊ သီလရွိေသာ ရဟန္းသည္ ေသာတာပန္ျဖစ္လိုက အဘယ္တရားတို႔ကို ႏွလုံးသြင္း ရပါမည္နည္း။
သာ။ ငါ့ရွင္၊ သီလရွိေသာ ရဟန္းသည္ ဥပါဒါနကၡႏၶာ ငါးပါးကို မၿမဲ၊ ဆင္းရဲ၊ အႏွစ္သာရမဲ့စသည္ျဖင့္ ႏွလုံးသြင္းရပါမည္။ ထိုငါးပါးကား-
(၁) ႐ူပပါဒါနကၡႏၶာ၊
(၂) ေဝဒႏုပါဒါနကၡႏၶာ၊
(၃) သၫုပါဒါနကၡႏၶာ၊
(၄) သခၤါ႐ုပါဒါနကၡႏၶာ၊
(၅) ဝိညာဏုပါဒါနကၡႏၶာ တို႔တည္း။
ငါ့ရွင္၊ သီလရွိေသာ ရဟန္းသည္ ထိုငါးပါးကို မၿမဲ၊ ဆင္းရဲ၊ အႏွစ္သာရမဲ့ စသည္ျဖင့္ ႏွလုံးသြင္းအပ္ကုန္၏။ ထိုသို႔ ႏွလုံးသြင္းအပ္သည္ရွိေသာ္ ေသာတာပတၱိဖိုလ္ကို မ်က္ေမွာက္ျပဳနိုင္ရာ၏။

ေကာ။ ငါ့ရွင္၊ ေသာတာပန္သည္ သကဒါဂါမ္ျဖစ္ရန္ အဘယ္တရား တို႔ကို ႏွလုံးသြင္းအပ္ကုန္ သနည္း။
သာ။ ငါ့ရွင္၊ ေသာတာပန္ရဟန္းသည္လည္း ဤဥပါဒါနကၡႏၶာငါးပါး ကိုပင္ မၿမဲ၊ ဆင္းရဲ၊ အႏွစ္ သာရမဲ့ စသည္ျဖင့္ ႏွလုံးသြင္းအပ္ကုန္၏။ ထိုသို႔ ႏွလုံးသြင္းအပ္သည္ရွိေသာ္ သကဒါဂါမိဖိုလ္ကို မ်က္ေမွာက္
ျပဳနိုင္ရာ၏။
ျပဳနိုင္ရာ၏။
ေကာ။ ငါ့ရွင္၊ သကဒါဂါမ္ ရဟန္းသည္ အနာဂါမ္ျဖစ္ဖို႔ အဘယ္တရား တို႔ကို ႏွလုံးသြင္းအပ္ကုန္ သနည္း။
သာ။ ငါ့ရွင္၊ သကဒါဂါမ္ ရဟန္းသည္လည္း ဤဥပါဒါနကၡႏၶာငါးပါးကို
ပင္ မၿမဲ၊ ဆင္းရဲ၊ အႏွစ္သာရမဲ့ စသည္ျဖင့္ ႏွလုံးသြင္းအပ္ကုန္၏။ ထိုသို႔ ႏွလုံးသြင္းအပ္သည္ရွိေသာ္ အနာဂါမိဖိုလ္ကို မ်က္ေမွာက္ ျပဳနိုင္ရာ၏။
ပင္ မၿမဲ၊ ဆင္းရဲ၊ အႏွစ္သာရမဲ့ စသည္ျဖင့္ ႏွလုံးသြင္းအပ္ကုန္၏။ ထိုသို႔ ႏွလုံးသြင္းအပ္သည္ရွိေသာ္ အနာဂါမိဖိုလ္ကို မ်က္ေမွာက္ ျပဳနိုင္ရာ၏။
ေကာ။ ငါ့ရွင္၊ အနာဂါမ္ ရဟန္းသည္ ရဟႏၲာျဖစ္ဖို႔ အဘယ္တရား တို႔ကို ႏွလုံးသြင္းအပ္ကုန္သနည္း။
သာ။ ငါ့ရွင္၊ အနာဂါမ္ ရဟန္းသည္လည္း ဤဥပါဒါနကၡႏၶာငါးပါးကို
ပင္ မၿမဲ၊ ဆင္းရဲ၊ အႏွစ္သာရမဲ့ စသည္ျဖင့္ ႏွလုံးသြင္းအပ္ကုန္၏။ ထိုသို႔ ႏွလုံးသြင္းအပ္သည္ရွိေသာ္ အရဟတၱဖိုလ္ကို မ်က္ေမွာက္ ျပဳနိုင္ရာ၏။
ပင္ မၿမဲ၊ ဆင္းရဲ၊ အႏွစ္သာရမဲ့ စသည္ျဖင့္ ႏွလုံးသြင္းအပ္ကုန္၏။ ထိုသို႔ ႏွလုံးသြင္းအပ္သည္ရွိေသာ္ အရဟတၱဖိုလ္ကို မ်က္ေမွာက္ ျပဳနိုင္ရာ၏။
ေကာ။ ငါ့ရွင္၊ ရဟႏၲာသည္ အဘယ္တရားတို႔ကို ဆက္၍ ႏွလုံးသြင္းအပ္ပါသနည္း။
သာ။ ငါ့ရွင္၊ ရဟႏၲာသည္လည္း ဤဥပါဒါနကၡႏၶာငါးပါးကိုပင္ မၿမဲ၊ ဆင္းရဲ၊ အႏွစ္သာရမဲ့စသည္ျဖင့္ ႏွလုံးသြင္းအပ္ကုန္၏။ ငါ့ရွင္၊ ရဟႏၲာအား တစ္စုံတစ္ခုေသာ ရဟန္းကိစၥကို ဆက္၍ ျပဳဖြယ္မရွိ၊
ျပဳအပ္ၿပီးေသာ တရားကိုလည္း ထပ္မံပြားမ်ားဖြယ္မရွိေတာ့ၿပီ။ စင္စစ္ကား ထိုသို႔ ႀကိမ္ဖန္မ်ားစြာ ပြားမ်ားအပ္သည္ရွိေသာ္ မ်က္ေမွာက္ဘဝ၌ ၿငိမ္းေအးစြာေနရျခင္းႏွင့္ သတိသမၸဇဥ္အလို႔ ငွာ ျဖစ္ကုန္၏။
ျပဳအပ္ၿပီးေသာ တရားကိုလည္း ထပ္မံပြားမ်ားဖြယ္မရွိေတာ့ၿပီ။ စင္စစ္ကား ထိုသို႔ ႀကိမ္ဖန္မ်ားစြာ ပြားမ်ားအပ္သည္ရွိေသာ္ မ်က္ေမွာက္ဘဝ၌ ၿငိမ္းေအးစြာေနရျခင္းႏွင့္ သတိသမၸဇဥ္အလို႔ ငွာ ျဖစ္ကုန္၏။
က်မ္းကိုး။ ခႏၶဝဂၢသံယုတ္၊ ဓမၼကထိကဝဂ္၊ သီလဝႏၲသုတ္။
Original Posted by ဉာဏ္ဦး
[Unicode]
နှလုံးသွင်းမှု
နှလုံးသွင်းမှု
ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူစဉ် အရှင်မဟာကောဋ္ဌိကသည် ညချမ်းအခါ အရှင်သာရိပုတ္တရာထံ ချဉ်းကပ်၍__
ကော။ ငါ့ရှင်၊ သီလရှိသော ရဟန်းသည် သောတာပန်ဖြစ်လိုက အဘယ်တရားတို့ကို နှလုံးသွင်း ရပါမည်နည်း။
သာ။ ငါ့ရှင်၊ သီလရှိသော ရဟန်းသည် ဥပါဒါနက္ခန္ဓာ ငါးပါးကို မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့စသည်ဖြင့် နှလုံးသွင်းရပါမည်။ ထိုငါးပါးကား-
(၁) ရူပပါဒါနက္ခန္ဓာ၊
(၂) ဝေဒနုပါဒါနက္ခန္ဓာ၊
(၃) သညုပါဒါနက္ခန္ဓာ၊
(၄) သင်္ခါရုပါဒါနက္ခန္ဓာ၊
(၅) ဝိညာဏုပါဒါနက္ခန္ဓာ တို့တည်း။
ငါ့ရှင်၊ သီလရှိသော ရဟန်းသည် ထိုငါးပါးကို မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့ စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ရာ၏။

ကော။ ငါ့ရှင်၊ သောတာပန်သည် သကဒါဂါမ်ဖြစ်ရန် အဘယ်တရား တို့ကို နှလုံးသွင်းအပ်ကုန် သနည်း။
သာ။ ငါ့ရှင်၊ သောတာပန်ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးပါး ကိုပင် မမြဲ၊ ဆင်းရဲ၊ အနှစ် သာရမဲ့ စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်ရှိသော် သကဒါဂါမိဖိုလ်ကို မျက်မှောက်
ပြုနိုင်ရာ၏။
ပြုနိုင်ရာ၏။
ကော။ ငါ့ရှင်၊ သကဒါဂါမ် ရဟန်းသည် အနာဂါမ်ဖြစ်ဖို့ အဘယ်တရား တို့ကို နှလုံးသွင်းအပ်ကုန် သနည်း။
သာ။ ငါ့ရှင်၊ သကဒါဂါမ် ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးပါးကို
ပင် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့ စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်ရှိသော် အနာဂါမိဖိုလ်ကို မျက်မှောက် ပြုနိုင်ရာ၏။
ပင် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့ စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်ရှိသော် အနာဂါမိဖိုလ်ကို မျက်မှောက် ပြုနိုင်ရာ၏။
ကော။ ငါ့ရှင်၊ အနာဂါမ် ရဟန်းသည် ရဟန္တာဖြစ်ဖို့ အဘယ်တရား တို့ကို နှလုံးသွင်းအပ်ကုန်သနည်း။
သာ။ ငါ့ရှင်၊ အနာဂါမ် ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးပါးကို
ပင် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့ စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက် ပြုနိုင်ရာ၏။
ပင် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့ စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက် ပြုနိုင်ရာ၏။
ကော။ ငါ့ရှင်၊ ရဟန္တာသည် အဘယ်တရားတို့ကို ဆက်၍ နှလုံးသွင်းအပ်ပါသနည်း။
သာ။ ငါ့ရှင်၊ ရဟန္တာသည်လည်း ဤဥပါဒါနက္ခန္ဓာငါးပါးကိုပင် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့ရှင်၊ ရဟန္တာအား တစ်စုံတစ်ခုသော ရဟန်းကိစ္စကို ဆက်၍ ပြုဖွယ်မရှိ၊
ပြုအပ်ပြီးသော တရားကိုလည်း ထပ်မံပွားများဖွယ်မရှိတော့ပြီ။ စင်စစ်ကား ထိုသို့ ကြိမ်ဖန်များစွာ ပွားများအပ်သည်ရှိသော် မျက်မှောက်ဘဝ၌ ငြိမ်းအေးစွာနေရခြင်းနှင့် သတိသမ္ပဇဉ်အလို့ ငှာ ဖြစ်ကုန်၏။
ပြုအပ်ပြီးသော တရားကိုလည်း ထပ်မံပွားများဖွယ်မရှိတော့ပြီ။ စင်စစ်ကား ထိုသို့ ကြိမ်ဖန်များစွာ ပွားများအပ်သည်ရှိသော် မျက်မှောက်ဘဝ၌ ငြိမ်းအေးစွာနေရခြင်းနှင့် သတိသမ္ပဇဉ်အလို့ ငှာ ဖြစ်ကုန်၏။
ကျမ်းကိုး။ ခန္ဓဝဂ္ဂသံယုတ်၊ ဓမ္မကထိကဝဂ်၊ သီလဝန္တသုတ်။
Original Posted by ဉာဏ်ဦး
No comments:
Post a Comment