Sunday, August 21, 2016

"ျမတ္စြာဘုရား ညႊန္ျပေသာ ပစၥဳပၸန္စီးပြားခ်မ္းသာေရးႏွင့္ တမလြန္ ခ်မ္းသာေရး လမ္းညႊန္" ("မြတ်စွာဘုရား ညွှန်ပြသော ပစ္စုပ္ပန်စီးပွားချမ်းသာရေးနှင့် တမလွန် ချမ်းသာရေး လမ်းညွှန်")

"ျမတ္စြာဘုရား ညႊန္ျပေသာ ပစၥဳပၸန္စီးပြားခ်မ္းသာေရးႏွင့္ တမလြန္ ခ်မ္းသာေရး လမ္းညႊန္"

ဗုဒၶျမတ္စြာ လက္ထက္ေတာ္ ကာလတုန္းက
ေကာလိယတိုင္း၊ ကကၠရပတၱဆိုတဲ့ျမိဳ ့မွာ ျမတ္စြာဘုရား ေရာက္ရွိေနတဲ့ အခ်ိန္ပိုင္းေလးမွာ အဲဒီ ကကၠရပတၱ က
ဒီဃဇာဏု ဆိုတဲ့ အမ်ိဳးသားဦးေဆာင္ျပီးေတာ့
ဗုဒၶျမတ္စြာထံ ၀င္ေရာက္ခ်ဥ္းကပ္ၾကတယ္။
သူတို ့က ျမတ္စြာဘုရားကို ေလွ်ာက္တယ္။ "အရွင္ဘုရား၊
တပည့္ေတာ္တို ့ဟာ ဒီဘ၀မွာလဲ ခ်မ္းခ်မ္းသာ၊ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ မိသားစုနဲ ့ သိုင္းသိုင္း၀ိုင္း၀ိုင္း ေနခ်င္ပါတယ္။ ေနာင္ဘ၀မွာလဲ ေကာင္းရာ ဘံုဘ၀ကို ေရာက္ခ်င္တယ္။ အဲဒီလို ျဖစ္ႏိုင္တဲ့
အေျခအေနေကာင္းေတြမ်ား ရွိပါသလား" တဲ့။
ျမတ္စြာဘုရားက ရွိတယ္၊ ဒီဘ၀အတြက္ "ဟိတသုခ"
အေျခအေနေကာင္းေတြနဲ ့ ခ်မ္းသာသုခကို ရေစႏီုင္တဲ့ အခ်က္ေလးခ်က္ရွိတယ္။ ေနာင္ဘ၀အတြက္လည္းပဲ
အေျခအေနေကာင္းေတြ ေပးျပီးေတာ့ခ်မ္းသာသုခကို
ရေစႏိုင္တဲ့ အေၾကာင္းတရား ေလးမ်ိဳး ရွိတယ္ ဆိုျပီး
အဂုၤတၱရ နိကာယ္မွာပဲ ျမတ္စြာဘုရားေဟာထားတဲ့
သုတ္တစ္သုတ္ကို မွတ္တမ္းတင္ထားတာ ရွိပါတယ္။
အဲဒီသုတ္မွာ ျမတ္စြာဘုရားက ဒီဘ၀အတြက္ "ဟိတသုခ"
အေျခအေနေကာင္းနဲ ့ခ်မ္းသာကို ရေစတတ္တဲ့ အခ်က္ကေတာ့-
နံပါတ္(၁) ဥ႒ာနသမၸဒါ - ကိုယ္လုပ္တဲ့လုပ္ငန္းနဲ ့ပတ္သက္ျပီးေတာ့
ၾကိဳးၾကိဳးစားစား လုပ္ကို္င္ရမယ္။ အဲဒီ "ဥ႒ာနသမၸဒါ"
တက္တက္ၾကြၾကြ၊ ၾကိဳးၾကိဳးစားစား လုပ္တယ္ဆိုတဲ့ေနရာမွာ
ျမတ္စြာဘုရားက ထပ္ျပီးေတာ့ ရွင္းထားတယ္။ ၾကိဳးစားတယ္
ဆိုတဲ့ အခ်က္မွာ ဘာေတြပါတုန္း ဆိုလို ့ရွိရင္ "ဒကၡ "လုပ္ငန္း ကြ်မ္းက်င္မႈရွိရမယ္၊ "အနလသ" ဇြဲေကာင္းမႈ ရွိရမယ္၊
"ဥပါယ၀ီမံသ" နည္းပညာ ရွိရမယ္။
ဒါ လြန္ခဲ့တဲ့ ႏွစ္ေပါင္းႏွစ္ေထာင့္ငါးရာေက်ာ္က ျမတ္စြာဘုရားက စီးပြားေရးနဲ ့ပတ္သက္ျပီးေတာ့ ေအာင္ျမင္ဖို ့ နည္းလမ္းတစ္ခု ေပးထားတာပါ။ ဒါက ျမတ္စြာဘုရားေဟာတဲ့ ပိဋကတ္ေတာ္
ေတြထဲမွာ ပါတဲ့ တရားပါ။ လုပ္ငန္းကြ်မ္းက်င္မႈ၊ ဇြဲေကာင္းမႈ၊
နည္းပညာ အဲဒီ(၃)ရပ္ ေပါင္းစပ္ထားတဲ့ ၾကိဳးပမ္းအားထုတ္မႈ ဆိုတာ ရွိရမယ္တဲ့။
ေနာက္တစ္ခ်က္က "အာရကၡသမၸဒါ" - ထိန္းသိမ္းေစာင့္ေရွာက္မႈ ရွိရမယ္။ ေလာကမွာ စီးပြားဥစၥာေတြနဲ ့ ေငြေၾကးဓနေျမာက္ျမားစြာ ရလာတယ္။ ကုန္ပစၥည္းေတြ ေျမာက္ျမားစြာ ထုတ္ႏိုင္တယ္။
သို ့ေသာ္ မထိန္သိမ္းဘူးဆိုရင္ အေလအလြင့္ေတြမ်ားျပီးေတာ့
စီးပြားဥစၥာ တိုးသင့္သေလာက္ မတိုးဘူး။ ဒါေၾကာင့္မို ့လို ့ထိန္းသိမ္းဖို ့နည္းပညာတတ္ရမယ္။ အလုပ္လုပ္ျပီး ရလာတဲ့ ပစၥည္းကို ရန္သူမ်ိဳးငါးပါးထဲက တစ္ခုခုနဲ ့မွ မပ်က္စီးရေအာင္၊
အေလအလြင့္မရွိရေအာင္ ေသခ်ာေစာင့္ေရွာက္မႈဆိုတဲ့
"အာရကၡ သမၸဒါ" တရားရွိဖို ့လိုေသးတယ္။
ေနာက္တစ္ခုကေတာ့ "ကလ်ာဏမိတၱတာ" မိတ္ေကာင္း ေဆြေကာင္း ရွိရမယ္။ စီးပြားေရးနဲ ့ပတ္သက္ျပီး အာကံေပးမည့္ ပုဂၢိဳလ္၊ အက်င့္စာရိတၱေကာင္းတဲ့ ပုဂၢိဳလ္၊ အသိပညာရွိတဲ့ ပုဂၢိဳလ္၊ ကုိယ္က်င့္တရား ေကာင္းတဲ့ ပုဂၢိဳလ္၊ အဲဒီလို မိတ္ေကာင္းေဆြေကာင္း ေတြလဲပဲ အင္မတန္ လိုအပ္ပါတယ္။
ေနာက္ဆံုး စီးပြားေရးနဲ ့ပတ္သက္ျပီး တကယ့္ကို အေရးၾကီးတဲ့ အခ်က္တစ္ခုကေတာ့ "သမဇီ၀ိတာ" ရလာတဲ့ စည္းစိမ္ဥစၥာ၊ ကုိယ္ထုတ္လုပ္တဲ့ ပစၥည္း၊ ကုိယ့္ရဲ ့၀င္ေငြထြက္ေငြနဲ ့ပတ္သက္လာလို ့ရွိရင္ စာရင္းဇယား ခိုင္ခိုင္မာမာထားျပီးေတာ့
၀င္ေငြႏွင့္ ထြက္ေငြ အျမဲတမ္း မွ်မွ်တတျဖစ္ေနဖို ့ အေရးၾကီးတယ္။
"သမဇိ၀ိတာ'ဆိုတဲ့ သေဘာက ၀င္ေငြႏွင့္ ထြက္ေငြ အျမဲတမ္း ညွိျပီးေတာ့ သံုးစြဲတဲ့ အခုေခတ္ စီးပြားေရးပညာလိုပဲ။
ျမတ္စြာဘုရားက လြန္ခဲ့တဲ့ ႏွစ္ေပါင္း ႏွစ္ေထာင္ငါးရာကတည္းက
ၾကိဳးပမ္းအားထုတ္မႈ၊ အေလအလြင့္ မရွိေအာင္၊ ထိန္းသိမ္းမႈ၊ မိတ္ေကာင္းေဆြေကာင္းရွိမႈ၊ ၀င္ေငြထြက္ေငြ မွ်မွ်တတသံုးစြဲမႈ ဆိုတဲ့ ဒီအခ်က္ၾကီး (၄) ခ်က္ကို ေဟာခဲ့တာျဖစ္တယ္။
ဘယ္ပုဂၢိဳလ္ပဲျဖစ္ျဖစ္ ဗုဒၶဘာသာ၀င္မွ မဟုတ္ဘူး။ ဒီစည္းကမ္းအတိုင္း ေဆာင္ရြက္ၾကမယ္ဆိုလို ့ရွိရင္ စီးပြားေရးက
တုိးတက္လာမွာပဲ။ အမ်ားၾကီးမတိုးတက္ေတာင္ ပ်က္စီးမသြား
ႏိုင္ဘူး။ ဒါ ဒီဘ၀မွာ ေကာင္းတဲ့ အေျခအေနေတြနဲ ့ ေကာင္းတဲ့ ခ်မ္းသာသုခကို ေပးစြမ္းႏိုင္တဲ့ အခ်က္ေလးခ်က္ပဲ။
တမလြန္ဘ၀အတြက္ကေတာ့ ဒီဘ၀ကလုပ္တဲ့ ဟာေတြပါ။
အဲဒီ တမလြန္ဘ၀အတြက္ ရွိသင့္ရွိထိုက္တဲ့ အရည္အေသြး ကေတာ့ အျခားမဟုတ္ဘူး။ ဓမၼႏွင့္ ပတ္သက္တဲ့ အသိဥာဏ္။
အခုနက ကိုယ္က်င့္တရားနဲ ့ပတ္သက္တဲ့ သိတဲ့ မ်က္စိရွိရမယ္။
ကုိယ္က်င့္တရားနဲ ့ ပတ္သက္လာလို ့ရွိရင္
နံပါတ္ (၁) ကုိယ္က်င့္တရားေကာင္းရမယ္ လို ့ဆိုလိုတယ္။
နံပါတ္ (၂) ယံုၾကည္ခ်က္ ရွိရမယ္။ ယံုၾကည္ခ်က္ဆိုတာ ဘာသာတရားနဲ ့ပတ္သက္ျပီးေတာ့ ဗုဒၶျမတ္စြာရဲ ့မွန္စြာသိတဲ့
အသိဥာဏ္ကို လက္ခံလို ့ ျမတ္စြာဘုရား သြန္သင္ဆံုးမသမွ်ကို ေလးစားလိုက္နာမႈ၊ ယံုၾကည္မႈ ရွိရမယ္။ ယံုၾကည္မႈ ရွိသလို
ကုိယ္က်င့္တရား ေကာင္းရမယ္။
နံပါတ္ (၃) စြန္ ့လႊတ္ႏိုင္မႈ ရွိရမယ္။ လူဟာ မိမိရလာတဲ့ အခြင့္အေရးကို တစ္ေယာက္တည္းမသံုးဘဲ ၊ကုိယ္တစ္ေယာက္တည္း မခံစားဘဲ မိမိပတ္၀န္းက်င္ႏွင့္ မွ်ေ၀ခံစားတတ္ရမယ္။ ဒါကို 'စာဂသမၸဒါ"လို ့ေခၚတယ္။
နံပါတ္ (၄) က "ပညာသမၸဒါ"၊ အေၾကာင္းအက်ိဳး အေကာင္းအဆိုး
ခြဲျခားသိတာက အစ ေလာကမွာရွိတဲ့ သဘာ၀တရားေတြဟာ ဘယ္ဟာမွ မျမဲဘူးဆိုတာကို သိရွိနားလည္ထားတဲ့ ပညာမ်ိဳး ရွိရမယ္။
အက်ဥ္းခ်ဳပ္ ေျပာရလို ့ရွိရင္
"သဒၶါသမၸဒါ" ယံုၾကည္မႈ ရွိရမယ္။
"သီလသမၸဒါ" ကုိယ္က်င့္တရားႏွင့္ ျပည့္စံုရမယ္။
"စာဂသမၸဒါ" မွ်ေ၀ခံစားဖို ့၊ စြန္ ့ၾကဲတတ္မႈ ရွိရမယ္။
"ပညာသမၸဒါ" အသိပညာရွိရမယ္။ အဲဒီ အေျခအေနေကာင္း
(၄) မ်ိဳး ရွိေနလို ့ရွိရင္ သုခ လို ့ဆိုတဲ့ အရာရာမွ အဆင္ေျပမႈ၊ ကုိယ္ခ်မ္းသာမႈ၊ စိတ္ခ်မ္းသာမႈ ဆိုတာေတြ ျဖစ္ေပၚလာမွာပါ။

-ေဒါက္တာ အရွင္နႏၵမာလာဘိ၀ံသ
(ျမတ္ဗုဒၶေဒသနာႏွင့္ ယေန ့ကမၻာ တရားေတာ္ မွ)

[Unicode]
"မြတ်စွာဘုရား ညွှန်ပြသော ပစ္စုပ္ပန်စီးပွားချမ်းသာရေးနှင့် တမလွန် ချမ်းသာရေး လမ်းညွှန်"

ဗုဒ္ဓမြတ်စွာ လက်ထက်တော် ကာလတုန်းက
ကောလိယတိုင်း၊ ကက္ကရပတ္တဆိုတဲ့မြို့မှာ မြတ်စွာဘုရား ရောက်ရှိနေတဲ့ အချိန်ပိုင်းလေးမှာ အဲဒီ ကက္ကရပတ္တ က
ဒီဃဇာဏု ဆိုတဲ့ အမျိုးသားဦးဆောင်ပြီးတော့
ဗုဒ္ဓမြတ်စွာထံ ဝင်ရောက်ချဉ်းကပ်ကြတယ်။
သူတို့က မြတ်စွာဘုရားကို လျှောက်တယ်။ "အရှင်ဘုရား၊ တပည့်တော်တို့ဟာ ဒီဘဝမှာလဲ ချမ်းချမ်းသာ၊ ပျော်ပျော်ရွှင်ရွှင်
မိသားစုနဲ့ သိုင်းသိုင်းဝိုင်းဝိုင်း နေချင်ပါတယ်။ နောင်ဘဝမှာလဲ ကောင်းရာ ဘုံဘဝကို ရောက်ချင်တယ်။ အဲဒီလို ဖြစ်နိုင်တဲ့
အခြေအနေကောင်းတွေများ ရှိပါသလား" တဲ့။
မြတ်စွာဘုရားက ရှိတယ်၊ ဒီဘဝအတွက် "ဟိတသုခ"
အခြေအနေကောင်းတွေနဲ့ ချမ်းသာသုခကို ရစေနီုင်တဲ့ အချက်လေးချက်ရှိတယ်။ နောင်ဘဝအတွက်လည်းပဲ
အခြေအနေကောင်းတွေ ပေးပြီးတော့ချမ်းသာသုခကို
ရစေနိုင်တဲ့ အကြောင်းတရား လေးမျိုး ရှိတယ် ဆိုပြီး
အဂုၤတ္တရ နိကာယ်မှာပဲ မြတ်စွာဘုရားဟောထားတဲ့
သုတ်တစ်သုတ်ကို မှတ်တမ်းတင်ထားတာ ရှိပါတယ်။
အဲဒီသုတ်မှာ မြတ်စွာဘုရားက ဒီဘဝအတွက် "ဟိတသုခ"
အခြေအနေကောင်းနဲ့ချမ်းသာကို ရစေတတ်တဲ့ အချက်ကတော့-
နံပါတ်(၁) ဥဋ္ဌာနသမ္ပဒါ - ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့
ကြိုးကြိုးစားစား လုပ်ကိုင်ရမယ်။ အဲဒီ "ဥဋ္ဌာနသမ္ပဒါ"
တက်တက်ကြွကြွ၊ ကြိုးကြိုးစားစား လုပ်တယ်ဆိုတဲ့နေရာမှာ
မြတ်စွာဘုရားက ထပ်ပြီးတော့ ရှင်းထားတယ်။ ကြိုးစားတယ်
ဆိုတဲ့ အချက်မှာ ဘာတွေပါတုန်း ဆိုလို့ရှိရင် "ဒက္ခ "လုပ်ငန်း ကျွမ်းကျင်မှုရှိရမယ်၊ "အနလသ" ဇွဲကောင်းမှု ရှိရမယ်၊
"ဥပါယဝီမံသ" နည်းပညာ ရှိရမယ်။
ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က မြတ်စွာဘုရားက စီးပွားရေးနဲ့ပတ်သက်ပြီးတော့ အောင်မြင်ဖို့ နည်းလမ်းတစ်ခု ပေးထားတာပါ။ ဒါက မြတ်စွာဘုရားဟောတဲ့ ပိဋကတ်တော်
တွေထဲမှာ ပါတဲ့ တရားပါ။ လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲကောင်းမှု၊
နည်းပညာ အဲဒီ(၃)ရပ် ပေါင်းစပ်ထားတဲ့ ကြိုးပမ်းအားထုတ်မှု ဆိုတာ ရှိရမယ်တဲ့။
နောက်တစ်ချက်က "အာရက္ခသမ္ပဒါ" - ထိန်းသိမ်းစောင့်ရှောက်မှု ရှိရမယ်။ လောကမှာ စီးပွားဥစ္စာတွေနဲ့ ငွေကြေးဓနမြောက်မြားစွာ ရလာတယ်။ ကုန်ပစ္စည်းတွေ မြောက်မြားစွာ ထုတ်နိုင်တယ်။
သို့သော် မထိန်သိမ်းဘူးဆိုရင် အလေအလွင့်တွေများပြီးတော့
စီးပွားဥစ္စာ တိုးသင့်သလောက် မတိုးဘူး။ ဒါကြောင့်မို့လို့ထိန်းသိမ်းဖို့နည်းပညာတတ်ရမယ်။ အလုပ်လုပ်ပြီး ရလာတဲ့ ပစ္စည်းကို ရန်သူမျိုးငါးပါးထဲက တစ်ခုခုနဲ့မှ မပျက်စီးရအောင်၊
အလေအလွင့်မရှိရအောင် သေချာစောင့်ရှောက်မှုဆိုတဲ့
"အာရက္ခ သမ္ပဒါ" တရားရှိဖို့လိုသေးတယ်။
နောက်တစ်ခုကတော့ "ကလျာဏမိတ္တတာ" မိတ်ကောင်း ဆွေကောင်း ရှိရမယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး အာကံပေးမည့် ပုဂ္ဂိုလ်၊ အကျင့်စာရိတ္တကောင်းတဲ့ ပုဂ္ဂိုလ်၊ အသိပညာရှိတဲ့ ပုဂ္ဂိုလ်၊ ကိုယ်ကျင့်တရား ကောင်းတဲ့ ပုဂ္ဂိုလ်၊ အဲဒီလို မိတ်ကောင်းဆွေကောင်း တွေလဲပဲ အင်မတန် လိုအပ်ပါတယ်။
နောက်ဆုံး စီးပွားရေးနဲ့ပတ်သက်ပြီး တကယ့်ကို အရေးကြီးတဲ့ အချက်တစ်ခုကတော့ "သမဇီဝိတာ" ရလာတဲ့ စည်းစိမ်ဥစ္စာ၊ ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်း၊ ကိုယ့်ရဲ့ဝင်ငွေထွက်ငွေနဲ့ပတ်သက်လာလို့ရှိရင် စာရင်းဇယား ခိုင်ခိုင်မာမာထားပြီးတော့
ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း မျှမျှတတဖြစ်နေဖို့ အရေးကြီးတယ်။
"သမဇိဝိတာ'ဆိုတဲ့ သဘောက ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း ညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ် စီးပွားရေးပညာလိုပဲ။
မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ငါးရာကတည်းက
ကြိုးပမ်းအားထုတ်မှု၊ အလေအလွင့် မရှိအောင်၊ ထိန်းသိမ်းမှု၊ မိတ်ကောင်းဆွေကောင်းရှိမှု၊ ဝင်ငွေထွက်ငွေ မျှမျှတတသုံးစွဲမှု ဆိုတဲ့ ဒီအချက်ကြီး (၄) ချက်ကို ဟောခဲ့တာဖြစ်တယ်။
ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှ မဟုတ်ဘူး။ ဒီစည်းကမ်းအတိုင်း ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင် စီးပွားရေးက
တိုးတက်လာမှာပဲ။ အများကြီးမတိုးတက်တောင် ပျက်စီးမသွား
နိုင်ဘူး။ ဒါ ဒီဘဝမှာ ကောင်းတဲ့ အခြေအနေတွေနဲ့ ကောင်းတဲ့ ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက်လေးချက်ပဲ။
တမလွန်ဘဝအတွက်ကတော့ ဒီဘဝကလုပ်တဲ့ ဟာတွေပါ။
အဲဒီ တမလွန်ဘဝအတွက် ရှိသင့်ရှိထိုက်တဲ့ အရည်အသွေး ကတော့ အခြားမဟုတ်ဘူး။ ဓမ္မနှင့် ပတ်သက်တဲ့ အသိဉာဏ်။
အခုနက ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ သိတဲ့ မျက်စိရှိရမယ်။
ကိုယ်ကျင့်တရားနဲ့ ပတ်သက်လာလို့ရှိရင်
နံပါတ် (၁) ကိုယ်ကျင့်တရားကောင်းရမယ် လို့ဆိုလိုတယ်။
နံပါတ် (၂) ယုံကြည်ချက် ရှိရမယ်။ ယုံကြည်ချက်ဆိုတာ ဘာသာတရားနဲ့ပတ်သက်ပြီးတော့ ဗုဒ္ဓမြတ်စွာရဲ့မှန်စွာသိတဲ့
အသိဉာဏ်ကို လက်ခံလို့ မြတ်စွာဘုရား သွန်သင်ဆုံးမသမျှကို လေးစားလိုက်နာမှု၊ ယုံကြည်မှု ရှိရမယ်။ ယုံကြည်မှု ရှိသလို
ကိုယ်ကျင့်တရား ကောင်းရမယ်။
နံပါတ် (၃) စွန့်လွှတ်နိုင်မှု ရှိရမယ်။ လူဟာ မိမိရလာတဲ့ အခွင့်အရေးကို တစ်ယောက်တည်းမသုံးဘဲ ၊ကိုယ်တစ်ယောက်တည်း မခံစားဘဲ မိမိပတ်ဝန်းကျင်နှင့် မျှဝေခံစားတတ်ရမယ်။ ဒါကို 'စာဂသမ္ပဒါ"လို့ခေါ်တယ်။
နံပါတ် (၄) က "ပညာသမ္ပဒါ"၊ အကြောင်းအကျိုး အကောင်းအဆိုး
ခွဲခြားသိတာက အစ လောကမှာရှိတဲ့ သဘာဝတရားတွေဟာ ဘယ်ဟာမှ မမြဲဘူးဆိုတာကို သိရှိနားလည်ထားတဲ့ ပညာမျိုး ရှိရမယ်။
အကျဉ်းချုပ် ပြောရလို့ရှိရင်
"သဒ္ဓါသမ္ပဒါ" ယုံကြည်မှု ရှိရမယ်။
"သီလသမ္ပဒါ" ကိုယ်ကျင့်တရားနှင့် ပြည့်စုံရမယ်။
"စာဂသမ္ပဒါ" မျှဝေခံစားဖို့၊ စွန့်ကြဲတတ်မှု ရှိရမယ်။
"ပညာသမ္ပဒါ" အသိပညာရှိရမယ်။ အဲဒီ အခြေအနေကောင်း
(၄) မျိုး ရှိနေလို့ရှိရင် သုခ လို့ဆိုတဲ့ အရာရာမှ အဆင်ပြေမှု၊ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု ဆိုတာတွေ ဖြစ်ပေါ်လာမှာပါ။

-ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ တရားတော် မှ)

No comments:

Post a Comment