[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း ( ၅ )
၅ ႏွစ္အရြယ္ အိမ္ေထာင္က်ျခင္း
*******************************
ခ်စ္သား သာရိပုတၱရာ သာသနာကြယ္ၿပီးတဲ႔ေနာက္ကာလၾကာရင္ လူေတြဟာ မေကာင္းမႈေတြကိုသာျပဳက်င့္ၾကလို႔ လူတို႔ရဲ႕ အသက္တမ္းေတြဟာ တစ္ရာက ကိုးဆယ္ကိုးဆယ္မွရွစ္ဆယ္။ ရွစ္ဆယ္မွခုႏွစ္ဆယ္။ အစဥ္အတိုင္း အသက္တမ္းမ်ားယုတ္ေလ်ာ့ၿပီး သက္တမ္းငါးႏွစ္အရြယ္ ေရာက္ေသာအခါ ငါးႏွစ္အရြယ္ေယာက်္ား မိန္းမတို႔သည္ အိမ္ေထာင္ေတြျပဳ ေယာက်ာ္းေတြရ မိန္းမေတြရနဲ႔ သားေတြ သမီးေတြနဲ႔ ျဖစ္ၾကလိမ့္မယ္။ ေျခာက္ႏွစ္ ခုနစ္ႏွစ္ေတြက ေျမးေတြ ျမစ္ေတြနဲ႔ျဖစ္ၾကလိမ့္မယ္။ ဒန္းကြ်ဲပင္ ပုခက္လဲႊတဲ႔ေခာတ္ဆိုတာ ထိုေခာတ္ကိုဆိုလိုျခင္းျဖစ္တယ္။
ကပ္သံုးပါး ေဘးျဖစ္ပံု
********************
ထိုအခ်ိန္ေရာက္ေသာအခါ ကပ္ႀကီး သံုးပါး ေပၚေပါက္လိမ့္မည္။
သတၳႏၲရကပ္... လက္နက္ေၾကာင့္ေသေၾကရေသာပုဂၢိဳလ္မ်ား ငရဲျပည္သို႔ ေရာက္ၾကလိမ့္မည္။
ဒုဗ ၻကၠႏၲရကပ္... ငတ္မြတ္ေခါင္းပါး အစာမစားရ၍ေသၾကရေသာပုဂၢိဳလ္မ်ားသည္ ၿပိတၱာဘံုသို႔ ေရာက္လိမ့္မည္။
ေရာဂႏၲရကပ္... အနာေရာဂါျဖစ္၍ေသၾကရေသာပုဂၢိဳလ္မ်ားသည္ ငါတို႔ေရာဂါဘယေတြ ျဖစ္ရလို႔ ကိုယ္စိတ္ႏွစ္ပါး ဒုကၡဆင္းရဲေတြ ခံၾကရသလို သူတစ္ပါးေတြလည္းငါတို႔လို ဆင္းရဲဒုကၡမ်ိဳး မျဖစ္ၾကပါေစနဲ႔ဟု ေမတၱာစိတ္ျဖင့္ ေသသည့္အတြက္ နတ္ျပည္သို႔ေရာက္ၾကလိမ့္မည္။
ဝိသႀကံဳ နတ္သား သတိေပးျခင္း
******************************
ထိုသို႔ကပ္သံုးပါးေဘးဆိုက္ေရာက္ေသာအခ်ိန္တြင္ ဝိသႀကံဳ နတ္သား လူ႕ျပည္သို႔ဆင္းလာၿပီး လူေတြဒုကၡမ်ိဳးစံု ႀကံဳေတြ႕ေနရသည္ကို မၾကည့္ရက္ မျမင္ရက္သျဖင့္ သတိေပးလိမ့္မည္။
အို...လူအမ်ားတို႔ ဒီေန႔ကစ(၇)ရက္အတြင္း္ လူသားမ်ား အျပစ္မရွိ အျပစ္ရွာ အခ်င္းခ်င္းတစ္ေယာက္ႏွင့္တစ္ေယာက္ သားငါးအမွတ္ျဖင့္သတ္ၾက ျဖတ္ၾက ခုတ္သတ္ၾကလိမ့္မည္။ ထိုေဘးအႏၲရာယ္မွ လြတ္ေျမာက္ခ်င္ၾကသူမ်ားသည္ (၇) ရက္စာရိကၡာအျပည့္အစံုယူ၍ တစ္ေယာက္ခ်င္းသာ ေတာေျမာင္ေခ်ာက္ျခားသို႔ လူကိုလူခ်င္းမေတြ႕ေအာင္ ပုန္းေအာင္းေနၿပီး ခုႏွစ္ရက္ေက်ာ္လြန္မွသာလွ်င္ ျပန္လာခဲ႔ၾကပါ ဟုလိုက္လံသတိေပးႏိႈးေဆာ္၏။
ယံုၾကည္ၾကေသာပုဂၢိဳလ္မ်ားသည္(၇)ရက္စာ ရိကၡာယူ၍ ေတာေတာင္ေခ်ာက္ျခားသို႔သြား၍ ပုန္းေအာင္းေနၾက၏။ မယံုၾကည္ၾကေသာပုဂၢိဳလ္မ်ားသည္ အခ်င္းခ်င္းသတ္ၾကျဖတ္ၾက၍ အရိုးအသားမ်ားျပည့္လွ်ံ အရိုးမ်ားေသြးမ်ား ျဖစ္ကုန္ၾကေသာအခါ ကမ ၻာေဆးမိုးႀကီးရြာခ် ၍ အရိုးအသားမ်ားေမ်ာကုန္ၾကလိမ့္မည္။ ေတာေျမာင္ေခ်ာက္ျခားပုန္းေအာင္းေနၾကေသာသူမ်ား (၇)ရက္ျပည့္၍ျပန္လာၾကေသာအခါ လူေတြမေတြ႕ရမျမင္ရ၍အခ်င္းခ်င္းရိုင္းပင္းကူညီၾက ကုသိုလ္ေကာင္းမႈမ်ားျပဳ ၾက၍ ေမတၱာစိတ္မ်ားျဖစ္ေပၚလာၾကလိမ့္မည္။
သက္တမ္းျပန္ရွည္လာျခင္း
**************************
ထိုသို႔ကုသိုလ္စိတ္မ်ား ေမတၱာစိတ္မ်ားေပၚေပါက္၍ ကုသိုလ္ေကာင္းမႈမ်ားျပဳ ၾကေသာအခါ ဆယ္ႏွစ္ေနၾကရသူမ်ားသည္အသက္ႏွစ္ဆယ္။ အသက္ႏွစ္ဆယ္မိဘမ်ားေမြးဖြားေသာသားသမီးမ်ားသည္ အသက္ေလးဆယ္ ဤသို႔ လူတို႔၏သက္တမ္းသည္ ရွည္ရွည္ၿပီးတက္သြားလိမ့္မည္။ ထိုမွကိုယ့္အသက္ကိုပင္ မေရတြက္ႏိုင္ေသာ အသေခ်ၤယ်တမ္းထိျဖစ္သြားလိမ့္မည္။
ဒုတိယအႀကိမ္ သက္တမ္းျပန္ဆုတ္လာျခင္း
*****************************************
သက္တမ္းမ်ား မေရတြက္ႏိုင္ေအာင္ ရွည္ေသာ အသေခ်ၤယ်ေခာတ္တြင္ အနိစၥ ဒုကၡ အနတၱ တရားမ်ားအလြယ္တကူမျမင္ႏိုင္ေတာ့ေပ။ အိုျခင္း နာျခင္း ေသျခင္း တရားမ်ားမျမင္ႏိုင္ေတာ့ေပ။ မည္သို႔ျမင္ႏိုင္ပါမည္နည္း။ လူတစ္ေယာက္ အိုဖို႔ နာဖို႔ ေသဖို႔ မ်ားစြာၾကာေအာင္ေစာင့္ရေသာေခါတ္ ျဖစ္ေပသည္။ အိုေသာသူေတြ႕လွ်င္အထူးအဆန္းျဖစ္သြားၿပီ။ နာေသာသူေတြ႕လွ်င္လည္းအထူးအဆန္းျဖစ္ကုန္ၿပီ။ ေသေသာသူေတြ႕ရလွ်င္ေတာ့ဝိုင္းအံု ၾကည့္ရေသာေခါတ္ျဖစ္သည္။ သက္တမ္းရွည္ေသာေခာတ္တြင္ အို နာ ေသခဏ ခဏ မေပၚေတာ့ သံေဝဂမျဖစ္။ သံေဝဂမျဖစ္ေတာ့ အိုရမည့္ဒုကၡ နာရမည့္ဒုကၡ ေသရမည့္ဒုကၡမ်ားကို မေၾကာက္ၾကေတာ့ေပ။ မေၾကာက္ၾကေသာအခါ ကိုယ္က်င့္တရားမ်ား ပ်က္ျပားၿပီး အေသေခ်ၤယ်တမ္းမွ တျဖည္းျဖည္း ဆုတ္ယုတ္၍ သက္တမ္းတိုလာၿပီး လူတို႔အသက္တစ္သိန္းတမ္းသို႔ေရာက္ေသာအခါ ယခုလူတို႔ ေမွ်ာ္လင့္ေစာင့္စားဖူးေမွ်ာ္ခ်င္ၾကကုန္ေသာ အရိေမေတၱယ်ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးသည္ပြင့္ေပၚေတာ္မူမည္ ျဖစ္ပါသတည္း။
ဘုရားပြင့္ရာအခါကာလသည္ လူတို႔သက္တမ္း တစ္သိန္းတမ္းထက္မလြန္ အႏွစ္တစ္ရာတမ္းေအာက္လည္း ဘုရားမပြင့့္ႏိုင္ပါ။
ဆက္ရန္
[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ
ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားစာအုပ္မွ-]
Credit to Daw Yusandi
[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း ( ၅ )
၅ နှစ်အရွယ် အိမ်ထောင်ကျခြင်း
*******************************
ချစ်သား သာရိပုတ္တရာ သာသနာကွယ်ပြီးတဲ့နောက်ကာလကြာရင် လူတွေဟာ မကောင်းမှုတွေကိုသာပြုကျင့်ကြလို့ လူတို့ရဲ့ အသက်တမ်းတွေဟာ တစ်ရာက ကိုးဆယ်ကိုးဆယ်မှရှစ်ဆယ်။ ရှစ်ဆယ်မှခုနှစ်ဆယ်။ အစဉ်အတိုင်း အသက်တမ်းများယုတ်လျော့ပြီး သက်တမ်းငါးနှစ်အရွယ် ရောက်သောအခါ ငါးနှစ်အရွယ်ယောကျ်ား မိန်းမတို့သည် အိမ်ထောင်တွေပြု ယောကျာ်းတွေရ မိန်းမတွေရနဲ့ သားတွေ သမီးတွေနဲ့ ဖြစ်ကြလိမ့်မယ်။ ခြောက်နှစ် ခုနစ်နှစ်တွေက မြေးတွေ မြစ်တွေနဲ့ဖြစ်ကြလိမ့်မယ်။ ဒန်းကျွဲပင် ပုခက်လွှဲတဲ့ခောတ်ဆိုတာ ထိုခောတ်ကိုဆိုလိုခြင်းဖြစ်တယ်။
ကပ်သုံးပါး ဘေးဖြစ်ပုံ
********************
ထိုအချိန်ရောက်သောအခါ ကပ်ကြီး သုံးပါး ပေါ်ပေါက်လိမ့်မည်။
သတ္ထန္တရကပ်... လက်နက်ကြောင့်သေကြေရသောပုဂ္ဂိုလ်များ ငရဲပြည်သို့ ရောက်ကြလိမ့်မည်။
ဒုဗ ္ဘက္ကန္တရကပ်... ငတ်မွတ်ခေါင်းပါး အစာမစားရ၍သေကြရသောပုဂ္ဂိုလ်များသည် ပြိတ္တာဘုံသို့ ရောက်လိမ့်မည်။
ရောဂန္တရကပ်... အနာရောဂါဖြစ်၍သေကြရသောပုဂ္ဂိုလ်များသည် ငါတို့ရောဂါဘယတွေ ဖြစ်ရလို့ ကိုယ်စိတ်နှစ်ပါး ဒုက္ခဆင်းရဲတွေ ခံကြရသလို သူတစ်ပါးတွေလည်းငါတို့လို ဆင်းရဲဒုက္ခမျိုး မဖြစ်ကြပါစေနဲ့ဟု မေတ္တာစိတ်ဖြင့် သေသည့်အတွက် နတ်ပြည်သို့ရောက်ကြလိမ့်မည်။
ဝိသကြုံ နတ်သား သတိပေးခြင်း
******************************
ထိုသို့ကပ်သုံးပါးဘေးဆိုက်ရောက်သောအချိန်တွင် ဝိသကြံု နတ်သား လူ့ပြည်သို့ဆင်းလာပြီး လူတွေဒုက္ခမျိုးစုံ ကြံုတွေ့နေရသည်ကို မကြည့်ရက် မမြင်ရက်သဖြင့် သတိပေးလိမ့်မည်။
အို...လူအများတို့ ဒီနေ့ကစ(၇)ရက်အတွင်း် လူသားများ အပြစ်မရှိ အပြစ်ရှာ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် သားငါးအမှတ်ဖြင့်သတ်ကြ ဖြတ်ကြ ခုတ်သတ်ကြလိမ့်မည်။ ထိုဘေးအန္တရာယ်မှ လွတ်မြောက်ချင်ကြသူများသည် (၇) ရက်စာရိက္ခာအပြည့်အစုံယူ၍ တစ်ယောက်ချင်းသာ တောမြောင်ချောက်ခြားသို့ လူကိုလူချင်းမတွေ့အောင် ပုန်းအောင်းနေပြီး ခုနှစ်ရက်ကျော်လွန်မှသာလျှင် ပြန်လာခဲ့ကြပါ ဟုလိုက်လံသတိပေးနှိုးဆော်၏။
ယုံကြည်ကြသောပုဂ္ဂိုလ်များသည်(၇)ရက်စာ ရိက္ခာယူ၍ တောတောင်ချောက်ခြားသို့သွား၍ ပုန်းအောင်းနေကြ၏။ မယုံကြည်ကြသောပုဂ္ဂိုလ်များသည် အချင်းချင်းသတ်ကြဖြတ်ကြ၍ အရိုးအသားများပြည့်လျှံ အရိုးများသွေးများ ဖြစ်ကုန်ကြသောအခါ ကမ ္ဘာဆေးမိုးကြီးရွာချ ၍ အရိုးအသားများမျောကုန်ကြလိမ့်မည်။ တောမြောင်ချောက်ခြားပုန်းအောင်းနေကြသောသူများ (၇)ရက်ပြည့်၍ပြန်လာကြသောအခါ လူတွေမတွေ့ရမမြင်ရ၍အချင်းချင်းရိုင်းပင်းကူညီကြ ကုသိုလ်ကောင်းမှုများပြု ကြ၍ မေတ္တာစိတ်များဖြစ်ပေါ်လာကြလိမ့်မည်။
သက်တမ်းပြန်ရှည်လာခြင်း
**************************
ထိုသို့ကုသိုလ်စိတ်များ မေတ္တာစိတ်များပေါ်ပေါက်၍ ကုသိုလ်ကောင်းမှုများပြု ကြသောအခါ ဆယ်နှစ်နေကြရသူများသည်အသက်နှစ်ဆယ်။ အသက်နှစ်ဆယ်မိဘများမွေးဖွားသောသားသမီးများသည် အသက်လေးဆယ် ဤသို့ လူတို့၏သက်တမ်းသည် ရှည်ရှည်ပြီးတက်သွားလိမ့်မည်။ ထိုမှကိုယ့်အသက်ကိုပင် မရေတွက်နိုင်သော အသချေင်္ယျတမ်းထိဖြစ်သွားလိမ့်မည်။
ဒုတိယအကြိမ် သက်တမ်းပြန်ဆုတ်လာခြင်း
*****************************************
သက်တမ်းများ မရေတွက်နိုင်အောင် ရှည်သော အသချေင်္ယျခောတ်တွင် အနိစ္စ ဒုက္ခ အနတ္တ တရားများအလွယ်တကူမမြင်နိုင်တော့ပေ။ အိုခြင်း နာခြင်း သေခြင်း တရားများမမြင်နိုင်တော့ပေ။ မည်သို့မြင်နိုင်ပါမည်နည်း။ လူတစ်ယောက် အိုဖို့ နာဖို့ သေဖို့ များစွာကြာအောင်စောင့်ရသောခေါတ် ဖြစ်ပေသည်။ အိုသောသူတွေ့လျှင်အထူးအဆန်းဖြစ်သွားပြီ။ နာသောသူတွေ့လျှင်လည်းအထူးအဆန်းဖြစ်ကုန်ပြီ။ သေသောသူတွေ့ရလျှင်တော့ဝိုင်းအုံ ကြည့်ရသောခေါတ်ဖြစ်သည်။ သက်တမ်းရှည်သောခောတ်တွင် အို နာ သေခဏ ခဏ မပေါ်တော့ သံဝေဂမဖြစ်။ သံဝေဂမဖြစ်တော့ အိုရမည့်ဒုက္ခ နာရမည့်ဒုက္ခ သေရမည့်ဒုက္ခများကို မကြောက်ကြတော့ပေ။ မကြောက်ကြသောအခါ ကိုယ်ကျင့်တရားများ ပျက်ပြားပြီး အသေချေင်္ယျတမ်းမှ တဖြည်းဖြည်း ဆုတ်ယုတ်၍ သက်တမ်းတိုလာပြီး လူတို့အသက်တစ်သိန်းတမ်းသို့ရောက်သောအခါ ယခုလူတို့ မျှော်လင့်စောင့်စားဖူးမျှော်ချင်ကြကုန်သော အရိမေတ္တေယျမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်ပွင့်ပေါ်တော်မူမည် ဖြစ်ပါသတည်း။
ဘုရားပွင့်ရာအခါကာလသည် လူတို့သက်တမ်း တစ်သိန်းတမ်းထက်မလွန် အနှစ်တစ်ရာတမ်းအောက်လည်း ဘုရားမပွင့့်နိုင်ပါ။
ဆက်ရန်
[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော
ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏
ပန်ချင်သူများ ခေါင်းဖြီးထားစာအုပ်မှ-]
Credit to Daw Yusandi
No comments:
Post a Comment