[Zawgyi]
သတိျပဳသင့္ေသာအခ်က္တစ္ရပ္
သတိျပဳသင့္ေသာအခ်က္တစ္ရပ္
ဉာဏ္ပညာ မရွိဘဲ ဘာမွ တတ္သိနားလည္မႈမရွိဘဲ ေကာင္းမႈတစ္ခုကို
ျပဳ မိက ယင္းကံက အက်ိဳးေပးေသာ ဘ၀၀ယ္ လူဖ်င္း လူအ လူနသာ ျဖစ္ရ
၏ ဉာဏ္ပညာ မရွိသူ နလပိန္းတုံး ျဖစ္ရ၏ဟူေသာ အခ်က္ကား အထူး
သတိျပဳ သင့္ေသာ အခ်က္ပင္ ျဖစ္သည္။ အမွတ္တမဲ့ ကံတစ္ခုကို မျပဳမိဖို႔
အထူးသတိထားသင့္၏။

အကယ္၍ အမႈမဲ့ အမွတ္မဲ့ ကံတစ္ခုကို ျပဳလိုက္မိသျဖင့္ ထိုကံသည္ ကံ
အရာ၌ တည္သြားခဲ့ေသာ္ ထိုကံကို ျပန္လည္ ႐ုပ္သိမ္းဖို႔ရန္ကား မလြယ္ကူ
ေသာ အရာတစ္ခု ျဖစ္၏။ ဝိပႆ နာဉာဏ္ မဂ္ဉာဏ္ ဖိုလ္ဉာဏ္တို႔ ျဖင့္သာ
ေခ်ဖ်က္၍ ရနိုင္၏။ ေခ်ဖ်က္၍ ရမႈမွာလည္း အထူးသျဖင့္ အရဟတၱမဂ္ဉာဏ္
၏ အရာသာျဖစ္သည္။ ပရိနိဗၺာနစုတိ၏ အျခားမဲ့၌ အက်ိဳးေပးမည့္ ကံမွန္သ
မွ်ကို အရဟတၱမဂ္ဉာဏ္ကသာ အၿပီးအပိုင္ ပယ္စြန႔္နိုင္ေသာစြမ္းအား ရွိ
ေသာေၾကာင့္ ျဖစ္၏။

သို႔အတြက္ ေငြကုန္ေၾကးက်ခံကာ ေကာင္းမႈတစ္ခုကိုလည္း ျပဳရေသး
၏၊ လူဖ်င္း လူအ လူန နလပိန္းတုံး ဘဝကိုလည္း ရရွိေသး၏ -- ဆိုလွ်င္ သံေဝဂရဖြယ္ ေကာင္းလွ၏၊ ဝမ္းနည္းဖြယ္လည္း ေကာင္းလွ၏။ သို႔အ
တြက္ ေကာင္းမႈျပဳတိုင္း ဉာဏ္ယွဥ္တတ္ဖို႔ လိုေပသည္။

ေကာင္းမႈကုသိုလ္တစ္ခုကို ျပဳရာ၌ ေအာက္ထစ္ဆုံးအားျဖင့္ ဆရာသမား
တို႔၏ ဆိုဆုံးမမႈျဖင့္ ကံသာလွ်င္ ကိုယ္ပိုင္ဥစၥာရွိမႈကို တတ္သိနားလည္ေသာ ကမၼႆကတာသမၼာဒိ႒ိေလာက္ေတာ့ ရွိထားဖို႔လို၏။ ယင္း သမၼာဒိ႒ိဉာဏ္မ်ိဳး
ေလာက္မွ မရွိလွ်င္ မွန္ကန္ေသာ အယူကို ေျဖာင့္မတ္စြာ စိတ္မထားတတ္
လွ်င္ ျပဳသမွ် ကုသိုလ္တို႔ကား ဉာဏဝိပၸယုတ္ကုသိုလ္တို႔သာ အျဖစ္မ်ားဖြယ္
ရာ ရွိ၏။ ယင္းကုသိုလ္တို႔က အက်ိဳးေပးဖို႔ရန္ အခါအခြင့္သင့္လွ်င္ လူဖ်င္း
လူအ လူနဘဝကို နလပိန္းတုံးဘဝကိုေရာက္ေအာင္ ပို႔ေဆာင္ေပးေတာ့
မည္ ျဖစ္၏။

အကယ္၍ စြမ္းနိုင္ပါမူကား နာမ႐ူပပရိေစၦဒဉာဏ္ ပစၥယပရိဂၢဟဉာဏ္
တို႔ကို ကိုယ္တိုင္ရရွိ၍ ျဖစ္ေပၚလာေသာ ကမၼႆ ကတာသမၼာဒိ႒ိ ဉာဏ္အ
ျမင္ႏွင့္ ျပည့္စုံလ်က္ ယင္းဉာဏ္ကို ေရွးသြားျပဳ၍ ေကာင္းမႈကုသိုလ္တစ္ခု
ကို ျပဳစုပ်ိဳးေထာင္လွ်င္ကား ပို၍ အဆင့္ျမင့္ေသာ ကံတစ္ခု ျဖစ္နိုင္၏။ ယင္း
ကံက အက်ိဳးေပးခဲ့ေသာ္ အက်ိဳးျဖစ္ရာ ဘဝ၌ ဉာဏ္ပညာႀကီးမားသူ ျဖစ္နိုင္
၏။

အကယ္၍ ဈာနသမၼာဒိ႒ိဉာဏ္ႏွင့္ ျပည့္စုံလွ်င္ကား ယင္းသမၼာဒိ႒ိဉာဏ္ႏွင့္ ယွဥ္တြဲလ်က္ရွိေသာ ဈာနကုသိုလ္ေစတနာတို႔က အဆင့္ျမင့္ေသာ ျဗဟၼာ
ဘဝကို ပို႔ေဆာင္ေပးနိုင္သည့္ စြမ္းအားရွိ၏။ ေသသည့္တိုင္ေအာင္ ဈာန္မ်ား
မေလ်ာက်ခဲ့လွ်င္ ျဗဟၼာျပည္သို႔ ေရာက္ရွိနိုင္၏။

အကယ္၍ ဝိပႆနာသမၼာဒိ႒ိဉာဏ္မ်ား ၿခံရံ၍ ကံတစ္ခုကို ျပဳစုပ်ိဳးေထာင္
နိုင္လွ်င္ကား လူတြင္ လူျမတ္နတ္ထက္နတ္ ျဖစ္နိုင္၏။ သို႔ေသာ္ ႐ုပ္နာမ္ကို --- ဤက်မ္း ႐ုပ္ကမၼ႒ာန္းပိုင္း, နာမ္ကမၼ႒ာန္းပိုင္းတို႔၌ တင္ျပ ေရးသားထား
သည့္အတိုင္း ပရမတ္သို႔တိုင္ေအာင္ ဉာဏ္အျမင္ဆိုက္ဖို႔ကား လိုအပ္ပါသည္။
ထိုသို႔ ပရမတ္သို႔တိုင္ေအာင္ ဉာဏ္အျမင္ဆိုက္ေနေသာ သူေတာ္ေကာင္း
တစ္ဦးက --- ဆြမ္းဒါန ေကာင္းမႈကုသိုလ္ တစ္ခုကို ျပဳေသာ အခါဝယ္ ---

၁။ အလႉေပးေနေသာ မိမိ၏သႏၲာန္၌ တည္ရွိေသာ ႐ုပ္-နာမ္-ပရမတ္တရား
တို႔ကို သိမ္းဆည္းလ်က္ ဉာဏ္ျဖင့္ပိုင္းျခားယူလ်က္ ယင္း ႐ုပ္-နာမ္တို႔ကို အနိစၥ-ဒုကၡ-အနတၱ လကၡဏာေရးသုံးတန္တင္ကာ ဝိပႆ နာဘာဝနာ ကမၼ႒ာန္းကို စီးျဖန္းလ်က္လည္းေကာင္း ---

၂။ အလႉခံပုဂၢိဳလ္ မ်ားထိုထို၏ သႏၲာန္၌ တည္ရွိေသာ ႐ုပ္-နာမ္-ပရမတ္တရား
တို႔ကိုလည္း ဗဟိဒၶခ်င္း တူညီ၍ သာမန္ ေပါင္းစုၿခဳံငုံလ်က္ သိမ္းဆည္းၿပီးလွ်င္
ယင္း ႐ုပ္-နာမ္တို႔ကို လကၡဏာေရးသုံးတန္တင္ကာ ဝိပႆ နာဘာဝနာ ကမၼ႒ာန္းကို စီးျဖန္းလ်က္လည္းေကာင္း ---

၃။ လႉဖြယ္ဝတၳဳ အစုစုကို ဓာတ္ (၄)ပါး စိုက္ရႈလိုက္ပါက ႐ုပ္ကလာပ္အမႈန္မ်ား
ကိုသာ ေတြ႕ရွိမည္ ျဖစ္၏။ ယင္း႐ုပ္ကလာပ္တို႔ကား ႐ုပ္ကလာပ္တစ္ခု၏ အတြင္း၌ တည္ရွိေသာ ေတေဇာဓာတ္ = ဥတုေၾကာင့္ ဆင့္ကဲဆင့္ကဲ ျဖစ္ပြားေနၾကေသာ ၾသဇာလွ်င္ (၈)ခုေျမာက္ရွိေသာၾသဇ႒မက႐ုပ္တို႔သာတည္း။
ယင္း ၾသဇ႒မက႐ုပ္တို႔ကို ဉာဏ္ျဖင့္ ပိုင္းျခားယူၿပီး သိမ္းဆည္းၿပီးလွ်င္ ယင္း
႐ုပ္တရားတို႔ကို လကၡဏာေရးသုံးတန္တင္ကာ ဝိပႆ နာဘာဝနာကမၼ႒ာန္း စီးျဖန္းလ်က္လည္းေကာင္း ---

၄။ ေပးလႉေၾကာင္း ကုသိုလ္ေစတနာဦးေဆာင္သည့္ မဟာကုသိုလ္ မေနာ
ဒြါရိကေဇာဝီထိစိတ္အစဥ္ နာမ္တရားစုတို႔ကိုလည္း သိမ္းဆည္း၍ ယင္းကုသိုလ္တရားတို႔ကို လကၡဏာေရးသုံးတန္တင္ကာ ဝိပႆ နာဘာဝနာကမၼ႒ာန္း စီးျဖန္းလ်က္လည္းေကာင္း ---

ဤသို႔ေသာ ဝိပႆနာဉာဏ္မ်ား ၿခံရံလ်က္ ဒါနေကာင္းမႈ ကုသိုလ္တစ္ခု
ကို ျပဳစုပ်ိဳးေထာင္ပါက ထိုဒါနကံမွာ အဆင့္အတန္း အျမင့္မားဆုံးေသာ ဝိပႆ နာဉာဏ္မ်ား ၿခံရံထားသျဖင့္ ထိုဒါနကံမွာ အက်ိဳးေပးဖို႔ရန္ အခါအခြင့္ သင့္၍
ပဋိသေႏၶ၏ အစြမ္းျဖင့္ ဘဝတစ္ခုကို ျဖစ္ေစရာဝယ္ ဝရဇိန္လက္နက္ မိုးႀကိဳး
စက္ပမာ အလြန္ထက္ျမက္ စူးရွေသာ ဉာဏ္ပညာႏွင့္ ျပည့္စုံရသူ ျဖစ္ရေပ၏။

-ဖားေအာက္ေတာရဆရာေတာ္
Original Posted by Buddhavasa Tiloka
[Unicode]
သတိပြုသင့်သောအချက်တစ်ရပ်
သတိပြုသင့်သောအချက်တစ်ရပ်
ဉာဏ်ပညာ မရှိဘဲ ဘာမှ တတ်သိနားလည်မှုမရှိဘဲ ကောင်းမှုတစ်ခုကို
ပြု မိက ယင်းကံက အကျိုးပေးသော ဘ၀၀ယ် လူဖျင်း လူအ လူနသာ ဖြစ်ရ
၏ ဉာဏ်ပညာ မရှိသူ နလပိန်းတုံး ဖြစ်ရ၏ဟူသော အချက်ကား အထူး
သတိပြု သင့်သော အချက်ပင် ဖြစ်သည်။ အမှတ်တမဲ့ ကံတစ်ခုကို မပြုမိဖို့
အထူးသတိထားသင့်၏။

အကယ်၍ အမှုမဲ့ အမှတ်မဲ့ ကံတစ်ခုကို ပြုလိုက်မိသဖြင့် ထိုကံသည် ကံ
အရာ၌ တည်သွားခဲ့သော် ထိုကံကို ပြန်လည် ရုပ်သိမ်းဖို့ရန်ကား မလွယ်ကူ
သော အရာတစ်ခု ဖြစ်၏။ ဝိပဿ နာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ ဖြင့်သာ
ချေဖျက်၍ ရနိုင်၏။ ချေဖျက်၍ ရမှုမှာလည်း အထူးသဖြင့် အရဟတ္တမဂ်ဉာဏ်
၏ အရာသာဖြစ်သည်။ ပရိနိဗ္ဗာနစုတိ၏ အခြားမဲ့၌ အကျိုးပေးမည့် ကံမှန်သ
မျှကို အရဟတ္တမဂ်ဉာဏ်ကသာ အပြီးအပိုင် ပယ်စွန့်နိုင်သောစွမ်းအား ရှိ
သောကြောင့် ဖြစ်၏။

သို့အတွက် ငွေကုန်ကြေးကျခံကာ ကောင်းမှုတစ်ခုကိုလည်း ပြုရသေး
၏၊ လူဖျင်း လူအ လူန နလပိန်းတုံး ဘဝကိုလည်း ရရှိသေး၏ -- ဆိုလျှင် သံဝေဂရဖွယ် ကောင်းလှ၏၊ ဝမ်းနည်းဖွယ်လည်း ကောင်းလှ၏။ သို့အ
တွက် ကောင်းမှုပြုတိုင်း ဉာဏ်ယှဉ်တတ်ဖို့ လိုပေသည်။

ကောင်းမှုကုသိုလ်တစ်ခုကို ပြုရာ၌ အောက်ထစ်ဆုံးအားဖြင့် ဆရာသမား
တို့၏ ဆိုဆုံးမမှုဖြင့် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိမှုကို တတ်သိနားလည်သော ကမ္မဿကတာသမ္မာဒိဋ္ဌိလောက်တော့ ရှိထားဖို့လို၏။ ယင်း သမ္မာဒိဋ္ဌိဉာဏ်မျိုး
လောက်မှ မရှိလျှင် မှန်ကန်သော အယူကို ဖြောင့်မတ်စွာ စိတ်မထားတတ်
လျှင် ပြုသမျှ ကုသိုလ်တို့ကား ဉာဏဝိပ္ပယုတ်ကုသိုလ်တို့သာ အဖြစ်များဖွယ်
ရာ ရှိ၏။ ယင်းကုသိုလ်တို့က အကျိုးပေးဖို့ရန် အခါအခွင့်သင့်လျှင် လူဖျင်း
လူအ လူနဘဝကို နလပိန်းတုံးဘဝကိုရောက်အောင် ပို့ဆောင်ပေးတော့
မည် ဖြစ်၏။

အကယ်၍ စွမ်းနိုင်ပါမူကား နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်
တို့ကို ကိုယ်တိုင်ရရှိ၍ ဖြစ်ပေါ်လာသော ကမ္မဿ ကတာသမ္မာဒိဋ္ဌိ ဉာဏ်အ
မြင်နှင့် ပြည့်စုံလျက် ယင်းဉာဏ်ကို ရှေးသွားပြု၍ ကောင်းမှုကုသိုလ်တစ်ခု
ကို ပြုစုပျိုးထောင်လျှင်ကား ပို၍ အဆင့်မြင့်သော ကံတစ်ခု ဖြစ်နိုင်၏။ ယင်း
ကံက အကျိုးပေးခဲ့သော် အကျိုးဖြစ်ရာ ဘဝ၌ ဉာဏ်ပညာကြီးမားသူ ဖြစ်နိုင်

အကယ်၍ ဈာနသမ္မာဒိဋ္ဌိဉာဏ်နှင့် ပြည့်စုံလျှင်ကား ယင်းသမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဈာနကုသိုလ်စေတနာတို့က အဆင့်မြင့်သော ဗြဟ္မာ
ဘဝကို ပို့ဆောင်ပေးနိုင်သည့် စွမ်းအားရှိ၏။ သေသည့်တိုင်အောင် ဈာန်များ
မလျောကျခဲ့လျှင် ဗြဟ္မာပြည်သို့ ရောက်ရှိနိုင်၏။

အကယ်၍ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်များ ခြံရံ၍ ကံတစ်ခုကို ပြုစုပျိုးထောင်
နိုင်လျှင်ကား လူတွင် လူမြတ်နတ်ထက်နတ် ဖြစ်နိုင်၏။ သို့သော် ရုပ်နာမ်ကို --- ဤကျမ်း ရုပ်ကမ္မဋ္ဌာန်းပိုင်း, နာမ်ကမ္မဋ္ဌာန်းပိုင်းတို့၌ တင်ပြ ရေးသားထား
သည့်အတိုင်း ပရမတ်သို့တိုင်အောင် ဉာဏ်အမြင်ဆိုက်ဖို့ကား လိုအပ်ပါသည်။
ထိုသို့ ပရမတ်သို့တိုင်အောင် ဉာဏ်အမြင်ဆိုက်နေသော သူတော်ကောင်း
တစ်ဦးက --- ဆွမ်းဒါန ကောင်းမှုကုသိုလ် တစ်ခုကို ပြုသော အခါဝယ် ---

၁။ အလှူပေးနေသော မိမိ၏သန္တာန်၌ တည်ရှိသော ရုပ်-နာမ်-ပရမတ်တရား
တို့ကို သိမ်းဆည်းလျက် ဉာဏ်ဖြင့်ပိုင်းခြားယူလျက် ယင်း ရုပ်-နာမ်တို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿ နာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလျက်လည်းကောင်း ---

၂။ အလှူခံပုဂ္ဂိုလ် များထိုထို၏ သန္တာန်၌ တည်ရှိသော ရုပ်-နာမ်-ပရမတ်တရား
တို့ကိုလည်း ဗဟိဒ္ဓချင်း တူညီ၍ သာမန် ပေါင်းစုခြုံငုံလျက် သိမ်းဆည်းပြီးလျှင်
ယင်း ရုပ်-နာမ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿ နာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလျက်လည်းကောင်း ---

၃။ လှူဖွယ်ဝတ္ထု အစုစုကို ဓာတ် (၄)ပါး စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များ
ကိုသာ တွေ့ရှိမည် ဖြစ်၏။ ယင်းရုပ်ကလာပ်တို့ကား ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဆင့်ကဲဆင့်ကဲ ဖြစ်ပွားနေကြသော သြဇာလျှင် (၈)ခုမြောက်ရှိသောသြဇဋ္ဌမကရုပ်တို့သာတည်း။
ယင်း သြဇဋ္ဌမကရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးလျှင် ယင်း
ရုပ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿ နာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလျက်လည်းကောင်း ---

၄။ ပေးလှူကြောင်း ကုသိုလ်စေတနာဦးဆောင်သည့် မဟာကုသိုလ် မနော
ဒွါရိကဇောဝီထိစိတ်အစဉ် နာမ်တရားစုတို့ကိုလည်း သိမ်းဆည်း၍ ယင်းကုသိုလ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿ နာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလျက်လည်းကောင်း ---

ဤသို့သော ဝိပဿနာဉာဏ်များ ခြံရံလျက် ဒါနကောင်းမှု ကုသိုလ်တစ်ခု
ကို ပြုစုပျိုးထောင်ပါက ထိုဒါနကံမှာ အဆင့်အတန်း အမြင့်မားဆုံးသော ဝိပဿ နာဉာဏ်များ ခြံရံထားသဖြင့် ထိုဒါနကံမှာ အကျိုးပေးဖို့ရန် အခါအခွင့် သင့်၍
ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘဝတစ်ခုကို ဖြစ်စေရာဝယ် ဝရဇိန်လက်နက် မိုးကြိုး
စက်ပမာ အလွန်ထက်မြက် စူးရှသော ဉာဏ်ပညာနှင့် ပြည့်စုံရသူ ဖြစ်ရပေ၏။

-ဖားအောက်တောရဆရာတော်
Original Posted by Buddhavasa Tiloka
No comments:
Post a Comment