တရားက်င့္ျခင္း ဘံုသံုးပါး
တရားက်င့္ျခင္းသည္ ဘံုသံုးပါးမွ လြတ္ေျမာက္ရန္ အားထုတ္ျခင္း ျဖစ္သည္ဟု နားလည္ရမည္။
ထိုဘံုသံုးပါးသည္ ဒုဂၢတိအပါယ္ေလးဘံု၊ ကာမသုဂတိ လူ႔ဘံုႏွင့္ နတ္ဘံု၊ စ်ာနဂတိ ျဗဟၼာဘံုတို႔ျဖစ္သည္။
ထိုဘံုသံုးပါးတြင္ ေရွးဦးစြာ ဒုဂၢတိဟူေသာ အပါယ္ေလးဘံုမွ လြတ္ရန္အားထုတ္ရသည္။
ထိုဒုဂၢတိပဋိသေႏၶသည္ ဒုကၡအာရံုကို အေၾကာင္းခံ၍ ျဖစ္ေပၚလာေသာ ဒုကၡေ၀ဒနာ၏ ယွဥ္ဖက္ ၾကမ္းတမ္းေသာ ေလာဘ၊ ေဒါသ၊ ေမာဟတို႔ေၾကာင့္ျဖစ္သည္။
ထိုဒုဂၢတိပဋိသေႏၶသည္ ဒုကၡအာရံုကို အေၾကာင္းခံ၍ ျဖစ္ေပၚလာေသာ ဒုကၡေ၀ဒနာ၏ ယွဥ္ဖက္ ၾကမ္းတမ္းေသာ ေလာဘ၊ ေဒါသ၊ ေမာဟတို႔ေၾကာင့္ျဖစ္သည္။
ထို႔ေၾကာင့္ တရားက်င့္ေသာေယာဂီသည္ ရူပကာယ၏ ဒုကၡအာရံုမွ အပါယ္ေလးဘံုသို႔ က်ေရာက္ေစသည့္ ၾကမ္းတမ္းေသာ ေလာဘ၊ ေဒါသ၊ ေမာဟတို႔ သိမ္းဆည္းေသာ အက်င့္သည္ပင္လၽွင္ တရားက်င့္စဥ္အစ ျဖစ္သည္ဟု နားလည္သေဘာေပါက္ရမည္။
အရွင္စႏီၵမာ(ေအာင္လံ)
ေသာတပတၱိမဂ္ရႈဖြယ္
ေသာတပတၱိမဂ္ရႈဖြယ္
[Unicode]
တရားကျင့်ခြင်း ဘုံသုံးပါး
တရားကျင့်ခြင်းသည် ဘုံသုံးပါးမှ လွတ်မြောက်ရန် အားထုတ်ခြင်း ဖြစ်သည်ဟု နားလည်ရမည်။
ထိုဘုံသုံးပါးသည် ဒုဂ္ဂတိအပါယ်လေးဘုံ၊ ကာမသုဂတိ လူ့ဘုံနှင့် နတ်ဘုံ၊ ဈာနဂတိ ဗြဟ္မာဘုံတို့ဖြစ်သည်။
ထိုဘုံသုံးပါးတွင် ရှေးဦးစွာ ဒုဂ္ဂတိဟူသော အပါယ်လေးဘုံမှ လွတ်ရန်အားထုတ်ရသည်။
ထိုဒုဂ္ဂတိပဋိသန္ဓေသည် ဒုက္ခအာရုံကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဒုက္ခေ၀ဒနာ၏ ယှဉ်ဖက် ကြမ်းတမ်းသော လောဘ၊ ဒေါသ၊ မောဟတို့ကြောင့်ဖြစ်သည်။
ထိုဒုဂ္ဂတိပဋိသန္ဓေသည် ဒုက္ခအာရုံကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဒုက္ခေ၀ဒနာ၏ ယှဉ်ဖက် ကြမ်းတမ်းသော လောဘ၊ ဒေါသ၊ မောဟတို့ကြောင့်ဖြစ်သည်။
ထို့ကြောင့် တရားကျင့်သောယောဂီသည် ရူပကာယ၏ ဒုက္ခအာရုံမှ အပါယ်လေးဘုံသို့ ကျရောက်စေသည့် ကြမ်းတမ်းသော လောဘ၊ ဒေါသ၊ မောဟတို့ သိမ်းဆည်းသော အကျင့်သည်ပင်လျှင် တရားကျင့်စဉ်အစ ဖြစ်သည်ဟု နားလည်သဘောပေါက်ရမည်။
အရှင်စနီ္ဒမာ(အောင်လံ)
သောတပတ္တိမဂ်ရှုဖွယ်
သောတပတ္တိမဂ်ရှုဖွယ်
No comments:
Post a Comment