Thursday, August 18, 2016

အထက္ဆရာႀကီးေတြ ကိုးကြယ္သူဟာ သီလဗၺတုပါဒါန္ျဖစ္ႏိုင္ပါသလား (အထက်ဆရာကြီးတွေ ကိုးကွယ်သူဟာ သီလဗ္ဗတုပါဒါန်ဖြစ်နိုင်ပါသလား)

[Zawgyi]
အထက္ဆရာႀကီးေတြ ကိုးကြယ္သူဟာ သီလဗၺတုပါဒါန္ျဖစ္ႏိုင္ပါသလား

ဒကာ။ ဥပါဒါန္တရားေလးပါးထဲမွာ သီလဗၺတုပါဒါန္ဆိုတာနဲ႔ စပ္ျပီးေတာ့ အထက္ဆရာႀကီးေတြ ၀ိဇၨာဓိုရ္ ထြက္ရပ္ေပါက္ဆရာၾကီးေတြ၊ နတ္ သိၾကား ျဗဟၼာႀကီးေတြကို ခ်မ္းသာေအာင္စီမံဖန္ဆင္းေပးႏိုင္တဲ့ ကယ္တင္ရွင္အေနနဲ႔ ကိုးကြယ္ဆည္ကပ္ေနတဲ့သူေတြဟာ သီလဗၺတုပါဒါန္ထဲမွာ ပါ၀င္တဲ့ အယူအစြဲ မိစာၦဒိ႒ိေတြပဲလို႔ ေျပာဆို ျငင္းခံုေနၾကတာ မွန္ပါသလား ဆရာေတာ္၊ ဒီျပသနာက ေတာ္ေတာ္ၾကီးထြားေနတယ္ဘုရား၊ ေျဖၾကားပါဦး။

ဆရာ။ အင္း...သီလဗၺတ အယူအစြဲ ဥပါဒါန္တရားက အရာက်ယ္တယ္၊ ကၽြဲလို ႏြားလို ေခြးလို တိရိစာၦန္တို႔၏ အေနအထိုင္ သြားလာစားေသာက္ပံုေတြကို သေဘာက် ႏွစ္သက္ကာ ယင္းတို႔၏ အေလ့အထကို အတုယူ၍ က်င့္ျခင္းမ်ိဳး၊ ယင္းတို႔၏ ရုပ္ပံုႏွင့္ ယင္းတို႔ကို ကိုးကြယ္ျခင္းမ်ိဳး။

ဒကာၾကီးတို႔ ေလၽွာက္ထားခဲ့တဲ့ အထက္ဆရာႀကီးေတြနဲ႔ ၀ိဇၨာဓိုရ္ ထြက္ရပ္ေပါက္ဆရာၾကီးေတြ၊ နတ္ သိၾကား ျဗဟၼာႀကီးေတြကို ခ်မ္းသာသုခဖန္ဆင္းေပးႏုိင္တဲ့သူေတြပဲဟု ယံုၾကည္စြာ ကိုးကြယ္ဆည္းကပ္ပူေဇာ္ျခင္းျဖင့္ ဒုကၡဆင္းရဲမွ လြတ္ေျမာက္ျပီး ခ်မ္းသာသုခေတြ ရရွိသြားႏိုင္တယ္ဟု အားထား ယံုၾကည္ ကိုးကြယ္တာမွန္သမၽွ သီလဗၺတပရာမာသ ဒိ႒ိေတြခ်ည္းျဖစ္လို႔ သီလဗၺတုပါဒါန္ေတြခ်ည္းသာ မွတ္ေပေတာ့၊ ေနာက္ထပ္မေမးနဲ႔၊ ပညာရွိမွန္ရင္ လက္ခံလိမ့္မယ္။

အဲဒါမွ မေက်နပ္ေသးရင္ စာေပတတ္သိတဲ့ တကယ့္ပညာရွိဆရာေတာ္မ်ားထံ ခ်ဥ္းကပ္ေမးျမန္းဦးေပါ့၊ စာေပမတတ္တဲ့ ျဖန္းျဖီးဆရာ၊ ဒကာ ဒကာမကို အလိုလိုက္ျပီး အားနာပါးနာနဲ႔ ညာ၀ါးစားေနတဲ့ သူမ်ိဳးေတြဆီကိုေတာ့ သြားမေနနဲ႔၊ အဲဒီေရာက္ရင္ ပြဲျပင္၊ ပြဲထိုးနဲ႔ ပ်က္မယ့္သာ ၾကံေရာပဲ၊ ဒါအမွန္အတိုင္းေျပာတာ။ သူတို႔ကို ႏွိမ့္ခ်ကဲရဲ႕တာမဟုတ္၊ ကိုယ္ၾကိဳက္ရာကို လြတ္လပ္စြာ ကိုးကြယ္ႏိုင္တာပဲဟာ။

ဒကာ။ ပ႑ိတာနဥၥ ေသ၀နာ မဂၤလာနဲ႔ အညီ ေနပါမည္ ဆရာေတာ္။

-သမၼာမဂၢဂၤပဥွာက်မ္း (အရွင္ၾသဘာသာ ဘိ၀ံသ) မွ
ဆာဦးသြင္၏ အေမးကို ဆရာေတာ္ အရွင္ၾသဘာသာ ဘိ၀ံသ မွ ေျဖဆိုခ်က္

[Unicode]
အထက်ဆရာကြီးတွေ ကိုးကွယ်သူဟာ သီလဗ္ဗတုပါဒါန်ဖြစ်နိုင်ပါသလား

ဒကာ။ ဥပါဒါန်တရားလေးပါးထဲမှာ သီလဗ္ဗတုပါဒါန်ဆိုတာနဲ့ စပ်ပြီးတော့ အထက်ဆရာကြီးတွေ ၀ိဇ္ဇာဓိုရ် ထွက်ရပ်ပေါက်ဆရာကြီးတွေ၊ နတ် သိကြား ဗြဟ္မာကြီးတွေကို ချမ်းသာအောင်စီမံဖန်ဆင်းပေးနိုင်တဲ့ ကယ်တင်ရှင်အနေနဲ့ ကိုးကွယ်ဆည်ကပ်နေတဲ့သူတွေဟာ သီလဗ္ဗတုပါဒါန်ထဲမှာ ပါ၀င်တဲ့ အယူအစွဲ မိစ္ဆာဒိဋ္ဌိတွေပဲလို့ ပြောဆို ငြင်းခုံနေကြတာ မှန်ပါသလား ဆရာတော်၊ ဒီပြသနာက တော်တော်ကြီးထွားနေတယ်ဘုရား၊ ဖြေကြားပါဦး။

ဆရာ။ အင်း...သီလဗ္ဗတ အယူအစွဲ ဥပါဒါန်တရားက အရာကျယ်တယ်၊ ကျွဲလို နွားလို ခွေးလို တိရိစ္ဆာန်တို့၏ အနေအထိုင် သွားလာစားသောက်ပုံတွေကို သဘောကျ နှစ်သက်ကာ ယင်းတို့၏ အလေ့အထကို အတုယူ၍ ကျင့်ခြင်းမျိုး၊ ယင်းတို့၏ ရုပ်ပုံနှင့် ယင်းတို့ကို ကိုးကွယ်ခြင်းမျိုး။

ဒကာကြီးတို့ လျှောက်ထားခဲ့တဲ့ အထက်ဆရာကြီးတွေနဲ့ ၀ိဇ္ဇာဓိုရ် ထွက်ရပ်ပေါက်ဆရာကြီးတွေ၊ နတ် သိကြား ဗြဟ္မာကြီးတွေကို ချမ်းသာသုခဖန်ဆင်းပေးနိုင်တဲ့သူတွေပဲဟု ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်ပူဇော်ခြင်းဖြင့် ဒုက္ခဆင်းရဲမှ လွတ်မြောက်ပြီး ချမ်းသာသုခတွေ ရရှိသွားနိုင်တယ်ဟု အားထား ယုံကြည် ကိုးကွယ်တာမှန်သမျှ သီလဗ္ဗတပရာမာသ ဒိဋ္ဌိတွေချည်းဖြစ်လို့ သီလဗ္ဗတုပါဒါန်တွေချည်းသာ မှတ်ပေတော့၊ နောက်ထပ်မမေးနဲ့၊ ပညာရှိမှန်ရင် လက်ခံလိမ့်မယ်။

အဲဒါမှ မကျေနပ်သေးရင် စာပေတတ်သိတဲ့ တကယ့်ပညာရှိဆရာတော်များထံ ချဉ်းကပ်မေးမြန်းဦးပေါ့၊ စာပေမတတ်တဲ့ ဖြန်းဖြီးဆရာ၊ ဒကာ ဒကာမကို အလိုလိုက်ပြီး အားနာပါးနာနဲ့ ညာဝါးစားနေတဲ့ သူမျိုးတွေဆီကိုတော့ သွားမနေနဲ့၊ အဲဒီရောက်ရင် ပွဲပြင်၊ ပွဲထိုးနဲ့ ပျက်မယ့်သာ ကြံရောပဲ၊ ဒါအမှန်အတိုင်းပြောတာ။ သူတို့ကို နှိမ့်ချကဲရဲ့တာမဟုတ်၊ ကိုယ်ကြိုက်ရာကို လွတ်လပ်စွာ ကိုးကွယ်နိုင်တာပဲဟာ။

ဒကာ။ ပဏ္ဍိတာနဥ္စ သေဝနာ မင်္ဂလာနဲ့ အညီ နေပါမည် ဆရာတော်။

-သမ္မာမဂ္ဂင်္ဂပဥှာကျမ်း (အရှင်သြဘာသာ ဘိ၀ံသ) မှ
ဆာဦးသွင်၏ အမေးကို ဆရာတော် အရှင်သြဘာသာ ဘိ၀ံသ မှ ဖြေဆိုချက်

No comments:

Post a Comment