Monday, August 15, 2016

အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း(၄) (အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း(၄))

[Zawgyi]
အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏ မဟာဗုဒၶဝင္ အပိုင္း(၄)

အရွင္သာရိပုတၱရာ တရားေဟာရန္ ေလွ်ာက္ထားျခင္း
********************************
ျမတ္စြာဘုရားက ဗ်ာဒိတ္ေပးျခင္း အဇိတရဟန္း ေရႊသကၤန္းလွဴဒါန္းျခင္း ဆုေတာင္းျခင္းမ်ားၿပီးၾကေသာအခါ အရွင္သာရိပုတၱရာက အရိေမေတၱယ်ျမတ္စြာဘုရားအေၾကာင္းကို သိခ်င္ေနၾကေသာ ရဟန္းမ်ား၏ အလိုအဇၩာသယကိုသိသျဖင့္ အရွင္ဘုရား အဇိတရဟန္းသည္ ဘယ္ေသာအခါ ဘယ္သို႔ေသာအျခင္းအရာျဖင့္ အရိေမေတၱယ်ဘုရားျဖစ္မယ္ဆိုတဲ႔ အေၾကာင္းကို ေဟာၾကားေတာ္မူပါဘုရားဟုေလွ်ာက္ၾကားေသာအခါ ျမတ္စြာဘုရားက အရဟတၱဖိုလ္ဈ ာန္ဝင္စားၿပီး အဇိတရဟန္း ေနာင္အနာဂတ္ကာလတြင္ အရိေမေတၱယ်ဘုရား ျဖစ္ေတာ္မူမည့္အေၾကာင္းကို ေဟာၾကားေတာ္မူပါသည္။

သာသနာ ( ၅ ) မ်ိဳးကြယ္ပံု
*************************
ခ်စ္သား သာရိပုတၱရာ ငါဘုရားပရိနိဗၺာန္စံၿပီးကာလၾကာေသာ္ တျဖည္းျဖည္းနဲ႔ သာသနာဆုတ္ယုတ္လာၿပီး သာသနာအႏွစ္ငါးေထာင္ျပည့္ေသာအခါတြင္ ငါဘုရားရဲ႕သာသနာေတာ္ႀကီးကြယ္ေပ်ာက္လိမ့္မည္။ ပရိနိဗၺာန္စံခါနီး သုဘတၱပရိဗိုဇ္အားေဟာခဲ႔သည္မွာ "သမၼာဝိဟေနယ်ဳံ " ငါဘုရား၏သာသနာအတြင္းတြင္ေနထိုင္ၾကေသာ ရဟန္း သာမေဏအားလံုး သီလ သမာဓိ ပညာ ျပည့္စံုစြာျဖင့္ ပရိယတ္ ပဋိပတ္ မ်ားျဖင့္ျပည့္စံုၿပီးက်င့္ႀကံအားထုတ္ၾကမည္။ လူဒကာ ဒကာမ မ်ားသည္လည္း ပစၥည္းေလးပါး ေထာက္ပံ႔လွဴဒါန္းမႈမ်ားရွိေနသ၍ ကာလပတ္လံုး အႏွစ္ငါးေထာင္မက ႏွစ္ေပါင္းမ်ားစြာတည္ရွိေနႏိုင္သည္။ သာသနာငါးမ်ိဳးရွိသည္။
၁။ စာသင္ စာခ်ျပဳလုပ္သည္မွာ ပရိယတၱိ သာသနာ။
၂။ တရားေဟာ တရားျပ တရားအားထုတ္သည္မွာ ပဋိပတၱိ သာသနာ။
၃။ မဂ္ ဖိုလ္ နိဗၺာန္ ရသည္မွာ ပဋိေဝဓ သာသနာ
၄။ ရဟန္းအသြင္ သာမေဏအသြင္သည္ လိဂၤ သာသနာ။
၅။ ျမတ္စြာဘုရား၏ ဓာတ္ေတာ္မ်ားသည္ ဓာတု သာသနာ။

ျမတ္စြာဘုရား ပရိနိဗၺာန္စံၿပီးေနာက္ကာလ အႏွစ္တစ္ေထာင္ေလာက္မွစ၍ သာသနာ ငါးမ်ိဳးအစဥ္အတိုင္း ကြယ္လိမ့္မည္။ အႏွစ္တစ္ေထာင္ေက်ာ္ကာလၾကာေသာအခါ တိုင္းျပည္အုပ္ခ်ဳပ္ေသာမင္းတို႔သည္ တရားမေစာင့္လတၱံ႔ ။ မင္း မေစာင့္လတ္ေသာ္ အမတ္စစ္သူႀကီး မေစာင့္လတၱံ႔ ။ အမတ္စစ္သူႀကီးမေစာင့္လတ္ေသာ္ ျပည္သူ နိဂံုးသူတို႔တရားမေစာင့္လတၱ႔ံ ။ ထိုအခါ မိုးေကာင္းစြာမရြာ မရြာေတာ့ ေကာက္ပဲသီးႏံွစပါးမရ ။ မရေတာ့ ဒကာ ဒကာမမ်ား ရဟန္းတို႔အား ပစၥည္းေလးပါး မလွဴႏိုင္။ မလွဴႏိုင္ေသာအခါ လာဘ္လာဘမရ။ ရွားပါးလာမည္။

စာခ်ရဟန္း စာသင္ရဟန္းမ်ားလာဘ္လာဘမရွိ။ လာဘ္လာဘရွားပါးလာေသာအခါစာခ်သူရွား လာဘ္လာဘမ်ား ေပါမ်ားေအာင္ႀကံစည္လုပ္ကိုင္ၾကေသာ ရဟန္းေတာ္မ်ားမ်ားလာေတာ့မည္။ လူဒကာ ဒကာမ မ်ားသည္လည္း စာသင္ စာခ်ေသာ ဘုန္းႀကီးမ်ား အထင္မႀကီး မလွဴဒါန္းၾကေတာ့ေပ။ ထိုအခါ စာသင္ စာခ်ပရိယတၱိ သာသနာ့လုပ္ငန္းမ်ား စိတ္မဝင္စားဘဲ ဘယ္လိုနည္းမ်ိဳးနဲ႔ ပစၥည္းလာဘ္လာဘရပါ့မလဲဟု လူဒကာ ဒကာမ မ်ားအထင္ႀကီးၿပီး ကိုးကြယ္မႈရေအာင္ ၾကည္ညိဳလာေအာင္ႀကိဳးစားၾကေတာ့မည္။ ထိုအရာမ်ားကိုသာ ႀကိဳးစားေနေသာအခါ ပရိယတၱိ သာသနာႀကီးကြယ္ၿပီ။ အေျခခံ ပရိယတ္ စာေပမသင္ မသင္ေတာ့မတတ္ ။ မတတ္ေတာ့ တရားမေဟာႏိုင္ ဝိပသနာတရားမ်ားမျပႏိုင္ေသာအခါ က်င့္ရမည့္တရားမ်ားမသိ။ မသိေတာ့မက်င့္၊ မက်င့္ေသာအခါ ပဋိပတၱိ သာသနာႀကီး ကြယ္လိမ့္မည္။

အေၾကာင္းျဖစ္ေသာ ပရိယတၱိ ပဋိပတၱိသာသနာႏွစ္ခုမရွိေသာအခါ အက်ိဳးျဖစ္ေသာ မဂ္ ဖိုလ္ နိဗၺာန္ မရႏိုင္၍ ပဋိေဝဓသာသနာႀကီးကြယ္လိမ့္မည္။ ထိုအခါ သာသနာ့ဝန္ထမ္းရွင္ရဟန္းမ်ားသည္လည္း ဖန္ရည္စြန္းေသာသကၤန္းကို ဝတ္ရံုထားျခင္းျဖင့္ ဘာအက်ိဳးရွိမလဲဟုထင္ျမင္ယူဆၿပီး ဦးေခါင္းဆံပင္၌ျဖစ္ေစ လည္ပင္း၌ျဖစ္ေစ သကၤန္းစကေလးတစ္ထြာ တစ္မိုက္ ဆုပ္ခ်ီထားၾကၿပီး အိမ္ေထာင္က် မိန္းမယူ သားမယားမ်ားျဖင့္ ေနၾကေတာ့မည္။ စီးပြားေရးမ်ားလုပ္ကိုင္ၾက လယ္လုပ္ ယာလုပ္ အေရာင္းအဝယ္မ်ား လုပ္ၾကေတာ့မည္။ ေလာကီအာရံု ကာမဂုဏ္ေတာထဲမွာပင္ေနၾကေတာ့မည္။ ဤသို႔ေနရာမွ သကၤန္းမ်ားကို တင္ထားၾကလိမ့္မည္။ ထိုအခါ ရဟန္းအသြင္ ကိုရင္အသြင္မ်ားေပ်ာက္၍ လိဂၤ သာသနာႀကီးကြယ္ေလၿပီ။

ပရိနိဗၺာန္ သံုးမ်ဳိး
*****************
ဓာတုသာသနာ ကြယ္သည္ဆိုသည္မွာ ျမတ္စြာဘုရား၏ ဓာတ္ေတာ္မ်ား ပရိနိဗၺာန္စံ ကြယ္ေပ်ာက္ျခင္းျဖစ္သည္။
ဓာတုသာသနာ ပရိနိဗၺာန္စံသည္မွာ သံုးမ်ဳိးရွိသည္။
၁။ ကိေလသ ပရိနိဗၺာန္
၂။ ခႏၶ ပရိနိဗၺာန္
၃။ ဓာတု ပရိနိဗၺာန္ ဟူ၍ျဖစ္သည္။
ကိေလသ ပရိနိဗၺာန္ ဆိုသည္မွာဘုရားျဖစ္ေသာေန႔သည္ ကိေလသ ပရိနိဗၺာန္စံေသာ ေန႔ျဖစ္သည္။ အရဟတၱမဂ္ဥာဏ္ျဖင့္ကိေလသာမ်ားကိုအၿပီးအပိုင္သတ္ျဖတ္လိုက္ေသာအခါ ကိေလသာမ်ား ၿငိမ္း၍ကုန္ခမ္းသြားသည္ကို ကိေလသ ပရိနိဗၺာန္ဟုေခၚသည္။
ခႏၶပရိနိဗၺာန္ဆိုသည္မွာ ျမတ္စြာဘုရား၏ ခႏၶာခ်ဳပ္ၿငိမ္းသြားသည္ကိုဆိုလိုသည္။ မဟာသကၠရာဇ္ ၁၄၈ခု ကဆုန္လျပည့္ေန႔ည သန္းေခါင္ယံေက်ာ္သည့္အခ်ိန္ ကုသိနာရံု မလႅာမင္းတို႔၏ အင္ၾကင္းဥယ်ာဥ္ေတာ္တြင္ ပရိနိဗၺာန္စံဝင္သြားသည္ကို ခႏၶပရိနိဗၺာန္ျပဳသည္ဟုေခၚသည္။
ဓာတုပရိနိဗၺာန္ဆိုသည္မွာ သာသနာ ငါးေထာင္ျပည့္ေသာအခါ လူမ်ားသည္ျမတ္စြာဘုရား၏ သာသနာေတာ္ကို ပူေဇာ္သကၠာရ မျပဳၾကေတာ့ေပ။ထိုအခါ လူ႔ျပည္ နတ္ျပည္ နဂါးျပည္ ဂဠဳန္ျပည္ တို႔တြင္ရွိၾကေသာျမတ္စြာဘုရား၏ ဓာတ္ေတာ္မ်ားအားလံုးသည္ မဟာေဗာဓိပင္သို႔ ေျပာင္းေရႊ႕စုပံု၍ ျမတ္စြာဘုရား သက္ေတာ္ထင္ရွားရွိသကဲ႔သို႔ နိမိၼတပံုသ႑ာန္ ဖန္ဆင္း၍ ယမိုက္ျပာဋိဟာ ျပလိမ့္မည္။
စၾကာဝဠာ တိုက္တစ္ေသာင္းမွာရွိေသာ နတ္ျဗဟၼာအေပါင္းတို႔သည္ ဒီေန႔ျမတ္စြာဘုရား ၏ဓာတ္ေတာ္မ်ား စုေဝး စုပံု၍ ဓာတုပရိနိဗၺာန္စံဝင္ေတာ့မည္ဟုသိရေသာအခါ......

နသတိေလာေကာ
********************
ေလာကႀကီးပ်က္စီးၿပီ။ ေလာကႀကီးအေမွာင္ထုႀကီးဖံုးလႊမ္းသြားၿပီဟုဆို၍နတ္ျဗဟၼာအေပါင္းသည္ငိုေၾကြးၾကေလ
ကုန္၏။ နတ္ျဗဟၼာအေပါင္းသည္ ငိုေၾကြးၾကရင္းျဖင့္ဓာတ္ေတာ္မ်ားစုေဝးရာ ေဗာဓိပင္သို႔လာေရာက္ၾကၿပီး ဖူးေျမာ္ၾက တရားနာလာၾကေသာအခါတြင္ ဓာတ္ေတာ္ေမြေတာ္ အားလံုးတို႔သည္ နိမိတၱဘုရားက ေရာင္ျခည္ေတာ္(၆)ပါးအမ်ဳိးမ်ဳိး အဖံုဖံု လႊတ္၍ ဂႏၶမာဒနေတာင္တြင္ တရားေဟာလိမ့္မည္။ ထိုအခါ နတ္ျဗဟၼာပရိတ္သတ္မ်ား ကုေဋတစ္သိန္း အရိယာပုဂၢိဳလ္မ်ားျဖစ္ၾကလိမ့္မည္။
ဓာတ္ေတာ္ေမြေတာ္ အားလံုး ေတေဇာဓာတ္ေလာင္၍အၾကြင္းအားလံုး ေတေဇာဓာတ္ေလာင္၍ အၾကြင္းမရွိ အႏုပါဒိေသသ နိဗၺာန္စံဝင္လိမ့္မည္။ ထိုအခ်ိန္မွစ၍ သာသနာလံုးဝမရွိေတာ့ပါ။ သာသနာငါးမ်ိဳးလံုး အၿပီးတိုင္ကြယ္ေလၿပီ။
ဆက္ရန္

[အရိေမေတၱယ် ျမတ္စြာဘုရားရွင္၏အနာဂတဝင္ က်မ္းကိုမွီျငမ္း၍ ေရးသားျပဳစုအပ္ေသာ
ဘဒၵႏၲ ဥတၱမေမာဠိ(သာသနာ့ဓဇ ဓမၼာစရိယ) အရွင္သူျမတ္၏
ပန္ခ်င္သူမ်ား ေခါင္းၿဖီးထားစာအုပ္မွ-]

Credit to Daw Yusandi

[Unicode]
အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏ မဟာဗုဒ္ဓဝင် အပိုင်း(၄)

အရှင်သာရိပုတ္တရာ တရားဟောရန် လျှောက်ထားခြင်း
********************************
မြတ်စွာဘုရားက ဗျာဒိတ်ပေးခြင်း အဇိတရဟန်း ရွှေသင်္ကန်းလှူဒါန်းခြင်း ဆုတောင်းခြင်းများပြီးကြသောအခါ အရှင်သာရိပုတ္တရာက အရိမေတ္တေယျမြတ်စွာဘုရားအကြောင်းကို သိချင်နေကြသော ရဟန်းများ၏ အလိုအဇ္ဈာသယကိုသိသဖြင့် အရှင်ဘုရား အဇိတရဟန်းသည် ဘယ်သောအခါ ဘယ်သို့သောအခြင်းအရာဖြင့် အရိမေတ္တေယျဘုရားဖြစ်မယ်ဆိုတဲ့ အကြောင်းကို ဟောကြားတော်မူပါဘုရားဟုလျှောက်ကြားသောအခါ မြတ်စွာဘုရားက အရဟတ္တဖိုလ်ဈ ာန်ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလတွင် အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော်မူပါသည်။

သာသနာ ( ၅ ) မျိုးကွယ်ပုံ
*************************
ချစ်သား သာရိပုတ္တရာ ငါဘုရားပရိနိဗ္ဗာန်စံပြီးကာလကြာသော် တဖြည်းဖြည်းနဲ့ သာသနာဆုတ်ယုတ်လာပြီး သာသနာအနှစ်ငါးထောင်ပြည့်သောအခါတွင် ငါဘုရားရဲ့သာသနာတော်ကြီးကွယ်ပျောက်လိမ့်မည်။ ပရိနိဗ္ဗာန်စံခါနီး သုဘတ္တပရိဗိုဇ်အားဟောခဲ့သည်မှာ "သမ္မာဝိဟနေယျုံ " ငါဘုရား၏သာသနာအတွင်းတွင်နေထိုင်ကြသော ရဟန်း သာမဏေအားလုံး သီလ သမာဓိ ပညာ ပြည့်စုံစွာဖြင့် ပရိယတ် ပဋိပတ် များဖြင့်ပြည့်စုံပြီးကျင့်ကြံအားထုတ်ကြမည်။ လူဒကာ ဒကာမ များသည်လည်း ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းမှုများရှိနေသ၍ ကာလပတ်လုံး အနှစ်ငါးထောင်မက နှစ်ပေါင်းများစွာတည်ရှိနေနိုင်သည်။ သာသနာငါးမျိုးရှိသည်။
၁။ စာသင် စာချပြုလုပ်သည်မှာ ပရိယတ္တိ သာသနာ။
၂။ တရားဟော တရားပြ တရားအားထုတ်သည်မှာ ပဋိပတ္တိ သာသနာ။
၃။ မဂ် ဖိုလ် နိဗ္ဗာန် ရသည်မှာ ပဋိဝေဓ သာသနာ
၄။ ရဟန်းအသွင် သာမဏေအသွင်သည် လိင်္ဂ သာသနာ။
၅။ မြတ်စွာဘုရား၏ ဓာတ်တော်များသည် ဓာတု သာသနာ။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက်ကာလ အနှစ်တစ်ထောင်လောက်မှစ၍ သာသနာ ငါးမျိုးအစဉ်အတိုင်း ကွယ်လိမ့်မည်။ အနှစ်တစ်ထောင်ကျော်ကာလကြာသောအခါ တိုင်းပြည်အုပ်ချုပ်သောမင်းတို့သည် တရားမစောင့်လတ္တံ့ ။ မင်း မစောင့်လတ်သော် အမတ်စစ်သူကြီး မစောင့်လတ္တံ့ ။ အမတ်စစ်သူကြီးမစောင့်လတ်သော် ပြည်သူ နိဂုံးသူတို့တရားမစောင့်လတ္တ့ံ ။ ထိုအခါ မိုးကောင်းစွာမရွာ မရွာတော့ ကောက်ပဲသီးနှံစပါးမရ ။ မရတော့ ဒကာ ဒကာမများ ရဟန်းတို့အား ပစ္စည်းလေးပါး မလှူနိုင်။ မလှူနိုင်သောအခါ လာဘ်လာဘမရ။ ရှားပါးလာမည်။

စာချရဟန်း စာသင်ရဟန်းများလာဘ်လာဘမရှိ။ လာဘ်လာဘရှားပါးလာသောအခါစာချသူရှား လာဘ်လာဘများ ပေါများအောင်ကြံစည်လုပ်ကိုင်ကြသော ရဟန်းတော်များများလာတော့မည်။ လူဒကာ ဒကာမ များသည်လည်း စာသင် စာချသော ဘုန်းကြီးများ အထင်မကြီး မလှူဒါန်းကြတော့ပေ။ ထိုအခါ စာသင် စာချပရိယတ္တိ သာသနာ့လုပ်ငန်းများ စိတ်မဝင်စားဘဲ ဘယ်လိုနည်းမျိုးနဲ့ ပစ္စည်းလာဘ်လာဘရပါ့မလဲဟု လူဒကာ ဒကာမ များအထင်ကြီးပြီး ကိုးကွယ်မှုရအောင် ကြည်ညိုလာအောင်ကြိုးစားကြတော့မည်။ ထိုအရာများကိုသာ ကြိုးစားနေသောအခါ ပရိယတ္တိ သာသနာကြီးကွယ်ပြီ။ အခြေခံ ပရိယတ် စာပေမသင် မသင်တော့မတတ် ။ မတတ်တော့ တရားမဟောနိုင် ဝိပသနာတရားများမပြနိုင်သောအခါ ကျင့်ရမည့်တရားများမသိ။ မသိတော့မကျင့်၊ မကျင့်သောအခါ ပဋိပတ္တိ သာသနာကြီး ကွယ်လိမ့်မည်။

အကြောင်းဖြစ်သော ပရိယတ္တိ ပဋိပတ္တိသာသနာနှစ်ခုမရှိသောအခါ အကျိုးဖြစ်သော မဂ် ဖိုလ် နိဗ္ဗာန် မရနိုင်၍ ပဋိဝေဓသာသနာကြီးကွယ်လိမ့်မည်။ ထိုအခါ သာသနာ့ဝန်ထမ်းရှင်ရဟန်းများသည်လည်း ဖန်ရည်စွန်းသောသင်္ကန်းကို ဝတ်ရုံထားခြင်းဖြင့် ဘာအကျိုးရှိမလဲဟုထင်မြင်ယူဆပြီး ဦးခေါင်းဆံပင်၌ဖြစ်စေ လည်ပင်း၌ဖြစ်စေ သင်္ကန်းစကလေးတစ်ထွာ တစ်မိုက် ဆုပ်ချီထားကြပြီး အိမ်ထောင်ကျ မိန်းမယူ သားမယားများဖြင့် နေကြတော့မည်။ စီးပွားရေးများလုပ်ကိုင်ကြ လယ်လုပ် ယာလုပ် အရောင်းအဝယ်များ လုပ်ကြတော့မည်။ လောကီအာရုံ ကာမဂုဏ်တောထဲမှာပင်နေကြတော့မည်။ ဤသို့နေရာမှ သင်္ကန်းများကို တင်ထားကြလိမ့်မည်။ ထိုအခါ ရဟန်းအသွင် ကိုရင်အသွင်များပျောက်၍ လိင်္ဂ သာသနာကြီးကွယ်လေပြီ။

ပရိနိဗ္ဗာန် သုံးမျိုး
*****************
ဓာတုသာသနာ ကွယ်သည်ဆိုသည်မှာ မြတ်စွာဘုရား၏ ဓာတ်တော်များ ပရိနိဗ္ဗာန်စံ ကွယ်ပျောက်ခြင်းဖြစ်သည်။
ဓာတုသာသနာ ပရိနိဗ္ဗာန်စံသည်မှာ သုံးမျိုးရှိသည်။
၁။ ကိလေသ ပရိနိဗ္ဗာန်
၂။ ခန္ဓ ပရိနိဗ္ဗာန်
၃။ ဓာတု ပရိနိဗ္ဗာန် ဟူ၍ဖြစ်သည်။
ကိလေသ ပရိနိဗ္ဗာန် ဆိုသည်မှာဘုရားဖြစ်သောနေ့သည် ကိလေသ ပရိနိဗ္ဗာန်စံသော နေ့ဖြစ်သည်။ အရဟတ္တမဂ်ဉာဏ်ဖြင့်ကိလေသာများကိုအပြီးအပိုင်သတ်ဖြတ်လိုက်သောအခါ ကိလေသာများ ငြိမ်း၍ကုန်ခမ်းသွားသည်ကို ကိလေသ ပရိနိဗ္ဗာန်ဟုခေါ်သည်။
ခန္ဓပရိနိဗ္ဗာန်ဆိုသည်မှာ မြတ်စွာဘုရား၏ ခန္ဓာချုပ်ငြိမ်းသွားသည်ကိုဆိုလိုသည်။ မဟာသက္ကရာဇ် ၁၄၈ခု ကဆုန်လပြည့်နေ့ည သန်းခေါင်ယံကျော်သည့်အချိန် ကုသိနာရုံ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော်တွင် ပရိနိဗ္ဗာန်စံဝင်သွားသည်ကို ခန္ဓပရိနိဗ္ဗာန်ပြုသည်ဟုခေါ်သည်။
ဓာတုပရိနိဗ္ဗာန်ဆိုသည်မှာ သာသနာ ငါးထောင်ပြည့်သောအခါ လူများသည်မြတ်စွာဘုရား၏ သာသနာတော်ကို ပူဇော်သက္ကာရ မပြုကြတော့ပေ။ထိုအခါ လူ့ပြည် နတ်ပြည် နဂါးပြည် ဂဠုန်ပြည် တို့တွင်ရှိကြသောမြတ်စွာဘုရား၏ ဓာတ်တော်များအားလုံးသည် မဟာဗောဓိပင်သို့ ပြောင်းရွှေ့စုပုံ၍ မြတ်စွာဘုရား သက်တော်ထင်ရှားရှိသကဲ့သို့ နိမ္မိတပုံသဏ္ဍာန် ဖန်ဆင်း၍ ယမိုက်ပြာဋိဟာ ပြလိမ့်မည်။
စကြာဝဠာ တိုက်တစ်သောင်းမှာရှိသော နတ်ဗြဟ္မာအပေါင်းတို့သည် ဒီနေ့မြတ်စွာဘုရား ၏ဓာတ်တော်များ စုဝေး စုပုံ၍ ဓာတုပရိနိဗ္ဗာန်စံဝင်တော့မည်ဟုသိရသောအခါ......

နသတိလောကော
********************
လောကကြီးပျက်စီးပြီ။ လောကကြီးအမှောင်ထုကြီးဖုံးလွှမ်းသွားပြီဟုဆို၍နတ်ဗြဟ္မာအပေါင်းသည်ငိုကြွေးကြလေ
ကုန်၏။ နတ်ဗြဟ္မာအပေါင်းသည် ငိုကြွေးကြရင်းဖြင့်ဓာတ်တော်များစုဝေးရာ ဗောဓိပင်သို့လာရောက်ကြပြီး ဖူးမြော်ကြ တရားနာလာကြသောအခါတွင် ဓာတ်တော်မွေတော် အားလုံးတို့သည် နိမိတ္တဘုရားက ရောင်ခြည်တော်(၆)ပါးအမျိုးမျိုး အဖုံဖုံ လွှတ်၍ ဂန္ဓမာဒနတောင်တွင် တရားဟောလိမ့်မည်။ ထိုအခါ နတ်ဗြဟ္မာပရိတ်သတ်များ ကုဋေတစ်သိန်း အရိယာပုဂ္ဂိုလ်များဖြစ်ကြလိမ့်မည်။
ဓာတ်တော်မွေတော် အားလုံး တေဇောဓာတ်လောင်၍အကြွင်းအားလုံး တေဇောဓာတ်လောင်၍ အကြွင်းမရှိ အနုပါဒိသေသ နိဗ္ဗာန်စံဝင်လိမ့်မည်။ ထိုအချိန်မှစ၍ သာသနာလုံးဝမရှိတော့ပါ။ သာသနာငါးမျိုးလုံး အပြီးတိုင်ကွယ်လေပြီ။
ဆက်ရန်

[အရိမေတ္တေယျ မြတ်စွာဘုရားရှင်၏အနာဂတဝင် ကျမ်းကိုမှီငြမ်း၍ ရေးသားပြုစုအပ်သော
ဘဒ္ဒန္တ ဥတ္တမမောဠိ(သာသနာ့ဓဇ ဓမ္မာစရိယ) အရှင်သူမြတ်၏
ပန်ချင်သူများ ခေါင်းဖြီးထားစာအုပ်မှ-]

Credit to Daw Yusandi

No comments:

Post a Comment