[Zawgyi]
သီလရွင္ စတင္ျဖစ္ေပၚလာပံု
===================
သီလရွင္အေၾကာင္းနဲ႔ပတ္သတ္ၿပီး ဆရာရေ၀ထြန္း ေရးသား ထားတဲ့ ဘိကၡဳနီသာသနာနဲ႔သီလရွင္ သမိုင္းစာအုပ္ကုိ ေလ့လာခဲ့ပါတယ္။ အဲဒီမွာေဖာ္ျပထားတာ က သီလရွင္ေတြဟာ ဘိကၡဳနီသာသနာ ကြယ္ၿပီး သာသနာႏွစ္ကိုးရာေက်ာ္၊ ေအဒီသံုးရာစု ၀န္းက်င္ေလာက္မွာ သီလရွင္စတင္ျဖစ္ေပၚလာတယ္လုိ႔ မွတ္ခ်က္ျပဳထားတာ ေတြ႕ရပါတယ္။
ဘိကၡဳနီသာသနာဟာ သီဟုိဠ္ကၽြန္းတြင္ ေအဒီသံုးရာစု၀န္း က်င္မွာ ေနာက္ဆံုးတည္ရွိခဲ့ၿပီး ကြယ္ေပ်ာက္သြားခဲ့တယ္လုိ႔ ဘိကၡဳနီသာသနာအေၾကာင္းေရးသားထားတဲ့ တရုတ္ရဟန္းေတာ္ ဖာဟီယန္မွတ္တမ္းက ဆုိပါတယ္။
အဲဒီလုိ ဘိကၡဳနီသာသနာကြယ္ၿပီးေနာက္ပုိင္း သာသနာႏွစ္ (၉၀၀)ကေန (၁၄၀၀) အတြင္း (ေအဒီသံုးရာစုကေန ေအဒီကိုးရာစု) ပ်ဳေခတ္မွာ ပ်ဳအမ်ဳိးသမီးမ်ား သီလရွင္၀တ္လာၾကပါတယ္။ အဲဒီတုန္းက သီလရွင္ကိုေတာ့ ပရိဗိုဇ္မယ္လို႔ ေခၚပါတယ္။ အဲဒီကေန ပုဂံေခတ္၊ အင္း၀ေခတ္အထိ သီလရွင္မ်ား အဆက္ဆက္ထြန္းကားလာၿပီး ကုန္းေဘာင္ေခတ္ထိ ေရာက္လာပါတယ္။ ကုန္းေဘာင္ေခတ္တြင္ မယ္ေခမာအမည္ရွိတဲ့ သီလရွင္မယ္ကင္းတို႔ေခတ္မွာ သီလရွင္မ်ား ပုိမုိထင္ရွားလာပါတယ္။ အဲဒီလုိ ထင္ရွားလာရာကေန တျဖည္းျဖည္းခ်င္း သီလရွင္၀တ္ၾကသူ အမ်ိဳးသမီးမ်ားေပါမ်ားတာေၾကာင့္ သီလရွင္မ်ား ယခုအခ်ိန္ထိ ထြန္းကားေနျခင္း ျဖစ္ပါတယ္။ ဒါကေတာ့ သီလရွင္စတင္ျဖစ္ေပၚလာပံုပါ။
Credit: လူဗိုလ္
Copy from: Myanmar Medicine Media
[Unicode]
သီလရှင် စတင်ဖြစ်ပေါ်လာပုံ
===================
သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာ ကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ၀န်းကျင်လောက်မှာ သီလရှင်စတင်ဖြစ်ပေါ်လာတယ်လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။
ဘိက္ခုနီသာသနာဟာ သီဟိုဠ်ကျွန်းတွင် အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံးတည်ရှိခဲ့ပြီး ကွယ်ပျောက်သွားခဲ့တယ်လို့ ဘိက္ခုနီသာသနာအကြောင်းရေးသားထားတဲ့ တရုတ်ရဟန်းတော် ဖာဟီယန်မှတ်တမ်းက ဆိုပါတယ်။
အဲဒီလို ဘိက္ခုနီသာသနာကွယ်ပြီးနောက်ပိုင်း သာသနာနှစ် (၉၀၀)ကနေ (၁၄၀၀) အတွင်း (အေဒီသုံးရာစုကနေ အေဒီကိုးရာစု) ပျုခေတ်မှာ ပျုအမျိုးသမီးများ သီလရှင်ဝတ်လာကြပါတယ်။ အဲဒီတုန်းက သီလရှင်ကိုတော့ ပရိဗိုဇ်မယ်လို့ ခေါ်ပါတယ်။ အဲဒီကနေ ပုဂံခေတ်၊ အင်းဝခေတ်အထိ သီလရှင်များ အဆက်ဆက်ထွန်းကားလာပြီး ကုန်းဘောင်ခေတ်ထိ ရောက်လာပါတယ်။ ကုန်းဘောင်ခေတ်တွင် မယ်ခေမာအမည်ရှိတဲ့ သီလရှင်မယ်ကင်းတို့ခေတ်မှာ သီလရှင်များ ပိုမိုထင်ရှားလာပါတယ်။ အဲဒီလို ထင်ရှားလာရာကနေ တဖြည်းဖြည်းချင်း သီလရှင်ဝတ်ကြသူ အမျိုးသမီးများပေါများတာကြောင့် သီလရှင်များ ယခုအချိန်ထိ ထွန်းကားနေခြင်း ဖြစ်ပါတယ်။ ဒါကတော့ သီလရှင်စတင်ဖြစ်ပေါ်လာပုံပါ။
Credit: လူဗိုလ်
Copy from: Myanmar Medicine Media
No comments:
Post a Comment