Thursday, August 11, 2016

စရိုက္ ႏွင့္ သမထ ကမၼ႒ာန္း (စရိုက် နှင့် သမထ ကမ္မဋ္ဌာန်း)

[Zawgyi]
စရိုက္ ႏွင့္ သမထပိုင္းမွ ကမၼ႒ာန္း။
(၀ိပသနာအလုပ္သည္ ဉာဏ္အလုပ္ - မိုးကုတ္ဆရာေတာ္ႀကီး)

စရုိက္
စရုိက္ဆိုသည္မွာပင္ကိုရုိးရာသူတကာျဖစ္ေနက်ထက္လြန္လြန္ကဲကဲျဖစ္တတ္သည္ကိုေခၚသည္။

စရိုက္ ၆ ပါး
စရိုက္ ၆ ပါး အျပားရွိ၏ ၊ ထိုေျခာက္ပါးကား...
၁ ။ ရာဂ စရုိက္ ...ဝတၱဳကာမ၊ကိေလသာကာမတို ့၌လြန္ကဲစြာကပ္ျငိတတ္ေသာအက်င့္၊
၂ ။ ေဒါသစရိုက္ ... အာဃာတ ၊ ဣသာ၊ မစၦရိယစသည္တို ့၌လြန္ကဲသည့္အက်င့္ ၊
၃ ။ ေမာဟစရိုက္ ... ထိုင္းမႈိင္းေတြေဝျခင္းလြန္ကဲသည့္အက်င့္ ၊
၄ ။ သဒၵါစရိုက္ .... ယံုၾကည္လြယ္ေလ့ရွိေသာ အက်င့္ ၊
၅ ။ ဝိတက္စရိုက္ ..... စိတ္ကူးယဥ္တတ္ေသာအက်င့္ ၊
၆ ။ ပညာစရိုက္ ....အရာရာ၌အေၾကာင္းအက်ိဳးအေကာင္းအဆိုးတို ့ကိုဆင္ျခင္တတ္ေသာအက်င့္

စရိုက္ ၆ ပါးႏွင့္သင့္ေလွ်ာ္ေသာကမၼဌာန္း
၁ ။ ရာဂစရိုက္ရွိေသာသူသည္ အသုဘ ၁၀ ပါး၊
ကာယဂတာသတိ ဤ ၁၁ ပါးေသာကမၼဌာန္းတို ့ႏွင့္သင့္ေလွ်ာ္ေပသည္။

၂ ။ ေဒါသစရိုက္ရွိေသာသူသည္
ေမတၱာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥေပကၡာ ဟူေသာအပၸမညာ ( ျဗဟၼစိုရ္ ) ေလးပါး၊
နီလ ၊ ပီတ ၊ ေလာဟိတ ၊ ၾသဒါတ ၊ ဟုဆိုအပ္ေသာ ဝဏၰကသိုဏ္း ၄ ပါး၊
ဤ ၈ ပါးေသာကမၼဌာန္းတို ့ႏွင့္သင့္ေတာ္သည္ ။

၃ ။ ေမာဟႏွင့္ ဝိတက္စရိုက္ရွိေသာသူသည္ ထြက္ေလဝင္ေလကိုႏွာသီးဖ်ား၌ ရႈမွတ္ေသာ အာနာပါနသတိကမၼဌာန္းႏွင့္ သင့္ေလွ်ာ္သည္ ။

၄ ။ သဒၵါစရိုက္ရွိေသာသူသည္ ဗုဒၶါနုသတိ ၊ ဓမၼာနုသတိ ၊ သံဃာနုသတိ ၊ သီလာနုသတိ ၊ စာဂါနုသတိ ၊ ေဒဝတာနုသတိ ၊ ဤ ၆ ပါးေသာကမၼဌာန္းတို ့ႏွင့္ သင့္ေလွ်ာ္သည္ ။

၅ ။ ပညာစရိုက္ရွိေသာသူသည္ မရဏာနုသတိ ၊ ဥပသမာနုသတိ ၊ (နိဗၺာန္ကိုအာရံုျပဳျခင္း ) ၊ စတုဓာတုဝဝတၳာန္( ဓာတ္ၾကီးေလးပါးရႈမွတ္ျခင္း) ၊ အာဟာေရပဋိကူလသညာ ၊ ဤ ၄ ပါးေသာ ကမၼဌာန္းတို ့ႏွင့္သင့္ေလွ်ာ္သည္ ။

ထိုသို ့ဆိုခဲ့ျပီးေသာ ၃၀ ေသာကမၼဌာန္းတို ့မွၾကြင္းကုန္ေသာ ပထဝီ ၊ အာေပါ ၊ ေတေဇာ ၊ ဝါေယာ ၊အာကာသ ၊ အာေလာက ဟုဆိုအပ္ေသာ ကသိုဏ္း ၆ ပါး ၊ အရုပၸ ၄ ပါး ၊ ဤ ၁၀ ပါးေသာကမၼဌာန္းတို ့သည္ အလံုးစံုေသာစရိုက္ ၆ ပါးလံုးႏွင့္ သင့္ေလွ်ာ္သည္ ။

-ကသိုဏ္းတို ့တြင္ အလံုးစံုငယ္ေသာ ကသိုဏ္းဝန္းသည္ ဝိတက္စရိုက္ရွိသူအား သင့္ေလွ်ာ္သည္ ။

-ၾကီးေသာကသိုဏ္းဝန္းသည္ ေမာဟစရိုက္ရွိသူအားသင့္ေလွ်ာ္သည္ ။

-ရာဂ ကိုပယ္ျခင္းငွါ အသုဘကမၼဌာန္းကိုပြါးအပ္သည္ ။

-ေဒါသကိုပယ္ျခင္းငွါ ေမတၱာကိုပြါးအပ္သည္။

-ဝိတက္ကိုပယ္ျခင္းငွါ အာနာပါနသတိကို ပြါးအပ္သည္ ။

-မာနကိုပယ္ျခင္းငွါ အနိစၥသညာ ကိုပြါးအပ္သည္ ။

ကမၼဌာန္း အားထုတ္လို သူတိုသည္ ျပဆိုခဲ့ေသာ ကမၼဌာန္း (၄၀)တို ့တြင္ မိမိတို ့၏စရိုက္ႏွင့္ သင့္ ၊မသင့္ ႏႈိင္းခ်ိန္၍ သင့္ေလွ်ာ္မည္ထင္ေသာ ကမၼဌာန္း တစ္ခုခုကို ပြါးမ်ားအားထုတ္သင့္ေလသည္ ။

(သာသနာေရးဝန္ၾကီးဌာန မွထုတ္ေဝေသာ ဗုဒၶဘာသာေကာင္းတစ္ေယာက္ စာအုပ္ စာမ်က္ႏွာ ၄၃၆ မွ ကူးယူေဖာ္ျပပါသည္ ။)

[Unicode]
စရိုက် နှင့် သမထပိုင်းမှ ကမ္မဋ္ဌာန်း။
(၀ိပသနာအလုပ်သည် ဉာဏ်အလုပ် - မိုးကုတ်ဆရာတော်ကြီး)

စရိုက်
စရိုက်ဆိုသည်မှာပင်ကိုရိုးရာသူတကာဖြစ်နေကျထက်လွန်လွန်ကဲကဲဖြစ်တတ်သည်ကိုခေါ်သည်။

စရိုက် ၆ ပါး
စရိုက် ၆ ပါး အပြားရှိ၏ ၊ ထိုခြောက်ပါးကား...
၁ ။ ရာဂ စရိုက် ...ဝတ္တုကာမ၊ကိလေသာကာမတို ့၌လွန်ကဲစွာကပ်ငြိတတ်သောအကျင့်၊
၂ ။ ဒေါသစရိုက် ... အာဃာတ ၊ ဣသာ၊ မစ္ဆရိယစသည်တို ့၌လွန်ကဲသည့်အကျင့် ၊
၃ ။ မောဟစရိုက် ... ထိုင်းမှိုင်းတွေဝေခြင်းလွန်ကဲသည့်အကျင့် ၊
၄ ။ သဒ္ဒါစရိုက် .... ယုံကြည်လွယ်လေ့ရှိသော အကျင့် ၊
၅ ။ ဝိတက်စရိုက် ..... စိတ်ကူးယဉ်တတ်သောအကျင့် ၊
၆ ။ ပညာစရိုက် ....အရာရာ၌အကြောင်းအကျိုးအကောင်းအဆိုးတို ့ကိုဆင်ခြင်တတ်သောအကျင့်

စရိုက် ၆ ပါးနှင့်သင့်လျှော်သောကမ္မဌာန်း
၁ ။ ရာဂစရိုက်ရှိသောသူသည် အသုဘ ၁၀ ပါး၊
ကာယဂတာသတိ ဤ ၁၁ ပါးသောကမ္မဌာန်းတို ့နှင့်သင့်လျှော်ပေသည်။

၂ ။ ဒေါသစရိုက်ရှိသောသူသည်
မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ဟူသောအပ္ပမညာ ( ဗြဟ္မစိုရ် ) လေးပါး၊
နီလ ၊ ပီတ ၊ လောဟိတ ၊ သြဒါတ ၊ ဟုဆိုအပ်သော ဝဏ္ဏကသိုဏ်း ၄ ပါး၊
ဤ ၈ ပါးသောကမ္မဌာန်းတို ့နှင့်သင့်တော်သည် ။

၃ ။ မောဟနှင့် ဝိတက်စရိုက်ရှိသောသူသည် ထွက်လေဝင်လေကိုနှာသီးဖျား၌ ရှုမှတ်သော အာနာပါနသတိကမ္မဌာန်းနှင့် သင့်လျှော်သည် ။

၄ ။ သဒ္ဒါစရိုက်ရှိသောသူသည် ဗုဒ္ဓါနုသတိ ၊ ဓမ္မာနုသတိ ၊ သံဃာနုသတိ ၊ သီလာနုသတိ ၊ စာဂါနုသတိ ၊ ဒေဝတာနုသတိ ၊ ဤ ၆ ပါးသောကမ္မဌာန်းတို ့နှင့် သင့်လျှော်သည် ။

၅ ။ ပညာစရိုက်ရှိသောသူသည် မရဏာနုသတိ ၊ ဥပသမာနုသတိ ၊ (နိဗ္ဗာန်ကိုအာရုံပြုခြင်း ) ၊ စတုဓာတုဝဝတ္ထာန်( ဓာတ်ကြီးလေးပါးရှုမှတ်ခြင်း) ၊ အာဟာရေပဋိကူလသညာ ၊ ဤ ၄ ပါးသော ကမ္မဌာန်းတို ့နှင့်သင့်လျှော်သည် ။

ထိုသို ့ဆိုခဲ့ပြီးသော ၃၀ သောကမ္မဌာန်းတို ့မှကြွင်းကုန်သော ပထဝီ ၊ အာပေါ ၊ တေဇော ၊ ဝါယော ၊အာကာသ ၊ အာလောက ဟုဆိုအပ်သော ကသိုဏ်း ၆ ပါး ၊ အရုပ္ပ ၄ ပါး ၊ ဤ ၁၀ ပါးသောကမ္မဌာန်းတို ့သည် အလုံးစုံသောစရိုက် ၆ ပါးလုံးနှင့် သင့်လျှော်သည် ။

-ကသိုဏ်းတို ့တွင် အလုံးစုံငယ်သော ကသိုဏ်းဝန်းသည် ဝိတက်စရိုက်ရှိသူအား သင့်လျှော်သည် ။

-ကြီးသောကသိုဏ်းဝန်းသည် မောဟစရိုက်ရှိသူအားသင့်လျှော်သည် ။

-ရာဂ ကိုပယ်ခြင်းငှါ အသုဘကမ္မဌာန်းကိုပွါးအပ်သည် ။

-ဒေါသကိုပယ်ခြင်းငှါ မေတ္တာကိုပွါးအပ်သည်။

-ဝိတက်ကိုပယ်ခြင်းငှါ အာနာပါနသတိကို ပွါးအပ်သည် ။

-မာနကိုပယ်ခြင်းငှါ အနိစ္စသညာ ကိုပွါးအပ်သည် ။

ကမ္မဌာန်း အားထုတ်လို သူတိုသည် ပြဆိုခဲ့သော ကမ္မဌာန်း (၄၀)တို ့တွင် မိမိတို ့၏စရိုက်နှင့် သင့် ၊မသင့် နှိုင်းချိန်၍ သင့်လျှော်မည်ထင်သော ကမ္မဌာန်း တစ်ခုခုကို ပွါးများအားထုတ်သင့်လေသည် ။

(သာသနာရေးဝန်ကြီးဌာန မှထုတ်ဝေသော ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ် စာမျက်နှာ ၄၃၆ မှ ကူးယူဖော်ပြပါသည် ။)

No comments:

Post a Comment