[Zawgyi]
ျမတ္ဗုဒၶ စကားသည္ ပထမ(အစ)၊ မဇၩိမ(အလယ္)၊ ပစၧိမ(အဆုံး) အစြမ္းအားျဖင့္ကား သံုးပါးအျပား ရိွ၏။
(၁) ပထမ ဗုဒၶ ဝစန - ေရွးဦးစြာ ဘုရားစကား၊
* (ဘုရားအျဖစ္သို႔ ေရာက္ေသာအခါ ဝမ္းေျမာက္ရႊင္ျမဴး ၾကည္ႏူးလွသျဖင့္ ရင့္က်ဴးလုိက္ေသာ မဂၤလာအတိၿပီးေသာ ဥဒါန္းစကား။ “အေနကဇာတိ …. ခယမဇၩဂါ” )
(၂) မဇၩိမ ဗုဒၶ ဝစန - အလယ္ျဖစ္ေသာ ဘုရားစကား၊
* (ပထမ ဗုဒၶဝစနမွ ေနာက္ဆံုး ဗုဒၶဝစန တုိင္ေအာင္ အလယ္စပ္ၾကား၌ ျမတ္ဗုဒၶ ႁမြတ္ၾကားသမွ်ေသာ စကား။)
(၃) ပစၧိမ ဗုဒၶ ဝစန - အဆံုးစြန္ေသာ ဘုရားစကား၊
* (မဟာပရိနိဗၺာန္ျပဳခါနီး ဘုရားရွင္တုိင္ မိန္႔ၾကားေတာ္ မူခဲ့ေသာ ေနာက္ဆံုး စကား။ “ဟႏၵ ဒါနိ ….. သမၸေဒထ” )
ပထမဆုံး ဘုရားစကားေတာ္
အႀကိမ္ႀကိမ္ ပဋိသေႏၶေနရျခင္းဟာ ဆင္းရဲပင္ပန္းလွတယ္။ ငါဟာ ခႏၶာအိမ္ကို တည္ေဆာက္သူ တဏွာ လက္သမားကို စူးစမ္းရွာေဖြ မရႏိုင္တဲ့အတြက္ ဘဝမ်ားစြာ သံသရာတေလွ်ာက္ က်င္လည္ခဲ့ရၿပီ။ တဏွာေယာက္်ားလက္သမား၊ ယခု သင့္ကို ငါေတြ႔ၿပီ၊ သင္ဟာ ခႏၶာကိုယ္တည္းဟူေသာ အိမ္သစ္ကို ေနာက္ထပ္ေဆာက္ခြင့္မရွိေတာ့ၿပီ၊ ခႏၶာအိမ္တည္ေဆာက္ရာမွာ ထုပ္၊ ေလ်ာက္၊ ဒိုင္းျမွားအျဖစ္ အသံုးျပဳရတဲ့ ကိေလသာတရားေတြကို ငါဖ်က္ဆီး ေခ်မႈန္းပစ္ၿပီ၊ မသိမႈအဝိဇၨာဆိုတဲ့အိမ္ရဲ့ အထြတ္ကိုလည္း ငါ ဖ်က္ဆီးလိုက္ၿပီ၊ ငါရဲ့စိတ္ေတာ္အစဥ္ဟာ ျပဳျပင္စီရင္မႈ ကင္းရာ နိဗၺာန္ကို မ်က္ေမွာက္ျပဳႏိုင္ၿပီ၊ ငါဟာ တဏွာကုန္ရာ အရဟတၱဖိုလ္သို႔ေရာက္ၿပီ၊ ဘုရားစင္စစ္ျဖစ္ေတာ္မူၿပီ။
ေနာက္ဆုံးဘုရားစကား
“ဟႏၵ ဒါနိ ဘိကၡေဝ၊ အာမႏၱယာမိ ေဝါ။ ဝယဓမၼာ သခၤါရာ၊ အပၸမာေဒန သမၸာေဒထ။”
(ခ်စ္သားခ်စ္သမီးတို႔ ငါဘုရား ေနာက္ဆံုးအေနနဲ႔မွာၾကား တိုက္တြန္းလိုသည္မွာ အလံုးစံုေသာ သခၤါရတရားအားလံုးဟာ ပ်က္စီးျခင္းသေဘာမွာသာ အဆံုးသတ္ေသာေၾကာင့္ မေမ့မေလ်ာ့ မေပါ့ဆေသာ သတိျဖင့္ မိမိတို႔ကိစၥၿပီးေအာင္ အားထုတ္ၾကပါကုန္ေလာ့။)
Credit: မနာပဒါယီ အရွင္ဝိစိတၱ
[Unicode]
မြတ်ဗုဒ္ဓ စကားသည် ပထမ(အစ)၊ မဇ္ဈိမ(အလယ်)၊ ပစ္ဆိမ(အဆုံး) အစွမ်းအားဖြင့်ကား သုံးပါးအပြား ရှိ၏။
(၁) ပထမ ဗုဒ္ဓ ဝစန - ရှေးဦးစွာ ဘုရားစကား၊
* (ဘုရားအဖြစ်သို့ ရောက်သောအခါ ဝမ်းမြောက်ရွှင်မြူး ကြည်နူးလှသဖြင့် ရင့်ကျူးလိုက်သော မင်္ဂလာအတိပြီးသော ဥဒါန်းစကား။ “အနေကဇာတိ …. ခယမဇ္ဈဂါ” )
(၂) မဇ္ဈိမ ဗုဒ္ဓ ဝစန - အလယ်ဖြစ်သော ဘုရားစကား၊
* (ပထမ ဗုဒ္ဓဝစနမှ နောက်ဆုံး ဗုဒ္ဓဝစန တိုင်အောင် အလယ်စပ်ကြား၌ မြတ်ဗုဒ္ဓ မြွတ်ကြားသမျှသော စကား။)
(၃) ပစ္ဆိမ ဗုဒ္ဓ ဝစန - အဆုံးစွန်သော ဘုရားစကား၊
* (မဟာပရိနိဗ္ဗာန်ပြုခါနီး ဘုရားရှင်တိုင် မိန့်ကြားတော် မူခဲ့သော နောက်ဆုံး စကား။ “ဟန္ဒ ဒါနိ ….. သမ္ပဒေထ” )
ပထမဆုံး ဘုရားစကားတော်
အကြိမ်ကြိမ် ပဋိသန္ဓေနေရခြင်းဟာ ဆင်းရဲပင်ပန်းလှတယ်။ ငါဟာ ခန္ဓာအိမ်ကို တည်ဆောက်သူ တဏှာ လက်သမားကို စူးစမ်းရှာဖွေ မရနိုင်တဲ့အတွက် ဘဝများစွာ သံသရာတလျှောက် ကျင်လည်ခဲ့ရပြီ။ တဏှာယောက်ျားလက်သမား၊ ယခု သင့်ကို ငါတွေ့ပြီ၊ သင်ဟာ ခန္ဓာကိုယ်တည်းဟူသော အိမ်သစ်ကို နောက်ထပ်ဆောက်ခွင့်မရှိတော့ပြီ၊ ခန္ဓာအိမ်တည်ဆောက်ရာမှာ ထုပ်၊ လျောက်၊ ဒိုင်းမြှားအဖြစ် အသုံးပြုရတဲ့ ကိလေသာတရားတွေကို ငါဖျက်ဆီး ချေမှုန်းပစ်ပြီ၊ မသိမှုအဝိဇ္ဇာဆိုတဲ့အိမ်ရဲ့ အထွတ်ကိုလည်း ငါ ဖျက်ဆီးလိုက်ပြီ၊ ငါရဲ့စိတ်တော်အစဉ်ဟာ ပြုပြင်စီရင်မှု ကင်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီ၊ ငါဟာ တဏှာကုန်ရာ အရဟတ္တဖိုလ်သို့ရောက်ပြီ၊ ဘုရားစင်စစ်ဖြစ်တော်မူပြီ။
နောက်ဆုံးဘုရားစကား
“ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ။ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။”
(ချစ်သားချစ်သမီးတို့ ငါဘုရား နောက်ဆုံးအနေနဲ့မှာကြား တိုက်တွန်းလိုသည်မှာ အလုံးစုံသော သင်္ခါရတရားအားလုံးဟာ ပျက်စီးခြင်းသဘောမှာသာ အဆုံးသတ်သောကြောင့် မမေ့မလျော့ မပေါ့ဆသော သတိဖြင့် မိမိတို့ကိစ္စပြီးအောင် အားထုတ်ကြပါကုန်လော့။)
Credit: မနာပဒါယီ အရှင်ဝိစိတ္တ
No comments:
Post a Comment