[Zawgyi]
သံေ၀ဂဥာဏ္
၀ိေဒဟတိုင္း မိထီလာျပည့္႐ွင္ ဘုရင္မင္းတရားသည္ကား..နိမိ..အမည္႐ွိေတာ္မူ၏..။
နိမိမင္းႀကီးသည္ နံနက္စာ စားေတာ္ပြဲတည္ၿပီးေနာက္ ျပာသာဒ္ထက္သို႔တက္၍ ေလသာျပတင္းကို ဖြင့္လ်ွက္ လမ္းခရီးကို ၾကည့္႐ႈ့ေတာ္မူ၏ ။
ထိုသို႔ၾကည့္ေနစဥ္ စြန္တစ္ေကာင္၏ေနာက္သို႔ စြန္အမ်ား ၀ိုင္းအံုလိုက္ေနၾကသည္..။ အလိုက္ခံရေသာစြန္သည္ မိမိခ်ီယူခဲ့ေသာ အရာ၀တၳဳကို စြန္႔ပစ္၍ အျခားသို႔ ထြက္ေျပးသြားေလ၏.။
ပထမစြန္ စြန္႔ပစ္ခဲ့ေသာ အရာ၀တၳဳကို ဒုတိယစြန္တစ္ေကာင္က ခ်ီယူျပန္၏..။ ထိုစြန္ကိုလည္း အျခားစြန္မ်ားက ၀ိုင္း၀န္းထိုးဆိတ္ၾကျပန္သျဖင့္ ဒုတိယစြန္သည္ ထိုအရာကို စြန္႔ျပစ္ထြက္ေျပးရျပန္၏..။
ဒုတိယစြန္ စြန္ ့ပစ္လိုက္ေသာအရာကို တတိယစြန္က ခ်ီယူျပန္၏..။ ထိုစြန္ကိုလည္း အျခားစြန္မ်ားက ၀ိုင္း၀န္း ထိုးဆိတ္ၾကျပန္သျဖင့္ ခ်ီယူမိေသာအရာကို စြန္႔ပစ္၍ ထြက္ေျပးရျပန္၏..။
မင္းႀကီးသည္ တစ္ေကာင္မွ တစ္ေကာင္လက္ အလုခံရေသာ ထိုအရာကို ေသခ်ာစြာ ၾကည့္႐ႈ့ေတာ္မူေသာအခါ သားတစ္ ျဖစ္ေနမွန္း သိရလ်ွင္ သံေ၀ဂဥာဏ္ ပြင့္ေတာ္မူလာေလသည္..။ သားတစ္သည္ သိန္းစြန္းငွက္တို႔၏ ကာမ၀တၳဳတည္း..... ။ ကာမ၀တၳဳကို ဆက္ခံေသာစြန္ငွက္သည္ ဆင္းရဲရ၏..။ သူတစ္ပါး အညႇဥ္းဆဲကို ခံရ၏..။ စြန္႔ပစ္ေသာအခါ ခ်မ္းသာေလ၏..။
ဤစြန္ငွက္မ်ားနည္းတူ ကာမဂုဏ္ငါးပါးကို စြန္႔ပစ္ႏိုင္ေသာ သူသည္ ခ်မ္းသာရ၏..။ ကာမ၀တၳဳဟူသည္ တစ္ဦးတည္း ပိုင္ဆိုင္ေသာ အရာမဟုတ္.. အမ်ားပိုင္ဆိုင္ေသာ အရာျဖစ္၏..။ အမ်ားပိုင္ဆိုင္ေသာ အရာကို တစ္ဦးတည္ပိုင္ အမွတ္ျဖင့္ သိမ္းပိုက္မိေသာ သူကား ဆင္းရဲရမည္ မလြဲတည္း... ။
ငါသည္ ဆင္းရဲျခင္း၏ အေၾကာင္းျဖစ္ေသာ ကာမ၀တၳဳကို စြန္ ့ပစ္၍ တရား႐ႈ့ေပအံ့ဟု ဆင္ျခင္ကာ ၀ိပႆနာ ကမၼ႒ာန္း စီးျဖန္းပြားမ်ားေသာေၾကာင့္ ထိုေနရာ၌ပင္ ပေစၥကဗုဒၶါအျဖစ္သို႔ ဆိုက္ေရာက္ေတာ္မူေလ၏..။
ပေစၥကဗုဒၶါအျဖစ္သို႔ ေရာက္ၿပီးေသာ မင္းႀကီးသည္ အနီး၌ခံစားေနၾကေသာ အမတ္တို႔အား " ငါ ပေစၥကဗုဒၶါ ျဖစ္ၿပီ...." ဟု မိန္႔ေတာ္မူေလသည္..။
အမတ္မ်ားက..." အ႐ွင္မင္းႀကီး .. ပေစၥကဗုဒၶါ ဟူသည္ အ႐ွင္ကဲ့သို႔ မင္း၀တ္တန္ဆာႏွင့္ မဟုတ္ပါ..။ ဖန္ရည္စြန္းေသာ အ၀တ္ျဖင့္ ဦးျပည္းပုဂၢိဳလ္မ်ား ျဖစ္ၾကပါသည္... " ဟုေလ်ွာက္၏...။
ထိုခဏ၌ မင္းႀကီးသည္ လက္အုက္ကိုခ်ီ၍ ဦးေခါင္းကိုသံုးသပ္ေတာ္ မူလိုက္ရာ လူ႔အသြင္ ကြယ္ေပ်ာက္၍ ရဟန္းအသြင္ ေရာက္လာၿပီးလ်ွင္ ေကာင္းကင္၌ရပ္၍ အမတ္တို႔အား ဆံုမစကား ေျပာၾကားေတာ္မူေလသည္..။
ထို႔ေနာက္ ေကာင္းကင္ခရီးျဖင့္ ပေစၥကဗုဒၶါ အ႐ွင္ျမတ္မ်ား သီတင္းသံုးေတာ္မူရာ နႏၵမူလိုဏ္ဂူသို႔ ႂကြသြားေတာ္မူေလသတည္း...။
[သတၱကနိပါတ္၊ ကုမၻာရဇာတ္]
[Unicode]
သံဝေဂဉာဏ်
၀ိဒေဟတိုင်း မိထီလာပြည့်ရှင် ဘုရင်မင်းတရားသည်ကား..နိမိ..အမည်ရှိတော်မူ၏..။
နိမိမင်းကြီးသည် နံနက်စာ စားတော်ပွဲတည်ပြီးနောက် ပြာသာဒ်ထက်သို့တက်၍ လေသာပြတင်းကို ဖွင့်လျှက် လမ်းခရီးကို ကြည့်ရှု့တော်မူ၏ ။
ထိုသို့ကြည့်နေစဉ် စွန်တစ်ကောင်၏နောက်သို့ စွန်အများ ၀ိုင်းအုံလိုက်နေကြသည်..။ အလိုက်ခံရသောစွန်သည် မိမိချီယူခဲ့သော အရာဝတ္ထုကို စွန့်ပစ်၍ အခြားသို့ ထွက်ပြေးသွားလေ၏.။
ပထမစွန် စွန့်ပစ်ခဲ့သော အရာဝတ္ထုကို ဒုတိယစွန်တစ်ကောင်က ချီယူပြန်၏..။ ထိုစွန်ကိုလည်း အခြားစွန်များက ၀ိုင်းဝန်းထိုးဆိတ်ကြပြန်သဖြင့် ဒုတိယစွန်သည် ထိုအရာကို စွန့်ပြစ်ထွက်ပြေးရပြန်၏..။
ဒုတိယစွန် စွန် ့ပစ်လိုက်သောအရာကို တတိယစွန်က ချီယူပြန်၏..။ ထိုစွန်ကိုလည်း အခြားစွန်များက ၀ိုင်းဝန်း ထိုးဆိတ်ကြပြန်သဖြင့် ချီယူမိသောအရာကို စွန့်ပစ်၍ ထွက်ပြေးရပြန်၏..။
မင်းကြီးသည် တစ်ကောင်မှ တစ်ကောင်လက် အလုခံရသော ထိုအရာကို သေချာစွာ ကြည့်ရှု့တော်မူသောအခါ သားတစ် ဖြစ်နေမှန်း သိရလျှင် သံဝေဂဉာဏ် ပွင့်တော်မူလာလေသည်..။ သားတစ်သည် သိန်းစွန်းငှက်တို့၏ ကာမဝတ္ထုတည်း..... ။ ကာမဝတ္ထုကို ဆက်ခံသောစွန်ငှက်သည် ဆင်းရဲရ၏..။ သူတစ်ပါး အညှဉ်းဆဲကို ခံရ၏..။ စွန့်ပစ်သောအခါ ချမ်းသာလေ၏..။
ဤစွန်ငှက်များနည်းတူ ကာမဂုဏ်ငါးပါးကို စွန့်ပစ်နိုင်သော သူသည် ချမ်းသာရ၏..။ ကာမဝတ္ထုဟူသည် တစ်ဦးတည်း ပိုင်ဆိုင်သော အရာမဟုတ်.. အများပိုင်ဆိုင်သော အရာဖြစ်၏..။ အများပိုင်ဆိုင်သော အရာကို တစ်ဦးတည်ပိုင် အမှတ်ဖြင့် သိမ်းပိုက်မိသော သူကား ဆင်းရဲရမည် မလွဲတည်း... ။
ငါသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော ကာမဝတ္ထုကို စွန် ့ပစ်၍ တရားရှု့ပေအံ့ဟု ဆင်ခြင်ကာ ၀ိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းပွားများသောကြောင့် ထိုနေရာ၌ပင် ပစ္စေကဗုဒ္ဓါအဖြစ်သို့ ဆိုက်ရောက်တော်မူလေ၏..။
ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်ပြီးသော မင်းကြီးသည် အနီး၌ခံစားနေကြသော အမတ်တို့အား " ငါ ပစ္စေကဗုဒ္ဓါ ဖြစ်ပြီ...." ဟု မိန့်တော်မူလေသည်..။
အမတ်များက..." အရှင်မင်းကြီး .. ပစ္စေကဗုဒ္ဓါ ဟူသည် အရှင်ကဲ့သို့ မင်းဝတ်တန်ဆာနှင့် မဟုတ်ပါ..။ ဖန်ရည်စွန်းသော အဝတ်ဖြင့် ဦးပြည်းပုဂ္ဂိုလ်များ ဖြစ်ကြပါသည်... " ဟုလျှောက်၏...။
ထိုခဏ၌ မင်းကြီးသည် လက်အုက်ကိုချီ၍ ဦးခေါင်းကိုသုံးသပ်တော် မူလိုက်ရာ လူ့အသွင် ကွယ်ပျောက်၍ ရဟန်းအသွင် ရောက်လာပြီးလျှင် ကောင်းကင်၌ရပ်၍ အမတ်တို့အား ဆုံမစကား ပြောကြားတော်မူလေသည်..။
ထို့နောက် ကောင်းကင်ခရီးဖြင့် ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ သီတင်းသုံးတော်မူရာ နန္ဒမူလိုဏ်ဂူသို့ ကြွသွားတော်မူလေသတည်း...။
[သတ္တကနိပါတ်၊ ကုမ္ဘာရဇာတ်]
No comments:
Post a Comment