Thursday, August 11, 2016

ေလာကမွာ ေၾကာက္စရာအေကာင္းဆံုးအရာ (လောကမှာ ကြောက်စရာအကောင်းဆုံးအရာ)

[Zawgyi]
ေလာကမွာ ေၾကာက္စရာအေကာင္းဆံုးအရာ

ေလာကမွာ ေၾကာက္စရာအေကာင္းဆံုးအရာဟာ အပါယ္လည္းမဟုတ္ဘူး၊၊ ျခေသၤ့တို႔ က်ားတုိ႔လည္းမဟုတ္ဘူး၊ သူခုိးဓားျပလည္းမဟုတ္ဘူး။

သစၥာမသိမွာဟာ ေၾကာက္စရာအေကာင္းဆံုး။ သစၥာမသိျခင္းေၾကာင့္ ဒီငရဲေတြ က်ေရာက္ရတာ။
သစၥာသိရင္ က်စရာ မရွိပါဘူး။ ငရဲက်ရတာလည္း သစၥာမသိလို႔။ လူျဖစ္ရတာကလည္း သစၥာမသိလို႔။ နတ္ျဖစ္ရတာကလည္း သစၥာမသိလို႔။ ဒါေၾကာင့္ သစၥာမသိျခင္းဟာ ေၾကာကစရာအေကာင္းဆံုးပဲလုိ႔ ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးက မိန္႔ေတာ္မူပါတယ္။

ဇာတိျဖစ္ေၾကာင္း ကံေတြလုပ္ေနၾကတာဟာလည္း သစၥာမသိလုိ႔ပါပဲ။ ဇရာျဖစ္ေၾကာင္း ကံေတြလုပ္ေနၾကတာကလည္း သစၥာမသိလုိ႔၊ မရဏျဖစ္ေၾကာင္း ကံေတြလုပ္ေနၾကတာကလည္း သစၥာမသိလုိ႔။ ဒီကံေတြကုိ အုပ္ခ်ဳပ္ေနတာက ကိေလသာ။ ကိေလသာ (၁၀)ပါးရွိေသာ္ျငားလည္း အပါယ္ေရာက္ေအာင္ ပို႔ေဆာင္ေပးတဲ့ ေခါင္းေဆာင္တရားေတြက ဒိ႒ိနဲ႔ ၀ိစိကိစၧာကိေလသာေတြပါပဲ။ ဒီထဲမွာေတာင္မွ ၀ိစိကိစၧာက ဒိ႒ိျပဳတ္ရင္ အလုိလို ျပဳတ္သြားတာ။

ဒီေတာ့ အေရးအႀကီးဆံုး သတ္ရမွာသည္ ဒိ႒ိပဲ။ ဒီ ဒိ႒ိ ခႏၶာမွာကပ္ပါတယ္။ ခႏၶာျဖစ္ေၾကာင္း ခႏၶာျဖစ္က်ိဳးမသိလုိ႔ပဲ ဒိ႒ိကပ္ရတယ္။ ဒါေၾကာင့္ ဒိ႒ိခြာခ်င္ရင္ ခႏၶာအေၾကာင္း ေကာင္းေကာင္းသိေအာင္လုပ္ဖုိ႔ လိုပါတယ္။ ကိုယ့္ဉာဏ္ကို ခႏၶာထဲမွာ စိုက္ၿပီး ခႏၶာက ျပတာကုိပဲ ေသေသခ်ာခ်ာသိေအာင္လုပ္ေပးရတယ္။ ခႏၶာက မျပတာေတြ အပိုေတြကို သိမေနပါနဲ႔။ ခႏၶာက သူ႔ရွိတဲ့ ဒုကၡေတြသာ ျပေနပါတယ္။ သူ႔မရွိတာ ဘာတစ္ခုမွ မျပဘူး။ သူ႔ရွိတာက ႐ုပ္လည္း မၿမဲဘူး၊ ျဖစ္ၿပီးပ်က္။ ေ၀ဒနာလည္း မၿမဲဘူး ျဖစ္ၿပီးပ်က္၊ သညာလည္း မၿမဲဘူး ျဖစ္ၿပီးပ်က္၊ သခၤါရလည္း မၿမဲဘူး ျဖစ္ၿပီးပ်က္၊ ၀ိညာဏ္လည္း မၿမဲဘူး ျဖစ္ၿပီးပ်က္။ ဒုကၡသစၥာေတြခ်ည္းပဲလုိ႔ ျပေနတာ။

ဒီအရွိသေဘာတရားေတြ အမွန္အကန္ ဉာဏ္နဲ႔ျမင္ေအာင္ၾကည့္ေနရင္ ဘယ္အရာမွ “ငါ့ကုိယ္ ငါ့ဟာ ငါ့ဥစၥာ”လို႔ စြဲေနစရာမရွိေတာ့ဘူး။ ဒါမွမဟုတ္ဘဲ ငါ့႐ုပ္ ငါ့လက္ ငါ့ေခါင္း ငါ့ေျခ ငါ့ခါး ငါ့စိတ္ ငါ့အနာ စသည္ျဖင့္ အရာရာ ခႏၶာအမွန္မျမင္ဘဲ ဒိ႒ိစြဲျဖင့္ လုိက္ၾကည့္ေနမယ္ဆိုရင္ေတာ့ ခႏၶာက ျပတာမျမင္ဘဲ ခႏၶာက မျပတာသာ ျမင္ေနေတာ့တာပါပဲ။ ခႏၶာက မျပတာေတြ ျမင္ေနရင္ မရွိတာေတြကို အရွိထင္ေနေတာ့တယ္ေလ။ ဒါဟာ တစ္သံသရာလံုးက ဒီလို အထင္အျမင္အယူအဆေတြနဲ႔ ေနလာခဲ့ၾကတာ။ ခုလဲ မ်ားေသာအားျဖင့္ ဒီထင္ျမင္ယူဆခ်က္ေတြနဲ႔သာ အခ်ိန္ကုန္ေနၾကတာ မ်ားပါတယ္။ အဲဒါကို ဒိ႒ိအယူစြဲလုိ႔ ေခၚတယ္။ ဒီ ဒိ႒ိအယူစြဲရွိေနသေရြ႕ေတာ့ ဘယ္ေတာ့မွ အပါယ္နဲ႔ အုိးစားမကြဲေသးဘူး။

ကံေကာင္းလုိ႔ လူျဖစ္ေနလဲ ခဏပဲ။ ေနာက္က်ရင္ ဒိ႒ိက အပါယ္ဆြဲခ်အံုးမွာ။ ဘာေၾကာင့္တုန္းဆိုေတာ့ ဒီကံကုိ (ဒိ႒ိ)ကိေလသာက စီမံေနတာေလ။ ဒိ႒ိက စီမံခံရလွ်င္ အပါယ္ေလးဘံု တန္းေရာက္တာပဲ။ ဒိ႒ိ မႏိုင္လို႔ လက္ေလွ်ာ့လုိက္ရတဲ့ ကုသိုလ္ကံက စီမံေနေသးရင္ေတာ့ အထက္သံသရာမွာ က်င္လည္ႏုိင္တာေပါ့။ အထက္သံသရာက်င္လည္ခြင့္ရလည္း ကုသုိလ္ကံစြမ္းအားကုန္တာနဲ႔ ဒိ႒ိလက္ထဲျပန္ေရာက္၊ ေအာက္ျပန္ဆြဲခ်တာ ခံရမွာပဲ။ ဒါေၾကာင့္ ဒိ႒ိမျပဳတ္ေသးသေရြ႕ အပါယ္အေရး စိတ္မေအးရေသးဘူးသာမွတ္။

ဒိ႒ိကုိ အသိဉာဏ္နဲ႔လည္းျဖဳတ္၊ အပြားဉာဏ္နဲ႔လည္းျဖဳတ္၊ ေနာက္ဆံုး ပါယ္ရွားတဲ့ဉာဏ္နဲ႔ျဖဳတ္လုိက္ရင္ ဒိ႒ိတရားက ျခယ္လွည္ခြင့္မရေတာ့ဘူး။ ေရွးဦးစြာလုပ္ရမွာက ဒိ႒ိျဖဳတ္ေပးတဲ့ တရားကို မ်ားမ်ားနာၾကားၿပီး ဒိ႒ိျပဳတ္တဲ့အလုပ္ အပြားအလုပ္ကို လက္ေတြ႕လုပ္ဖို႔ပါပဲ။ အပြားဉာဏ္နဲ႔ခြါလုိ႔ ကုိယ့္ဉာဏ္ရင့္သန္လာခဲ့ရင္ တစ္ဘ၀ ႏွစ္ဘ၀
အပါယ္မက်ပါဘူးလို႔ မုိးကုတ္ဆရာေတာ္ဘုရားႀကီးမိန္႔ေတာ္မူပါတယ္။ အပြားဉာဏ္ရင့္သန္လို႔ အဲဒီ၀ိပသနာဉာဏ္မေမ့မေပ်ာက္နဲ႔ ေသသြားရင္ေတာ့ နတ္ျပည္ေရာက္တယ္၊ နတ္ျပည္ေရာက္ၿပီး တစ္နည္းမဟုတ္တစ္နည္းနဲ႔ ေသာတာပန္တည္တယ္လို႔ ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးကလည္း ေသာတာႏုဂတသုတ္မွာ အာမခံေတာ္မူထားပါတယ္။

ဒါေၾကာင့္ ဒိ႒ိျပဳတ္ခ်င္ရင္ ပဋိစၥသမုပၸါဒ္ေၾကာင္းက်ိဳးနားလည္ရမယ္၊ ျဖစ္ပ်က္ ျမင္ရမယ္၊ ျမင္ေအာင္ ၀ိပသနာပြားရမယ္။ ဒါဆုိရင္ သစၥာသိမယ္။ သစၥာသိတာနဲ႔ ဒိ႒ိကြာေတာ့တာပဲ။ ဒိ႒ိကြာရင္လည္း အပါယ္တံခါးပိတ္ပါတယ္။ ဒါေၾကာင့္ “ကုိယ့္ကုိယ္ကို သနားရင္ သစၥာသိေအာင္လုပ္ပါ”လို႔ မိုးကုတ္ဆရာေတာ္ႀကီးမိန္႔ေတာ္မူပါတယ္။

သစၥာသိေအာင္လုပ္မွ ကုိယ့္ကုိယ္ကုိ ကယ္တင္ရာက်မယ္။ ကိုယ့္ဘ၀ အပါယ္ေဘးက စိတ္ေအးရမယ္။ ဒါမွမဟုတ္ရင္ ကုိယ့္ကုိယ္ကုိ ခ်စ္ရာမက်ဘဲ ႏွစ္ရာက်လိမ့္မယ္။
ကုိယ့္ကိုယ္ကို ကယ္တင္ႏုိင္တာ သစၥာသိတဲ့မဂ္ဉာဏ္မွတစ္ပါး အျခားမရွိဘူး “ဧကာယေနာ အယံ ဘိကၡေ၀ မေဂၢါ”။ သစၥာသိလို႔ မဂ္ဉာဏ္ရၿပီဆုိေတာ့လည္း ကုိယ့္အတြက္ က်ိန္းေသေရာက္မွာ ေသခ်ာေနတဲ့ ငရဲေဘးကေတာင္မွ လြတ္ေျမာက္ႏုိင္တယ္။ ကုိယ့္ကို ငရဲပို႔မယ့္ အပါယ္ပို႔မယ့္ ဒိ႒ိကို ဒီလူ႔ျပည္ကေန ပိုင္ပိုင္ႏုိင္ႏုိင္ သတ္ပစ္လုိက္ျပန္ေတာ့ ကုိယ့္အတြက္ ေပၚေနတဲ့ ဒယ္အုိးေတြ ငရဲမီးေတြ ဘာေတြ အကုန္ ဒီက ဒိ႒ိျဖဳတ္လုိက္တာနဲ႔ အၿပီးပိုင္ ၿငိမ္း အၿပီၤးပိ္ုင္ သိမ္းသြားတာပဲ။

အရွင္အဂၤုလိမာလဟာ လူေပါင္း မ်ားစြာ သတ္ခဲ့တာပဲ။ ဒါအတြက္ သူ ခႏၶာနဲ႔ အပါယ္မွာ ဘ၀မ်ားစြာ ေပးဆပ္လုိ႔ေတာင္ ေက်ဖုိ႔မလြယ္ဘူး။ ဒါေလာက္ မ်ားျပားတဲ့ ဆုိးေမြ
၀ဋ္ေၾကြးေတြကုိ အရဟတၱမဂ္ဉာဏ္ကျဖတ္ခ်လုိက္တာ သူဟာ အပါယ္တံခါး ပိတ္႐ံုတင္ေတာင္မကဘူး။ နိဗၺာန္အထိ ခ်က္ခ်င္းမ်က္ေမွာက္ျပဳသြားႏုိင္တယ္။

ဒါဟာ ဘုရားတည္းဟူေသာ သူေတာ္ေကာင္းရင့္မႀကီးႏွင့္ေတြ႕လုိ႔ေပါ့။ မေတြ႕လုိ႔ကေတာ့ ဒီဉာဏ္ ဘယ္လုိလုပ္ ရႏုိင္ပါ့မလဲ။ သစၥာသာသိလုိက္စမ္းပါ၊ မဂ္ဉာဏ္ရေအာင္သာ အားထုတ္လုိက္စမ္းပါ။ အဲဒီေၾကာက္စရာေဘးေတြ အကုန္ေအးၿငိမ္းၿပီ။ ဒါေၾကာင့္ အပါယ္တံခါးပိတ္ဖုိ႔အတြက္ ပဋိစၥသမုပၸါဒ္ေၾကာင္းက်ိဳးသိရမယ္၊ ျဖစ္ပ်က္ျမင္ရမယ္၊ ဒိ႒ိျပဳတ္ရမယ္။ ဒါဆုိရင္ သစၥာသိၿပီ။ ဒီသစၥာသိတဲ့ဉာဏ္ အားထုတ္ေနရင္ ၀ိပသနာဉာဏ္ျဖစ္ၿပီ။ ဒီအားထုတ္ဆဲ၀ိပသနာမွသည္ မဂ္ဉာဏ္သို႔လွ်င္ျမန္စြားေက်းဇူးျပဳလုိက္ေတာ့လည္း နိဗၺာန္ေရာက္ပါေပါ့လား။ အပါယ္တံခါးပိတ္ၿပီေပါ့။

ဒီအတြက္ေတာ့
၁။ ၀ီရိယရွိရမယ္၊
၂။ သတိရွိရမယ္၊
၃။ ကံသံုးပါးစင္ၾကယ္ရမယ္၊
၄။ စူးစမ္းဆင္ျခင္ညာဏ္ရွိရမယ္၊
၅။ ဣေျႏၵလံုၿခံဳရမယ္၊
၆။ တရားသျဖင့္အသက္ေမြးရမယ္၊
၇။ မေမ့မေလ်ာ့ရဘူး။
ဒါဆိုရင္
၈။ မွန္ကန္တဲ့ အျမင္ေတြ ရလာပါလိမ့္မယ္...

အထက္ပါ အခ်က္ေတြကေတာ့ အေထြအထူးေတာ့ မဟုတ္ပါဘူး။ ဘုရား အဆူဆူတိုင္း ေဟာတဲ့ မဂ္ဂင္ ၈ ပါးပါပဲ။

[ေဒါက္တာအရွင္ပါရမီ၊ အျပည္ျပည္ဆိုင္ရာေထရ၀ါဒဗုဒၶသာသနာျပဳတကၠသိုလ္၊ မရမ္းကုန္း၊ ရန္ကုန္။]

[Unicode]
လောကမှာ ကြောက်စရာအကောင်းဆုံးအရာ

လောကမှာ ကြောက်စရာအကောင်းဆုံးအရာဟာ အပါယ်လည်းမဟုတ်ဘူး၊၊ ခြင်္သေ့တို့ ကျားတို့လည်းမဟုတ်ဘူး၊ သူခိုးဓားပြလည်းမဟုတ်ဘူး။

သစ္စာမသိမှာဟာ ကြောက်စရာအကောင်းဆုံး။ သစ္စာမသိခြင်းကြောင့် ဒီငရဲတွေ ကျရောက်ရတာ။
သစ္စာသိရင် ကျစရာ မရှိပါဘူး။ ငရဲကျရတာလည်း သစ္စာမသိလို့။ လူဖြစ်ရတာကလည်း သစ္စာမသိလို့။ နတ်ဖြစ်ရတာကလည်း သစ္စာမသိလို့။ ဒါကြောင့် သစ္စာမသိခြင်းဟာ ကြောကစရာအကောင်းဆုံးပဲလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်တော်မူပါတယ်။

ဇာတိဖြစ်ကြောင်း ကံတွေလုပ်နေကြတာဟာလည်း သစ္စာမသိလို့ပါပဲ။ ဇရာဖြစ်ကြောင်း ကံတွေလုပ်နေကြတာကလည်း သစ္စာမသိလို့၊ မရဏဖြစ်ကြောင်း ကံတွေလုပ်နေကြတာကလည်း သစ္စာမသိလို့။ ဒီကံတွေကို အုပ်ချုပ်နေတာက ကိလေသာ။ ကိလေသာ (၁၀)ပါးရှိသော်ငြားလည်း အပါယ်ရောက်အောင် ပို့ဆောင်ပေးတဲ့ ခေါင်းဆောင်တရားတွေက ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကိလေသာတွေပါပဲ။ ဒီထဲမှာတောင်မှ ၀ိစိကိစ္ဆာက ဒိဋ္ဌိပြုတ်ရင် အလိုလို ပြုတ်သွားတာ။

ဒီတော့ အရေးအကြီးဆုံး သတ်ရမှာသည် ဒိဋ္ဌိပဲ။ ဒီ ဒိဋ္ဌိ ခန္ဓာမှာကပ်ပါတယ်။ ခန္ဓာဖြစ်ကြောင်း ခန္ဓာဖြစ်ကျိုးမသိလို့ပဲ ဒိဋ္ဌိကပ်ရတယ်။ ဒါကြောင့် ဒိဋ္ဌိခွာချင်ရင် ခန္ဓာအကြောင်း ကောင်းကောင်းသိအောင်လုပ်ဖို့ လိုပါတယ်။ ကိုယ့်ဉာဏ်ကို ခန္ဓာထဲမှာ စိုက်ပြီး ခန္ဓာက ပြတာကိုပဲ သေသေချာချာသိအောင်လုပ်ပေးရတယ်။ ခန္ဓာက မပြတာတွေ အပိုတွေကို သိမနေပါနဲ့။ ခန္ဓာက သူ့ရှိတဲ့ ဒုက္ခတွေသာ ပြနေပါတယ်။ သူ့မရှိတာ ဘာတစ်ခုမှ မပြဘူး။ သူ့ရှိတာက ရုပ်လည်း မမြဲဘူး၊ ဖြစ်ပြီးပျက်။ ဝေဒနာလည်း မမြဲဘူး ဖြစ်ပြီးပျက်၊ သညာလည်း မမြဲဘူး ဖြစ်ပြီးပျက်၊ သင်္ခါရလည်း မမြဲဘူး ဖြစ်ပြီးပျက်၊ ၀ိညာဏ်လည်း မမြဲဘူး ဖြစ်ပြီးပျက်။ ဒုက္ခသစ္စာတွေချည်းပဲလို့ ပြနေတာ။

ဒီအရှိသဘောတရားတွေ အမှန်အကန် ဉာဏ်နဲ့မြင်အောင်ကြည့်နေရင် ဘယ်အရာမှ “ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ”လို့ စွဲနေစရာမရှိတော့ဘူး။ ဒါမှမဟုတ်ဘဲ ငါ့ရုပ် ငါ့လက် ငါ့ခေါင်း ငါ့ခြေ ငါ့ခါး ငါ့စိတ် ငါ့အနာ စသည်ဖြင့် အရာရာ ခန္ဓာအမှန်မမြင်ဘဲ ဒိဋ္ဌိစွဲဖြင့် လိုက်ကြည့်နေမယ်ဆိုရင်တော့ ခန္ဓာက ပြတာမမြင်ဘဲ ခန္ဓာက မပြတာသာ မြင်နေတော့တာပါပဲ။ ခန္ဓာက မပြတာတွေ မြင်နေရင် မရှိတာတွေကို အရှိထင်နေတော့တယ်လေ။ ဒါဟာ တစ်သံသရာလုံးက ဒီလို အထင်အမြင်အယူအဆတွေနဲ့ နေလာခဲ့ကြတာ။ ခုလဲ များသောအားဖြင့် ဒီထင်မြင်ယူဆချက်တွေနဲ့သာ အချိန်ကုန်နေကြတာ များပါတယ်။ အဲဒါကို ဒိဋ္ဌိအယူစွဲလို့ ခေါ်တယ်။ ဒီ ဒိဋ္ဌိအယူစွဲရှိနေသရွေ့တော့ ဘယ်တော့မှ အပါယ်နဲ့ အိုးစားမကွဲသေးဘူး။

ကံကောင်းလို့ လူဖြစ်နေလဲ ခဏပဲ။ နောက်ကျရင် ဒိဋ္ဌိက အပါယ်ဆွဲချအုံးမှာ။ ဘာကြောင့်တုန်းဆိုတော့ ဒီကံကို (ဒိဋ္ဌိ)ကိလေသာက စီမံနေတာလေ။ ဒိဋ္ဌိက စီမံခံရလျှင် အပါယ်လေးဘုံ တန်းရောက်တာပဲ။ ဒိဋ္ဌိ မနိုင်လို့ လက်လျှော့လိုက်ရတဲ့ ကုသိုလ်ကံက စီမံနေသေးရင်တော့ အထက်သံသရာမှာ ကျင်လည်နိုင်တာပေါ့။ အထက်သံသရာကျင်လည်ခွင့်ရလည်း ကုသိုလ်ကံစွမ်းအားကုန်တာနဲ့ ဒိဋ္ဌိလက်ထဲပြန်ရောက်၊ အောက်ပြန်ဆွဲချတာ ခံရမှာပဲ။ ဒါကြောင့် ဒိဋ္ဌိမပြုတ်သေးသရွေ့ အပါယ်အရေး စိတ်မအေးရသေးဘူးသာမှတ်။

ဒိဋ္ဌိကို အသိဉာဏ်နဲ့လည်းဖြုတ်၊ အပွားဉာဏ်နဲ့လည်းဖြုတ်၊ နောက်ဆုံး ပါယ်ရှားတဲ့ဉာဏ်နဲ့ဖြုတ်လိုက်ရင် ဒိဋ္ဌိတရားက ခြယ်လှည်ခွင့်မရတော့ဘူး။ ရှေးဦးစွာလုပ်ရမှာက ဒိဋ္ဌိဖြုတ်ပေးတဲ့ တရားကို များများနာကြားပြီး ဒိဋ္ဌိပြုတ်တဲ့အလုပ် အပွားအလုပ်ကို လက်တွေ့လုပ်ဖို့ပါပဲ။ အပွားဉာဏ်နဲ့ခွါလို့ ကိုယ့်ဉာဏ်ရင့်သန်လာခဲ့ရင် တစ်ဘဝ နှစ်ဘဝ
အပါယ်မကျပါဘူးလို့ မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မူပါတယ်။ အပွားဉာဏ်ရင့်သန်လို့ အဲဒီဝိပသနာဉာဏ်မမေ့မပျောက်နဲ့ သေသွားရင်တော့ နတ်ပြည်ရောက်တယ်၊ နတ်ပြည်ရောက်ပြီး တစ်နည်းမဟုတ်တစ်နည်းနဲ့ သောတာပန်တည်တယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း သောတာနုဂတသုတ်မှာ အာမခံတော်မူထားပါတယ်။

ဒါကြောင့် ဒိဋ္ဌိပြုတ်ချင်ရင် ပဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးနားလည်ရမယ်၊ ဖြစ်ပျက် မြင်ရမယ်၊ မြင်အောင် ၀ိပသနာပွားရမယ်။ ဒါဆိုရင် သစ္စာသိမယ်။ သစ္စာသိတာနဲ့ ဒိဋ္ဌိကွာတော့တာပဲ။ ဒိဋ္ဌိကွာရင်လည်း အပါယ်တံခါးပိတ်ပါတယ်။ ဒါကြောင့် “ကိုယ့်ကိုယ်ကို သနားရင် သစ္စာသိအောင်လုပ်ပါ”လို့ မိုးကုတ်ဆရာတော်ကြီးမိန့်တော်မူပါတယ်။

သစ္စာသိအောင်လုပ်မှ ကိုယ့်ကိုယ်ကို ကယ်တင်ရာကျမယ်။ ကိုယ့်ဘဝ အပါယ်ဘေးက စိတ်အေးရမယ်။ ဒါမှမဟုတ်ရင် ကိုယ့်ကိုယ်ကို ချစ်ရာမကျဘဲ နှစ်ရာကျလိမ့်မယ်။
ကိုယ့်ကိုယ်ကို ကယ်တင်နိုင်တာ သစ္စာသိတဲ့မဂ်ဉာဏ်မှတစ်ပါး အခြားမရှိဘူး “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ”။ သစ္စာသိလို့ မဂ်ဉာဏ်ရပြီဆိုတော့လည်း ကိုယ့်အတွက် ကျိန်းသေရောက်မှာ သေချာနေတဲ့ ငရဲဘေးကတောင်မှ လွတ်မြောက်နိုင်တယ်။ ကိုယ့်ကို ငရဲပို့မယ့် အပါယ်ပို့မယ့် ဒိဋ္ဌိကို ဒီလူ့ပြည်ကနေ ပိုင်ပိုင်နိုင်နိုင် သတ်ပစ်လိုက်ပြန်တော့ ကိုယ့်အတွက် ပေါ်နေတဲ့ ဒယ်အိုးတွေ ငရဲမီးတွေ ဘာတွေ အကုန် ဒီက ဒိဋ္ဌိဖြုတ်လိုက်တာနဲ့ အပြီးပိုင် ငြိမ်း အပြီင်္းပိ်ုင် သိမ်းသွားတာပဲ။

အရှင်အင်္ဂုလိမာလဟာ လူပေါင်း များစွာ သတ်ခဲ့တာပဲ။ ဒါအတွက် သူ ခန္ဓာနဲ့ အပါယ်မှာ ဘဝများစွာ ပေးဆပ်လို့တောင် ကျေဖို့မလွယ်ဘူး။ ဒါလောက် များပြားတဲ့ ဆိုးမွေ
၀ဋ်ကြွေးတွေကို အရဟတ္တမဂ်ဉာဏ်ကဖြတ်ချလိုက်တာ သူဟာ အပါယ်တံခါး ပိတ်ရုံတင်တောင်မကဘူး။ နိဗ္ဗာန်အထိ ချက်ချင်းမျက်မှောက်ပြုသွားနိုင်တယ်။

ဒါဟာ ဘုရားတည်းဟူသော သူတော်ကောင်းရင့်မကြီးနှင့်တွေ့လို့ပေါ့။ မတွေ့လို့ကတော့ ဒီဉာဏ် ဘယ်လိုလုပ် ရနိုင်ပါ့မလဲ။ သစ္စာသာသိလိုက်စမ်းပါ၊ မဂ်ဉာဏ်ရအောင်သာ အားထုတ်လိုက်စမ်းပါ။ အဲဒီကြောက်စရာဘေးတွေ အကုန်အေးငြိမ်းပြီ။ ဒါကြောင့် အပါယ်တံခါးပိတ်ဖို့အတွက် ပဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးသိရမယ်၊ ဖြစ်ပျက်မြင်ရမယ်၊ ဒိဋ္ဌိပြုတ်ရမယ်။ ဒါဆိုရင် သစ္စာသိပြီ။ ဒီသစ္စာသိတဲ့ဉာဏ် အားထုတ်နေရင် ၀ိပသနာဉာဏ်ဖြစ်ပြီ။ ဒီအားထုတ်ဆဲဝိပသနာမှသည် မဂ်ဉာဏ်သို့လျှင်မြန်စွားကျေးဇူးပြုလိုက်တော့လည်း နိဗ္ဗာန်ရောက်ပါပေါ့လား။ အပါယ်တံခါးပိတ်ပြီပေါ့။

ဒီအတွက်တော့
၁။ ၀ီရိယရှိရမယ်၊
၂။ သတိရှိရမယ်၊
၃။ ကံသုံးပါးစင်ကြယ်ရမယ်၊
၄။ စူးစမ်းဆင်ခြင်ညာဏ်ရှိရမယ်၊
၅။ ဣန္ဒြေလုံခြုံရမယ်၊
၆။ တရားသဖြင့်အသက်မွေးရမယ်၊
၇။ မမေ့မလျော့ရဘူး။
ဒါဆိုရင်
၈။ မှန်ကန်တဲ့ အမြင်တွေ ရလာပါလိမ့်မယ်...

အထက်ပါ အချက်တွေကတော့ အထွေအထူးတော့ မဟုတ်ပါဘူး။ ဘုရား အဆူဆူတိုင်း ဟောတဲ့ မဂ်ဂင် ၈ ပါးပါပဲ။

[ဒေါက်တာအရှင်ပါရမီ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ မရမ်းကုန်း၊ ရန်ကုန်။]

No comments:

Post a Comment