Friday, August 12, 2016

ဗုဒၶဝါဒ ႏွင့္ ျဗဟၼဏဝါဒ ခြဲျခားပုံ (ဗုဒ္ဓဝါဒ နှင့် ဗြဟ္မဏဝါဒ ခွဲခြားပုံ)

[Zawgyi]
"ဗုဒၶဝါဒ ႏွင့္ ျဗဟၼဏဝါဒ ခြဲျခားပုံ "

ကုိယ့္ကုိယ္ကုိ ဗုဒၶဘာသာဝင္ပါလုိ႔ ခံယူထားရင္ တကယ့္ဗုဒၶဘာသာဝင္ဟုတ္ရဲ႕လားလုိ႔ ဆန္းစစ္ၾကည့္ၾကျပီး တကယ္မျဖစ္ေသးရင္ ျဖစ္ေအာင္ၾကိဳးစားနုိင္ၾကပါေစ။
ေျမြဝင္ ပ်ားစြဲျခင္းေၾကာင့္ ခ်မ္းသာတယ္လုိ႔ ယူဆရင္ ျဗဟၼဏဝါဒ၊ (ဟိႏၵဴဝါဒ) အလုပ္ၾကိဳးစားျခင္း၊ ကုသုိလ္ရွိျခင္းေၾကာင့္ ခ်မ္းသာတယ္လုိ႔ ယူဆရင္ ဗုဒၶဝါဒ။ ဖြတ္တက္လုိ႔၊ ဠင္းတနားလုိ႔ ဆင္းရဲတယ္ ခုိက္တယ္လုိ႔ ယူဆရင္ ျဗဟၼဏဝါဒ၊ အလုပ္မလုပ္လုိ႔ ႏွစ္လုံး သုံးလုံး ေလာင္းကစားလုပ္လုိ႔ အကုသုိလ္ရွိလုိ႔ ဆင္းရဲတယ္လုိ႔ ယူဆမွ ဗုဒၶဝါဒ။

လက္ယပ္ေခၚတဲ့ အရုပ္ကေလးရွိလုိ႔၊ ပုလင္းအစိမ္းထဲမွာ ႏွင္းဆီပြင့္ စုိက္ထားလုိ႔ ပုိက္ဆံနဲ႔ ပုံေဖာ္ထားတဲ့ ဇီးကြက္ရုပ္(လာဘ္ေခၚအေဆာင္ကဒ္ျပား) ရွိလုိ႔ ေစ်းေရာင္းေကာင္းတာလုိ႔ ယူဆရင္ ျဗဟၼဏဝါဒ၊ ဝီရိယဥာဏ္ယွဥ္ ေစတနာေမတၱာထားျပီး ေရာင္းလုိ႔ ေစ်းေရာင္းေကာင္းတယ္လုိ႔ ယူဆမွ ဗုဒၶဝါဒ၊ ရက္ရာဇာမွ ေကာင္းက်ဳိးေပးျပီး ျပႆဒါးက မေကာင္းက်ဳိးေပးတယ္လုိ႔ ယူဆရင္ ျဗဟၼဏဝါဒ၊ ကုသုိလ္က ေကာင္းက်ဳိးေပးျပီး၊ အကုသုိလ္က မေကာင္းက်ဳိးေပးတယ္လုိ႔ ယူဆမွ ဗုဒၶဝါဒ၊ စေန တနဂၤေႏြအစရွိေသာ ျဂိဳလ္ေတြက ေကာင္းက်ဳိး မေကာင္းက်ဳိးေပးတယ္လုိ႔ ယူဆရင္ ျဗဟၼဏဝါဒ၊ ကုသိုလ္ အကုသိုလ္က ေကာင္းက်ဳိး ဆုိးက်ဳိးေပးတယ္လုိ႔ ယူဆမွ ဗုဒၶဝါဒ။

ခရီးသြားတဲ့အခါ နဂါးလွည့္သင့္မႈ၊ မသင့္မႈေၾကာင့္ ေကာင္းက်ဳိး ဆုိးက်ဳိးေပးတယ္လုိ႔ ယူဆရင္ ျဗဟၼဏဝါဒ၊ ကုသုိလ္ အကုသုိလ္က ေကာင္းက်ဳိး ဆုိးက်ဳိးေပးတယ္လုိ႔ ယူဆမွ ဗုဒၶဝါဒ။ စုံဂဏန္း၊ မဂဏန္း(၁၃)ဂဏန္း၊ ကုိးဂဏန္းေတြက ေကာင္းက်ဳိး ဆုိးက်ဳိးေပးတယ္လုိ႔ ယူဆရင္ ျဗဟၼဏဝါဒ၊ ကုသုိလ္ အကုသိုလ္က ေကာင္းက်ဳိးဆုိးက်ဳိးေပးတယ္လုိ႔ ယူဆမွ ဗုဒၶဝါဒ၊ အသုဘယာဥ္ကုိ ေက်ာင္းဝုိင္းထဲ အိမ္ဝုိင္းထဲထားရင္ ျမိဳ႕ျမင္ရြာျပင္မွာ ဆုံးတဲ့ ရုပ္အေလာင္းကုိ ျမိဳ႕ထဲရြာထဲျပန္သြင္းရင္ ျမိဳ႕ခုိက္တယ္၊ ရြာခုိက္တယ္လုိ႔ ယူဆရင္ ျဗဟၼဏဝါဒ၊ ထုိအေၾကာင္းမ်ားေၾကာင့္ ျမိဳ႕ရြာကုိမခုိက္ အကုသိုလ္ေၾကာင့္သာ ျမိဳ႕ရြာကုိ ခုိက္တယ္လုိ႔ ယူဆမွ ဗုဒၶဝါဒ။

အေလာင္းကုိင္တာခ်င္းတူပါလ်က္ သုဘရာဇာကုိ အေဝးမွေရွာင္ျပီးဆရာဝန္ ျဖစ္မည့္သူကုိ သမက္ဖမ္းျခင္းသည္ ျဗဟၼဏဝါဒ၊ အယူအစြဲမရွိဘဲ ႏွစ္ဦးစလုံးကုိ တန္းတူဆက္ဆံျခင္းသည္ ဗုဒၶဝါဒ၊ ဒကၡိဏသာခါရုပ္ပြားကုိ ကုိးကြယ္လ်ွင္ မီးကြင္းသည္ ဆင္စီးျမင္းရံဘုရားကုိ ကုိးကြယ္လ်ွင္ စီးပြားတက္သည္ ဇမၺဳပတိခ်ြတ္ခန္း (မကုိဋ္စလြယ္ဆင္) ဘုရားကုိ ကုိးကြယ္လ်ွင္ ရာထူးတက္သည္ဟု ယူဆ၍ ကုိးကြယ္လ်ွင္ ျဗဟၼဏဝါဒ၊ ဒကၡိဏသာခါပုံကုိ ထုလုပ္လ်ွင္ ဗုဒၶ၏သပၸါယ္ေသာ ရုပ္လကၡဏာေတာ္ကုိ ဖ်က္ဆီးရာေရာက္သည္။ ဆင္ဆီး ျမင္းရံဘုရားကုိ ထုလုပ္လ်ွင္ ဘုရားရွင္၏ မဟာကရုဏာေတာ္ကုိ ျပက္ရယ္ရာေရာက္သည္။ မကုိဋ္စလြယ္ဆင္ ရုပ္ပြားကုိ ထုလုပ္လ်ွင္ ရဟန္းတစ္ပါးကုိ ယုတ္နိမ့္ေသာ လူအဝတ္အစာ းမ်ားျဖင့္ ဝတ္ဆင္ေပးရာေရာက္သည္ဟု ေတြးေခၚေျမာ္ျမင္ျပီး ထုိပုံမ်ဳိးကုိ မကုိးကြယ္ဘဲ ရဟန္းႏွင့္တူေသာ ရုပ္ပြားေတာ္ကုိသာ ကုိးကြယ္ျခင္းသည္ ဗုဒၶဝါဒ။

တန္ခုိးရွိေသာ ရုပ္ပြားေစတီကုိ ရွိခုိးပူေဇာ္လ်ွင္ ေကာင္းက်ဳိး မ်ားမ်ားရသည္ တန္ခုိးမရွိေသာ ရုပ္ပြားေစတီကုိ ရွိခုိးပူေဇာ္လ်ွင္ ေကာင္းက်ဳိးနည္းနည္းသာ ရသည္ဟု ယူဆလ်ွင္ ျဗဟၼဏဝါဒ၊ ရုပ္ပြားေစတီက အဓိကမဟုတ္ မိမိေစတနာ ကသာ အဓိကျဖစ္သည္။ ေစတနာ အၾကီးအေသးက ေကာင္းက်ဳိး အၾကီးအေသးကုိ ျဖစ္ေစသည္ဟု ယူဆလ်ွင္ ဗုဒၶဝါဒ။

လူေသျပီး ခုႏွစ္ရက္လည္မွ အိမ္မွထြက္သည္ဟု ယူဆလ်ွင္ ျဗဟၼဏဝါဒ၊ စုတိေနာင္ ပဋိသေႏၶျဖစ္သည္ သုိ႔မဟုတ္ ေသျပီး စကၠန္႔မျခားဘဲ ေနာက္ဘဝသစ္၌ ခ်က္ျခင္းျဖစ္သည္ဟု ယူဆလ်ွင္ ဗုဒၶဝါဒ။ မိမိေကာင္းစားခ်မ္းသာဖုိ႔ အဓိကထားျပီးလွဴလ်ွင္ ျဗဟၼဏဝါဒ၊ အလွဴခံပုဂၢိဳလ္ ခ်မ္းသာဖုိ႔ အဓိကထားျပီး လွဴလ်ွင္ ဗုဒၶဝါဒ၊ ဝါတြင္းကာလ၌ အိမ္မေျပာင္းေကာင္းဟု ယူဆလ်ွင္ ျဗဟၼဏဝါဒ၊ အဆင္ေျပသည့္ အခ်ိန္တြင္ ေျပာင္းေကာင္းသည္ဟု ယူဆလ်ွင္ဗုဒၶဝါဒ။

လကၡဏာတြင္ အာယုလမ္းေၾကာင္း ရွည္ေသာေၾကာင့္ အသက္ရွည္သည္၊ အာယုလမ္းေၾကာင္း တုိေသာေၾကာင့္ အသက္တုိသည္ဟု ယူဆလ်ွင္ ျဗဟၼဏဝါဒ၊ သူ႔အသက္ကုိ မသတ္ျခင္း သူတစ္ပါး အသက္ရွည္ခြင့္ရေအာင္ ေဆးဝါးလွဴဒါန္းျခင္းဟူေသာ ကုသုိလ္တုိ႔ေၾကာင့္ အသက္ရွည္သည္ သူတစ္ပါးအသက္ကုိ သတ္ျဖတ္ခဲ့ေသာ အကုသုိလ္ေၾကာင့္ အသက္တုိသည္ဟု ယူဆလ်ွင္ ဗုဒၶဝါဒ၊ အာယုလမ္းေၾကာင္းသည္ သေကၤတနိမိတ္သာျဖစ္သည္။

အရွင္ဇဝန(ေမတၱာရွင္-ေရႊျပည္သာ)၏ ေဆာင္းပါးမွေကာက္ႏႈတ္ခ်က္။
ဓမၼမိတ္ေဆြမ်ားအားလုံး သက္ရွည္က်န္းမာစိတ္ခ်မ္းသာ၍ ေကာင္းက်ဳိးလုိရာဆႏၵမ်ား တစ္လုံးတစ္ဝတည္း ျပည့္ဝၾကပါေစ။

Copy from: အရွင္ဝိမလဝံသ(နာလႏၵာတကၠသုိလ္)
========================================================
[Unicode]
"ဗုဒ္ဓဝါဒ နှင့် ဗြဟ္မဏဝါဒ ခွဲခြားပုံ "

ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်ပါလို့ ခံယူထားရင် တကယ့်ဗုဒ္ဓဘာသာဝင်ဟုတ်ရဲ့လားလို့ ဆန်းစစ်ကြည့်ကြပြီး တကယ်မဖြစ်သေးရင် ဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ (ဟိန္ဒူဝါဒ) အလုပ်ကြိုးစားခြင်း၊ ကုသိုလ်ရှိခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗုဒ္ဓဝါဒ။ ဖွတ်တက်လို့၊ ဠင်းတနားလို့ ဆင်းရဲတယ် ခိုက်တယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ အလုပ်မလုပ်လို့ နှစ်လုံး သုံးလုံး လောင်းကစားလုပ်လို့ အကုသိုလ်ရှိလို့ ဆင်းရဲတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။

လက်ယပ်ခေါ်တဲ့ အရုပ်ကလေးရှိလို့၊ ပုလင်းအစိမ်းထဲမှာ နှင်းဆီပွင့် စိုက်ထားလို့ ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ ဇီးကွက်ရုပ်(လာဘ်ခေါ်အဆောင်ကဒ်ပြား) ရှိလို့ စျေးရောင်းကောင်းတာလို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ဝီရိယဉာဏ်ယှဉ် စေတနာမေတ္တာထားပြီး ရောင်းလို့ စျေးရောင်းကောင်းတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊ ရက်ရာဇာမှ ကောင်းကျိုးပေးပြီး ပြဿဒါးက မကောင်းကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ်က ကောင်းကျိုးပေးပြီး၊ အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊ စနေ တနင်္ဂနွေအစရှိသော ဂြိုလ်တွေက ကောင်းကျိုး မကောင်းကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ် အကုသိုလ်က ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။

ခရီးသွားတဲ့အခါ နဂါးလှည့်သင့်မှု၊ မသင့်မှုကြောင့် ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ် အကုသိုလ်က ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။ စုံဂဏန်း၊ မဂဏန်း(၁၃)ဂဏန်း၊ ကိုးဂဏန်းတွေက ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ် အကုသိုလ်က ကောင်းကျိုးဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊ အသုဘယာဉ်ကို ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင် မြို့မြင်ရွာပြင်မှာ ဆုံးတဲ့ ရုပ်အလောင်းကို မြို့ထဲရွာထဲပြန်သွင်းရင် မြို့ခိုက်တယ်၊ ရွာခိုက်တယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ထိုအကြောင်းများကြောင့် မြို့ရွာကိုမခိုက် အကုသိုလ်ကြောင့်သာ မြို့ရွာကို ခိုက်တယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။

အလောင်းကိုင်တာချင်းတူပါလျက် သုဘရာဇာကို အဝေးမှရှောင်ပြီးဆရာဝန် ဖြစ်မည့်သူကို သမက်ဖမ်းခြင်းသည် ဗြဟ္မဏဝါဒ၊ အယူအစွဲမရှိဘဲ နှစ်ဦးစလုံးကို တန်းတူဆက်ဆံခြင်းသည် ဗုဒ္ဓဝါဒ၊ ဒက္ခိဏသာခါရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည် ဆင်စီးမြင်းရံဘုရားကို ကိုးကွယ်လျှင် စီးပွားတက်သည် ဇမ္ဗုပတိချွတ်ခန်း (မကိုဋ်စလွယ်ဆင်) ဘုရားကို ကိုးကွယ်လျှင် ရာထူးတက်သည်ဟု ယူဆ၍ ကိုးကွယ်လျှင် ဗြဟ္မဏဝါဒ၊ ဒက္ခိဏသာခါပုံကို ထုလုပ်လျှင် ဗုဒ္ဓ၏သပ္ပါယ်သော ရုပ်လက္ခဏာတော်ကို ဖျက်ဆီးရာရောက်သည်။ ဆင်ဆီး မြင်းရံဘုရားကို ထုလုပ်လျှင် ဘုရားရှင်၏ မဟာကရုဏာတော်ကို ပြက်ရယ်ရာရောက်သည်။ မကိုဋ်စလွယ်ဆင် ရုပ်ပွားကို ထုလုပ်လျှင် ရဟန်းတစ်ပါးကို ယုတ်နိမ့်သော လူအဝတ်အစာ းများဖြင့် ဝတ်ဆင်ပေးရာရောက်သည်ဟု တွေးခေါ်မြော်မြင်ပြီး ထိုပုံမျိုးကို မကိုးကွယ်ဘဲ ရဟန်းနှင့်တူသော ရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် ဗုဒ္ဓဝါဒ။

တန်ခိုးရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုး များများရသည် တန်ခိုးမရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုးနည်းနည်းသာ ရသည်ဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ ရုပ်ပွားစေတီက အဓိကမဟုတ် မိမိစေတနာ ကသာ အဓိကဖြစ်သည်။ စေတနာ အကြီးအသေးက ကောင်းကျိုး အကြီးအသေးကို ဖြစ်စေသည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ။

လူသေပြီး ခုနှစ်ရက်လည်မှ အိမ်မှထွက်သည်ဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ စုတိနောင် ပဋိသန္ဓေဖြစ်သည် သို့မဟုတ် သေပြီး စက္ကန့်မခြားဘဲ နောက်ဘဝသစ်၌ ချက်ခြင်းဖြစ်သည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ။ မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဗြဟ္မဏဝါဒ၊ အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ အဓိကထားပြီး လှူလျှင် ဗုဒ္ဓဝါဒ၊ ဝါတွင်းကာလ၌ အိမ်မပြောင်းကောင်းဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ အဆင်ပြေသည့် အချိန်တွင် ပြောင်းကောင်းသည်ဟု ယူဆလျှင်ဗုဒ္ဓဝါဒ။

လက္ခဏာတွင် အာယုလမ်းကြောင်း ရှည်သောကြောင့် အသက်ရှည်သည်၊ အာယုလမ်းကြောင်း တိုသောကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ သူ့အသက်ကို မသတ်ခြင်း သူတစ်ပါး အသက်ရှည်ခွင့်ရအောင် ဆေးဝါးလှူဒါန်းခြင်းဟူသော ကုသိုလ်တို့ကြောင့် အသက်ရှည်သည် သူတစ်ပါးအသက်ကို သတ်ဖြတ်ခဲ့သော အကုသိုလ်ကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ၊ အာယုလမ်းကြောင်းသည် သင်္ကေတနိမိတ်သာဖြစ်သည်။

အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)၏ ဆောင်းပါးမှကောက်နှုတ်ချက်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။

Copy from: အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment