Friday, August 12, 2016

၃၈-ျဖာ မဂၤလာ တရားေတာ္ (၃၈-ဖြာ မင်္ဂလာ တရားတော်)

[Zawgyi]
၃၈-ျဖာ မဂၤလာ တရားေတာ္

အခါတပါး၌ ျမတ္စြာဘုရားသည္ သာ၀တၳိျပည္ အနာထပိဏ္သူေဌး ေဆာက္လုပ္လွဴဒါန္းေသာ ေဇတ၀န္ေက်ာင္းေတာ္၌ သီတင္းသံုး ေနေတာ္မူပါသည္။

ထိုအခါ မထင္ရွားေသာ နတ္သားတေယာက္သည္ သန္းေခါင္ယံအခ်ိန္၌ ျမတ္စြာဘုရားရွိရာသို႔ ခ်ဥ္းကပ္လာပါ သည္။ ေဇတ၀န္တေက်ာင္းလံုး နတ္သား၏ ကိုယ္ေရာင္ကိုယ္၀ါျဖင့္ ထြန္းလင္းေတာက္ပေနပါသည္။ ျမတ္စြာဘုရားရွိရာသို႔ ခ်ဥ္းကပ္လာေသာ နတ္သားသည္ သင့္ေလ်ာ္ရာအရပ္၌ မတ္တတ္ရပ္လ်က္ ျမတ္စြာဘုရားကို ရိုေသစြာ ရွိခိုးျပီးလွ်င္ ဂါထာျဖင့္ ဤသို႔ ေမးေလွ်ာက္ေလသည္။

ဘုန္းေတာ္ႀကီးေတာ္မူေသာ ျမတ္စြာဘုရား၊ မ်ားစြာကုန္ေသာ နတ္ႏွင့္လူတို႔သည္ စင္ၾကယ္ေသာ နိဗၺာန္ခ်မ္းသာကို လိုခ်င္ေတာင့္တကုန္၍ မဂၤလာတရားေတာ္ကို ၁၂-ႏွစ္ၾကာမွ် ၾကံစည္ေတြးေတာ ပါေသာ္လည္း မသိႏိုင္ၾကပါကုန္။ ထိုမဂၤလာတရားကို ရွင္းလင္းေဟာၾကား ေပးသနားေတာ္မူပါဘုရား။

( ေပါင္းသင္းဆက္ဆံေရး မဂၤလာ ၃-ပါး )
အေသ၀နာ စ ဗာလာနံ၊ ပ႑ိတာနဥၥ ေသ၀နံ။
ပူဇာ စ ပူဇေနယ်ာနံ၊ ဧတံ မဂၤလ မုတၱမံ

၁။ လူမိုက္ကို မမွီ၀ဲ မေပါင္းသင္းျခင္း။
၂။ ပညာရွိကို မွီ၀ဲဆည္းကပ္ ေပါင္းသင္းျခင္း။
၃။ ပူေဇာ္ထိုက္သူကို ပူေဇာ္ျခင္း။
ဤသံုးပါးသည္ တိုးတက္ႀကီးပြား ခ်မ္းသာမ်ားေၾကာင္း ေကာင္းျမတ္ေသာေၾကာင့္ မဂၤလာမည္၏။

( ေနေရး ထိုင္ေရး မဂၤလာ ၃-ပါး )
ပတိရူပ ေဒသ၀ါေသာ စ၊ ပုေဗၺ စ ကတပုညတာ။
အတၱသမၼာပဏိဓိ စ၊ ဧတံ မဂၤလ မုတၱမံ။

၄။သင့္ေလ်ာ္ေသာအရပ္၌ ေနရျခင္း။
၅။ ေရွး၌ျပဳဖူး ေကာင္းမႈအထူးရွိျခင္း။
၆။ မိမိ၏ ကိုယ္စိတ္ႏွစ္ပါးကို ေစာင့္ထိန္းျခင္း။
ဤသံုးပါးသည္ တိုးတက္ႀကီးပြား ခ်မ္းသာမ်ားေၾကာင္း ေကာင္းျမတ္ေသာေၾကာင့္ မဂၤလာမည္၏။

( သင္ၾကားေရး မဂၤလာ ၄-ပါး )
ဗာဟုသစၥဥၥ သိပၸဥၥ၊ ၀ိနေယာ စ သုသိကၡိေတာ။
သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မဂၤလ မုတၱမံ။

၇။ ေလာကီ ေလာကုတ္ အၾကားအျမင္မ်ားျခင္း။
၈။ စက္မႈ လက္မႈ အတတ္တို႔ကို တတ္ျခင္း။
၉။ လူႏွင့္ဆိုင္ရာ က်င့္၀တ္မ်ားကို ေကာင္းစြာ သင္ၾကားနားလည္ျခင္း။
၁၀။ အေျပာအဆို ခ်ိဳသာ ယဥ္ေက်းျခင္း။
ဤေလးပါးသည္ တိုးတက္ႀကီးပြား ခ်မ္းသာမ်ားေၾကာင္း ေကာင္းျမတ္ေသာေၾကာင့္ မဂၤလာမည္၏။

( ျပဳစုေရး မဂၤလာ ၃-ပါး )
မာတာပိတု ဥပ႒ာနံ၊ ပုတၱဒါရသ သဂၤေဟာ။
အနာကုလာ စ ကမၼႏၲာ၊ ဧတံ မဂၤလ မုတၱမံ။

၁၁။ မိဘႏွစ္ပါးကို လုပ္ေကၽြးျပဳစုျခင္း။
၁၂။ သားမယားတို႔ကို တရားႏွင့္အညီ လုပ္ေကၽြးျခင္း။
၁၃။ အေႏွာင့္အယွက္ကင္းေသာ အလုပ္ကို လုပ္ကိုင္ျခင္း။
ဤသံုးပါးသည္ တိုးတက္ႀကီးပြား ခ်မ္းသာမ်ားေၾကာင္း ေကာင္းျမတ္ေသာေၾကာင့္ မဂၤလာမည္၏။

( လိုက္နာက်င့္သံုးေရး မဂၤလာ ၄-ပါး )
ဒါနဥၥ ဓမၼစရိယာ စ၊ ဉာတကာနဥၥ သဂၤေဟာ။
အန၀ဇၨာနိ ကမၼာနိ၊ ဧတံ မဂၤလ မုတၱမံ။

၁၄။ စြန္႔ၾကဲေပးကမ္း လွဴဒါန္းျခင္း။
၁၅။ သုစရိုက္တရားကို က်င့္ျခင္း။
၁၆။ ေဆြမ်ိဳးးတို႔အား ေထာက္ပံ႔ကူညီျခင္း။
၁၇။ အျပစ္မရွိေသာ အမႈတို႔ကို ျပဳျခင္း။
ဤေလးပါးသည္ တိုးတက္ႀကီးပြား ခ်မ္းသာမ်ားေၾကာင္း ေကာင္းျမတ္ေသာေၾကာင့္ မဂၤလာမည္၏။

( ေရွာင္ၾကဥ္ေရး မဂၤလာ ၃-ပါး )
အာရတီ ၀ိရတီ ပါပါ၊ မဇၨပါနာ စ သံယေမာ။
အပၸမာေဒါ စ ဓေမၼသု၊ ဧတံ မဂၤလ မုတၱမံ။

၁၈။ မေကာင္းမႈ မျဖစ္ေအာင္ စိတ္ျဖင့္ ေရွာင္ၾကဥ္ျခင္း။
၁၉။ မေကာင္းမႈ မျဖစ္ေအာင္ ကိုယ္ႏႈတ္ ၂-ပါးျဖင့္ ေရွာင္ၾကဥ္ျခင္း။
၂၀။ မူးယစ္ေသစာ မေသာက္စားျခင္း။
၂၁။ ကုသိုလ္တရားတို႔၌ မေမ့ မေလ်ာ့ျခင္း။
ဤေလးပါးသည္ တိုးတက္ႀကီးပြား ခ်မ္းသာမ်ားေၾကာင္း ေကာင္းျမတ္ေသာေၾကာင့္ မဂၤလာမည္၏။

( စိတ္ထားေရး မဂၤလာ ၅-ပါး )
ဂါရေ၀ါ စ နိ၀ါေတာ စ၊ သႏၲဳ႒ိ စ ကတညဳတာ။
ကာေလန ဓမၼသ၀နံ၊ ဧတံ မဂၤလ မုတၱမံ။

၂၂။ ရိုေသထိုက္ေသာ သူကို ရိုေသျခင္း။
၂၃။ မိမိကိုယ္ကို ႏွိမ့္ခ်ရျခင္း။
၂၄။ ေရာင့္ရဲလြယ္ျခင္း။ (ေလာဘအပို အလိုမလိုက္ျခင္း)
၂၅။ သူတပါးေက်းဇူးကို သိျခင္း။
၂၆။ သင့္ေလ်ာ္ေသာအခါ တရားနာျခင္း။
ဤငါးပါးသည္ တိုးတက္ႀကီးပြား ခ်မ္းသာမ်ားေၾကာင္း ေကာင္းျမတ္ေသာေၾကာင့္ မဂၤလာမည္၏။

( သည္းခံေရး မဂၤလာ ၄-ပါး )
ခႏၲီ စ ေသာ၀စသတာ၊ သမဏာနဥၥ ဒသနံ။
ကာေလန ဓမၼသာကစၧာ၊ ဧတံ မဂၤလ မုတၱမံ။

၂၇။ သည္းခံျခင္း။
၂၈။ ဆံုးမလြယ္ျခင္း။
၂၉။ ရဟန္းသံဃာတို႔အား ဖူးေျမာ္ျခင္း။
၃၀။ သင့္ေလ်ာ္ေသာအခါ တရားေဆြးေႏြးျခင္း။
ဤေလးပါးသည္ တိုးတက္ႀကီးပြား ခ်မ္းသာမ်ားေၾကာင္း ေကာင္းျမတ္ေသာေၾကာင့္ မဂၤလာမည္၏။

( ျခိဳးျခံေရး မဂၤလာ ၄-ပါး )
တေပါ စ ျဗဟၼစရိယဥၥ၊ အရိယသစၥာနဒသနံ။
နိဗၺာန သစၧိကိရိယာ စ၊ ဧတံ မဂၤလ မုတၱမံ။

၃၁။ ျခိဳးျခံစြာ က်င့္ျခင္း။
၃၂။ ျမတ္ေသာ အက်င့္ကို က်င့္ျခင္း။
၃၃။ သစၥာေလးပါးကို သိျခင္း။
၃၄။ နိဗၺာန္ကို မ်က္ေမွာက္ျပဳျခင္း။
ဤေလးပါးသည္ တိုးတက္ႀကီးပြား ခ်မ္းသာမ်ားေၾကာင္း ေကာင္းျမတ္ေသာေၾကာင့္ မဂၤလာမည္၏။

( စိတ္ထားေရး မဂၤလာ ၄-ပါး )
ဖု႒သ ေလာကဓေမၼဟိ၊ စိတၱံ ယသ န ကမၼတိ။
အေသာကံ ၀ိရဇံ ေခမံ၊ ဧတံ မဂၤလ မုတၱမံ။

၃၅။ ေလာကဓံတရားႏွင့္ ေတြ႔ႀကံဳေသာအခါ စိတ္ဓာတ္မတုန္လႈပ္ျခင္း။
၃၆။ မစိုးရိမ္ျခင္း။
၃၇။ ကိေလသာျမဴ ကင္းျခင္း။
၃၈။ ေဘးကင္းျခင္း။
ဤေလးပါးသည္ တိုးတက္ႀကီးပြား ခ်မ္းသာမ်ားေၾကာင္း ေကာင္းျမတ္ေသာေၾကာင့္ မဂၤလာမည္၏။

မွတ္ခ်က္။
၁-မွ ၃၂-အထိ ေလာကီ မဂၤလာ။ က်န္ ၆-ပါး ေလာကုတၱရာ မဂၤလာ။
၁-မွ ၃၃-အထိ အေၾကာင္း မဂၤလာ။ က်န္ ၅-ပါး အက်ိဳး မဂၤလာ-ဟု မွတ္ပါ။

( မဂၤလာအက်ိဳးျပ နိဂံုး )
ဧတာဒိသာနိ ကတြာန၊ သဗၺတၳ မပရာဇိတာ။
သဗၺတၳ ေသာတၳႎ ဂစၧႏၲိ၊ တံ ေတသံ မဂၤလ မုတၱမံ။

ဤ သံုးဆယ့္ရွစ္ပါးေသာ မဂၤလာတရားတို႔ကို လိုက္နာျပဳက်င့္ေသာေၾကာင့္ ရန္သူမွန္သမွ် အႏိုင္မခံရ၊
အရပ္ေဒသ အားလံုးတို႔၌ ႀကီးပြား ခ်မ္းသာျခင္းသို႔ ေရာက္ႏိုင္၏။
၃၈-ျဖာ မဂၤလာတရားသည္ နတ္၊ လူတို႔အတြက္ အျမတ္ဆံုးေသာ မဂၤလာမည္၏။
========================================================
[Unicode]
၃၈-ဖြာ မင်္ဂလာ တရားတော်

အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းသော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူပါသည်။

ထိုအခါ မထင်ရှားသော နတ်သားတယောက်သည် သန်းခေါင်ယံအချိန်၌ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်လာပါ သည်။ ဇေတဝန်တကျောင်းလုံး နတ်သား၏ ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပနေပါသည်။ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်လာသော နတ်သားသည် သင့်လျော်ရာအရပ်၌ မတ်တတ်ရပ်လျက် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် ဂါထာဖြင့် ဤသို့ မေးလျှောက်လေသည်။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ များစွာကုန်သော နတ်နှင့်လူတို့သည် စင်ကြယ်သော နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တကုန်၍ မင်္ဂလာတရားတော်ကို ၁၂-နှစ်ကြာမျှ ကြံစည်တွေးတော ပါသော်လည်း မသိနိုင်ကြပါကုန်။ ထိုမင်္ဂလာတရားကို ရှင်းလင်းဟောကြား ပေးသနားတော်မူပါဘုရား။

( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )
အသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဥ္စ သေဝနံ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ

၁။ လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း။
၂။ ပညာရှိကို မှီဝဲဆည်းကပ် ပေါင်းသင်းခြင်း။
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

( နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး )
ပတိရူပ ဒေသဝါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

၄။သင့်လျော်သောအရပ်၌ နေရခြင်း။
၅။ ရှေး၌ပြုဖူး ကောင်းမှုအထူးရှိခြင်း။
၆။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

( သင်ကြားရေး မင်္ဂလာ ၄-ပါး )
ဗာဟုသစ္စဥ္စ သိပ္ပဥ္စ၊ ၀ိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၇။ လောကီ လောကုတ် အကြားအမြင်များခြင်း။
၈။ စက်မှု လက်မှု အတတ်တို့ကို တတ်ခြင်း။
၉။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြားနားလည်ခြင်း။
၁၀။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

( ပြုစုရေး မင်္ဂလာ ၃-ပါး )
မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရသ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၁။ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း။
၁၂။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း။
၁၃။ အနှောင့်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

( လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄-ပါး )
ဒါနဥ္စ ဓမ္မစရိယာ စ၊ ဉာတကာနဥ္စ သင်္ဂဟော။
အနဝဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၄။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
၁၅။ သုစရိုက်တရားကို ကျင့်ခြင်း။
၁၆။ ဆွေမျိုးးတို့အား ထောက်ပံ့ကူညီခြင်း။
၁၇။ အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

( ရှောင်ကြဉ်ရေး မင်္ဂလာ ၃-ပါး )
အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။

၁၈။ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့် ရှောင်ကြဉ်ခြင်း။
၁၉။ မကောင်းမှု မဖြစ်အောင် ကိုယ်နှုတ် ၂-ပါးဖြင့် ရှောင်ကြဉ်ခြင်း။
၂၀။ မူးယစ်သေစာ မသောက်စားခြင်း။
၂၁။ ကုသိုလ်တရားတို့၌ မမေ့ မလျော့ခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

( စိတ်ထားရေး မင်္ဂလာ ၅-ပါး )
ဂါရဝေါ စ နိ၀ါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မသဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၂၂။ ရိုသေထိုက်သော သူကို ရိုသေခြင်း။
၂၃။ မိမိကိုယ်ကို နှိမ့်ချရခြင်း။
၂၄။ ရောင့်ရဲလွယ်ခြင်း။ (လောဘအပို အလိုမလိုက်ခြင်း)
၂၅။ သူတပါးကျေးဇူးကို သိခြင်း။
၂၆။ သင့်လျော်သောအခါ တရားနာခြင်း။
ဤငါးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

( သည်းခံရေး မင်္ဂလာ ၄-ပါး )
ခန္တီ စ သောဝစသတာ၊ သမဏာနဥ္စ ဒသနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၂၇။ သည်းခံခြင်း။
၂၈။ ဆုံးမလွယ်ခြင်း။
၂၉။ ရဟန်းသံဃာတို့အား ဖူးမြော်ခြင်း။
၃၀။ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

( ခြိုးခြံရေး မင်္ဂလာ ၄-ပါး )
တပေါ စ ဗြဟ္မစရိယဥ္စ၊ အရိယသစ္စာနဒသနံ။
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။

၃၁။ ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ မြတ်သော အကျင့်ကို ကျင့်ခြင်း။
၃၃။ သစ္စာလေးပါးကို သိခြင်း။
၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

( စိတ်ထားရေး မင်္ဂလာ ၄-ပါး )
ဖုဋ္ဌသ လောကဓမ္မေဟိ၊ စိတ္တံ ယသ န ကမ္မတိ။
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။

၃၅။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ စိတ်ဓာတ်မတုန်လှုပ်ခြင်း။
၃၆။ မစိုးရိမ်ခြင်း။
၃၇။ ကိလေသာမြူ ကင်းခြင်း။
၃၈။ ဘေးကင်းခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

မှတ်ချက်။
၁-မှ ၃၂-အထိ လောကီ မင်္ဂလာ။ ကျန် ၆-ပါး လောကုတ္တရာ မင်္ဂလာ။
၁-မှ ၃၃-အထိ အကြောင်း မင်္ဂလာ။ ကျန် ၅-ပါး အကျိုး မင်္ဂလာ-ဟု မှတ်ပါ။

( မင်္ဂလာအကျိုးပြ နိဂုံး )
ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။

ဤ သုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရားတို့ကို လိုက်နာပြုကျင့်သောကြောင့် ရန်သူမှန်သမျှ အနိုင်မခံရ၊
အရပ်ဒေသ အားလုံးတို့၌ ကြီးပွား ချမ်းသာခြင်းသို့ ရောက်နိုင်၏။
၃၈-ဖြာ မင်္ဂလာတရားသည် နတ်၊ လူတို့အတွက် အမြတ်ဆုံးသော မင်္ဂလာမည်၏။

No comments:

Post a Comment