Thursday, August 11, 2016

ဒြိဟိတ္ တိဟိတ္ ကုသိုလ္ (ဒွိဟိတ် တိဟိတ် ကုသိုလ်)

[Zawgyi]
ဒြိဟိတ္ တိဟိတ္ ကုသိုလ္

ေစတသိက္အခန္း၌ ျပခဲ့ေသာ အေလာဘ၊ အေဒါသ၊ အေမာဟ ၃-ပါးကို ပါဠိလုိ “ေဟတု”၊ ျမန္မာလုိ “ဟိတ္”ဟုေခၚသည္။ ဤေနရာ၌ ေဟတု-သဒၵါသည္ “အေျခအျမစ္”ဟူေသာ အနက္ကိုေဟာ၏။

သစ္ပင္၌ ေရေသာက္ျမစ္သည္ သစ္ပင္တစ္ပင္လံုး ခိုင္ျမဲစည္ကား ၾကီးထြားေအာင္ ျပဳသကဲ့သိ႔ ဟိတ္တရားမ်ားလည္း မိမိတုိ႔ႏွင့္ ယွဥ္ဖက္စိတ္ကို ခုိင္ျမဲစည္ကား အက်ိဳးမ်ားေအာင္ ျပဳႏုိင္ၾကေပသည္။ ထို႔ေၾကာင့္ ကုသုိလ္စိတ္ကို ဟိတ္ ၂-ပါးႏွင့္ ယွဥ္ေသာ ဒြိဟိတ္ကုသိုလ္စိတ္၊ ဟိတ္ ၃-ပါးႏွင့္ ယွဥ္ေသာ တိဟိတ္ကုသိုလ္စိတ္ဟု ခြဲျခားမွတ္သားရမည္။

"ဒိြဟိတ္ကုသိုလ္စိတ္"
အေလာဘ၊ အေဒါသ ဟိတ္ ၂-ပါးႏွင့္ ယွဥ္ေသာ ကုသိုလ္စိတ္သည္ “ဒြိဟိတ္ကုသိုလ္စိတ္”မည္၏။ သုစရုိက္ဆယ္ပါးတုိ႔တြင္ သမၼာဒိ႒ိသည္ “ကံ-ကံ၏ အက်ိဳးဧကန္ရွိ၏။”ဟု ယံုၾကည္ေသာ ဉာဏ္ပညာတည္း၊ ထုိဉာဏ္ကိုပင္ “ကမၼသကတာဉာဏ္”ဟု ေခၚ၏။ ကေလးျဖစ္ေစ၊ ကံ-ကံ၏အက်ိဳးကို နားမလည္ေသာ အရုိင္းအစိုင္းျဖစ္ေစ ပစၥည္း၀တၳဳ တစ္စံုတစ္ခုကို ေပးကမ္းရာ၌ ၀မ္းေျမာက္၀မ္းသာ ကုိသိုလ္စိတ္ကား ျဖစ္တတ္ပါ၏။

သို႔ေသာ္ “ယခုျပဳေသာ ကုသိုလ္ကံသည္ မိမိသႏၱာန္မွာ အဖတ္တင္ရစ္၏။ ထိုကံေၾကာင့္ ေနာက္ေနာင္အခါ အက်ိဳးခံစားရမည္”ဟု သိေသာ သမၼာဒိ႒ိ (ကမၼသကတာဉာဏ္) အေမာဟမပါ။ အေလာဘ၊ အေဒါသဟိတ္ ၂-ပါးသာပါ၏။ ထုိ႔ေၾကာင့္ ထုိကုသိုလ္စိတ္မ်ိဳးကို “ဒြိဟိတ္ကုသိုလ္စိတ္”ဟု ေခၚၾကရသည္။

ယခုကာလ ဗုဒၶဘာသာ၀င္ အခ်ိဳ႕လည္း ကံ-ကံ၏ အက်ိဳးကို နားမလည္ၾကဘဲ သူမ်ားေယာင္လုိ႔ ေရာေယာင္ကာ သူမ်ားလွဴလုိ႔ လွဴၾကရသူေတြ မ်ားစြာရွိသည္။ ထုိသူမ်ား၏ ကုသိုလ္စိတ္လည္း ဒြိဟိတ္ ကုသိုလ္ပင္တည္း။

ပင္ကိုဉာဏ္ရွိသူ (တတ္သိနားလည္သူ) ျဖစ္ေသာ္လည္း အမွတ္တမဲ့ ေပးကမ္းရာ၌ ဒိြဟိတ္ ကုသိုလ္စိတ္ပင္ ျဖစ္ေပလိမ့္မည္။ အခ်ဳပ္မွာ ကုသုိလ္ျပဳေနတုန္း၌ ဉာဏ္ပညာမပါလွ်င္ ဒြိဟိတ္ကုသိုလ္ခ်ည္းမွတ္ပါ။

"တိဟိတ္ကုသိုလ္စိတ္"
အေလာဘ၊ အေဒါသ၊ အေမာဟ ဟိတ္ ၃-ပါးႏွင့္ယွဥ္ေသာ ကုသိုလ္စိတ္သည္ “တိဟိတ္ကုသိုလ္စိတ္”မည္၏။ ကုသုိလ္ျပဳေနတုန္းအခါ ကံကိုလည္းေကာင္း၊ ကံ၏ အက်ိဳးကိုလည္းေကာင္း နားလည္ေသာ ကမၼသကတဉာဏ္ပါလွ်င္ တိဟိတ္ ကုသိုလ္စိတ္ ျဖစ္သည္။ ယခုကာလ၀ယ္ အေတာ္အတန္ ဉာဏ္ရွိေသာ အမ်ိဳးသား အမ်ိဳးသမီးတုိ႔သည္ ဘုရားကိစၥ၊ တရားကိစၥ၊ သံဃာကိစၥ၊ မိဘကိစၥ၊ လူၾကီးသူမတုိ႔ ကိစၥကို စိတ္ေစတနာ ျဖဴစင္စြာျဖင့္ ျပဳၾကသည္။

ထုိကုသိုလ္စိတ္မ်ား၌ သံသရာ အက်ိဳးကို နားလည္ေသာ ဉာဏ္ပါရွိရကား တိဟိတ္ ကုသိုလ္မ်ိဳးျဖစ္ၾကသည္။ တစ္စံုတစ္ခု ပစၥည္းကို ေပးလွဴေသာအခါ “ထုိပစၥည္းသည္ ရုပ္ကလာပ္အစုသာျဖစ္၏။ ထုိရုပ္ကလာပ္အား အနိစၥ၊ ဒုကၡ၊ အနတၱ ပါတကား”ဟု ၀ိပသနာတင္၍ လွဴတတ္သူအတြက္ ဉာဏ္ဓာတ္ပါရွိေၾကာင္း တိဟိတ္ကုသိုလ္စိတ္ ျဖစ္ေၾကာင္းမွာ အထူးေျပာဖြယ္ မလုိေတာ့ပါ။ အလြန္ေကာင္းေသာ တိဟိတ္ ကုသုိလ္တည္း။

ထုိ႔ေၾကာင့္ ယခုအခါ ဆရာမိဘတို႔က အလွဴေပးခါနီး၊ ေရစက္ခ်ခါနီး၌ ကံႏွင့္ကံ၏အက်ိဳးကို လည္းေကာင္း၊ အနိစၥ၊ ဒုကၡ၊ အနတၱအေၾကာင္းကို လည္းေကာင္း နားလည္ေအာင္ ေျပာသင့္ၾကပါသည္။

[မဟာဂႏၶာရံုဆရာေတာ္ အရွင္ဇနကာဘိ၀ံသ၊ ကိုယ္က်င့္အဘိဓမၼာ]

မွတ္ခ်က္၊
ဒြိဟိတ္ပုဂၢိဳလ္= အေမာဟ မပါ, အေလာဘ၊ အေဒါသ ဟိတ္ႏွစ္ပါး နဲ႔ သာ ပဋိသေႏၶ တည္ေနၿပီး စ်ာန္ မဂ္ဖုိလ္ ရႏုိင္ေလာက္ေအာင္ ဉာဏ္မပါတဲ့ ပုဂၢိဳလ္မ်ိဳး
တိဟိတ္ပုဂၢိဳလ္=အေလာဘ၊ အေဒါသ၊ အေမာဟ ဟိတ္သံုးပါး နဲ႔ ပဋိသေႏၶ တည္ေနၿပီး စ်ာန္ မဂ္ဖုိလ္ ရႏုိင္ေလာက္တဲ့ ဉာဏ္ပါတဲ့ ပုဂၢိဳလ္မ်ိဳး

[Unicode]
ဒွိဟိတ် တိဟိတ် ကုသိုလ်

စေတသိက်အခန်း၌ ပြခဲ့သော အလောဘ၊ အဒေါသ၊ အမောဟ ၃-ပါးကို ပါဠိလို “ဟေတု”၊ မြန်မာလို “ဟိတ်”ဟုခေါ်သည်။ ဤနေရာ၌ ဟေတု-သဒ္ဒါသည် “အခြေအမြစ်”ဟူသော အနက်ကိုဟော၏။

သစ်ပင်၌ ရေသောက်မြစ်သည် သစ်ပင်တစ်ပင်လုံး ခိုင်မြဲစည်ကား ကြီးထွားအောင် ပြုသကဲ့သိ့ ဟိတ်တရားများလည်း မိမိတို့နှင့် ယှဉ်ဖက်စိတ်ကို ခိုင်မြဲစည်ကား အကျိုးများအောင် ပြုနိုင်ကြပေသည်။ ထို့ကြောင့် ကုသိုလ်စိတ်ကို ဟိတ် ၂-ပါးနှင့် ယှဉ်သော ဒွိဟိတ်ကုသိုလ်စိတ်၊ ဟိတ် ၃-ပါးနှင့် ယှဉ်သော တိဟိတ်ကုသိုလ်စိတ်ဟု ခွဲခြားမှတ်သားရမည်။

"ဒွိဟိတ်ကုသိုလ်စိတ်"
အလောဘ၊ အဒေါသ ဟိတ် ၂-ပါးနှင့် ယှဉ်သော ကုသိုလ်စိတ်သည် “ဒွိဟိတ်ကုသိုလ်စိတ်”မည်၏။ သုစရိုက်ဆယ်ပါးတို့တွင် သမ္မာဒိဋ္ဌိသည် “ကံ-ကံ၏ အကျိုးဧကန်ရှိ၏။”ဟု ယုံကြည်သော ဉာဏ်ပညာတည်း၊ ထိုဉာဏ်ကိုပင် “ကမ္မသကတာဉာဏ်”ဟု ခေါ်၏။ ကလေးဖြစ်စေ၊ ကံ-ကံ၏အကျိုးကို နားမလည်သော အရိုင်းအစိုင်းဖြစ်စေ ပစ္စည်းဝတ္ထု တစ်စုံတစ်ခုကို ပေးကမ်းရာ၌ ၀မ်းမြောက်ဝမ်းသာ ကိုသိုလ်စိတ်ကား ဖြစ်တတ်ပါ၏။

သို့သော် “ယခုပြုသော ကုသိုလ်ကံသည် မိမိသန္တာန်မှာ အဖတ်တင်ရစ်၏။ ထိုကံကြောင့် နောက်နောင်အခါ အကျိုးခံစားရမည်”ဟု သိသော သမ္မာဒိဋ္ဌိ (ကမ္မသကတာဉာဏ်) အမောဟမပါ။ အလောဘ၊ အဒေါသဟိတ် ၂-ပါးသာပါ၏။ ထို့ကြောင့် ထိုကုသိုလ်စိတ်မျိုးကို “ဒွိဟိတ်ကုသိုလ်စိတ်”ဟု ခေါ်ကြရသည်။

ယခုကာလ ဗုဒ္ဓဘာသာဝင် အချို့လည်း ကံ-ကံ၏ အကျိုးကို နားမလည်ကြဘဲ သူများယောင်လို့ ရောယောင်ကာ သူများလှူလို့ လှူကြရသူတွေ များစွာရှိသည်။ ထိုသူများ၏ ကုသိုလ်စိတ်လည်း ဒွိဟိတ် ကုသိုလ်ပင်တည်း။

ပင်ကိုဉာဏ်ရှိသူ (တတ်သိနားလည်သူ) ဖြစ်သော်လည်း အမှတ်တမဲ့ ပေးကမ်းရာ၌ ဒွိဟိတ် ကုသိုလ်စိတ်ပင် ဖြစ်ပေလိမ့်မည်။ အချုပ်မှာ ကုသိုလ်ပြုနေတုန်း၌ ဉာဏ်ပညာမပါလျှင် ဒွိဟိတ်ကုသိုလ်ချည်းမှတ်ပါ။

"တိဟိတ်ကုသိုလ်စိတ်"
အလောဘ၊ အဒေါသ၊ အမောဟ ဟိတ် ၃-ပါးနှင့်ယှဉ်သော ကုသိုလ်စိတ်သည် “တိဟိတ်ကုသိုလ်စိတ်”မည်၏။ ကုသိုလ်ပြုနေတုန်းအခါ ကံကိုလည်းကောင်း၊ ကံ၏ အကျိုးကိုလည်းကောင်း နားလည်သော ကမ္မသကတဉာဏ်ပါလျှင် တိဟိတ် ကုသိုလ်စိတ် ဖြစ်သည်။ ယခုကာလဝယ် အတော်အတန် ဉာဏ်ရှိသော အမျိုးသား အမျိုးသမီးတို့သည် ဘုရားကိစ္စ၊ တရားကိစ္စ၊ သံဃာကိစ္စ၊ မိဘကိစ္စ၊ လူကြီးသူမတို့ ကိစ္စကို စိတ်စေတနာ ဖြူစင်စွာဖြင့် ပြုကြသည်။

ထိုကုသိုလ်စိတ်များ၌ သံသရာ အကျိုးကို နားလည်သော ဉာဏ်ပါရှိရကား တိဟိတ် ကုသိုလ်မျိုးဖြစ်ကြသည်။ တစ်စုံတစ်ခု ပစ္စည်းကို ပေးလှူသောအခါ “ထိုပစ္စည်းသည် ရုပ်ကလာပ်အစုသာဖြစ်၏။ ထိုရုပ်ကလာပ်အား အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါတကား”ဟု ၀ိပသနာတင်၍ လှူတတ်သူအတွက် ဉာဏ်ဓာတ်ပါရှိကြောင်း တိဟိတ်ကုသိုလ်စိတ် ဖြစ်ကြောင်းမှာ အထူးပြောဖွယ် မလိုတော့ပါ။ အလွန်ကောင်းသော တိဟိတ် ကုသိုလ်တည်း။

ထို့ကြောင့် ယခုအခါ ဆရာမိဘတို့က အလှူပေးခါနီး၊ ရေစက်ချခါနီး၌ ကံနှင့်ကံ၏အကျိုးကို လည်းကောင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တအကြောင်းကို လည်းကောင်း နားလည်အောင် ပြောသင့်ကြပါသည်။

[မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိ၀ံသ၊ ကိုယ်ကျင့်အဘိဓမ္မာ]

မှတ်ချက်၊
ဒွိဟိတ်ပုဂ္ဂိုလ်= အမောဟ မပါ, အလောဘ၊ အဒေါသ ဟိတ်နှစ်ပါး နဲ့ သာ ပဋိသန္ဓေ တည်နေပြီး စျာန် မဂ်ဖိုလ် ရနိုင်လောက်အောင် ဉာဏ်မပါတဲ့ ပုဂ္ဂိုလ်မျိုး
တိဟိတ်ပုဂ္ဂိုလ်=အလောဘ၊ အဒေါသ၊ အမောဟ ဟိတ်သုံးပါး နဲ့ ပဋိသန္ဓေ တည်နေပြီး စျာန် မဂ်ဖိုလ် ရနိုင်လောက်တဲ့ ဉာဏ်ပါတဲ့ ပုဂ္ဂိုလ်မျိုး

No comments:

Post a Comment