Thursday, August 11, 2016

ဣၿႏိၵယ သံ၀ရသီလ အေၾကာင္း တစ္ေစ့တစ္ေစာင္း (ဣန္ဒြိယ သံဝရသီလ အကြောင်း တစ်စေ့တစ်စောင်း)

[Zawgyi]
"ဣၿႏိၵယ သံ၀ရသီလ အေၾကာင္း တစ္ေစ့တစ္ေစာင္း"

"ကႎ သီလႏၱိ ေစတနာသီလံ ေစတသိကံသီလံ သံ၀ေရာသီလံ
အ၀ီတိကၠေမာ သီလႏၱိ" (ပဋိသမိၻဒါမဂ္)

"အဘယ္ တရားသည္ သီလ မည္သနည္း"
(၁)ေစတနာ သည္ သီလမည္၏။
(၂)ေစတသိက္သည္ သီလ မည္၏။
(၃)ပိတ္ဆို႔ေစာင့္ေရွာက္ျခင္း-သံ၀ရ သည္ သီလမည္၏။
(၄)မလြန္က်ဴးျခင္း-အ၀ီတိကၠမသည္ သီလ မည္၏။ ဟူ၍ ဗုဒၶစာေပက်မ္းဂန္က ဆိုပါသည္။

(၁)ေစတနာ သီလ ဆိုသည္က "သူ႔အသက္သတ္ျခင္း"အစရွိသည့္
"ကာယဒုစရိုက္(၃)ပါး" ႏွင့္ "၀စီဒုစရိုက္(၄)ပါး" တို႔ကို ေရွာင္ၾကဥ္ေသာသူ ၏
"ကမၼပထေစတနာ(၇)ပါး" ကို ေခၚျခင္းျဖစ္ပါ၏။

(၂)ေစတသိက သီလ ဆိုသည္က "မမွန္စကားကိုေျပာဆိုျခင္း"၊ "သူ႕အသက္သတ္ျခင္း"
စသည္တို႔ကို ေရွာင္ၾကဥ္ေသာ"သမၼာ၀ါစာ၊ သမၼာကမၼႏၲ၊သမၼာအာဇီ၀"ဆိုသည့္
"၀ိရတိေစတသိက္(၃)ပါး"ကို ေခၚျခင္းျဖစ္ပါ၏။

(၃)သံ၀ရ သီလ ဆိုသည္ က "ပိတ္ဆို႔ေစာင့္ေရွာက္ျခင္း" ဟူေသာ "သံ၀ရတရား" ကို
"သံ၀ရသီလ" ဟုေခၚဆိုပါ၏။ "သံ၀ရသီလ ၅မ်ိဳး" ရွိပါေသးသည္။
(စကားမက်န္ရေစရန္ လို, တို,ရွင္း တင္ျပပါမည္။)

(က)ရဟန္းေတာ္မ်ားအတြက္ ပညတ္အပ္ေသာ၀ိနညး္သိကၡာပုဒ္ မ်ားေစာင့္စည္းျခင္းကို
"ပါတိေမာကၡသံ၀ရ"ေခၚပါ၏။

(ခ)စကၡဳေၿႏၵ,ေသာတိေၿႏၵ စေသာ ဣေၿႏၵ(၆)ပါး ကိုေစာင့္စည္းျခင္း သတိ ကို "သတိသံ၀ရ"ေခၚပါ၏။

(ဂ)ပစၥည္းေလးပါးကိုဆင္ျခင္၍မွီ၀ဲသံုးေဆာင္ေသာ ဉာဏ္ ပညာ ကို "ဉာဏသံ၀ရ" ေခၚပါ၏။

(ဃ)ပူျခင္း၊ေအးျခင္းတို႔ကို သည္းခံျခင္း(အေဒါသ) ကို "ခႏၱီသံ၀ရ" ေခၚပါ၏။

(င)စိတ္၌ျဖစ္ေပၚလာေသာ ကာမ၀ိတက္ကိုသာယာမေနဘဲ ခ်က္ခ်င္းပယ္ေဖ်ာက္ရန္
ႀကိဳးစားအားထုတ္မႈကို "၀ီရိယသံ၀ရ"ေခၚပါ၏။ ဤသည္တို႔က
(သံ၀ရသီလ)အုပ္စု၀င္ငါးမ်ိဳး ပင္ျဖစ္ပါ၏။

(၄)အ၀ီတိကၠ သီလ ဆိုသည္က သီလေဆာက္တည္ၿပီးေသာအခါ ကိုယ္,ႏႈတ္ တို႔ျဖင့္
ကာယကံ၊၀စီကံ တို႔ကို မလြန္က်ဴးျခင္း ကုသိုလ္စိတၱဳပါဒ္ ကိုေခၚျခင္းျဖစ္ပါ၏။

"သီလ၏အက်ိဳးကား အဘယ္နည္း"ဟုေမးလာ သည္ရွိေသာ္ - "သီလ"သည္
"စိတ္ႏွလံုးသာယာခ်မ္းေျမ႕ျခင္းအက်ိဳး၊စိတ္ႏွလံုးခ်မ္းသာေအးျမျခင္း အာနိသင္ရွိ၏"ဟု
"အရွင္အာနႏၵာ"ကို "ဗုဒၶျမတ္စြာ ဘုရားရွင္" ေဟာၾကားေတာ္မူခဲ႔ဖူးပါသည္။

"သီလႏွင့္ ျပည့္စံုရျခင္း ၏ အက်ိဳး(၅)ပါး"ကို မူ "သူၾကြယ္"တို႔အား ေဟာေျပာခဲ႔သည္ဟု
ဗုဒၶစာေပက်မ္းဂန္ ကဆိုပါ၏။

(၁)သီလႏွင့္ျပည့္စံုသူသည္ မေမ႔မေလ်ာ့ျခင္းအေၾကာင္းေၾကာင့္ ႀကီးစြာေသာစည္းစိမ္ကိုရ၏။

(၂)သီလႏွင့္ျပည့္စံုသူ၏ေကာင္းေသာ ေက်ာ္ေစာ သတင္းသည္ ျပန္႔ႏွံ၍တက္၏။

(၃)သီလ ႏွင့္ျပည့္စံုသူသည္ မင္း၊သူၾကြယ္၊ရဟန္း စသည့္ မည္သည့္ပရိတ္သတ္တြင္မဆို
ရဲရဲရင့္ရင့္၊ ေၾကာက္ရြံ႕ျခင္းကင္းစြာ က်က္သေရမဂၤလာရွိသည့္ ရႊင္လန္းေသာမ်က္ႏွာျဖင့္
ခ်ဥ္းကပ္ရ၏။

(၄)သီလရွိသူသည္ မေတြမေ၀၊ၾကည္ၾကည္လင္လင္ မိမိျပဳထားေသာ ကုသိုလ္ေကာင္းမႈ တို႔ကို
ထင္ျမင္၍ ေသရ၏။

(၅)ကိုယ္ခႏၶာေၾကြပ်က္၍ ေသၿပီးသည့္ နတ္ျပည္ေလာက သို႔ မခၽြတ္ ေရာက္ရ၏။
(ဒီဃနိကာယ၊မဟာပရိနိဗၺာနသုတ္)

ဣၿႏိၵယ သံ၀ရသီလ သိလိုသည့္ "ဣၿႏိၵယ သံ၀ရသီလ" အေၾကာင္းကို ဆက္ပါမည္။
အဓိပၸါယ္ ရွင္းပါမည္။ သည္းခံဖတ္ပါ။

"ထို ရဟန္း သည္ မ်က္စိျဖင့္ "ရူပါရံု" ကို ျမင္၍ "နိမိတ္အမွတ္ ကိုယူသည္မျဖစ္"
("နိမိတ္ အမွတ္ယူသည္မျဖစ္"ဆိုသည္မွာ မိန္းမ၊ေယာက္်ားဟု သိေသာ အသြင္သ႑ာန္
အမွတ္နိမိတ္၊"ရာဂ" ျဖစ္ေစသည့္ သုဘနိမိတ္၊ "ေဒါသ" ျဖစ္ေစသည့္ မေကာင္းနိမိတ္
စသည့္ ကိေလသာပြားေၾကာင္း နိမိတ္အမွတ္ကို မယူ။
"မ်က္စိျဖင့္ျမင္ သည့္အတိုင္းပကတိသာ တည္သည္" ဟုဆိုလုိပါ၏)

"ေျခ၊လက္ အဂၤါ စေသာ အႏုဗ်ဥၨန ကို ယူသည္မျဖစ္" ("အႏုဗ်ဥၨန ကို ယူသည္မျဖစ္"
ဆိုသည္မွာ ကိေလသာတို႔ကို အစဥ္မျပတ္၊ အထပ္ထပ္၊အဖန္ဖန္ထင္ရွားေအာင္ျဖစ္ေစ
တတ္ေသာ "အႏုဗ်ဥၨန"ဟုေခၚသည့္ "ေျခ၊လက္-အမူအရာ၊ ၿပံဳးျခင္း၊ရယ္ျခင္း၊ေျပာျခင္း၊
ၾကည့္ျခင္း" စသည္တို႔ကို အမွတ္မယူပဲ ထို "ကိုယ္ကာယ၌ ဆံပင္၊ေမႊးညွင္း စသည့္
အစု သာ ရွိသည္" ဟု မွတ္ယူျခင္း ကိုဆိုလိုပါ၏)

"စကၡဳေျႏၵ ကိုေစာင့္စည္းျခင္းေၾကာင့္ ယုတ္မာသည့္ အကုသိုလ္ တရားတို႔
မလိုက္ၾကကုန္၊ထိုသို႔ စကၡဳေျႏၵ ကိုေစာင့္ေရွာက္၍က်င့္၏ ။
စကၡဳေျႏၵ ကို ေစာင့္စည္း ပိတ္ဆို႔ျခင္း သို႔ေရာက္၏"

("စကၡဳေျႏၵ ကိုေစာင့္ေရွာက္ပိတ္ဆို႔ျခင္းငွာက်င့္၏" ဆိုသည္မွာ စကၡဳေျႏၵ ဟူေသာ
တံခါးေပါက္ကို "သတိ"ဟူေသာ တံခါးရြက္ျဖင့္ ပိတ္ဆို႔ျခင္းငွာက်င့္ ၏ ဟု ဆိုလိုပါ၏။)

("စကၡဳေျႏၵ ကိုေစာင့္ေရွာက္ပိတ္ဆို႔ျခင္းသို႔ေရာက္၏" ဆိုသည္မွာ စကၡဳေျႏၵ အမည္ရသည့္
စကၡဳပသာဒ၏ေစာင့္စည္းျခင္း၊ မေစာင့္စည္းျခင္း ကားမရွိေခ်။အေၾကာင္းမွာ
စကၡဳပသာဒ ကိုအမွီျပဳ၍ "သတိ"သည္လည္းေကာင္း၊"သတိလြတ္ေသာသူ၏အျဖစ္"သည္
လည္းေကာင္း မရွိေသာေၾကာင့္ ျဖစ္၏။)

"ထို႔အတူ နားျဖင့္ အသံကိုၾကား၍ နိမိတ္အမွတ္ကိုယူသည္မျဖစ္ … ေစာင့္စည္း
ပိတ္ဆို႔ျခင္းသို႔ေရာက္၏။

ႏွာေခါင္း ျဖင့္ အန႔ံကိုနမ္းရႈ၍ နိမိတ္အမွတ္ကိုယူသည္မျဖစ္ … ေစာင့္စည္း
ပိတ္ဆို႔ျခင္း သို႔ေရာက္၏ ။

လွ်ာ ျဖင့္ အရသာ ကို လ်က္ ၍ နိမိတ္အမွတ္ကိုယူသည္မျဖစ္ … ေစာင့္စည္း
ပိတ္ဆို႔ျခင္း သို႔ေရာက္၏ ။

ကိုယ္ ျဖင့္ ေဖာ႒ဗၺာရံု ကိုေတြ႕ထိ ၍ နိမိတ္အမွတ္ကိုယူသည္မျဖစ္ … ေစာင့္စည္း
ပိတ္ဆို႔ျခင္း သို႔ေရာက္၏ ။

စိတ္ ျဖင့္ အာရံု ကိုၾကံသိ ၍ နိမိတ္အမွတ္ကို ယူသည္မျဖစ္ … ေစာင့္စည္း
ပိတ္ဆို႔ျခင္း သို႔ေရာက္၏ ။

"ဣၿႏိၵယသံ၀ရ သီလ" သည္ "သတိ" ေၾကာင့္ ၿပီးျပည့္စံုႏိုင္၏။ အေၾကာင္းမွာ သတိ သည္
ေစာင့္ေရွာက္စိုးအုပ္ သိမ္းဆည္းအပ္သည္ျဖစ္၍ သတိၿမဲစြာတည္သည္ျဖစ္ေသာ္
စကၡဳ စေသာ ဣေျႏၵ တို႔မွာ အဘိဇ်ၥာ,ေဒါမနႆ,စသည့္ ကိေလသာတရားတို႔ မတိုးမ၀င္
အစဥ္မလိုက္ႏိုင္ေသာေၾကာင့္ေပတည္း။

"အို..ရဟန္းတို႔ ..။ အလွ်ံေျပာင္ေျပာင္ ေတာက္ေလာင္လွ်က္ရွိေသာ ေလာေလာပူ သည့္
သံေခ်ာင္းျဖင့္ မ်က္စိ တည္း ဟူေသာ စကၡဳေျႏၵ ကို ထက္၀န္းက်င္မွ လွည့္ပတ္၍ေမႊျခင္းသည္
ျမတ္လွေခ်ေသး၏။ စကၡဳ၀ိဉာဏ္ ျဖင့္ သိအပ္ကုန္ေသာ ရူပါရံု တို႔ ၌ ကိေလသာတို႔ကို
အစဥ္ပြားေစေအာင္ မိန္းမ၊ေယာက္်ား စသည့္ နိမိတ္ အမွတ္ ကို ယူျခင္းသည္ မျမတ္ေခ်သာတည္း"
စေသာနည္းျဖင့္ "အာဒိတၱေဒသနာ"ကို "ဗုဒၶျမတ္စြာဘုရား" ေဟာၾကားေတာ္မူ ပါသည္။

သို႔အတြက္ ဤေဒသနာေတာ္ကိုအစဥ္ေအာင္းေမ့၍ ရူပါရံု အစရွိ ကုန္ေသာ အာရံုတို႔၌
သုဘနိမိတ္ စသည္ကို စကၡဳဒြာရ စသည္တို႔မွ ျဖစ္ေသာ ေဇာ,၀ိညာဏ္, တို႔၏ အဘိဇ်ၥာ စသည္တို႔က
အစဥ္ လိုက္၍စၥြဲလန္းျခင္း ကို မေမ႕မေလ်ာ့့၊မေပါ့မလစ္ေသာ သတိျဖင့္ တားျမစ္ကာ
"ဣေျႏၵ သံ၀ရသီလ"ကို ေကာင္းစြာျပည့္စံုေစအပ္၏။
*******************************************
"ဣၿႏိၵယသံ၀ရ သီလ ကို ေစာင့္စည္းေသာ စံျပ ပုဂၢိဳလ္မ်ား"

၁။ အရွင္၀ဂႌသ မေထရ္
ရဟန္းျပဳသစ္စျဖစ္ေသာ "၀ဂႌသ မေထရ္" သည္ ဆြမ္းခံၾကြစဥ္
အလြန္လွပေသာမိန္းမတစ္ဦးကိုျမင္၍ တပ္မက္ျခင္းရာဂ ျပင္းစြာ ျဖစ္ေပၚ၏။
ထိုအခါ "အရွင္အာနႏၵာမေထရ္" အား ဤသို႔ေလွ်ာက္၏။

"အရွင္အာနႏၵာ ဘုရား- အကၽြႏ္ုပ္ကို ကာမရာဂ ဟူသည့္ မီးျပင္းသည္
အတင္းေလာင္ၿမိဳက္ပါ၏။ အကၽြႏ္ုပ္၏စိတ္ကို ေတာက္ေလာင္၍ေနပါ၏။
ေတာင္းပန္ပါသည္။ အစဥ္သနားေသာအားျဖင့္ ရာဂမီးေတာက္
ေပ်ာက္ပ်က္ၿငိမ္းေအးေၾကာင္း ကို ေဟာၾကားေတာ္မူပါဘုရား"

"အရွင္အာနႏၵာ" က ဤသို႔ညႊန္ၾကား၏။
"အို ..ငါ့ရွင္ ၀ဂႌသ ၊ အမွတ္သညာ၏ ေဖာက္ျပန္ျခင္းေၾကာင့္
သင္၏စိတ္ ကို ရာဂမီးသည္ ဖိစီးေတာက္ေလာင္ေခ်၏။

ရာဂစိတ္ျဖစ္ေပၚေစသည့္ အာရံုနိမိတ္ကို က်ဥ္ဖယ္ပါေလာ့။
မတင့္မတယ္ စက္ဆုပ္ဖြယ္ ဟု ေအာက္ေမ့ေသာ အသုဘ ဘာ၀နာ ကို
ပြားမ်ားေလာ့။ သင့္ စိတ္ကို တစ္ခုတည္းေသာ အသုဘအာရံု၌
ေကာင္းစြာတည္ထား ပါေလာ့၊ ေတဘူမိက သခၤါရတရား တို႔ကို
သူစိမ္းျပင္ပ အစိုးမရေသာ တရားတို႔ ဟူ၍ ရႈေလေလာ့။
အတၱ ဟူ၍ မရႈေလ ႏွင့္။ အလြန္တန္ခိုးႀကီးေသာ ရာဂမီးကို
ၿငိမ္းေအးပါေစေလာ့။ အဖန္ဖန္ မေလာင္ကၽြမ္းပါေစလင့္"

အရွင္၀ဂႌသ မေထရ္ သည္ ရာဂ ကိုပယ္ေဖ်ာက္၍ ဆြမ္းခံ လွည့္လည္ ေလ၏။

၂။ အရွင္ စိတၱဂုတၱ မေထရ္
သီရိလကၤာ ႏိုင္ငံ ၊ကုရ႑က လိုဏ္ႀကီး ၌ "၀ိပႆီ,သိခီ"အစရွိေသာ
ဘုရားရွင္(၇)ဆူတို႔၏ေတာထြက္ခန္း ကို ပန္းခ်ီေဆးေရးထားသည္ဆို၏။

အာဂႏၱဳ ရဟန္းတို႔က ေက်ာင္းသို႔ေရာက္ရွိလွည့္လည္လာသည့္အခါ
ထူးျခားေကာင္းမြန္သည့္ ထို ပန္းခ်ီကားမ်ားကိုေတြ႕ေသာၾကေလ၏။
"အရွင္ဘုရား-ေဆးေရးပန္းခ်ီကားေတြက ႏွလံုးေမြ႕ေလ်ာ္ဖြယ္
လွပဆန္း ၾကယ္ပါေပ၏"ဟု ထို လိုဏ္ဂူ၌သီတင္းသံုးသူ"အရွင္ စိတၱဂုတၱ မေထရ္"
ကို ေလွ်ာက္ထားၾက၏။

"ငါ့ရွင္တို႔-အႏွစ္ေျခာက္ဆယ္ေက်ာ္တို႔ ကာလပတ္လံုး ငါသည္ ဤလိုဏ္ဂူ ၌
ထိုပန္းခ်ီကားမ်ားရွိသည္ကို မသိေပ။
ယခုမ်က္စိေကာင္းလွေသာ ငါ့ရွင္တို႔ကို အမွီျပဳ၍သိရေပ၏"ဟု
မေထရ္ႀကီး က ဆိုပါသည္။ မေထရ္ႀကီးသည္ ဤမွ်ၾကားျမင့္စြာေနပါေသာ္လည္း
မ်က္စိ ကိုဖြင့္၍ လိုဏ္ဂူႀကီးကို မၾကည့္ဖူးေခ်။

ထိုအတူ -မေထရ္ႀကီး သည္ "ဘုရင္မင္းတရားႀကီး" က ရွိခိုးသည္ျဖစ္ေစ၊
"မိဖုရားႀကီး"က ရွိခိုးသည္ျဖစ္ေစ၊ "သုခိေဟာတု မဟာရာဇ
(ဒကာေတာ္ မင္းႀကီး ခ်မ္းသာပါေစ)"ဟူ၍သာ ဆုေပးသည္ဆိုပါ၏။

ရဟန္းတို႔က-"အရွင္ဘုရား-မင္းႀကီး က ရွိခိုးသည္ျဖစ္ေစ၊မိဖုရား က ရွိခိုးသည္ျဖစ္ေစ
(သုခိေဟာတု မဟာရာဇ)ဟူ၍သာ အဘယ့္ေၾကာင့္ ဆိုေတာ္ မူပါသနည္း ဘုရား"

"ငါ့ရွင္တို႔-ငါသည္ ဘုရင္မင္းႀကီးဟူ၍လည္းေကာင္း၊မိဖုရားႀကီး ဟူ၍လည္းေကာင္း
ပိုင္းျခားမွတ္သားျခင္းကိုမျပဳ "ဟု မေထရ္ႀကီး က မိန္႔ေတာ္မူပါ၏။
မေထရ္ႀကီးသည္ ကုရ႑ကလိုဏ္ဂူႀကီးထဲမွာပင္ မက်ိန္းစက္ေတာ့ဘဲ
ကမၼ႒ာန္းရႈမွတ္ေလရာ သန္းေခါင္ယံအခ်ိန္၌ အလံုးစံုေသာ ေတာင္ႀကီး
ကိုပဲ႔တင္ထပ္လ်က္ အရဟတၱဖိုလ္ သို႔ ေရာက္ပါ၏။

ထိုသို႔ ဣၿႏိၵယသံ၀ရ သီလ သည္ အရဟတၱ ဖိုလ္တိုင္ေအာင္
အက်ိဳးေပးႏိုင္သည့္အတြက္ အက်ိဳးလိုလားသူတို႔သည္-

(၁)ေတာ၀ယ္က်က္စား၍ ေတာ၌ေပ်ာ္ပါးေသာ ေမ်ာက္သတၱ၀ါ ကဲ႔သို႔ လည္းေကာင္း၊

(၂)ေတာအတြင္း၀ယ္ ေၾကာက္လန္႕ျခင္းျပင္းစြာတုန္လႈပ္လ်က္ေနေလ့ရွိေသာ
သားသမင္ ကဲ႔သို႔လည္းေကာင္း၊

(၃)မိဘေဆြမ်ိဳး အားကိုးရာမဲ႔ျဖစ္၍ ေၾကာက္ရြံ႕တုန္လႈပ္ေသာ
ကေလးသူငယ္ကဲ႔သို႔လည္းေကာင္း၊

ကလိန္းကလက္ ငဲ႔ကြက္ၾကည့္ေမွ်ာ္ လွ်ပ္ေပၚေလာ္လီျခင္းမျဖစ္ရာ။
မ်က္စိ ကိုေအာက္သို႔ခ်ရာ၏။ရထားထမ္းပိုး တစ္ျပန္မွ်သာၾကည့္ေလ့
ရွိသည္ျဖစ္ရာ၏။ ေတာေမ်ာက္ ကဲ႔သို႔ လွ်ပ္ေပၚသည့္သေဘာရွိေသာ
စိတ္၏အလိုသို႔မလိုက္ရာ။

(၃) မဟာမိတၱ မေထရ္
သီရိလကၤာ ႏိုင္ငံ၌ "မဟာမိတၱ မေထရ္"၏မယ္ေတာ္မွာ အဆိပ္ရွိသည့္
အသားမာနာ ေပါက္ေန၏။မယ္ေတာ္သည္ သမီးျဖစ္သူ ဘိကၡဴနီ အား
"အို-သခင္မ သင္၏ေမာင္ေတာ္ မဟာမိတၱေထရ္ ထံသို႔သြား၍
ငါ ၏ မခ်မ္းမသာျဖစ္မႈကို ေျပာၾကားၿပီးလွ်င္ ေဆးကိုေဆာင္ယူခဲ႔ေလာ့"ဟု
ေျပာဆို၏။

ထို ဘိကၡဳနီ သည္ မေထရ္ႀကီးထံသြား၍ မယ္ေတာ္ႀကီးမက်န္းမမာ အနာ
ေပါက္ေၾကာင္းေလွ်ာက္ထားေသာအခါ မေထရ္ႀကီး က -

"ငါ သည္ ေဆးျမစ္မ်ားကိုစုေဖာ္၍ ေဆးေဖာ္နည္းကိုမသိနားမလည္ပါ။
သို႕ေစကာမူ ေဆးနည္းကို ငါ ေျပာၾကားေပအံ့။

ငါ သည္ ရဟန္းျပဳသည့္အခါ ကာလ မွစ၍ ယေန႔တိုင္ေအာင္
 ေလာဘ ႏွင့္တကြျဖစ္ေသာစိတ္ ျဖင့္ ဣေျႏၵသံ၀ရသီလ ကိုခ်ိဳးေဖာက္၍ မိန္းမတို႔
၏ အဆင္းရူပါရံု ကိုမၾကည့္ခဲ႔စဖူး။

ဤသစၥာစကားေၾကာင့္ ငါ၏ မယ္ေတာ္ ခ်မ္းသာ သည္ျဖစ္ပါေစသတည္း။
သင္ သည္ မယ္ေတာ္ထံသြား၍ ငါ ၏ သစၥာစကားကိုဆို၍ မယ္ေတာ္၏
ကိုယ္ကိုပြတ္သပ္ေလေလာ့"ဟု ဆိုပါ၏။

ထို ဘိကၡဳနီ သည္ မယ္ေတာ္ထံသြား၍ သစၥာစကားဆိုေလရာ
ထိုစကားကိုၾကားသည့္ခဏ၌ပင္လွ်င္ အသားမာ နာသည္ေရျမဳပ္စိုင္ကဲ႔သို႔
ေၾက ပ်က္၍ ေပ်ာက္ကင္းသြားပါေလ၏။

ဤမွ်ဆိုလွ်င္ "ဣၿႏိၵယသံ၀ရ သီလ"အေၾကာင္း သိတန္သေလာက္ သိၿပီဟု မွတ္ယူပါသည္။

(ဓမၼမိတ္ေဆြ "ညီငယ္ ကိုေကာင္းဆု(Kaung Su)" သို႔ အမွတ္တရ ရွိေစဖို႔ )

မွီခိုရာက်မ္းကိုး-
-"၀ိသုဒိၶမဂ္ အလင္းျပ နိဗၺာန္လမ္းမႀကီး"
(ပထမတြဲ)(ေဒါက္တာ မင္းတင္မြန္၊[မဟာသဒၶမၼေဇာတိကဓဇ])
ခ်မ္းသာပါေစ၊ေအးၿငိမ္းပါေစ၊
သံသရာ၀ဋ္ဆင္းရဲမွ..လြတ္ေျမာက္ၾကပါေစ။
ဘ၀တုသဗၺမဂၤလံ

Credit:
[သင့္ကလ်ာဏ မိတၱ
(ည.ည.တ)
nyinyitindrums@gmail.com
ဗုဒၶကမာၻဆိုက္မွ]

[Unicode]
"ဣန္ဒြိယ သံဝရသီလ အကြောင်း တစ်စေ့တစ်စောင်း"

"ကိံ သီလန္တိ စေတနာသီလံ စေတသိကံသီလံ သံဝရောသီလံ
အဝီတိက္ကမော သီလန္တိ" (ပဋိသမ္ဘိဒါမဂ်)

"အဘယ် တရားသည် သီလ မည်သနည်း"
(၁)စေတနာ သည် သီလမည်၏။
(၂)စေတသိက်သည် သီလ မည်၏။
(၃)ပိတ်ဆို့စောင့်ရှောက်ခြင်း-သံဝရ သည် သီလမည်၏။
(၄)မလွန်ကျူးခြင်း-အဝီတိက္ကမသည် သီလ မည်၏။ ဟူ၍ ဗုဒ္ဓစာပေကျမ်းဂန်က ဆိုပါသည်။

(၁)စေတနာ သီလ ဆိုသည်က "သူ့အသက်သတ်ခြင်း"အစရှိသည့်
"ကာယဒုစရိုက်(၃)ပါး" နှင့် "၀စီဒုစရိုက်(၄)ပါး" တို့ကို ရှောင်ကြဉ်သောသူ ၏
"ကမ္မပထစေတနာ(၇)ပါး" ကို ခေါ်ခြင်းဖြစ်ပါ၏။

(၂)စေတသိက သီလ ဆိုသည်က "မမှန်စကားကိုပြောဆိုခြင်း"၊ "သူ့အသက်သတ်ခြင်း"
စသည်တို့ကို ရှောင်ကြဉ်သော"သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊သမ္မာအာဇီဝ"ဆိုသည့်
"၀ိရတိစေတသိက်(၃)ပါး"ကို ခေါ်ခြင်းဖြစ်ပါ၏။

(၃)သံဝရ သီလ ဆိုသည် က "ပိတ်ဆို့စောင့်ရှောက်ခြင်း" ဟူသော "သံဝရတရား" ကို
"သံဝရသီလ" ဟုခေါ်ဆိုပါ၏။ "သံဝရသီလ ၅မျိုး" ရှိပါသေးသည်။
(စကားမကျန်ရစေရန် လို, တို,ရှင်း တင်ပြပါမည်။)

(က)ရဟန်းတော်များအတွက် ပညတ်အပ်သောဝိနညး်သိက္ခာပုဒ် များစောင့်စည်းခြင်းကို
"ပါတိမောက္ခသံဝရ"ခေါ်ပါ၏။

(ခ)စက္ခုန္ဒြေ,သောတိန္ဒြေ စသော ဣန္ဒြေ(၆)ပါး ကိုစောင့်စည်းခြင်း သတိ ကို "သတိသံဝရ"ခေါ်ပါ၏။

(ဂ)ပစ္စည်းလေးပါးကိုဆင်ခြင်၍မှီဝဲသုံးဆောင်သော ဉာဏ် ပညာ ကို "ဉာဏသံဝရ" ခေါ်ပါ၏။

(ဃ)ပူခြင်း၊အေးခြင်းတို့ကို သည်းခံခြင်း(အဒေါသ) ကို "ခန္တီသံဝရ" ခေါ်ပါ၏။

(င)စိတ်၌ဖြစ်ပေါ်လာသော ကာမဝိတက်ကိုသာယာမနေဘဲ ချက်ချင်းပယ်ဖျောက်ရန်
ကြိုးစားအားထုတ်မှုကို "၀ီရိယသံဝရ"ခေါ်ပါ၏။ ဤသည်တို့က
(သံဝရသီလ)အုပ်စုဝင်ငါးမျိုး ပင်ဖြစ်ပါ၏။

(၄)အဝီတိက္က သီလ ဆိုသည်က သီလဆောက်တည်ပြီးသောအခါ ကိုယ်,နှုတ် တို့ဖြင့်
ကာယကံ၊၀စီကံ တို့ကို မလွန်ကျူးခြင်း ကုသိုလ်စိတ္တုပါဒ် ကိုခေါ်ခြင်းဖြစ်ပါ၏။

"သီလ၏အကျိုးကား အဘယ်နည်း"ဟုမေးလာ သည်ရှိသော် - "သီလ"သည်
"စိတ်နှလုံးသာယာချမ်းမြေ့ခြင်းအကျိုး၊စိတ်နှလုံးချမ်းသာအေးမြခြင်း အာနိသင်ရှိ၏"ဟု
"အရှင်အာနန္ဒာ"ကို "ဗုဒ္ဓမြတ်စွာ ဘုရားရှင်" ဟောကြားတော်မူခဲ့ဖူးပါသည်။

"သီလနှင့် ပြည့်စုံရခြင်း ၏ အကျိုး(၅)ပါး"ကို မူ "သူကြွယ်"တို့အား ဟောပြောခဲ့သည်ဟု
ဗုဒ္ဓစာပေကျမ်းဂန် ကဆိုပါ၏။

(၁)သီလနှင့်ပြည့်စုံသူသည် မမေ့မလျော့ခြင်းအကြောင်းကြောင့် ကြီးစွာသောစည်းစိမ်ကိုရ၏။

(၂)သီလနှင့်ပြည့်စုံသူ၏ကောင်းသော ကျော်စော သတင်းသည် ပြန့်နှံ၍တက်၏။

(၃)သီလ နှင့်ပြည့်စုံသူသည် မင်း၊သူကြွယ်၊ရဟန်း စသည့် မည်သည့်ပရိတ်သတ်တွင်မဆို
ရဲရဲရင့်ရင့်၊ ကြောက်ရွံ့ခြင်းကင်းစွာ ကျက်သရေမင်္ဂလာရှိသည့် ရွှင်လန်းသောမျက်နှာဖြင့်
ချဉ်းကပ်ရ၏။

(၄)သီလရှိသူသည် မတွေမဝေ၊ကြည်ကြည်လင်လင် မိမိပြုထားသော ကုသိုလ်ကောင်းမှု တို့ကို
ထင်မြင်၍ သေရ၏။

(၅)ကိုယ်ခန္ဓာကြွေပျက်၍ သေပြီးသည့် နတ်ပြည်လောက သို့ မချွတ် ရောက်ရ၏။
(ဒီဃနိကာယ၊မဟာပရိနိဗ္ဗာနသုတ်)

ဣန္ဒြိယ သံဝရသီလ သိလိုသည့် "ဣန္ဒြိယ သံဝရသီလ" အကြောင်းကို ဆက်ပါမည်။
အဓိပ္ပါယ် ရှင်းပါမည်။ သည်းခံဖတ်ပါ။

"ထို ရဟန်း သည် မျက်စိဖြင့် "ရူပါရုံ" ကို မြင်၍ "နိမိတ်အမှတ် ကိုယူသည်မဖြစ်"
("နိမိတ် အမှတ်ယူသည်မဖြစ်"ဆိုသည်မှာ မိန်းမ၊ယောက်ျားဟု သိသော အသွင်သဏ္ဍာန်
အမှတ်နိမိတ်၊"ရာဂ" ဖြစ်စေသည့် သုဘနိမိတ်၊ "ဒေါသ" ဖြစ်စေသည့် မကောင်းနိမိတ်
စသည့် ကိလေသာပွားကြောင်း နိမိတ်အမှတ်ကို မယူ။
"မျက်စိဖြင့်မြင် သည့်အတိုင်းပကတိသာ တည်သည်" ဟုဆိုလိုပါ၏)

"ခြေ၊လက် အင်္ဂါ စသော အနုဗျဥ္ဇန ကို ယူသည်မဖြစ်" ("အနုဗျဥ္ဇန ကို ယူသည်မဖြစ်"
ဆိုသည်မှာ ကိလေသာတို့ကို အစဉ်မပြတ်၊ အထပ်ထပ်၊အဖန်ဖန်ထင်ရှားအောင်ဖြစ်စေ
တတ်သော "အနုဗျဥ္ဇန"ဟုခေါ်သည့် "ခြေ၊လက်-အမူအရာ၊ ပြုံးခြင်း၊ရယ်ခြင်း၊ပြောခြင်း၊
ကြည့်ခြင်း" စသည်တို့ကို အမှတ်မယူပဲ ထို "ကိုယ်ကာယ၌ ဆံပင်၊မွှေးညှင်း စသည့်
အစု သာ ရှိသည်" ဟု မှတ်ယူခြင်း ကိုဆိုလိုပါ၏)

"စက္ခုန္ဒြေ ကိုစောင့်စည်းခြင်းကြောင့် ယုတ်မာသည့် အကုသိုလ် တရားတို့
မလိုက်ကြကုန်၊ထိုသို့ စက္ခုန္ဒြေ ကိုစောင့်ရှောက်၍ကျင့်၏ ။
စက္ခုန္ဒြေ ကို စောင့်စည်း ပိတ်ဆို့ခြင်း သို့ရောက်၏"

("စက္ခုန္ဒြေ ကိုစောင့်ရှောက်ပိတ်ဆို့ခြင်းငှာကျင့်၏" ဆိုသည်မှာ စက္ခုန္ဒြေ ဟူသော
တံခါးပေါက်ကို "သတိ"ဟူသော တံခါးရွက်ဖြင့် ပိတ်ဆို့ခြင်းငှာကျင့် ၏ ဟု ဆိုလိုပါ၏။)

("စက္ခုန္ဒြေ ကိုစောင့်ရှောက်ပိတ်ဆို့ခြင်းသို့ရောက်၏" ဆိုသည်မှာ စက္ခုန္ဒြေ အမည်ရသည့်
စက္ခုပသာဒ၏စောင့်စည်းခြင်း၊ မစောင့်စည်းခြင်း ကားမရှိချေ။အကြောင်းမှာ
စက္ခုပသာဒ ကိုအမှီပြု၍ "သတိ"သည်လည်းကောင်း၊"သတိလွတ်သောသူ၏အဖြစ်"သည်
လည်းကောင်း မရှိသောကြောင့် ဖြစ်၏။)

"ထို့အတူ နားဖြင့် အသံကိုကြား၍ နိမိတ်အမှတ်ကိုယူသည်မဖြစ် … စောင့်စည်း
ပိတ်ဆို့ခြင်းသို့ရောက်၏။

နှာခေါင်း ဖြင့် အန့ံကိုနမ်းရှု၍ နိမိတ်အမှတ်ကိုယူသည်မဖြစ် … စောင့်စည်း
ပိတ်ဆို့ခြင်း သို့ရောက်၏ ။

လျှာ ဖြင့် အရသာ ကို လျက် ၍ နိမိတ်အမှတ်ကိုယူသည်မဖြစ် … စောင့်စည်း
ပိတ်ဆို့ခြင်း သို့ရောက်၏ ။

ကိုယ် ဖြင့် ဖောဋ္ဌဗ္ဗာရုံ ကိုတွေ့ထိ ၍ နိမိတ်အမှတ်ကိုယူသည်မဖြစ် … စောင့်စည်း
ပိတ်ဆို့ခြင်း သို့ရောက်၏ ။

စိတ် ဖြင့် အာရုံ ကိုကြံသိ ၍ နိမိတ်အမှတ်ကို ယူသည်မဖြစ် … စောင့်စည်း
ပိတ်ဆို့ခြင်း သို့ရောက်၏ ။

"ဣန္ဒြိယသံဝရ သီလ" သည် "သတိ" ကြောင့် ပြီးပြည့်စုံနိုင်၏။ အကြောင်းမှာ သတိ သည်
စောင့်ရှောက်စိုးအုပ် သိမ်းဆည်းအပ်သည်ဖြစ်၍ သတိမြဲစွာတည်သည်ဖြစ်သော်
စက္ခု စသော ဣန္ဒြေ တို့မှာ အဘိဇျ္စာ,ဒေါမနဿ,စသည့် ကိလေသာတရားတို့ မတိုးမဝင်
အစဉ်မလိုက်နိုင်သောကြောင့်ပေတည်း။

"အို..ရဟန်းတို့ ..။ အလျှံပြောင်ပြောင် တောက်လောင်လျှက်ရှိသော လောလောပူ သည့်
သံချောင်းဖြင့် မျက်စိ တည်း ဟူသော စက္ခုန္ဒြေ ကို ထက်ဝန်းကျင်မှ လှည့်ပတ်၍မွှေခြင်းသည်
မြတ်လှချေသေး၏။ စက္ခုဝိဉာဏ် ဖြင့် သိအပ်ကုန်သော ရူပါရုံ တို့ ၌ ကိလေသာတို့ကို
အစဉ်ပွားစေအောင် မိန်းမ၊ယောက်ျား စသည့် နိမိတ် အမှတ် ကို ယူခြင်းသည် မမြတ်ချေသာတည်း"
စသောနည်းဖြင့် "အာဒိတ္တဒေသနာ"ကို "ဗုဒ္ဓမြတ်စွာဘုရား" ဟောကြားတော်မူ ပါသည်။

သို့အတွက် ဤဒေသနာတော်ကိုအစဉ်အောင်းမေ့၍ ရူပါရုံ အစရှိ ကုန်သော အာရုံတို့၌
သုဘနိမိတ် စသည်ကို စက္ခုဒွာရ စသည်တို့မှ ဖြစ်သော ဇော,၀ိညာဏ်, တို့၏ အဘိဇျ္စာ စသည်တို့က
အစဉ် လိုက်၍စ္စွဲလန်းခြင်း ကို မမေ့မလျော့့၊မပေါ့မလစ်သော သတိဖြင့် တားမြစ်ကာ
"ဣန္ဒြေ သံဝရသီလ"ကို ကောင်းစွာပြည့်စုံစေအပ်၏။
*******************************************
"ဣန္ဒြိယသံဝရ သီလ ကို စောင့်စည်းသော စံပြ ပုဂ္ဂိုလ်များ"

၁။ အရှင်ဝင်္ဂီသ မထေရ်
ရဟန်းပြုသစ်စဖြစ်သော "၀င်္ဂီသ မထေရ်" သည် ဆွမ်းခံကြွစဉ်
အလွန်လှပသောမိန်းမတစ်ဦးကိုမြင်၍ တပ်မက်ခြင်းရာဂ ပြင်းစွာ ဖြစ်ပေါ်၏။
ထိုအခါ "အရှင်အာနန္ဒာမထေရ်" အား ဤသို့လျှောက်၏။

"အရှင်အာနန္ဒာ ဘုရား- အကျွန်ုပ်ကို ကာမရာဂ ဟူသည့် မီးပြင်းသည်
အတင်းလောင်မြိုက်ပါ၏။ အကျွန်ုပ်၏စိတ်ကို တောက်လောင်၍နေပါ၏။
တောင်းပန်ပါသည်။ အစဉ်သနားသောအားဖြင့် ရာဂမီးတောက်
ပျောက်ပျက်ငြိမ်းအေးကြောင်း ကို ဟောကြားတော်မူပါဘုရား"

"အရှင်အာနန္ဒာ" က ဤသို့ညွှန်ကြား၏။
"အို ..ငါ့ရှင် ၀င်္ဂီသ ၊ အမှတ်သညာ၏ ဖောက်ပြန်ခြင်းကြောင့်
သင်၏စိတ် ကို ရာဂမီးသည် ဖိစီးတောက်လောင်ချေ၏။

ရာဂစိတ်ဖြစ်ပေါ်စေသည့် အာရုံနိမိတ်ကို ကျဉ်ဖယ်ပါလော့။
မတင့်မတယ် စက်ဆုပ်ဖွယ် ဟု အောက်မေ့သော အသုဘ ဘာဝနာ ကို
ပွားများလော့။ သင့် စိတ်ကို တစ်ခုတည်းသော အသုဘအာရုံ၌
ကောင်းစွာတည်ထား ပါလော့၊ တေဘူမိက သင်္ခါရတရား တို့ကို
သူစိမ်းပြင်ပ အစိုးမရသော တရားတို့ ဟူ၍ ရှုလေလော့။
အတ္တ ဟူ၍ မရှုလေ နှင့်။ အလွန်တန်ခိုးကြီးသော ရာဂမီးကို
ငြိမ်းအေးပါစေလော့။ အဖန်ဖန် မလောင်ကျွမ်းပါစေလင့်"

အရှင်ဝင်္ဂီသ မထေရ် သည် ရာဂ ကိုပယ်ဖျောက်၍ ဆွမ်းခံ လှည့်လည် လေ၏။

၂။ အရှင် စိတ္တဂုတ္တ မထေရ်
သီရိလင်္ကာ နိုင်ငံ ၊ကုရဏ္ဍက လိုဏ်ကြီး ၌ "၀ိပဿီ,သိခီ"အစရှိသော
ဘုရားရှင်(၇)ဆူတို့၏တောထွက်ခန်း ကို ပန်းချီဆေးရေးထားသည်ဆို၏။

အာဂန္တု ရဟန်းတို့က ကျောင်းသို့ရောက်ရှိလှည့်လည်လာသည့်အခါ
ထူးခြားကောင်းမွန်သည့် ထို ပန်းချီကားများကိုတွေ့သောကြလေ၏။
"အရှင်ဘုရား-ဆေးရေးပန်းချီကားတွေက နှလုံးမွေ့လျော်ဖွယ်
လှပဆန်း ကြယ်ပါပေ၏"ဟု ထို လိုဏ်ဂူ၌သီတင်းသုံးသူ"အရှင် စိတ္တဂုတ္တ မထေရ်"
ကို လျှောက်ထားကြ၏။

"ငါ့ရှင်တို့-အနှစ်ခြောက်ဆယ်ကျော်တို့ ကာလပတ်လုံး ငါသည် ဤလိုဏ်ဂူ ၌
ထိုပန်းချီကားများရှိသည်ကို မသိပေ။
ယခုမျက်စိကောင်းလှသော ငါ့ရှင်တို့ကို အမှီပြု၍သိရပေ၏"ဟု
မထေရ်ကြီး က ဆိုပါသည်။ မထေရ်ကြီးသည် ဤမျှကြားမြင့်စွာနေပါသော်လည်း
မျက်စိ ကိုဖွင့်၍ လိုဏ်ဂူကြီးကို မကြည့်ဖူးချေ။

ထိုအတူ -မထေရ်ကြီး သည် "ဘုရင်မင်းတရားကြီး" က ရှိခိုးသည်ဖြစ်စေ၊
"မိဖုရားကြီး"က ရှိခိုးသည်ဖြစ်စေ၊ "သုခိဟောတု မဟာရာဇ
(ဒကာတော် မင်းကြီး ချမ်းသာပါစေ)"ဟူ၍သာ ဆုပေးသည်ဆိုပါ၏။

ရဟန်းတို့က-"အရှင်ဘုရား-မင်းကြီး က ရှိခိုးသည်ဖြစ်စေ၊မိဖုရား က ရှိခိုးသည်ဖြစ်စေ
(သုခိဟောတု မဟာရာဇ)ဟူ၍သာ အဘယ့်ကြောင့် ဆိုတော် မူပါသနည်း ဘုရား"

"ငါ့ရှင်တို့-ငါသည် ဘုရင်မင်းကြီးဟူ၍လည်းကောင်း၊မိဖုရားကြီး ဟူ၍လည်းကောင်း
ပိုင်းခြားမှတ်သားခြင်းကိုမပြု "ဟု မထေရ်ကြီး က မိန့်တော်မူပါ၏။
မထေရ်ကြီးသည် ကုရဏ္ဍကလိုဏ်ဂူကြီးထဲမှာပင် မကျိန်းစက်တော့ဘဲ
ကမ္မဋ္ဌာန်းရှုမှတ်လေရာ သန်းခေါင်ယံအချိန်၌ အလုံးစုံသော တောင်ကြီး
ကိုပဲ့တင်ထပ်လျက် အရဟတ္တဖိုလ် သို့ ရောက်ပါ၏။

ထိုသို့ ဣန္ဒြိယသံဝရ သီလ သည် အရဟတ္တ ဖိုလ်တိုင်အောင်
အကျိုးပေးနိုင်သည့်အတွက် အကျိုးလိုလားသူတို့သည်-

(၁)တောဝယ်ကျက်စား၍ တော၌ပျော်ပါးသော မျောက်သတ္တဝါ ကဲ့သို့ လည်းကောင်း၊

(၂)တောအတွင်းဝယ် ကြောက်လန့်ခြင်းပြင်းစွာတုန်လှုပ်လျက်နေလေ့ရှိသော
သားသမင် ကဲ့သို့လည်းကောင်း၊

(၃)မိဘဆွေမျိုး အားကိုးရာမဲ့ဖြစ်၍ ကြောက်ရွံ့တုန်လှုပ်သော
ကလေးသူငယ်ကဲ့သို့လည်းကောင်း၊

ကလိန်းကလက် ငဲ့ကွက်ကြည့်မျှော် လျှပ်ပေါ်လော်လီခြင်းမဖြစ်ရာ။
မျက်စိ ကိုအောက်သို့ချရာ၏။ရထားထမ်းပိုး တစ်ပြန်မျှသာကြည့်လေ့
ရှိသည်ဖြစ်ရာ၏။ တောမျောက် ကဲ့သို့ လျှပ်ပေါ်သည့်သဘောရှိသော
စိတ်၏အလိုသို့မလိုက်ရာ။

(၃) မဟာမိတ္တ မထေရ်
သီရိလင်္ကာ နိုင်ငံ၌ "မဟာမိတ္တ မထေရ်"၏မယ်တော်မှာ အဆိပ်ရှိသည့်
အသားမာနာ ပေါက်နေ၏။မယ်တော်သည် သမီးဖြစ်သူ ဘိက္ခူနီ အား
"အို-သခင်မ သင်၏မောင်တော် မဟာမိတ္တထေရ် ထံသို့သွား၍
ငါ ၏ မချမ်းမသာဖြစ်မှုကို ပြောကြားပြီးလျှင် ဆေးကိုဆောင်ယူခဲ့လော့"ဟု
ပြောဆို၏။

ထို ဘိက္ခုနီ သည် မထေရ်ကြီးထံသွား၍ မယ်တော်ကြီးမကျန်းမမာ အနာ
ပေါက်ကြောင်းလျှောက်ထားသောအခါ မထေရ်ကြီး က -

"ငါ သည် ဆေးမြစ်များကိုစုဖော်၍ ဆေးဖော်နည်းကိုမသိနားမလည်ပါ။
သို့စေကာမူ ဆေးနည်းကို ငါ ပြောကြားပေအံ့။

ငါ သည် ရဟန်းပြုသည့်အခါ ကာလ မှစ၍ ယနေ့တိုင်အောင်
 လောဘ နှင့်တကွဖြစ်သောစိတ် ဖြင့် ဣန္ဒြေသံဝရသီလ ကိုချိုးဖောက်၍ မိန်းမတို့
၏ အဆင်းရူပါရုံ ကိုမကြည့်ခဲ့စဖူး။

ဤသစ္စာစကားကြောင့် ငါ၏ မယ်တော် ချမ်းသာ သည်ဖြစ်ပါစေသတည်း။
သင် သည် မယ်တော်ထံသွား၍ ငါ ၏ သစ္စာစကားကိုဆို၍ မယ်တော်၏
ကိုယ်ကိုပွတ်သပ်လေလော့"ဟု ဆိုပါ၏။

ထို ဘိက္ခုနီ သည် မယ်တော်ထံသွား၍ သစ္စာစကားဆိုလေရာ
ထိုစကားကိုကြားသည့်ခဏ၌ပင်လျှင် အသားမာ နာသည်ရေမြုပ်စိုင်ကဲ့သို့
ကြေ ပျက်၍ ပျောက်ကင်းသွားပါလေ၏။

ဤမျှဆိုလျှင် "ဣန္ဒြိယသံဝရ သီလ"အကြောင်း သိတန်သလောက် သိပြီဟု မှတ်ယူပါသည်။

(ဓမ္မမိတ်ဆွေ "ညီငယ် ကိုကောင်းဆု(Kaung Su)" သို့ အမှတ်တရ ရှိစေဖို့ )

မှီခိုရာကျမ်းကိုး-
-"၀ိသုဒ္ဓိမဂ် အလင်းပြ နိဗ္ဗာန်လမ်းမကြီး"
(ပထမတွဲ)(ဒေါက်တာ မင်းတင်မွန်၊[မဟာသဒ္ဓမ္မဇောတိကဓဇ])
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘဝတုသဗ္ဗမင်္ဂလံ

Credit:
[သင့်ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com
ဗုဒ္ဓကမ္ဘာဆိုက်မှ]

No comments:

Post a Comment