[Zawgyi]
ကဆုန္လျပည့္ -ဗုဒၶေန႔ (ဆု၊ ဖြား၊ ပြင့္၊ စံ )
( ကဆုန္လၿပည္ေန႔ -၁ ဆု )
၁-ေဂါတမဗုဒၶ အေလာင္းေတာ္သည္ ဤဘဒၵကမာၻမွ ၿပန္၍ေရတြက္သည္ရွိေသာ္ ေလးသေခၤ်ႏွင့္ ကမာၻတစ္သိန္းထက္၌သုေမာဓာရေသ့ၿဖစ္ ခဲ့သည္။ သုေမဓာရွင္ရေသ့သည္ ဒီပကၤရာဗုဒၶ၏ေၿခေတာ္ရင္း၌ ကုိယ္ေတာ္တစ္ဦးတည္း နိဗၺာန္ခ်မ္းသာကုိရယူႏုိင္ေသာ္လည္းဘ၀သံသရာ၌နစ္မြန္ းေမ်ာပါေနကုန္ေသာ ေ၀ေနယ်သတၱ၀ါအေပါင္းတုိ႕ကုိ သနားႀကင္နာေတာ္မႈလွသၿဖင့္ ယူေတာ္မမူခဲ့ေပ။
( ကဆုန္လၿပည္ေန႔ -၂ ဖြား)
၂-ဗုဒၶအေလာင္းေတာ္သည္ မဟာသကၠရာဇ္ ၆၈-ခု၊ ကဆုန္လၿပည့္ ၊ေသာႀကာ ေန႕၀ယ္ ေဒ၀ဒဟၿပည္ႏွင့္ ကပိလ၀တ္ၿပည္၏အႀက ားရွိ လုမၺိနီသာေမာ အင္ႀကင္း ေတာ၌ မယ္ေတာ္မာယာ၀မ္းႀကာတုိက္မွ မီးရွဴးသန္႕စင္ ဖြားၿမင္ေတာ္မူေလသည္။
( ကဆုန္လၿပည္ေန႕ -၃ ပြင့္ )
၃-အသက္ ၃၅-ႏွစ္အရြယ္ မဟာသကၠရာဇ္ ၁၀၃-ခု၊ ကဆုန္လၿပည့္ ဗုဒၶဟူးေန႕ မုိးေသာက္ယာမ္အခ်ိန္၀ယ္ ေလာကသုံးပါးတြင္ အတုမရွိေသာ သဗၺညဴဗုဒၶအၿဖစ္သုိ႕ ေရာက္ေတာ္မူေလသည္။
( ကဆုန္လၿပည္ေန႕ -၄ စံ )
၄-ဘုရားျဖစ္သည့္အခ်ိန္မွစ၍၄၅-၀ါကာလပတ္လုံး သတၱ၀ါတုိ႕၏အက်ဳိး စီးပြားကုိ မနားမေနေဆာင္ရြက္ေတာ္မူခဲ့ေသာ ေဂါတမဗုဒၶသည္ သက္ေတာ္ ၈၀-အရြယ္ေရာက္ေသာအခါ မဟာသကၠရာဇ္၁၄၈-ခု၊ကဆုန္လၿပည့္ အဂၤါ ေန႕၀ယ္ ကုသိနာရုံၿပည္ မလႅာမင္းတုိ႕၏ဥယ်ာဥ္ေတာ္၌ ပရိနိဗၺာန္ ၀င္စံေတာ္ မူေလသည္။
[ဗုဒၶဘာသာလူငယ္မ်ားအသင္း(ျမန္မာျပည္)]
[Unicode]
ကဆုန်လပြည့် -ဗုဒ္ဓနေ့ (ဆု၊ ဖွား၊ ပွင့်၊ စံ )
( ကဆုန်လပြည်နေ့ -၁ ဆု )
၁-ဂေါတမဗုဒ္ဓ အလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌သုမောဓာရသေ့ဖြစ် ခဲ့သည်။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဗုဒ္ဓ၏ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကိုရယူနိုင်သော်လည်းဘဝသံသရာ၌နစ်မွန် းမျောပါနေကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ကို သနားကြင်နာတော်မှုလှသဖြင့် ယူတော်မမူခဲ့ပေ။
( ကဆုန်လပြည်နေ့ -၂ ဖွား)
၂-ဗုဒ္ဓအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် ၊သောကြာ နေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏အကြ ားရှိ လုမ္ဗိနီသာမော အင်ကြင်း တော၌ မယ်တော်မာယာဝမ်းကြာတိုက်မှ မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။
( ကဆုန်လပြည်နေ့ -၃ ပွင့် )
၃-အသက် ၃၅-နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယာမ်အချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညူဗုဒ္ဓအဖြစ်သို့ ရောက်တော်မူလေသည်။
( ကဆုန်လပြည်နေ့ -၄ စံ )
၄-ဘုရားဖြစ်သည့်အချိန်မှစ၍၄၅-၀ါကာလပတ်လုံး သတ္တဝါတို့၏အကျိုး စီးပွားကို မနားမနေဆောင်ရွက်တော်မူခဲ့သော ဂေါတမဗုဒ္ဓသည် သက်တော် ၈၀-အရွယ်ရောက်သောအခါ မဟာသက္ကရာဇ်၁၄၈-ခု၊ကဆုန်လပြည့် အင်္ဂါ နေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ဥယျာဉ်တော်၌ ပရိနိဗ္ဗာန် ၀င်စံတော် မူလေသည်။
[ဗုဒ္ဓဘာသာလူငယ်များအသင်း(မြန်မာပြည်)]
No comments:
Post a Comment