[Zawgyi]
ရပိုင္ခြင့္
ကိုယ္႔ရပိုင္ခြင္႔ကို ေက်နပ္ပါ။ ကိုယ္႔ရပိုင္ခြင္႔ႏွင္႔ ေက်နပ္သူသည္ စိတ္ခ်မ္းသာ၏။ ကိုယ္႔ရပိုင္ခြင္႔ကို မေက်နပ္သူမ်ားသည္ သူမ်ားရထားသည္မ်ားကို လိုခ်င္ၾကကုန္၏။
ကိုယ္ခ်မ္းသာ၊ စိတ္ခ်မ္းသာေအာင္ ေနတတ္ေအာင္ ႀကိဳးစားပါ။ မိမိရထားတဲ႔ အခြင္႔အေရးကို အထင္မေသးပါႏွင္႔။
ကိုယ္ ရထားတာကို အထင္ေသးသူသည္ စိတ္မခ်မ္းသာနိုင္၊ စိတ္မခ်မ္းသာလွ်င္ သမာဓိမရနုိင္။
ကိုယ္ရထားေသာ လက္တေလာတည္ရွိမႈကို မေရာင္႔ရဲျခင္းသည္ စိတ္မခ်မ္းသာနိုင္။
ရထားတာနဲ႔ ေက်နပ္ပါ.. ေရွးဘ၀က ကုသိုလ္ကံအက်ိဳးေပၚတြင္ မူတည္၍ ဒီဘ၀၌ မတူညီေသာ ရပိုင္ခြင္႔မ်ား ရရွိၾကေပသည္။
တစ္ဦးႏွင္႔ တစ္ဦး ရပိုင္ခြင္႔ျခင္းမတူနုိင္။ သူမ်ားရပိုင္ခြင္႔ကို လိုခ်င္ျခင္းသည္လည္း စိတ္ခ်မ္းသာလိမ္႔မည္မဟုတ္။
စိတ္ခ်မ္းသာလိုလွ်င္ မိမိရပိုင္ခြင္႔ႏွင္႔ ေက်နပ္ပါ။ ကိုယ္႔ရပိုင္ခြင္႔ကို မေက်နပ္ပါက သူမ်ားရပိုင္ခြင္႔ကို လိုခ်င္ၾက၏။
ကိုယ္႔ရပိုင္ခြင္႔ကို အထင္မေသးပါႏွင္႔၊ သူမ်ားရပိုင္ခြင္႔ကိုလည္း အားမက်ပါႏွင္႔။
ကိုယ္႔ရပိုင္ခြင္႔ကို မေက်နပ္ျခင္းသည္ အကုသိုလ္မ်ားသာ ျဖစ္ေစ၏။ အကုသိုလ္မ်ား ျပဳလုပ္ျခင္း၊ အကုသိုလ္မ်ား ေျပာဆိုျခင္း၊ အကုသိုလ္မ်ား ႀကံစည္ျခင္းသည္ ကိုယ္႔ရပိုင္ခြင္႔ကို မေက်နပ္ျခင္းေၾကာင္႔သာျဖစ္သည္။
ကိုယ္႔ရပိုင္ခြင္႔ကို မေက်နပ္ျခင္းသည္ အကုသိုလ္အားလံုး၏ အစ ပင္ ျဖစ္သည္။
လူျဖစ္ျခင္းသည္ ရပိုင္ခြင္႔ျဖစ္သည္။ လူျဖစ္ေအာင္ ကုသိုလ္လုပ္ခဲ႔ရသည္။
သာသနာႏွင္႔ ဆံုျခင္းသည္ ရပိုင္ခြင္႔၊ သာသနာႏွင္႔ဆံုေအာင္ ကုသိုလ္ေတြ လုပ္ခဲ႔ရသည္။
ဆရာသမားေကာင္းတို႔ႏွင္႔ ေတြ႔ဆံုျခင္းသည္ ရပိုင္ခြင္႔၊ ဆရာသမားေကာင္းတို႔ႏွင္႔ ေတြ႔ဆံုေကာင္ ကုသိုလ္မ်ားလုပ္ခဲ႔ရသည္။
တရားဓမၼႏွင္႔ ႀကံဳဆံုျခင္းသည္ ရပိုင္ခြင္႔၊ တရားဓမၼႏွင္႔ ႀကံဳဆံုေအာင္ ကုသိုလ္ေတြ ျပဳခဲ႔ရသည္။
အခ်ိန္တိုင္း ရပိုင္ခြင္႔ကို ေက်နပ္ပါ။ ကိုယ္႔အလုပ္ကိုပဲလုပ္ပါ။ သူမ်ားကို ဂရုမစိုက္ပါနဲ႔၊ သူမ်ားရထားတာေတြကို မလိုခ်င္ပါနဲ႔၊ မမက္ေမာပါနွင္႔။ သူ႔ကံႏွင္႔သူ ရသည္ကို သေဘာေပါက္ပါ။
ေရာင္႔ရဲပါ။ အလုပ္ကိုေရာင္ရဲသူသည္ ပ်င္းရိသူျဖစ္သည္။၊ ရပိုင္ခြင္႔ကို ေရာင္႔ရဲသူသည္ တရားရွိသူျဖစ္သည္။
[ရပိုင္ခြင္႔ by အရွင္ေဆကိႏၷ]
[Unicode]
ရပိုင်ခွင့်
ကိုယ့်ရပိုင်ခွင့်ကို ကျေနပ်ပါ။ ကိုယ့်ရပိုင်ခွင့်နှင့် ကျေနပ်သူသည် စိတ်ချမ်းသာ၏။ ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်သူများသည် သူများရထားသည်များကို လိုချင်ကြကုန်၏။
ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာအောင် နေတတ်အောင် ကြိုးစားပါ။ မိမိရထားတဲ့ အခွင့်အရေးကို အထင်မသေးပါနှင့်။
ကိုယ် ရထားတာကို အထင်သေးသူသည် စိတ်မချမ်းသာနိုင်၊ စိတ်မချမ်းသာလျှင် သမာဓိမရနိုင်။
ကိုယ်ရထားသော လက်တလောတည်ရှိမှုကို မရောင့်ရဲခြင်းသည် စိတ်မချမ်းသာနိုင်။
ရထားတာနဲ့ ကျေနပ်ပါ.. ရှေးဘဝက ကုသိုလ်ကံအကျိုးပေါ်တွင် မူတည်၍ ဒီဘဝ၌ မတူညီသော ရပိုင်ခွင့်များ ရရှိကြပေသည်။
တစ်ဦးနှင့် တစ်ဦး ရပိုင်ခွင့်ခြင်းမတူနိုင်။ သူများရပိုင်ခွင့်ကို လိုချင်ခြင်းသည်လည်း စိတ်ချမ်းသာလိမ့်မည်မဟုတ်။
စိတ်ချမ်းသာလိုလျှင် မိမိရပိုင်ခွင့်နှင့် ကျေနပ်ပါ။ ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ပါက သူများရပိုင်ခွင့်ကို လိုချင်ကြ၏။
ကိုယ့်ရပိုင်ခွင့်ကို အထင်မသေးပါနှင့်၊ သူများရပိုင်ခွင့်ကိုလည်း အားမကျပါနှင့်။
ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ခြင်းသည် အကုသိုလ်များသာ ဖြစ်စေ၏။ အကုသိုလ်များ ပြုလုပ်ခြင်း၊ အကုသိုလ်များ ပြောဆိုခြင်း၊ အကုသိုလ်များ ကြံစည်ခြင်းသည် ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ခြင်းကြောင့်သာဖြစ်သည်။
ကိုယ့်ရပိုင်ခွင့်ကို မကျေနပ်ခြင်းသည် အကုသိုလ်အားလုံး၏ အစ ပင် ဖြစ်သည်။
လူဖြစ်ခြင်းသည် ရပိုင်ခွင့်ဖြစ်သည်။ လူဖြစ်အောင် ကုသိုလ်လုပ်ခဲ့ရသည်။
သာသနာနှင့် ဆုံခြင်းသည် ရပိုင်ခွင့်၊ သာသနာနှင့်ဆုံအောင် ကုသိုလ်တွေ လုပ်ခဲ့ရသည်။
ဆရာသမားကောင်းတို့နှင့် တွေ့ဆုံခြင်းသည် ရပိုင်ခွင့်၊ ဆရာသမားကောင်းတို့နှင့် တွေ့ဆုံကောင် ကုသိုလ်များလုပ်ခဲ့ရသည်။
တရားဓမ္မနှင့် ကြုံဆုံခြင်းသည် ရပိုင်ခွင့်၊ တရားဓမ္မနှင့် ကြံုဆုံအောင် ကုသိုလ်တွေ ပြုခဲ့ရသည်။
အချိန်တိုင်း ရပိုင်ခွင့်ကို ကျေနပ်ပါ။ ကိုယ့်အလုပ်ကိုပဲလုပ်ပါ။ သူများကို ဂရုမစိုက်ပါနဲ့၊ သူများရထားတာတွေကို မလိုချင်ပါနဲ့၊ မမက်မောပါနှင့်။ သူ့ကံနှင့်သူ ရသည်ကို သဘောပေါက်ပါ။
ရောင့်ရဲပါ။ အလုပ်ကိုရောင်ရဲသူသည် ပျင်းရိသူဖြစ်သည်။၊ ရပိုင်ခွင့်ကို ရောင့်ရဲသူသည် တရားရှိသူဖြစ်သည်။
[ရပိုင်ခွင့် by အရှင်ဆေကိန္န]
No comments:
Post a Comment