[Zawgyi]
ဓမၼသာကစၧာ
"ကာေလန ဓမၼသာကစၧာ ဧတံမဂၤလ မုတၱမံ" ့ ့ ့ ့
သင့္တင့္ေလ်ာက္ပတ္ေသာ အခါ၌ တရားေဆြးေႏြး ျခင္းသည္ မဂၤလာမည္၏။
ဤသည္မွာ ျမတ္စြာဘုရား၏ စကားတည္း။
တရားေဆြးေႏြးရန္ သင့္ေလ်ာ္သည္ဟု ဆိုအပ္ေသာ အခ်ိန္အခါ နွစ္ရပ္ရွိသည္။
အလုပ္အား လပ္ခ်ိန္နွင့္ သီလ သမာဓိ ပညာ လိုလားသူမ်ားနွင့္ ေတြ ့ဆုံေသာအခါတို ့ ျဖစ္သည္။
တရားေဆြးေႏြးရန္ သင့္ေလ်ာ္ေသာ ပုဂၢိဳလ္ကား အဘယ္နည္း။
သီလ သမာဓိ ပညာ အရာတြင္ မိမိနွင့္ တန္းတူသူ နွင့္ မိမိထက္ျမင့္သူတို ့ ျဖစ္ၾကသည္။
မိမိေအာက္ နိမ့္သူနွင့္မူ မိမိအက်ိဳးထက္ ထိုသူ၏ အက်ိဳးအတြက္ ေဆြးေႏြး ေပးနိုင္သည္။
တဖန္ သုတၱန္၊ ၀ိနည္း၊ အဘိဓမၼာ၊ ဇာတ္ေတာ္ဟူ၍ က်မ္းအဆူဆူ ရွိသည္တြင္ မိမိသန္ရာက်မ္းကို ေဆာင္ေလ့ရွိ ၾကသည္။
ဤတြင္ က်မး္ေဆာင္တူသူ အခ်င္းခ်င္းသာ ေဆြးေႏြးသင့္သည္။
က်မ္းေဆာင္ ကဲြသူနွစ္ဦး ေဆြးေႏြးခဲ့ ပါမူ အယူအဆ မတူျငားက အျငင္းပါြးေပလိမ့္မည္။
ထိုအခါ အကုသိုလ္သာျဖစ္ျပီး ကုသိုလ္မျဖစ္ေပ။
အဂၤုတၱိဳရ္ ပါဠိေတာ္ 'သာကစၧသုတၱန္' တြင္ အရွင္သာရိပုတၱရာက တရားေဆြးေႏြးပုံ (၅)မ်ိဳးကိုေဟာေတာ္မူခဲ့သည္။
၁။ သီလျပည့္၀သူက ေမးလာလ်ွင္ ေျဖဆိုေဆြးေႏြး ျခင္း
၂။ သမာဓိျပည့္၀သူက ေမးလာလ်ွင္ ေျဖဆိုေဆြးေႏြး ျခင္း
၃။ ပညာျပည့္၀သူက ေမးလာလ်ွင္ ေျဖဆိုေဆြးေႏြး ျခင္း
၄။ ၀ိမုတၱိ (ဖိုလ္) ဉာဏ္ ျပည့္၀သူက ေမးလာလ်ွင္ ေျဖဆိုေဆြးေႏြး ျခင္း
၅။ ပစၥ၀ကၡဏာ ဉာဏ္ ျပည့္၀သူက ေမးလာလ်ွင္ ေျဖဆိုေဆြးေႏြး ျခင္း
ေဆြးေႏြးရာတြင္ ရွင္းလင္းျပသူနွင့္ နားေထာင္သူတို ့ ပါ၀င္သည္။
ရွင္းလင္းသူကား တရားေဟာသူနွင့္ တူသည္။
နားေထာင္သူမွာ တရားနာသူသဖြယ္ ျဖစ္၏။ နွစ္ဦးနွစ္၀ ကုသိုလ္ရၾက သည္။
ေဟာသူအတြက္ ဘာ၀နာကုသိုလ္၊ နာၾကားသူအဖို ့ ဓမၼဒါနျဖစ္၏။ ေဆြးေႏြးၿပီးေနာက္ အယူေျဖာင့္သျဖင့္လည္း ဒိ႒ိဇုကမၼျဖစ္သည္။
ကေလးသူငယ္မ်ားနွင့္လည္း သူ ့အရြယ္အေလ်ာက္ တရားေဆြးေႏြး ေပးရမည္။
ဘုရားရိွခိုး တိုင္ေပးရသည္။ အနက္အဓိပၸါယ္မ်ား ဖြင့္ဆိုျပရသည္။
‘‘ဘုရားကိုးကြယ္ျခင္း၏ အက်ိဳး’’ ကဲ့သို ့ေသာ အေမးမ်ိဳးကို ေျဖၾကားေပးရသည္။
ေယာဂီသည္ ကမၼ႒ာန္းဆရာကို ရိုေသစြာ လက္အုပ္ခ်ီလ်က္ တရားေလ်ွာက္ရသည္။
ကမၼ႒ာန္းဆရာက ေျဖၾကား ေပးရသည္။
တရားေဆြးေႏြး ျခင္းပင္ျဖစ္၏။
၀ိပသနာဉာဏ္ကိုရွင္းေပး ျပင္ေပးလိုက္သည့္အားေလ်ာ္စြာ ေယာဂီမွာ အက်ိဳးရိွလွသည္။
သစ္ပင္ငယ္ကိုေပါင္းသင္ေပးသည္နွင့္ အလားတူေပသည္။
ေယာဂီအခ်င္းခ်င္းကား ေဆြးေႏြး ျခင္း မျပဳသင့္ေပ။မွားယြင္းစြာ မွတ္သားနိုင္ေသာေၾကာင့္ပင္။
မေကာင္းေသာ ေဘးဒဏ္ ကင္းရွင္းကြာ၍ ေကာင္းက်ိဳးခ်မ္းသာ ရရိွျခင္းသည္ ‘မဂၤလာ’ မည္ပါ၏။
ဤနွယ္ တရားေဆြးေႏြး ျခင္းျဖင့္ မဂၤလာထိုက္ကာ ခ်မ္းသာဆိုက္နိုင္ ၾကေပေတာ့သည္။
Credit to original uploader
========================================================
[Unicode]
ဓမ္မသာကစ္ဆာ
"ကာလေန ဓမ္မသာကစ္ဆာ ဧတံမင်္ဂလ မုတ္တမံ" ့ ့ ့ ့
သင့်တင့်လျောက်ပတ်သော အခါ၌ တရားဆွေးနွေး ခြင်းသည် မင်္ဂလာမည်၏။
ဤသည်မှာ မြတ်စွာဘုရား၏ စကားတည်း။
တရားဆွေးနွေးရန် သင့်လျော်သည်ဟု ဆိုအပ်သော အချိန်အခါ နှစ်ရပ်ရှိသည်။
အလုပ်အား လပ်ချိန်နှင့် သီလ သမာဓိ ပညာ လိုလားသူများနှင့် တွေ ့ဆုံသောအခါတို ့ ဖြစ်သည်။
တရားဆွေးနွေးရန် သင့်လျော်သော ပုဂ္ဂိုလ်ကား အဘယ်နည်း။
သီလ သမာဓိ ပညာ အရာတွင် မိမိနှင့် တန်းတူသူ နှင့် မိမိထက်မြင့်သူတို ့ ဖြစ်ကြသည်။
မိမိအောက် နိမ့်သူနှင့်မူ မိမိအကျိုးထက် ထိုသူ၏ အကျိုးအတွက် ဆွေးနွေး ပေးနိုင်သည်။
တဖန် သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာ၊ ဇာတ်တော်ဟူ၍ ကျမ်းအဆူဆူ ရှိသည်တွင် မိမိသန်ရာကျမ်းကို ဆောင်လေ့ရှိ ကြသည်။
ဤတွင် ကျမး်ဆောင်တူသူ အချင်းချင်းသာ ဆွေးနွေးသင့်သည်။
ကျမ်းဆောင် ကွဲသူနှစ်ဦး ဆွေးနွေးခဲ့ ပါမူ အယူအဆ မတူငြားက အငြင်းပါွးပေလိမ့်မည်။
ထိုအခါ အကုသိုလ်သာဖြစ်ပြီး ကုသိုလ်မဖြစ်ပေ။
အင်္ဂုတ္တိုရ် ပါဠိတော် 'သာကစ္ဆသုတ္တန်' တွင် အရှင်သာရိပုတ္တရာက တရားဆွေးနွေးပုံ (၅)မျိုးကိုဟောတော်မူခဲ့သည်။
၁။ သီလပြည့်ဝသူက မေးလာလျှင် ဖြေဆိုဆွေးနွေး ခြင်း
၂။ သမာဓိပြည့်ဝသူက မေးလာလျှင် ဖြေဆိုဆွေးနွေး ခြင်း
၃။ ပညာပြည့်ဝသူက မေးလာလျှင် ဖြေဆိုဆွေးနွေး ခြင်း
၄။ ၀ိမုတ္တိ (ဖိုလ်) ဉာဏ် ပြည့်ဝသူက မေးလာလျှင် ဖြေဆိုဆွေးနွေး ခြင်း
၅။ ပစ္စဝက္ခဏာ ဉာဏ် ပြည့်ဝသူက မေးလာလျှင် ဖြေဆိုဆွေးနွေး ခြင်း
ဆွေးနွေးရာတွင် ရှင်းလင်းပြသူနှင့် နားထောင်သူတို ့ ပါ၀င်သည်။
ရှင်းလင်းသူကား တရားဟောသူနှင့် တူသည်။
နားထောင်သူမှာ တရားနာသူသဖွယ် ဖြစ်၏။ နှစ်ဦးနှစ်ဝ ကုသိုလ်ရကြ သည်။
ဟောသူအတွက် ဘာဝနာကုသိုလ်၊ နာကြားသူအဖို ့ ဓမ္မဒါနဖြစ်၏။ ဆွေးနွေးပြီးနောက် အယူဖြောင့်သဖြင့်လည်း ဒိဋ္ဌိဇုကမ္မဖြစ်သည်။
ကလေးသူငယ်များနှင့်လည်း သူ ့အရွယ်အလျောက် တရားဆွေးနွေး ပေးရမည်။
ဘုရားရှိခိုး တိုင်ပေးရသည်။ အနက်အဓိပ္ပါယ်များ ဖွင့်ဆိုပြရသည်။
‘‘ဘုရားကိုးကွယ်ခြင်း၏ အကျိုး’’ ကဲ့သို ့သော အမေးမျိုးကို ဖြေကြားပေးရသည်။
ယောဂီသည် ကမ္မဋ္ဌာန်းဆရာကို ရိုသေစွာ လက်အုပ်ချီလျက် တရားလျှောက်ရသည်။
ကမ္မဋ္ဌာန်းဆရာက ဖြေကြား ပေးရသည်။
တရားဆွေးနွေး ခြင်းပင်ဖြစ်၏။
၀ိပသနာဉာဏ်ကိုရှင်းပေး ပြင်ပေးလိုက်သည့်အားလျော်စွာ ယောဂီမှာ အကျိုးရှိလှသည်။
သစ်ပင်ငယ်ကိုပေါင်းသင်ပေးသည်နှင့် အလားတူပေသည်။
ယောဂီအချင်းချင်းကား ဆွေးနွေး ခြင်း မပြုသင့်ပေ။မှားယွင်းစွာ မှတ်သားနိုင်သောကြောင့်ပင်။
မကောင်းသော ဘေးဒဏ် ကင်းရှင်းကွာ၍ ကောင်းကျိုးချမ်းသာ ရရှိခြင်းသည် ‘မင်္ဂလာ’ မည်ပါ၏။
ဤနှယ် တရားဆွေးနွေး ခြင်းဖြင့် မင်္ဂလာထိုက်ကာ ချမ်းသာဆိုက်နိုင် ကြပေတော့သည်။
Credit to original uploader
No comments:
Post a Comment