Thursday, August 11, 2016

ႏြံထဲကျကာ (နွံထဲကကြာ)

[Zawgyi]
ႏြံထဲကျကာ

ကာမဂုဏ္တရားမ်ားသည္ ရြံရွာဖြယ္အတိျဖစ္ေသာ္လည္း ယင္းကာမဂုဏ္တည္းဟူေသာရႊံ့ႏြံအတြင္း၌ပင္ ဘုရား အစရွိေသာအရိယာသူေတာ္ေကာင္းတို့သည္ ပဒုမၼာျကာသဖြယ္ျဖစ္ေသာပါရမီတို့ကိုစိုက္ပ်ိဳးခဲ့ျကသည္။

ရႊံ့ႏြဲရွိမွျကာပန္းစိုက္နိုင္ေပါက္နိုင္သကဲ့သို့ ကာမဂုဏ္ရွိမွသာ ပါရမီ တို့ကိုျဖည့္ဆည္းနိုင္ပါ၏။

ကာမဂုဏ္မ်ားမ်ားေပါေလ ပါရမီတို့ကိုထက္ထက္သန္သန္ျဖည့္နိုင္ေလျဖသ္ပါ၏။

လူတို့သည္ရာထူးဂုဏ္သိန္စည္းစိမ္ဥစၥာတို့ကိုမရမေနအားျကိုးမာန္တက္ရွာေဖြျက၏။

သို့ရာတြင္ထူးသည္ကတစ္ခုရွိ၏။ ျကာပန္းသည္ ရႊံ့ႏြံမွထြက္ေပၚလာေသာ္လည္း ရႊံ့ႏြံသည္ ျကာပန္းကိုညစ္ႏြမ္းေအာင္မလုပ္နိုင္။

ထို့အတူပင္ အရိယာတို့သည္ ကာမဂုဏ္ႏြံေတာမွရုန္းကန္လႈပ္ရွား၍ထြက္ေပၚလာေသည္လည္း ယင္း ကာမဂုဏ္တို့သည္ အရိယာတို့အား ညစ္ႏြမ္းေအာင္မလုပ္နိုင္ျကေပ။

ပါရမီလိုလားသူတို့သည္ ကာမဂုဏ္တို့ကို အားျကိုးမာန္တက္ရွာေဖြရာ၌ကိုးကြယ္ရန္ရွာေဖြျခင္းမဟုတ္ပါပဲ ပါရမီျဖည့္နိုင္ရန္အသံုးအေဆာင္ကိရိယာအျဖစ္အသံုးခ်နိုင္ရန္သာ ရွာေဖြျခင္းျဖစ္ပါ၏။

[ဦးေရႊေအာင္၊ ခ်မ္းသာကိုရွာေဖြျခင္း။]

[Unicode]
နွံထဲကကြာ

ကာမဂုဏ်တရားများသည် ရွံရှာဖွယ်အတိဖြစ်သော်လည်း ယင်းကာမဂုဏ်တည်းဟူသောရွှံ့နွံအတွင်း၌ပင် ဘုရား အစရှိသောအရိယာသူတော်ကောင်းတို့သည် ပဒုမ္မာကြာသဖွယ်ဖြစ်သောပါရမီတို့ကိုစိုက်ပျိုးခဲ့ကြသည်။

ရွှံ့နွဲရှိမှကြာပန်းစိုက်နိုင်ပေါက်နိုင်သကဲ့သို့ ကာမဂုဏ်ရှိမှသာ ပါရမီ တို့ကိုဖြည့်ဆည်းနိုင်ပါ၏။

ကာမဂုဏ်များများပေါလေ ပါရမီတို့ကိုထက်ထက်သန်သန်ဖြည့်နိုင်လေဖြသ်ပါ၏။

လူတို့သည်ရာထူးဂုဏ်သိန်စည်းစိမ်ဥစ္စာတို့ကိုမရမနေအားကြိုးမာန်တက်ရှာဖွေကြ၏။

သို့ရာတွင်ထူးသည်ကတစ်ခုရှိ၏။ ကြာပန်းသည် ရွှံ့နွံမှထွက်ပေါ်လာသော်လည်း ရွှံ့နွံသည် ကြာပန်းကိုညစ်နွမ်းအောင်မလုပ်နိုင်။

ထို့အတူပင် အရိယာတို့သည် ကာမဂုဏ်နွံတောမှရုန်းကန်လှုပ်ရှား၍ထွက်ပေါ်လာသေည်လည်း ယင်း ကာမဂုဏ်တို့သည် အရိယာတို့အား ညစ်နွမ်းအောင်မလုပ်နိုင်ကြပေ။

ပါရမီလိုလားသူတို့သည် ကာမဂုဏ်တို့ကို အားကြိုးမာန်တက်ရှာဖွေရာ၌ကိုးကွယ်ရန်ရှာဖွေခြင်းမဟုတ်ပါပဲ ပါရမီဖြည့်နိုင်ရန်အသုံးအဆောင်ကိရိယာအဖြစ်အသုံးချနိုင်ရန်သာ ရှာဖွေခြင်းဖြစ်ပါ၏။

[ဦးရွှေအောင်၊ ချမ်းသာကိုရှာဖွေခြင်း။]

No comments:

Post a Comment