[Zawgyi]
ငါ ေသဆုံးသြားတဲ့အခါ
~~~~~~~~~~~~~
ငါသည္ အခ်ိန္မေရြး ေနရာမေရြး ေဒသမေရြးေသဆုံးသြားႏိုင္၏။
ငါ ေသဆုံးသြားေသာအခါ ငါ စုထားေသာ ကုသိုလ္တရားမ်ားႏွင့္ ငါျပဳထားခဲ့ေသာ အကုသိုလ္တရားမ်ားသည္သာလွ်င္ ငါ့ေနာက္သို႔ အရိပ္ပမာ ထက္ၾကပ္မကြာ လိုက္ပါေနမည္ ျဖစ္၏။
ငါ ေသဆုံးသြားတဲ့အခါ ငါပိုင္တယ္ ထင္ရသည့္ ပိုင္ဆိုင္မႈအခ်ိဳ႕ႏွင့္ ငါဆိုင္တယ္ထင္ရသည့္ေဆြမ်ိဳး မိဘ အဝဝ မိတ္ေဆြဟူသမွ်တို႔သည္ ငါႏွင့္ ဘာမွ် ဆိုင္ေတာ့မည္ မဟုတ္။
ေခါက္႐ိုးက်ိဳးေနသည့္ သံေဝဂတို႔အၾကား ခုထိ ငါဗ်ာမ်ားေနတုန္းပါပဲလား။
ခ်စ္သူ ခင္သူအခ်ိဳ႕က လမ္းခြဲ စိမ္းကား ခဲြသြားၾကတဲ့အခါ တုန္လႈပ္ေနျခင္းႏွင့္ မုန္းသူအခ်ိဳ႕ကအမ်ိဳးမ်ိဳး ပုတ္ခတ္ ရက္စက္ၾကသည့္အခါ မႈန္ကုပ္ေနျခင္းသည္ ( စိတ္ဆင္းရဲေနျခင္းသည္ ) အသိတရားေနာက္ အက်င့္တရား ေပ်ာက္ေနေသးသည္မွာ ထင္ရွားလွေပသည္။
ငါ ေသဆုံးသြားတဲ့အခါ ငါ့ေနာက္သို႔ အပ္တိုတစ္ေခ်ာင္းမွ်ပင္ ယူေဆာင္သြားႏိုင္မည္မဟုတ္။ ဘာ့အတြက္နဲ႔မ်ား တက္မက္ျခင္း ရမၼက္တို႔ျဖင့္ ဘဝကို ေဘာင္ခတ္ ခရီးဆက္ေနဦးမည္လဲ။ သိသမွ်လွဴ ရသမွ် ယူ လူပီသေအာင္ ႀကိဳးစားရမည္သာ။
ငါ ေသဆုံုးသြားတဲ့အခါ ငါ့ကို ခ်စ္ေသာသူတို႔ ငိုေကၽြးၾကၿပီး ငါ့ကို မုန္းေသာသူတို႔ ေပ်ာ္ရႊင္ၾကလိ္မ့္မည္။ ဒါသည္ မေျပာင္းလဲႏိုင္ေသာ သဘာဝတရားသာ ျဖစ္သည္။
မေသဆုံးခင္ကာလအတြင္း လူတစ္ခ်ိဳ႕က နားလည္မႈလြဲႏိုင္ၿပီး လူတစ္ခ်ိဳ႕က နားလည္မႈေပးၾကမည္ ျဖစ္၏။ လူတစ္ခ်ိဳ႕က ခ်စ္ၿပီး လူတစ္ခ်ိဳ႕က မုန္းၾကမည္ျဖစ္၏။
ဘာပဲျဖစ္ျဖစ္ ငါ ယူသြားႏိုင္တာ အခ်စ္မဟုတ္၊ ငါ ယူသြားႏိုင္တာ အမုန္းမဟုတ္ ငါ ယူသြားႏိုင္တာ ငါကိုယ္တိုင္ျပဳထားသည့္ ငါပိုင္ ငါဆိုင္ေသာ ကုသိုလ္ တရားမ်ားသာ ျဖစ္ေပသည္။
ယူသြားႏိုင္ေသာ ပစၥည္းအခ်ိဳ႕ႏွင့္ ထားခဲ့ရမည့္ ပစၥည္းအခ်ိဳ႕ကို မေသဆုံးမီ ခဲြျခားနားလည္ေအာင္ ႀကိဳးစားရမည္ျဖစ္ၿပီး ငါ ေသဆုံးသြားတဲ့အခါေနာင္တကင္းေစဖို႔ .....
ယခုပင္လွ်င္ မအိုခင္က ႀကိဳတင္ေကာင္းမႈ ႀကိဳးစားျပဳေလာ့ ။
ယခုပင္လွ်င္ မနာခင္က ႀကိဳတင္ေကာင္းမႈ ႀကိဳးစားျပဳေလာ့။
ယခုပင္လွ်င္ မေသခင္က ႀကိဳတင္ေကာင္းမႈ ႀကိဳးစား ျပဳေလာ့။
ငါ ေသဆုံးသြားတဲ့အခါ .......။
ေမတၱာမ်ားစြာျဖင့္~
ခ်မ္းေျမ႕သာ အရွင္ေဇာတိက
21.5.2016
[Unicode]
ငါ သေဆုံးသွားတဲ့အခါ
~~~~~~~~~~~~~
ငါသည် အချိန်မရွေး နေရာမရွေး ဒေသမရွေးသေဆုံးသွားနိုင်၏။
ငါ သေဆုံးသွားသောအခါ ငါ စုထားသော ကုသိုလ်တရားများနှင့် ငါပြုထားခဲ့သော အကုသိုလ်တရားများသည်သာလျှင် ငါ့နောက်သို့ အရိပ်ပမာ ထက်ကြပ်မကွာ လိုက်ပါနေမည် ဖြစ်၏။
ငါ သေဆုံးသွားတဲ့အခါ ငါပိုင်တယ် ထင်ရသည့် ပိုင်ဆိုင်မှုအချို့နှင့် ငါဆိုင်တယ်ထင်ရသည့်ဆွေမျိုး မိဘ အဝဝ မိတ်ဆွေဟူသမျှတို့သည် ငါနှင့် ဘာမျှ ဆိုင်တော့မည် မဟုတ်။
ခေါက်ရိုးကျိုးနေသည့် သံဝေဂတို့အကြား ခုထိ ငါဗျာများနေတုန်းပါပဲလား။
ချစ်သူ ခင်သူအချို့က လမ်းခွဲ စိမ်းကား ခွဲသွားကြတဲ့အခါ တုန်လှုပ်နေခြင်းနှင့် မုန်းသူအချို့ကအမျိုးမျိုး ပုတ်ခတ် ရက်စက်ကြသည့်အခါ မှုန်ကုပ်နေခြင်းသည် ( စိတ်ဆင်းရဲနေခြင်းသည် ) အသိတရားနောက် အကျင့်တရား ပျောက်နေသေးသည်မှာ ထင်ရှားလှပေသည်။
ငါ သေဆုံးသွားတဲ့အခါ ငါ့နောက်သို့ အပ်တိုတစ်ချောင်းမျှပင် ယူဆောင်သွားနိုင်မည်မဟုတ်။ ဘာ့အတွက်နဲ့များ တက်မက်ခြင်း ရမ္မက်တို့ဖြင့် ဘဝကို ဘောင်ခတ် ခရီးဆက်နေဦးမည်လဲ။ သိသမျှလှူ ရသမျှ ယူ လူပီသအောင် ကြိုးစားရမည်သာ။
ငါ သေဆုုံးသွားတဲ့အခါ ငါ့ကို ချစ်သောသူတို့ ငိုကျွေးကြပြီး ငါ့ကို မုန်းသောသူတို့ ပျော်ရွှင်ကြလိ်မ့်မည်။ ဒါသည် မပြောင်းလဲနိုင်သော သဘာဝတရားသာ ဖြစ်သည်။
မသေဆုံးခင်ကာလအတွင်း လူတစ်ချို့က နားလည်မှုလွဲနိုင်ပြီး လူတစ်ချို့က နားလည်မှုပေးကြမည် ဖြစ်၏။ လူတစ်ချို့က ချစ်ပြီး လူတစ်ချို့က မုန်းကြမည်ဖြစ်၏။
ဘာပဲဖြစ်ဖြစ် ငါ ယူသွားနိုင်တာ အချစ်မဟုတ်၊ ငါ ယူသွားနိုင်တာ အမုန်းမဟုတ် ငါ ယူသွားနိုင်တာ ငါကိုယ်တိုင်ပြုထားသည့် ငါပိုင် ငါဆိုင်သော ကုသိုလ် တရားများသာ ဖြစ်ပေသည်။
ယူသွားနိုင်သော ပစ္စည်းအချို့နှင့် ထားခဲ့ရမည့် ပစ္စည်းအချို့ကို မသေဆုံးမီ ခွဲခြားနားလည်အောင် ကြိုးစားရမည်ဖြစ်ပြီး ငါ သေဆုံးသွားတဲ့အခါနောင်တကင်းစေဖို့ .....
ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ ။
ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစား ပြုလော့။
ငါ သေဆုံးသွားတဲ့အခါ .......။
မေတ္တာများစွာဖြင့်~
ချမ်းမြေ့သာ အရှင်ဇောတိက
21.5.2016
No comments:
Post a Comment